News @ M-Media
Tag: PremierLeague
  • ဘာလော့တယ်လီ ဂိုးသွင်းရန် ယုံကြည်မှု လိုအပ်ဟု နည်းပြရော်ဂျာဆို
    ဘာလော့တယ်လီ ဂိုးသွင်းရန် ယုံကြည်မှု လိုအပ်ဟု နည်းပြရော်ဂျာဆို
    အောက်တိုဘာ ၂၆ ၊ ၂၀၁၄
    M-Media
    509041_heroa
    – ယမန်နေ့က ကစားခဲ့သော ပွဲတွင် ဘာလော့တယ်လီ၏ စွမ်းဆောင်မှုအား ကျေနပ်မိပြီး ဂိုးသွင်းနိုင်ရန်အတွက် မိမိကိုယ်ကို ယုံကြည်မှုလိုအပ်နေသည်ဟု လီဗာပူးလ်နည်းပြ ဘရန်ဒန် ရော်ဂျာက ပြောကြားလိုက်သည်။
    ဘာလော့တယ်လီမှာ ဟားလ်စီးတီးနှင့်ပွဲတွင် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ပြီး အပိုင်ဂိုးသွင်းခွင့်အချို့ ရခဲ့သော်လည်း ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်း မရှိချေ။
    “ကျွန်တော်ကတော့ သူ(ဘာလော့တယ်လီ)ဟာ အလုပ်ကောင်းကောင်းလုပ်ခဲ့ပြီး ကြိုးစားခဲ့တယ်လို့ မြင်ပါတယ်။ ကိုယ့်ကိုကိုယ်ယုံကြည်မှု နည်းနည်းလေး လိုနေတာပါ။ တစ်ခါတစ်လေ ဂိုးမရဘူးဆိုရင် ယုံကြည်မှုလျော့နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သူဟာတိုးတက်နေပါတယ်” ဟု ရော်ဂျာက ပွဲအပြီးတွင် ပြောကြားခဲ့သည်။
    စတားရစ်ခ်ျဒဏ်ရာရပြီးနောက်ပိုင်းတွင် လီဗာပူးလ်မှာ ဂိုးရရန် ရုန်းကန်နေရပြီး တိုက်စစ်မှူးသစ် ရစ်ကီလာမ်ဘာ့တ်မှာလည်း ပုံမှန်ဂိုးသွင်းခြေ မရှိချေ။ ဘာလော့တယ်လီမှာမူ အေစီမီလန်မှ ပြောင်းရွှေ့လာခဲ့ပြီးနောက်ပိုင်း ပရီးမီးယားလိဂ်တွင် ၁ ဂိုးမှ သွင်းယူနိုင်ခြင်း မရှိသေးပေ။
  • မန်စီးတီးရှုံး၊ အာဆင်နယ်ကံကောင်းခဲ့ပြီး လီဗာပူးလ်တို့ သရေကျခဲ့သည့် EPL ပွဲစဉ် ၉ စနေနေ့ည ပွဲများ
    မန်စီးတီးရှုံး၊ အာဆင်နယ်ကံကောင်းခဲ့ပြီး လီဗာပူးလ်တို့ သရေကျခဲ့သည့် EPL ပွဲစဉ် ၉ စနေနေ့ည ပွဲများ
    အောက်တိုဘာ ၂၆၊ ၂၀၁၄
    M-Media
    – ပရီးမီးယားလိဂ် ပွဲစဉ် ၉ ရဲ့ ၆ ပွဲကို မနေ့ညက ကစားခဲ့ပြီး မန်စီးတီးတို့ အဝေးကွင်းမှာ ရှုံးခဲ့ကာ၊ လီဗာပူးလ်ကတော့ သရေကျခဲ့ပါတယ်။ ဒီနှစ်မှာ ကစားပုံကောင်းလာတဲ့ ဆောက်သက်တမ်တို့ မနေ့ကပွဲမှာလည်း အနိုင် ၃ မှတ်ရခဲ့ပြီး၊ အာဆင်နယ်ကတော့ ပြိုင်ဘက် နောက်တန်းကပေးတဲ့ လက်ဆောင်ဂိုးတွေနဲ့ အဝေးကွင်းမှာ ၃ မှတ်သေချာခဲ့ပါတယ်။ ရောဂျာရဲ့ လီဗာပူးလ်ကတော့ အိမ်ကွင်းမှာ သရေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။
