News @ M-Media
Tag: PremierLeague
  • နယူးကာဆယ် နိုင်ပွဲဆက်၊ နောက်တန်းကြောင့် အာဆင်နယ်တို့ အရှုံးပေးခဲ့ရတဲ့ EPL ပွဲစဉ် ၁၁ စူပါဆန်းဒေး
    နယူးကာဆယ် နိုင်ပွဲဆက်၊ နောက်တန်းကြောင့် အာဆင်နယ်တို့ အရှုံးပေးခဲ့ရတဲ့ EPL ပွဲစဉ် ၁၁ စူပါဆန်းဒေး
    နိုဝင်ဘာ ၁၀ ၊ ၂၀၁၄
    M-Media
    66
    – ပြီးခဲ့တဲ့တစ်ပတ်က ချန်ပီယံလိဂ်မှာ အန်ဒါလက်ခ်ျကို ၃ ဂိုးပြတ်နဲု့ဦးဆောင်ပြီး ၃ ဂိုး ပြန်ပေးခဲ့ရတဲ့ အာဆင်နယ်တို့ မနေ့က ကစားတဲ့ ပွဲမှာလည်း ဆွမ်ဆီးကို ဆန်းချက်ဇ်ရဲ့ ဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် ၂ ဂိုး ပြန်ပေးခဲ့ရပြီး ရှုံးနိမ့်ခဲ့ရပါတယ်။ ပွဲအစကတည်းက အာဆင်နယ်တို့ ပိုကောင်းခဲ့ပြီး ၀ဲလ်ဘတ်၊ ချိန်ဘာလိန်တို့ရဲ့ အပိုင်ကန်သွင်းချက်တွေကို ဆွမ်ဆီးဂိုးသမား ကာကွယ်နိုင်တာကြောင့် စောစာစီးစီး ဂိုးမရခဲ့တာပါ။ ၆၄ မိနစ်မှာ ဂိုးသွင်းစက် ဆန်းချက်ဇ်က ဦးဆောင်ဂိုး သွင်းပေးခဲ့ပေမယ့် ထုံးစံအတိုင်း အာဆင်နယ်နောက်တန်းရဲ့ အားနည်းမှုကြောင့် ၇၅ မိနစ်နဲ့ ၇၈ မိနစ်တို့မှာ ဂိုးတွေပြန်ပေးခဲ့ရပြီး ရှုံးနိမ့်ခဲ့ပါတယ်။
    55
    ပါဂျူးရဲ့ နယူးကာဆယ်ကတော့ ပုံစံကောင်းကို ဆက်လက်ပြသနိုင်ပြီး ၀က်စ်ဘရွန်းကို ၂ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ ၀က်စ်ဘရွန်းတို့က ပွဲအစမှာ ဖိအားအချို့ပေးနိုင်ခဲ့ပေမယ့် နယူးကာဆယ်တို့ အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့ပြီး ပထမပိုင်း ပွဲပြီးကာနီးမှာ အေယိုဇီ ပီရက်ဇ်က ဦးဆောင်ဂိုး သွင်းပေးခဲ့ပါတယ်။ အနိုင်သေချာစေမယ့် ဂိုးကိုတော့ နောက်ခံလူ ကိုလို ချီနီက ၆၂ မိနစ်မှာ ခေါင်းတိုက် သွင်းယူပေးခဲ့တာပါ။ ပါဂျူးကတော့ ပွဲအပြီးမှာ ကစားသမားတွေကို ချီးကျူး ပြောဆိုသွားခဲ့ပါတယ်။
    77
    စပါးကလည်း အိမ်ကွင်း လေးပွဲမြောက်ရှုံးပွဲအဖြစ် စတုတ်စီးတီးကို ရှုံးခဲ့ကာ အဲဗာတန်နဲ့ ဆန်းဒါးလန်းတို့ကတော့ ၁ ဂိုးစီ သရေကျခဲ့ပါတယ်။
    ပွဲစဉ် ၁၁ အပြီးမှာတော့ ချယ်ဆီးက ၂၉ မှတ်နဲ့ ဇယားကို ဦးဆောင်နေပြီး အောက်မှာ ဆောက်သက်တမ်၊ မန်စီးတီးနဲ့ ၀က်စ်ဟမ်းတို့က အစဉ်လိုက်ရှိနေကြပါတယ်။ အာဆင်နယ်နဲ့ မန်ယူတို့ကတော့ ၆ နဲ့ ၇ နေရာမှာ ရှိနေပြီး နယူးကာဆယ်ကတော့ အဆင့် ၈ ရောက်လာခဲ့ပါတယ်။ တန်းဆင်းဇုန်မှာတော့ လက်စတာ၊ ကျူပီအာရ်နဲ့ ဘန်လေတို့ အသီးသီး ရှိနေပါတယ်။
