News @ M-Media
Tag: PremierLeague
  • ၀က်စ်ဘရွန်းနှင့် သရေကျခဲ့သည့်ပွဲ ခြေစွမ်းမှာ ယခုရာသီ အကောင်းဆုံးခြေစွမ်းဟု ဗန်ဂါးလ်ဆို
    အောက်တိုဘာ ၂၁ ၊ ၂၀၁၄
    M-Media
    vang_3079361b
    – ယနေ့နံနက်က ကစားခဲ့သည့် ၀က်စ်ဘရွန်းအား ၂ ဂိုးစီသရေကျခဲ့သောပွဲတွင် ပြသခဲ့သည့် ခြေစွမ်းမှာ ယခုနှစ်ရာသီ အသင်း၏ အကောင်းဆုံးခြေစွမ်းဖြစ်သည်ဟု မန်ယူနည်းပြ ဗန်ဂါးလ်က ပြောကြားလိုက်သည်။
    ထိုပွဲတွင် မန်ယူမှာ ကစားပုံကောင်းခဲ့သော်လည်း အိမ်ရှင်အသင်း၏ ဦးဆောင်မှုကို ၂ ကြိမ်တိုင်တိုင် ချေပခဲ့ရပြီးမှ ၁ မှတ်ရရှိခဲ့ခြင်း ဖြစ်သည်။ ဗန်ဂါးလ်ကမူ ကစားပုံအား ကျေနပ်သော်လည်း ရလဒ်အတွက် စိတ်ပျက်ရသည်ဟု ဆိုသည်။
    “ဒီရာသီမှာ အကောင်းဆုံးပုံစံနဲ့ ကစားနိုင်ခဲ့ပေမယ့် ရလဒ် မကောင်းခဲ့တဲ့အတွက် စိတ်ပျက်မိပါတယ်။ အသင်းက အခွင့်အရေးတွေအများကြီး ဖန်တီးနိုင်ခဲ့လို့ ကျွန်တော် ကျေနပ်ပါတယ်။ ၀က်စ်ဘရွန်းကတော့ အခွင့်အရေး နှစ်ကြိမ်မှာ ၂ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ တစ်ဦးချင်းအမှားတွေကြောင့် ဒီလိုပေးလိုက်ရတာပါ” ဟု ဗန်ဂါးလ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။
    ရာသီအစက ၃-၅-၂ ပုံစံဖြင့် တည်ဆောက်ခဲ့သည့် မန်ယူအသင်းမှာ ယခုပွဲတွင် ၄-၂-၃-၁ ပုံစံဖြင့် ကစားခဲ့ပြီး ဗန်ဂါးလ်ကမူ နည်းစနစ်အသစ်အား ကစားသမားများက ပြောင်းလဲ ကစားနိုင်မည်ဟု ယုံကြည်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
  • အိမ်ရှင်ရဲ့ လက်ဆောင်ဂိုးတွေနဲ့ အနိုင်ရတဲ့လီဗာပူးလ်၊ စတုတ်တို့ ၃ မှတ်ရခဲ့တဲ့ EPL  ပွဲစဉ် ၈ တနင်္ဂနွေည
    အိမ်ရှင်ရဲ့ လက်ဆောင်ဂိုးတွေနဲ့ အနိုင်ရတဲ့လီဗာပူးလ်၊ စတုတ်တို့ ၃ မှတ်ရခဲ့တဲ့ EPL ပွဲစဉ် ၈ တနင်္ဂနွေည
    အောက်တိုဘာ ၂၀၊ ၂၀၁၄
    M-Media
    – ပရီးမီးယားလိဂ်ပွဲစဉ် ၈ ရဲ့လက်ကျန် ၂ ပွဲကို ယမန်နေ့မှာ ကစားခဲ့ပြီး ရော်ဂျာရဲ့လီဗာပူးလ်တို့ အိမ်ရှင်အသင်းရဲ့ လက်ဆောင်ဂိုးတွေနဲ့ အနိုင်ရခဲ့ကာ စတုတ်စီးသီးအသင်းဟာလည်း အိမ်ကွင်း ပရိတ်သတ်ရှေ့မှာ အဖိုးတန် အနိုင် ၃ မှတ် ရခဲ့ပါတယ်။
    333