    3333
    အစောဆုံးကစားခဲ့တဲ့ မန်စီးတီးပွဲမှာ အိမ်ရှင်ဝက်စ်ဟမ်းတို့ ကစားပုံကောင်းခဲ့ပါတယ်။ အိမ်ရှင်အသင်းရဲ့ အတင်းဝင်အတင်းဖျက်ကစားပုံးကို မန်စီးတီးတို့ မယှဉ်နိုင်ခဲ့ပါဘူး။ ဒါ့ကြောင့်ပဲ အမဲလ်ဖီတာနိုရဲ့ ၂၁ မိနစ်ဂိုးနဲ့ ဒီယာဖရာ ဆာခိုရဲ့ ၇၅ မိနစ်ဂိုးတွေကို မန်စီးတီးတို့ ခွင့်ပြုခဲ့ရတာပါ။ ၇၇ မိနစ်မှာ ဆေးလ်ဗားက ချေပဂိုးတစ်ဂိုး ပြန်သွင်းခဲ့ပြီး နောက်ပိုင်း မိနစ်တွေမှာ ချေပဂိုးရဖို့ မန်စီးတီးတို့ တရစပ်တိုက်စစ်ဆင်ခဲ့ပေမယ့် ၀က်စ်ဟမ်းနောက်တန်းက အကောင်းဆုံး ဖြတ်ထုတ်ကာကွယ်နိုင်ခဲ့တာကြောင့် အိမ်ကွင်းမှာ ၃ မှတ် သေချာခဲ့ပါတယ်။
    1111
    ချန်ပီယံလိဂ်မှာ နောက်ဆုံးမိနစ်ဂိုးတွေနဲ့ အနိုင်ရခဲ့တဲ့အာဆင်နယ် ဆန်းဒါးလန်းနဲ့ အဝေးကွင်းပွဲစဉ်မှာလည်း အိမ်ရှင်အသင်းရဲ့ နောက်တန်းအမှားတွေကတစ်ဆင့် ဂိုး ၂ ဂိုးရခဲ့ပြီး အနိုင် ၃ မှတ် ရယူနိုင်ခဲ့ပါတယ်။ ဒီဂိုးတွေကိုတော့ ဆန်းချက်စ်တစ်ယောက်တည်းက သွင်းယူပေးခဲ့တာပါ။
    ပြီးခဲ့တဲ့ တစ်ပတ်က ဆန်းဒါးလန်းကို ၈ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ဆောက်သက်တမ်တို့ ဒီတစ်ပတ်မှာလည်း အိမ်ကွင်းမှာ စတုတ်ကို ဆာဒီယို မိန်းရဲ့ ၃၃ မိနစ်မှာသွင်းတဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
    2222
    ဆွမ်ဆီးကလည်း ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး ဘိုနီရဲ့ ဂိုး ၂ ဂိုးနဲ့ အိမ်ကွင်းမှာ လက်စတာကို အနိုင်ရခဲ့ပြီး၊ လီဗာပူးလ်ကတော့ အန်ဖီးလ်မှာ ကစားပုံကောင်းခဲ့ကာ ဂိုးသွင်းခွင့် တစ်ချို့ရခဲ့ပေမယ့် တိုက်စစ်မှူးတွေ အသုံးမချနိုင်ခဲ့တာကြောင့် ဟားလ်စီးတီးကို သရေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။
    ပွဲစဉ် ၉ စနေနေ့ည ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    လီဗာပူးလ် ၀-၀ ဟားလ်စီးတီး
    ဆောက်သက်တမ် ၁-၀ စတုတ်
    ဆန်းဒါးလန်း ၀-၂ အာဆင်နယ်
    ဆွမ်ဆီး ၂-၀ လက်စတာ
  • မိမိအသင်းအား ချယ်ဆီးကဲ့သို့ ကစားစေချင်သည်ဟု မန်ယူနည်းပြဆို
    မိမိအသင်းအား ချယ်ဆီးကဲ့သို့ ကစားစေချင်သည်ဟု မန်ယူနည်းပြဆို
    အောက်တိုဘာ ၂၅ ၊ ၂၀၁၄
    M-Media
