News @ M-Media
Tag: PremierLeague
  • အီတူးမှာ ဘောလုံး နတ်ဘုရားများပေးသော လက်ဆောင်ဟု အဲဗာတန်နည်းပြ တင်စား
    အီတူးမှာ ဘောလုံး နတ်ဘုရားများပေးသော လက်ဆောင်ဟု အဲဗာတန်နည်းပြ တင်စား
    နိုဝင်ဘာ ၁၊ ၂၀၁၄
    M-Media
    518231_heroa
    – ဇရာထောင်းနေသော်လည်း အသင်းအတွက် ခြေစွမ်းကောင်းများ ပြသနေသည့် ကင်မရွန်းတိုက်စစ်မှူး အီတူးမှာ ဘောလုံးနတ်ဘုရားများမှ ပေးသော လက်ဆောင်ဖြစ်သည်ဟု အဲဗာတန်နည်းပြ မာတီနက်ဇ်က ချီးကျူးပြောကြားလိုက်သည်။
    ချယ်ဆီးနှင့် စာချုပ်သက်တမ်းကုန်ပြီးနောက် အီတူးမှာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် အဲဗာတန်သို့ ပြီးခဲ့သည့် သြဂုတ်လက ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ၂ နှစ်စာချုပ် ချုပ်ဆိုခဲ့သည်။ ထို့နောက် ပရီးမီးယားလိဂ်တွင် ခြေစွမ်းကောင်းများပြသနေကာ ၅ ပွဲကစားပြီး ၃ ဂိုး သွင်းယူပေးထားနိုင်သည်။
    “အီတူဟာ ဘောလုံးနတ်ဘုရားတွေက ပေးတဲ့လက်ဆောင်ပါပဲ။ ကျွန်တော်တို့ရဲ့ လူငယ်ကစားသမားတွေအတွက် ပြည့်စုံတဲ့ ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။ သူဟာ အမြင့်ဆုံး အရည်အချင်းရှိတဲ့ ကစားသမားတစ်ဦးပါ။ ဒုတိယရာသီဝက်မှာ အသင်းနဲ့ ဘယ်လိုအသားကျနိုင်မလဲဆိုတာကို ကြည့်ဖို့ ကျွန်တော် စိတ်လှုပ်ရှားနေပါတယ်” ဟု မာတီနက်ဇ်က ဘန်လေနှင့် ပွဲအပြီးတွင် ပြောကြားခဲ့သည်။
    အဲဗာတန်မှာ ယခုသီတင်းပတ်တွင် ဆွမ်းဆီးအား အိမ်ကွင်း၌ ဧည့်ခံကစားရမည်ဖြစ်သည်။
  • အရေးမပါသူအဖြစ် ခံစာရခြင်းကြောင့် ချယ်ဆီးမှ ထွက်ခွာခဲ့ခြင်းဖြစ်သည်ဟု တောရက်စ်ဆို
    အရေးမပါသူအဖြစ် ခံစာရခြင်းကြောင့် ချယ်ဆီးမှ ထွက်ခွာခဲ့ခြင်းဖြစ်သည်ဟု တောရက်စ်ဆို
    အောက်တိုဘာ ၃၁ ၊ ၂၀၁၄
    M-Media
    466132_heroa
    – ချယ်ဆီးနည်းပြ မော်ရင်ဟိုနှင့် မိမိမှာ ကောင်းမွန်သော ဆက်ဆံရေးရှိပြီး ချယ်ဆီးမှ ထွက်ခွာရခြင်းမှာ မိမိအနေဖြင့် အသင်း၌ အရေးမပါတော့ဟု ခံစားရသောကြောင့် ဖြစ်သည်ဟု အေစီမီလန် တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်က ပြောကြားလိုက်သည်။
    အက်သလက်တီကိုမှ လီဗာပူးလ်သို့ ပြောင်းရွှေ့ခဲ့ပြီး ထိပ်တန်းခြေစွမ်းများကို ပြနိုင်ခဲ့သော တောရက်စ်အား ချယ်ဆီးက ၂၀၁၁ ခုနှစ်တွင် ဗြိတိန် စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၆၃ သန်းဖြင့် ခေါ်ယူခဲ့သည်။
    သို့သော်လည်း တန်ကြေးနှင့် ထိုက်တန်သော ခြေစွမ်းကို မပြနိုင်ဘဲ ယခုနှစ်တွင် ဒရော့ဘာနှင့် ဒီယေဂိုကော်စတာတို့ ချယ်ဆီးသို့ ရောက်ရှိလာ ခဲ့ပြီးနောက် တောရက်စ်မှာ အေစီမီလန်သို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့သည်။