    ယခုနှစ်ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရတဲ့ လီဗာပူးလ်တို့ မနေ့က ကစားခဲ့တဲ့ပွဲမှာလည်း ကံတရားရဲ့ တစ်ဖက်သက်အသာစီးပေးမှုကိုခံခဲ့ရပါတယ်။ လီဗာပူးလ်တို့ ဘောလုံးပိုင်ဆိုင်မှု အသာရခဲ့ပေမယ့် ကစားပုံကတော့ စွဲမက်စရာမရှိခဲ့ဘဲ ဂိုးသွင်းခွင့်ကိုလည်း အိမ်ရှင်ကျူပီအာရ်အသင်းလောက် မရရှိခဲ့ပါဘူး။ ပိုဆိုးတာက လီဗာပူးလ်ရသွားတဲ့ ဂိုး ၃ ဂိုးမှာ ၂ ဂိုးက ကျူပီအာရ်ကစားသမားတွေ ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့တာကြောင့် ရခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ လီဗာပူးလ်အသင်းနည်းပြ ရော်ဂျာကိုယ်တိုင်က မိမိတို့အသင်းဟာ ကံကောင်းခဲ့တာပါလို့ ၀န်ခံခဲ့ပါတယ်။
    666
    ဘရစ်တားနီးယားမှာ ကစားခဲ့တဲ့ စတုတ်နဲ့ ဆွမ်ဆီးတို့ရဲ့ပွဲမှာတော့ ရာသီအစက ခြေစွမ်းပြခဲ့တဲ့ ဆွမ်ဆီးတို့  ၃၄ မိနစ်မှာ ဘိုနီရဲ့ ပင်နယ်တီဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ၄၃ မိနစ်မှာ ပင်နယ်တီ ပြန်ပေးလိုက်ရပြီး ၇၆ မိနစ်မှာ ဝေါလ်တာရဲ့ ဂိုးကို ခွင့်ပြုလိုက်ရတာကြောင့် အဝေးကွင်းမှာ အရေးနိမ့်ခဲ့ပါတယ်။
    ပွဲစဉ် ၈ ရဲ့ နောက်ဆုံးလက်ကျန်ပွဲဖြစ်တဲ့ ၀က်စ်ဘရွန်းနဲ့ မန်ယူတို့ပွဲကိုတော့ မနက်ဖြန်မှာ ကစားမှာပါ။ ပွဲစဉ် ၈ အနိုင်အရှုံးရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    ကျူပီအာရ် ၂-၃ လီဗာပူးလ်
    စတုတ် ၂-၁ ဆွမ်ဆီး
    မန်စီးတီး ၄-၁ စပါး
    အာဆင်နယ် ၂-၂ ဟားလ်စီးတီး
    ဘန်လေ ၁-၃ ၀က်စ်ဟမ်း
    ခရစ္စတယ်ပဲလေ့စ် ၁-၂ ချယ်ဆီး
    အဲဗာတန် ၃-၀ အက်စတွန်ဗီလာ
    နယူးကာဆယ် ၁-၀ လက်စတာ
    .ဆောက်သက်တမ် ၈-၀ ဆန်းဒါးလန်း
  • အဂူရို ၄ ဂိုးသွင်း၊ နယူးကာဆယ် ပထမဆုံး ၃ မှတ်ရ၊ ဆောက်သက်တမ် ၈ ဂိုးပြတ်သွင်းတဲ့ EPL ပွဲစဉ် ၈ စနေနေ့ည
    အဂူရို ၄ ဂိုးသွင်း၊ နယူးကာဆယ် ပထမဆုံး ၃ မှတ်ရ၊ ဆောက်သက်တမ် ၈ ဂိုးပြတ်သွင်းတဲ့ EPL ပွဲစဉ် ၈ စနေနေ့ည
    အောက်တိုဘာ ၁၉ ၊ ၂၀၁၄
    M-Media
    – နိုင်ငံတကာပြိုင်ပွဲတွေကြောင့် ရပ်နားခဲ့ပြီးနောက် ပရီးမီးယားလိဂ် ပွဲစဉ် ၈ ရဲ့ ၇ ပွဲကို မနေ့က ကစားခဲ့ပြီး ထိပ်ဆုံးက ချယ်ဆီး၊ မန်စီးတီးတို့ အနိုင်ရခဲ့ကြပါတယ်။ ဆောက်သက်တမ်အသင်းကလည်း အံ့သြဖွယ် ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး အာဆင်နယ်ကတော့ ၀ဲလ်ဘတ်ရဲ့ နောက်ကျဂိုးကြောင့် အိမ်ကွင်းမှာ ၁ မှတ်ရခဲ့ပါတယ်။ ပွဲစဉ် ၇ အထိ နိုင်ပွဲမရသေးတဲ့ နယူးကာဆယ်ကတော့ လက်စတာကို ပထမဆုံး အနိုင်ရခဲ့ပါတယ်။