    453607_heroa
    – မန်ယူနည်းပြ လူးဝစ်ဗန်ဂါးလ်က ချယ်ဆီးနည်းပြ မော်ရင်ဟိုအား ချီးကျူးလိုက်ပြီး မိမိအသင်းကို ချယ်ဆီးကဲ့သို့ ကစားစေချင်သည်ဟု ပြောကြားလိုက်သည်။
    မော်ရင်ဟိုမှာ ၁၉၉၀ ပြည့်နှစ်များက ဘာစီလိုနာတွင် ဗန်ဂါး၏ လက်အောက်၌ နည်းပြအဖြစ် အလုပ်လုပ်ခဲ့ဖူးပြီး၊ မော်ရင်ဟိုကလည်း ၎င်း၏ နည်းပြဘ၀ အစောပိုင်းကာလတွင် ဗန်ဂါးလ်၏ ကူညီမှုအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ဖူးသည်။
    ဗန်ဂါးလ်ကမူ မိမိမှာ မော်ရင်ဟို၏ အလားအလာကို သတိပြုမိခဲ့ပြီး ထို့ကြောင့် ဘာစီလိုနာ၌ ရှိစဉ် Catalunya Cup ပွဲများအတွက် မော်ရင်ဟိုအား ကိုင်တွယ်ခွင့်ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
    မန်ယူနှင့် ချယ်ဆီးတို့မှာ ပရီးမီးယားလိဂ်ပွဲစဉ် ၉ အဖြစ် ယနေ့ညတွင် ကစားရမည့်ဖြစ်ပြီး ဗန်ဂါးလ်က
    “ကျွန်တော့်အသင်းမှာ ကစားစေချင်တဲ့အတိုင်း မော်ရင်ဟိုရဲ့အသင်းက ကစားနေတာမို့ ကျွန်တော်တို့ပွဲဟာ နည်းစနစ်ပိုင်းဆိုင်ရာ ပြိုင်ပွဲမျိုး ဖြစ်လာမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် လျှို့ဝှက်ချက်ဆိုတာလည်း ရှိမှာမဟုတ်ပါဘူး” ဟု ဗန်ဂါးလ်က ယမန်နေ့တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
    ထို့ပြင် မော်ရင်ဟိုနှင့်ပတ်သက်၍ မည်သည့်အရာအား အထင်ကြီးသနည်းဟု မေးမြန်းခဲ့ရာ ဗန်ဂါးလ်က မော်ရင်ဟိုမှာ သာမန်လူတစ်ယောက်ကဲ့သို့ဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး နည်းပြများထဲမှ တစ်ဦးဖြစ်သည်ဟု ဖြေကြားခဲ့သည်။
  • အမျိုးသမီးတစ်ဦးအား ခြိမ်းခြောက်မှုဖြင့် ဘာလော့တယ်လီ စုံစမ်းခံနေရ
    အမျိုးသမီးတစ်ဦးအား ခြိမ်းခြောက်မှုဖြင့် ဘာလော့တယ်လီ စုံစမ်းခံနေရ
    အောက်တိုဘာ ၂၅ ၊ ၂၀၁၄
    M-Media
    1414093572409_Image_galleryImage_LIVERPOOL_ENGLAND_OCTOBER
    – လီဗာပူးလ်တိုက်စစ်မှူး မာရီယို ဘာလော့တယ်လီမှာ အမျိုးသမီးတစ်ဦးအား ခြိမ်းခြောက် ပြောဆိုမှုဖြင့် မန်ချက်စတာရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆးမှုကို ခံနေရသည်ဟု သိရသည်။