    League_Table_Barclays_Premier_League_current_&_previous_standings_-_2014-11-10_13.46.56
    ပွဲစဉ် ၁၁ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    ဆန်းဒါးလန်း ၁-၁ အဲဗာတန်
    စပါး ၁-၂ စတုတ်
    ဆွမ်ဆီး ၂-၁ အာဆင်နယ်
    လီဗာပူးလ် ၁-၂ ချယ်ဆီး
    ဘန်လေ ၁-၀ ဟားလ်စီးတီး
    မန်ယူ ၁-၀ ခရစ္စတယ်ပဲလေ့စ်
    ဆောက်သက်တမ် ၂-၀ လက်စတာ
    ကျူပီအာရ် ၂-၂ မန်စီးတီး
  • ချန်ပီယံလိဂ် ဖလားရသည်အထိ ဆက်ရှိနေမည်ဟု မန်စီးတီး တိုက်စစ်မှူး အဂူရို ပြော
    ချန်ပီယံလိဂ် ဖလားရသည်အထိ ဆက်ရှိနေမည်ဟု မန်စီးတီး တိုက်စစ်မှူး အဂူရို ပြော
    နိုဝင်ဘာ ၉ ၊ ၂၀၁၄
    M-Media
    544611_heroa
    – မန်စီးတီးအသင်း၏ အာဂျင်တိုင်းတိုက်စစ်မှူး ဆာဂျီယိုအဂူရိုက မိမိမှာ အသင်း ချန်ပီယံလိဂ်ဖလား ရရှိသည့်အထိ အသင်း၌ ဆက်လက်ရှိနေမည်ဟု ပြောကြားခဲ့သည်။
    ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်စီးတီးမှာ ချန်ပီယံလိဂ်တွင် စိတ်ပျက်ဖွယ်ရလဒ်များနှင့် ရင်ဆိုင်နေရပြီး ၄ ပွဲကစားပြီးချိန်တွင် ၂ မှတ်သာ ရရှိထားက လက်ကျန် ၂ ပွဲတွင်လည်း ဘိုင်ယန်မြူးနစ်၊ ရိုးမားတို့နှင့် ကစားရမည် ဖြစ်သောကြောင့် နောက်တစ်ဆင့်တက်ရေး မျှော်လင့်ချက်မှာ အနည်းငယ်သာ ရှိနေသည်။
    သို့သော်လည်း အဂူရိုကမူ မိမိတို့အသင်းမှာ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်မည်ဟု ယုံကြည်ကြောင်း၊ မိမိအနေဖြင့်လည်း အသင်းချန်ပီယံလိဂ် မရမချင်း အသင်းမှ ထွက်ခွာမည်မဟုတ်ဟု ပြောကြားခဲ့သည်။
    “လေးနှစ်ကနေ ရှစ်နှစ်လောက်အထိ နေသွားရုံတင်မကပါဘူး။ ချန်ပီယံလိဂ်ရပြီးတဲ့ နောက်ပိုင်းအထိ ရှိနေမှာပါ။ ချန်ပီယံလိဂ် အမှတ်ပေးဇယားက ကျွန်တော်တို့ မျှော်လင့်သလို မဟုတ်ပါဘူး။ ပြီးတော့ မန်စီးတီးရဲ့ ကစားပုံအစစ်အမှန်ကိုလည်း ဥရောပပြိုင်ပွဲတွေမှာ အခုအချိန်အထိ မတွေ့ရသေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့မှာ နောက်ဆုံး ၂ ပွဲ ကျန်သေးပြီး မန်စီးတီးရဲ့ စစ်မှန်တဲ့ကစားပုံ ပြန်လာမယ်လို့ မျှော်လင့်ပါတယ်” ဟု အဂူရိုက Daily Mail သတင်းစာသို့ ပြောကြားခဲ့သည်။