    “မော်ရင်ဟိုက အမြဲတမ်း ကျွန်တော့်အပေါ်ကောင်းပါတယ်။ အသင်းက ထွက်ခွာရတဲ့ အကြောင်းအရင်းကတော့ ကိုယ်ရေးကိုယ်တာ ကိစ္စဖြစ်ပြီး ပိုကစားဖို့၊ ပိုပြီးအရေးပါတဲ့ လူတစ်ယောက်ဖြစ်ဖို့ လိုအပ်လို့ပါပဲ။ မော်ရင်ဟိုနဲ့ ကျွန်တော်ဟာ ဒီနေ့အချိန်အထိ ကောင်မွန်တဲ့ ဆက်ဆံရေးရှိပါတယ်” ဟု တောရက်စ်က ပြောကြားခဲ့သည်။
    အေစီမီလန်တွင်လည်း ပုံမှန်ခြေစွမ်းရရန် ရုန်းကန်နေရသည့် တောရက်စ်မှာ အီတလီသို့ မရောက်ခင် အသင်းဟောင်း အက်သလက်တီကိုသို့ ပြန်လည်သွားရောက်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း အသက် ၃၀ အရွယ်ရှိ တောရက်စ်ကမူ ထိုသတင်းမှာ ကောလဟာလသာ ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
  • ယခုလက်ရှိ မန်စီးတီးမှာ မန်ယူထက် ပိုကောင်းသည်ဟု မန်ယူ ဂိုးသမားဟောင်း ရှမိုက်ကယ်ဆို
    ယခုလက်ရှိ မန်စီးတီးမှာ မန်ယူထက် ပိုကောင်းသည်ဟု မန်ယူ ဂိုးသမားဟောင်း ရှမိုက်ကယ်ဆို
    အောက်တိုဘာ ၃၀၊ ၂၀၁၄
    M-Media
    Peter Schmeichel
    – အသင်း၏ကစားပုံနှင့် ရလဒ်များတွင် မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းက မန်ယူအသင်းထက် ပိုသာနေသည်ဟု မန်ယူဂိုးသမားဟောင်း ပီတာ ရှမိုက်ကယ်က ပြောကြားလိုက်သည်။
    အသက် ၅၀ အရွယ်ရှိပြီဖြစ်သည့် ရှမိုက်ကယ်မှာ မန်ယူအသင်းတွင်  ၁၉၉၁ ခုနှစ်မှ ၁၉၉၉ နှစ်အထိ ကစားခဲ့သူဖြစ်ပြီး မန်စီးတီးအသင်းတွင် ၂၀၀-၀၃ တစ်ရာသီကစားကာ ကစားသမားဘ၀ကို အဆုံးသတ်ခဲ့သူဖြစ်သည်။
    ရှမိုက်ကယ် မန်ယူတွင်ကစားစဉ်က မန်စီးတီးမှာ တတိယတန်းတွင် ကျင်လည်နေရသည့် အသင်းဖြစ်ပြီး ဒါဘီပြိုင်ပွဲများတွင် မန်ယူအား လုံးဝ အနိုင်မရခဲ့ပေ။
    “မန်ယူကိုရောက်ပြီး ပထမ ၂ နှစ်မှာ မန်စီးတီးဆိုတာ ကျွန်တော်မသိပါဘူး။ အဲဒီအချိန်တုန်းက လီဗာပူးလ်နဲ့ လိဒ်စ်တို့က အသင်းကြီးတွေပါ။ ဒါပေမယ့် အခုတော့ ပြောင်းပြန်ဖြစ်သွားပါပြီ။ မန်စီးတီးဟာ ချန်ပီယံဖြစ်နေပြီး မနှစ်က သူတို့ ဒုတိယမြောက် ပရီးမီးယားလိဂ်ဖလား ရခဲ့ပါတယ်။ အခုအချိန်မှာတော့ ရလဒ်တွေအရ သူတို့ဟာ မန်ယူထက် ပိုသာတဲ့အသင်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်” ဟု ရှမိုက်ကယ် BBC သို့ ပြောကြားခဲ့သည်။
    မန်စီးတီးမှာ ယခုတစ်ပတ် တနင်္ဂနွေနေ့တွင် အိမ်ကွင်း၌ မန်ယူအား ဧည့်ခံကစားရမည်ဖြစ်ပြီး ရှမိုက်ကယ်ကမူ အသင်း၏ မတည်ငြိမ်မှုကြောင့် အဆိုပါ ဒါဘီပွဲမှာ မန်ယူအတွက် အခက်တွေ့စရာဖြစ်မည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    Daily Mail