    ဘာလော့တယ်လီမှာ မန်ချက်စတာမြို့ရှိ  Wythenshawe ဒေသတွင် အီတလီမှ သယ်ဆောင်လာသော ၎င်း၏ ပေါင် ၂၄၀၀၀ တန် ဖာရာရီကားအား ဓာတ်ပုံမရိုက်ရန် အမျိုးသမီးတစ်ဦးအား သွားရောက်ပြောကြားရာမှ ခြိမ်းခြောက်သော စကားလုံးများကို သုံးစွဲခဲ့ခြင်းဖြစ်သည်။
    ခြိမ်းခြောက်ခံရသည့် အမျိုးသမီးက ၎င်း၏သမီးဖြစ်သူမှာ ဘာလော့တယ်လီ၏ ကားကို ဓာတ်ပုံရိုက်ရာတွင် ဘာလော့တယ်လီမှာ အရှေ့သို့ တိုးလာကာ ယခုကဲ့သို့ ခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
    မန်ချက်စတာရဲတပ်ဖွဲ့က မိမိတို့အနေဖြင့် တိုင်ကြားမှုကို ရရှိသောကြောင့် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေသည်ဟု ပြောကြားခဲ့ပြီး လီဗာပူးလ်အသင်းကမူ အကြောင်းအရာအပြည့်အစုံကို မသိရှိမီ မည်သည့်မှတ်ချက်မှ ပေးမည်မဟုတ်ဟု ပြောကြားခဲ့သည်။
    ref_ The Mirror
  • လာမည့် ၂ နှစ်အတွင်း ဖလားရမည်ဟု စပါးနည်းပြပြော
    လာမည့် ၂ နှစ်အတွင်း ဖလားရမည်ဟု စပါးနည်းပြပြော
    အောက်တိုဘာ ၂၄ ၊ ၂၀၁၄
    M-Media
    mauricio pochettino
    – မိမိတို့အသင်းမှာ လက်ရှိတွင် ခက်ခဲသောအခြေအနေနှင့် ရင်ဆိုင်နေရသော်လည်း လာမည့် ၂ နှစ်အတွင်း အဓိက ဖလားတစ်လုံးကို ရယူနိုင်လိ့မည်ဟု စပါးနည်းပြ ပိုချက်တီနိုက ပြောကြားလိုက်သည်။
    ပိုချက်တီနိုမှာ ပြီးခဲ့သည့်နွေရာသီကမှ အသင်းသို့ ရောက်ရှိလာခြင်းဖြစ်ပြီး အသင်းမှာ ခြေစွမ်းမပြနိုင်ဘဲ ပရီးမီးယားလိဂ် ၈ ပွဲကစားပြီးချိန်တွင် ၁၁ မှတ်သာ ရရှိထားက အဆင့် ၉ နေရာတွင် ရှိနေသည်။
    စပါးအသင်းမှာ နည်းပြရာမို့စ် လက်ထက်တွင် အသင်း၏ နောက်ဆုံး ဆုဖလားအဖြစ် ၂၀၀၈ ခုနှစ်တွင် လိဂ်ဖလားအား ရရှိခဲ့ပြီး ပိုချက်တီနိုကမူ လာမည့် ၂ နှစ်အတွင်း ပထမဆုံး ဖလားရရှိရန် စွမ်းဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
    “အချိန်လိုပါတယ်။ ဆိုးရွားတဲ့အချိန်တွေကို ခံစားပြီး အမှတ်ရဖို့လည်း လိုအပ်ပါတယ်။ ဒါပေမယ့် အခုအချိန်ဟာ ကျွန်တော်တို့အတွက် ခြားနားတဲ့ အချိန်ကာလပါပဲ။ ခြောက်လ၊ တစ်နှစ်၊ ဒါမှမဟုတ် ၂ နှစ်အတွင်းမှာ အရေးပါတဲ့ဆုဖလားတစ်ခုခုကို ရမယ်ဆိုတာ ကျွန်တော်သေချာပြောရဲပါတယ်” ဟု ပိုချက်တီနိုက ဆိုသည်။
    စပါးမှာ ယူရိုပါလိဂ်ပွဲစဉ်အဖြစ် Asteras အသင်းနှင့် မနေ့ညတွင် ယှဉ်ပြိုင်ကစားခဲ့ရာ ၅ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။