    အက်သလက်တီကိုမှ ပြောင်းရွှေ့လာခဲ့သည့် အဂူရိုမှာ မန်စီးတီးအသင်းနှင့် စာချုပ်သက်တမ်း ၄ နှစ် ကျန်ရှိနေသည်။
  • ရှုံးကောင်းဆဲ လီဗာပူးလ်၊ မာတာကြောင့် အနိုင်သေချာခဲ့တဲ့ မန်ယူ၊ အသည်းအသန် ကစားပြီး သရေတစ်မှတ်ရတဲ့ မန်စီးတီး
    ရှုံးကောင်းဆဲ လီဗာပူးလ်၊ မာတာကြောင့် အနိုင်သေချာခဲ့တဲ့ မန်ယူ၊ အသည်းအသန် ကစားပြီး သရေတစ်မှတ်ရတဲ့ မန်စီးတီး
    နိုဝင်ဘာ ၁၁ ၊ ၂၀၁၄
    M-Media
    ရှုံးကောင်းဆဲ လီဗာပူးလ်၊ မာတောကြောင့် အနိုင်သေချာတဲ့ မန်ယူနဲ့ အသည်းအသန်ကစားပြီး သရေတစ်မှတ်ရခဲ့တဲ့ မန်စီးတီးတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ စနေနေ့ညပွဲများ
    – ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ ရဲ့ ၆ ပွဲကို မနေ့ညမှာ ကစားခဲ့ပြီး ထိပ်ဆုံးက ချယ်ဆီး၊ ဆောက်သက်တမ်တို့ နိုင်ပွဲဆက်နိုင်ခဲ့ကာ၊ မန်ယူကလည်း အိမ်ကွင်းမှာ ၃ မှတ်ရခဲ့ပါတယ်။ ဇယာားအောက်ဆုံးက ဘန်လေကတော့ ယခုနှစ်ရာသီရဲ့ ပထမဆုံးနိုင်ပွဲကို ရယူနိုင်ခဲ့ပါတယ်။
    33
    အရေးပါတဲ့ ချန်ပီယံလိဂ်ပွဲမှာ လူစုံထုတ်မသုံးဘဲ ဒီပွဲအတွက် လူချန်ထားတဲ့ လီဗာပူးလ် တစ်ကယ်တမ်းကစားတဲ့အခါမှာလည်း ချယ်ဆီးကို သူတင်ကိုယ်တင် ကစားနိုင်ခဲ့ပေမယ့် အနိုင် ၃ မှတ်ကိုတော့ ရယူနိုင်ခြင်း မရှိခဲ့ပါဘူး။ ချယ်ဆီးကတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အသာစီးကစားသွားပြီး ၉ မိနစ်မှာပဲ အမ်ရီကန်ရဲ့ ဦးဆောင်ဂိုးကို ခွင့်ပြုလိုက်ရပေမယ့် ခြေစွမ်းပိုင်း တည်ငြိမ်တဲ့ ချယ်ဆီးအတွက် ၁၄ မိနစ်မှာ ဂယ်ရီကာဟေးလ်နဲ့ ၆၇ မိနစ်မှာ ဒီယေဂို ကော်စတာတို့က ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ဘရန်ဒန်ရော်ဂျာက ဒဏ်ရာရကစားသမားတွေကြောင့်လို့ ဆင်ခြေပေးသွားခဲ့ပြီး နိုင်ငံတကာပွဲတွေပြီးတဲ့အခါ တိုက်စစ်မှူး စတားရစ်ခ်ျ ပြန်ကစားနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။
    22