  • ဒရော့ဘာ အပါအ၀င် အသင်းရှိ ကစားသမား အချို့အား ချယ်ဆီးနည်းပြ မော်ရင်ဟို ချီးကျူး
    ဒရော့ဘာ အပါအ၀င် အသင်းရှိ ကစားသမား အချို့အား ချယ်ဆီးနည်းပြ မော်ရင်ဟို ချီးကျူး
    အောက်တိုဘာ ၂၉ ၊ ၂၀၁၄
    M-Media
    524731_heroa
    – ယခုနှစ် ပုံစံကောင်းများရနေသော အသင်းတွင် ကြိုးစားကာ ခြေစွမ်းကောင်းများ ပြသနေသော အတွေ့အကြုံရင့်  ကစားသမား ၄ ဦးကို ချယ်ဆီးနည်းပြ မော်ရင်ဟိုက ချီးကျူးပြောဆိုလိုက်သည်။
    “တနင်္ဂနွေနေ့ (မန်ယူနဲ့ပွဲမှာ) ကစားသမား ၄ ဦးက အခြားကစားသမားတွေအတွက် မယုံကြည်နိုင်စရာ ဥပမာတွေကို ပေးခဲ့ပါတယ်။ သူတို့တွေကတော့ ဒရော့ဘာ၊ ဖီလစ်ပီ လူးဝစ်၊ ကာဟေးလ်နဲ့ အော်စကာတို့ဖြစ်ပြီး လက်ဖျားခါလောက်အောင် ကောင်းမွန်သူတွေပါ” ဟု မော်ရင်ဟိုက Sky Sports သို့ ပြောကြားခဲ့သည်။
    မန်ယူအသင်းအား ၁ ဂိုးစီ သရေကျခဲ့ပြီး ၂ ရက်အကြာ ယနေ့နံနက်နက်က ကစားခဲ့သည့် ကက်ပီတယ်ဝမ်းဖလား Shrewsbury Town အသင်းနှင့်ပွဲတွင် ချယ်ဆီးမှာ ရုန်းကန်ခဲ့ရပြီး ပြိုင်ဘက်အသင်းမှ ကစားသမား၏ ပွဲပြီးကာနီး ကိုယ့်ဂိုးကိုယ်သွင်းမှုကြောင့် ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ချယ်ဆီးအတွက် ဦးဆောင်ဂိုးအား ဒရော့ဘာက သွင်းယူပေးခဲ့သည်။
    မော်ရင်ဟိုကမူ အသင်း၌ ပုံမှန်ကစားခွင့် မရသော်လည်း ပရော်ဖက်ရှင်နယ်ဆန်စွာ အားထုတ်ကြသည့် ဂိုးသမား ပီတာချက်နှင့် မီခေးလ်တို့ကိုလည်း ချီးကျူးခဲ့ပြီး ၎င်းတို့မှာ အသင်းရှိလူငယ်ကစားသမားအတွက် ကောင်းမွန်သော ဥပမာဖြစ်စေသည်ဟု ထပ်လောင်းပြောကြားခဲ့သည်။
  • နောက်ဆုံးမိနစ်ဂိုးနဲ့ သရေ ၁ မှတ်ရတဲ့ မန်ယူ၊ နယူးကာဆယ် ဒုတိယမြောက်နိုင်ပွဲရတဲ့ EPL ပွဲစဉ် ၉ စူပါဆန်းဒေး
    နောက်ဆုံးမိနစ်ဂိုးနဲ့ သရေ ၁ မှတ်ရတဲ့ မန်ယူ၊ နယူးကာဆယ် ဒုတိယမြောက်နိုင်ပွဲရတဲ့ EPL ပွဲစဉ် ၉ စူပါဆန်းဒေး
    အောက်တိုဘာ ၂၇ ၊ ၂၀၁၄
    M-Media
    – ပရီးမီးယားလိဂ်ပွဲစဉ် ၉ ရဲ့ လက်ကျန် ၃ ပွဲကို မနေ့က ကစားခဲ့ရာမှာ Match of the Week ဖြစ်တဲ့ မန်ယူနဲ့ ချယ်ဆီးတို့ရဲ့ပွဲမှာတော့ အရှုံးအနိုင် အဖြေမပေါ်ခဲ့ဘဲ သရေနဲ့သာ ပြီးဆုံးခဲ့ပါတယ်။ နယူးကာဆယ်တို့ကတော့ ဒီတစ်ပတ်မှာလည်း နိုင်ပွဲထပ်ရခဲ့ပြီး၊ ဘန်လေကတော့ အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပါတယ်။
    4444