    ပြီးခဲ့တဲ့ တစ်ပတ်မှာ မန်စီးတီးကို ရှုံးနိမ့်ခဲ့ရတဲ့ မန်ယူတို့ကတော့ အရန်ခုံက မာတာရဲ့ ၆၇ မိနစ်မှာသွင်းတဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ အိမ်ကွင်းမှာ ခြေစွမ်း မဆိုးလှတဲ့ မန်ယူတို့ ဒီထက် ဂိုးရမယ့် အခွင့်အရေးတစ်ချို့ရခဲ့ပေမယ့် ခရစ္စတယ်ပဲလေ့စ်ဂိုးသမား လက်စွမ်းပြနိုင်ခဲ့တာကြောင့် ဂိုးထပ်မရခဲ့တာပါ။ မန်ယူနောက်တန်းက လူငယ်ခံစစ်အတွဲဖြစ်တဲ့ ပက်ဒီ မက်နီရ်နဲ့ ဘလိုင်းတို့ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။
    44
    အဝေးကွင်းမှာ ကျူပီအာရ်ကို ရင်ဆိုင်ခဲ့ရတဲ့ မန်စီးတီးကလည်း ရုန်းကန်ခဲ့ရပြီး နောက်က ချေပဂိုးတွေ လိုက်သွင်းနိုင်တာကြောင့်သာ သရေ ၁ မှတ် ရယူနိုင်ခဲ့တာပါ။ တာထွက်ကောင်းခဲ့တဲ့ အိမ်ရှင်တို့ ၂၁ မိနစ်မှာ အဖွင့်ဂိုးရခဲ့ပြီး ချာလီအော်စတင်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဦးဆောင်ဂိုးသွင်းပြီးတဲ့နောက်ပိုင်း အပိုင်ဂိုးသွင်းခွင့် ၂ ကြိမ်လောက် ထပ်ရပေမယ့် ချယ်ဆီးဂိုးသမား အကောင်းဆုံး ကာကွယ်သွာနိုင်တာကြောင့်သာ ဒီထက် ဂိုးမပြတ်ခဲ့တာပါ။ ၃၂ မိနစ်မှာ အဂူရိုက ချေပဂိုး ပြန်သွင်းနိုင်ခဲ့ပေမယ့် ၇၆ မိနစ်မှာ ဒီမစ်ချယ်လီက ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိခဲ့တာကြောင့် မန်စီးတီးတို့ ဒုတိယအကြိမ် နောက်က လိုက်ကစားခဲ့ရပါတယ်။ ဒါပေမယ့် ပွဲပြီးကာနီး ၇ မိနစ်အလိုမှာပဲ အဂူရိုက ဒုတိယချေပဂိုး ထပ်သွင်းပေးခဲ့တာကြောင့် မန်စီးတီးတို့ အဝေးကွင်းမှာ သရေတစ်မှတ် ရခဲ့တာဖြစ်ပါတယ်။
    ပွဲစဉ် ၁၀ အထိ နိုင်ပွဲမရသေးဘဲ စောစောစီးစီး တန်းဆင်းမယ်လို့ ဟောကိန်းထုတ်ခံထားရတဲ့ ဘန်လေတို့ကတော့ ဒီတစ်ပတ် အိမ်ကွင်းမှာ အကြိတ်အနယ်ကစားပြီး ဟားလ်စီးတီးကို အနိုင်ရခဲ့ပါတယ်။ ဟားလ်စီးတီးဂိုးသမား ဟာပါး အပိုင် ၂ လုံးလောက်ကို ကာကွယ်နိုင်တာကြောင့်လည်း အိမ်ရှင်တို့ ဂိုးပိုမရခဲ့တာပါ။ ဘန်လေအတွက် ၁ လုံးတည်းသော ဂိုးကိုတော့ မိနစ် ၅၀ မှာ အက်ရှ်လေ ဘားန်စ်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
    11
    ဒီရာသီ ပုံစံကောင်းတွေပြနေတဲ့ ဆောက်သက်တမ်ကလည်း အိမ်ကွင်းမှာ ရှိန်းလောင်းရဲ့ သွင်းဂိုး ၂ ဂိုးနဲ့အတူ လက်စတာကို အခက်အခဲမရှိ အနိုင်ယူနိုင်ခဲ့ပြီး၊ ၀က်စ်ဟမ်းနဲ့ အက်စတွန်ဗီလာတို့ပွဲမှာတော့ ဗီလာနောက်တန်းရဲ့ ကောင်းမွန်မှုကြောင့် ဂိုးမရှိသရေနဲ့ ပွဲပြီးခဲ့ပါတယ်။
    ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ စနေနေ့ည ရလဒ်များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
    လီဗာပူးလ် ၁-၂ ချယ်ဆီး
    ဘန်လေ ၁-၀ ဟားလ်စီးတီး
    မန်ယူ ၁-၀ ခရစ္စတယ်ပဲလေ့စ်
    ဆောက်သက်တမ် ၂-၀ လက်စတာ
    ကျူပီအာရ် ၂-၂ မန်စီးတီး
  • ဖလားရလိုသည့် ဆန္ဒများ မိမိတို့ ရိုးတွင်းချင်ဆီထဲမှာ ရှိနေဟု အဲဗာတန် နည်းပြဖွင့်ဟ
    ဖလားရလိုသည့် ဆန္ဒများ မိမိတို့ ရိုးတွင်းချင်ဆီထဲမှာ ရှိနေဟု အဲဗာတန် နည်းပြဖွင့်ဟ
    နိုဝင်ဘာ ၈ ၊ ၂၀၁၄
    M-Media
    566111_heroa
    – ယူရိုပါလိဂ် ရှုံးထွက်အဆင့်သို့ တက်ရောက်ရန် နီးစပ်နေသည့် မိမိတို့အသင်း၏ အသွေးအသားထဲတွင် ဆုဖလားများ ရရှိရန် ပြင်းပြသော ဆန္ဒများ ရှိနေသည်ဟု အဲဗာတန်အသင်း နည်းပြ မာတီနက်ဇက်က ပြောကြားလိုက်သည်။
    ယူရိုပါလိဂ် အုပ်စုပွဲအဖြစ် ယနေ့နံနက်က ကစားခဲ့သည့် ပြင်သစ်ကလပ် လိုင်လီနှင့်ပွဲတွင် အဲဗာတန်မှာ လီယွန် အိုစမန်၊ ဖီးလ် ဂျာဂီယဲလ်ကာနှင့် စတီဗင် နိုင်စမစ်တို့၏ သွင်းဂိုးများဖြင့် ၃ ဂိုးပြတ်အနိုင်ရရှိခဲ့သည်။
    ထိုအနိုင်ကြောင့် အဲဗာတန်မှာ အုပ်စု H ကို ၅ မှတ်ဖြတ်ကာ ဦးဆောင်ထားပြီး လန်ကျန်ပွဲ ၂ ပွဲတွင် ၁ ပွဲ အနိုင်ရရှိပါက နောက်တစ်ဆင့်သို့ တက်ရောက်နိုင်မည်ဖြစ်သည်။ မာတီနက်ဇ်ကမူ အသင်းအား ချီးကျူးခဲ့သည်။
    “ကျွန်တော်တို့ဟာ ဆုတွေရဖို့ မျှော်မှန်းထားတဲ့ အသင်းမှာ ရောက်ရှိနေတာပါ။ ကျွန်တော်တို့ ဖလားမရတာ တော်တော်ကြာပါပြီ။ ဒါပမေယ့် အဲဗာတန်နဲ့ ဥရောပ ပြိုင်ပွဲတွေရဲ့ ဆက်ဆံရေးဟာ ၁၉၅၀ (အဲဗာတန်အသင်းဥရောပပြိုင်ပွဲများတွင် ခြေစွမ်းပြချိန်) လောက်ကို ပြန်သွားနေပါပြီ” ဟု ပွဲအပြီးတွင် ပြောကြားခဲ့သည်။
    ယနေ့နံနက်က ကစားခဲ့သည့် ယူရိုပါလိဂ် အုပ်စုပွဲစဉ်တွင် အဲဗာတန်အပြင် အခြား ပရီးမီးယားလိဂ်အသင်းဖြစ်သည့် စပါးမှာလည်း အဝေးကွင်းတွင် ထရီပိုလစ်အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။
  • မနှစ်က ချယ်ဆီးပွဲ၌ အမှားလုပ်ခဲ့သည့် ဂျရတ်နေရာ မိမိဆိုလျှင် ကစားသမားဘဝမှ အနားယူမိနိုင်ကြောင်း ဆွာရက်ဇ်ပြော