    ဆရာတပည့်နှစ်ဦးဖြစ်တဲ့ ဗန်ဂါးလ်နဲ့ မော်ရင်ဟိုတို့ တွေ့ဆုံတဲ့ပွဲမှာ အိမ်ရှင်မန်ယူတို့ ဗန်ပါစီရဲ့ နောက်ဆုံးမိနစ်ဂိုးနဲ့ သရေတစ်မှတ်ရခဲ့တာပါ။ အခုနှစ်ပရီးမီးယားလိဂ်မှာ ခြေစွမ်းငြိမ်နေတဲ့ ချယ်ဆီးတို့ ဒီပွဲမှာလည်း အကောင်းဆုံးကစားနိုင်ခဲ့ပြီး ဒရော့ဘာက ၅၃ မိနစ်မှာ ဦးဆောင်ဂိုး သွင်းပေးခဲ့တာပါ။ ဒဏ်ရာရနေတဲ့ ဒီယေဂိုကော်စတာ ဒီပွဲမှာ ပြန်ပါလာပြီး ဂိုးသွင်းခွင့်အချို့ ရခဲ့ပေမယ့် ဂိုးအဖြစ်တော့ ပြောင်းလဲနိုင်ခဲ့ခြင်း မရှိပါဘူး။ ပွဲအပြီးမှာ မန်ယူနည်းပြ ဗန်ဂါးလ်က အသင်းဟာ အကောင်းဆုံး ပုံစံမှာမရှိသေးဘူးဆိုတာ ၀န်ခံခဲ့ပြီး တပည့်ဟောင်းဖြစ်တဲ့ မော်ရင်ဟိုကိုလည်း ချီးကျူးခဲ့ပါတယ်။
    5555
    ပြီးခဲ့တဲ့တစ်ပတ်က လက်စတာနဲ့ပွဲမှာ နိုင်ပွဲစရခဲ့တဲ့ နယူးကာဆယ်တို့ ဒီတစ်ပတ်မှာလည်း ဂိုးတွေ နောက်ကလိုက်သွင်းပြီး စပါးကို အဝေးကွင်းမှာ အနိုင်ယူခဲ့ပါတယ်။ ယူရိုပါမှာ ခြေစွမ်းပြခဲ့တဲ့ စပါးတို့ ပွဲအစပိုင်းမှာ အကောင်းဆုံးကစားနိုင်ခဲ့ပြီး ၁၈ မိနစ်မှာပဲ တိုက်စစ်မှူး အဒီဘာယောက ဦးဆောင်ဂိုး သွင်းပေးခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း စပါးတို့ တိုက်စစ်ဆင်နိုင်ခဲ့ပြီး နယူကာဆယ်နောက်တန်းက တည်တည်ငြိမ်ငြိမ်နဲ့ ကာကွယ်သွားနိုင်ခဲ့ပါတယ်။ နယူးကာဆယ်အတွက် ချေပဂိုးကိုတော့ ဆမ်မီ အမီယိုဘီက ဒုတိယပိုင်း ပွဲအစမှာ သွင်းပေးခဲ့တာဖြစ်ပြီး နောက်ထက် ၁၂ မိနစ်အကြာမှာတော့ ပီရက်ဇ်က အနိုင်ဂိုးသွင်းယူပေးခဲ့ပါတယ်။ ပွဲပြီးကာနီးမှာ စပါးတို့ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ အိမ်ကွင်းမှာ အရှုံးပေးခဲ့ရပါတယ်။
    ရာသီသစ်မှာ နိုင်ပွဲမရသေးတဲ့ တန်းတက်ဘန်လေအသင်းကတော့ မနေ့က ကစားခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာလည်း အဲဗာတန်ကို ၃ ဂိုး ၁ ဂိုးနဲ့ အရှုံးပေးခဲ့ရပါတယ်။ အဲဗာတန်အတွက် ဂိုးတွေကိုတော့ အီတူးက ၂ ဂိုး၊ လူကာကူက ၁ ဂိုး သွင်းပေးခဲ့တာပါ။
    ပရီးမီးယားလိဂ် ၉ ပွဲ ကစားပြီးချိန်မှာတော့ ချယ်ဆီးက ၂၃ မှတ်နဲ့ ထိပ်ဆုံးမှာရှိနေပြီး ဆောက်သက်တမ်၊ မန်စီးတီး၊ ၀က်စ်ဟမ်းတို့က အစဉ်လိုက်ရှိနေကြပါတယ်။ဇယားအောက်ခြေမှာတော့ ဆန်းဒါးလန်း၊ ဘန်လေ၊ ကျူပီအာရ်တို့ရှိနေပြီး နှစ်ပွဲဆက်အနိုင်ရထားတဲ့ နယူးကာဆယ်တို့ အဆင့် ၁၄ နေရာကို တက်လာနိုင်ခဲ့ပါတယ်။
    ပရီးမီးယားလိဂ် ပွဲစဉ် ၉ ရဲ့ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    မန်ယူ ၁-၁ ချယ်ဆီး
    ဘန်လေ ၁-၃ အဲဗာတန်
    စပါး ၁-၂ နယူးကာဆယ်
    လီဗာပူးလ် ၀-၀ ဟားလ်စီးတီး
    ဆောက်သက်တမ် ၁-၀ စတုတ်
    ဆန်းဒါးလန်း ၀-၂ အာဆင်နယ်
    ဆွမ်ဆီး ၂-၀ လက်စတာ