    မနှစ်က ချယ်ဆီးပွဲ၌ အမှားလုပ်ခဲ့သည့် ဂျရတ်နေရာ မိမိဆိုလျှင် ကစားသမားဘဝမှ အနားယူမိနိုင်ကြောင်း ဆွာရက်ဇ်ပြော
    နိုဝင်ဘာ ၈ ၊ ၂၀၁၄
    M-Media
    1415234770357_wps_20_Close_up_of_error_by_Stev
    – ပြီးခဲ့သည့်နှစ် ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရေး အရေးပါသည့် အချိန်ကာလတွင် ချယ်ဆီးအသင်းနှင့်ပွဲ၌ အမှားကျူးလွန်ခဲ့သည့် ဂျာရတ်နေရာ၌ မိမိသာဖြစ်ပါက ကစားသမားဘ၀ အဆုံးသတ်သွားနိုင်သည်ဟု ဘာစီလိုနာ တိုက်စစ်မှူး ဆွာရက်က ပြောကြားလိုက်သည်။
    ၁၁ ပွဲဆက်တိုက်နိုင်ပွဲရပြီး ကျန်ရှိသည့် နောက်ဆုံး ၃ ပွဲတွင် ၇ မှတ်ရပါက ၁၉၉၀ နောက်ပိုင်း ပထဆုံးအကြိမ် ပရီးမီးယားလိဂ် ဖလားအား ဆွတ်ခူးနိုင်မည့် လီဗာပူးလ်မှာ ဧပြီလအတွင်း ချယ်ဆီးနှင့် တွေ့ဆုံခဲ့ရာ ၂ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံဖြစ်ရေးမှာ မှေးမှိန်ခဲ့ရသည်။
    ထိုပွဲ၌ ချယ်ဆီးရရှိခဲ့သည့် ပထမဂိုးမှာ ဂျရတ်၏ ခြေချော်ရာမှ ထွက်လာသော ဘောလုံးကို ချယ်ဆီးတိုက်စစ်မှူး ဒမ်ဘာ ဘားက ဆွဲယူကာ ကန်သွင်းခဲ့ခြင်းဖြစ်ပြီး ဆွာရက်ဇ်ကမူ ဂျာရတ်နေရာတွင် မိမိသာဖြစ်ပါက ကစားသမား ဘ၀မှ အနားယူရန်ပင် ဖြစ်သွားနိုင်မည်ဟု ၎င်း၏ ကိုယ်တိုင်ရေးအထုပ္ပတ္တိတွင် ရေးသားဖော်ပြခဲ့သည်။
    “တကယ်လို့များ ကျွန်တော်ဟာ ဂျရတ်နေရာမှာသာ ဖြစ်ခဲ့မယ်ဆိုရင် ဘောလုံးဆက်ကစားနိုင်မလားဆိုတာ မသိပါဘူး။ ခံစားမှုပိုင်းဆိုင်ရာမှာတော့ ဒါဟာ အရမ်း အရမ်းကို ခက်ခဲပါတယ်” ဟု ဆွာရက်ဇ်က ပြောဆိုခဲ့သည်။
    ထိုပွဲပြီးနောက် ကစားခဲ့သည့် ခရစ္စတယ်ပဲလေ့စ်နှင့် ပွဲတွင်လည်း လီဗာပူးလ်မှာ ၃ ဂိုးပြတ်ဖြင့် ဦးဆောင်နေရာမှ ၃ ဂိုးပြန်ပေးလိုက်ရပြီး သရေကျခဲ့သောကြောင့် ချန်ပီယံဖြစ်မည့် အခွင့်အရေးကို လက်လွှတ်ခဲ့ရသည်။
    ဆွာရက်ဇ်ကမူ မိမိနှင့် ဂျရတ်တို့မှာ ပြီးခဲ့သည့် သီတင်းပတ်များက ရှေးဟောင်းနှောင်းဖြစ်များ ပြောခဲ့ပြီး ထိုအကြောင်းလည်းပါဝင်ကြောင်း ထိုကဲ့သို့ ဆိုးရွားသည့် အမှားတစ်ခုကို ပြုလုပ်မိသည့် ဂျရတ်မှာ ကံမကောင်းခဲ့ကြောင်း ဆွာရက်ဇ်က ထပ်လောင်းပြောကြားခဲ့သည်။