    mancity2
    အစောဆုံးကစားခဲ့တဲ့ မန်စီးတီးနဲ့ စပါးတို့ပွဲမှာ အိမ်ရှင် မန်စီးတီးက ပင်နယ်တီ ၃ လုံးရခဲ့ပြီး ပင်နယ်တီ ၃ လုံးစလုံးကို အဂူရို ကန်သွင်းခဲ့ရာ တဂိုးမဝင်ခဲ့ပါဘူး။ မန်စီတီးက သက်တောင့်သက်သာကစားပြီး ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ မန်စီးတီးအတွက် ဂိုးတွေကိုတော့ အဂူရို တစ်ဦးတည်းက သွင်းယူပေးခဲ့တာပါ။
    111
    ဒီရာသီ ရှုံးပွဲမရှိသေးတဲ့ ချယ်ဆီးတို့ကလည်း အဝေးကွင်းမှာ အော်စကာ၊ ဖာဘရီဂတ်စ်တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့ပါတယ်။ ပထမပိုင်း မိနစ် ၄၀ ကျော်မှာပဲ နှစ်သင်းစလုံးက ကစားသမား တစ်ဦးစီအထုတ်ခံခဲ့ရပါတယ်။ ပွဲအပြီးမှာတော့ မော်ရင်ဟိုက အသင်းရဲ့ အားထုတ်မှုတွေ အတွက် ချီးကျူးပြောဆိုခဲ့ပါတယ်။
    ARSENAL VS HULL
    ဒဏ်ရာရကစားသမားတွေ များပြားနေတဲ့ အာဆင်နယ်ကတော့ အိမ်ကွင်းအီမရိတ်မှာ ကံကောင်းထောက်မစွာနဲ့ မရှုံးခဲ့တာဖြစ်ပါတယ်။ ပွဲကိုစိုးမိုးခဲ့တဲ့ အာဆင်နယ်တို့အတွက် ၁၃ မိနစ်မှာပဲ ဆန်းချက်က ဦးဆောင်ဂိုးသွင်းပေးခဲ့ပါတယ်။ ဒါပေမယ့် ၄ မိနစ်သာခံခဲ့ပြီး ချေပဂိုးပြန်ပေးလိုက်ရကာ၊ ဒုတိယပိုင်းအစမှပဲ ဟားလ်စီးတီးက ဦးဆောင်ဂိုး ပြန်သွင်းခဲ့ပါတယ်။ တစ်ပွဲလုံးမှာ ဂိုးကန်သွင်းခွင့် ၂ ကြိမ်သာရပြီး ၂ ဂိုးသွင်းနိုင်ခဲ့တဲ့ ဟားလ်စီးတီးအသင်းရဲ့ အဆုံးသတ်သေချာမှုကိုတော့ ချီးကျူးရမှာပါ။ အာဆင်နယ်တို့ ချေပဂိုးရဖို့ ကြိုးစားခဲ့ပြီး ဂိုးသွင်းခွင့်အချို့ရခဲ့ပေမယ့် ဒုတိယပိုင်း နာကျင်အချိန်ပိုရောက်မှသာ လိုအပ်နေတဲ့ချေပဂိုးကို ၀ဲလ်ဘတ်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
    ပရိတ်သတ်တွေရဲ့ ပြင်းပြင်းထန်ထန်ဆန့်ကျင်မှုကို ခံနေရတဲ့ ပါဂျူးရဲ့ နယူးကာဆယ်ကတော့ အိုဘာတန်ရဲ့ တစ်လုံးတည်းသောဂိုးနဲ့ ဒီရာသီရဲ့ ပထမဆုံး အနိုင် ၃ မှတ်ကို ရယူနိုင်ခဲ့ပါတယ်။
    222
    ဆောက်သက်တမ် ကလည်း အိမ်ကွင်းမှာ ဆန်းဒါးလန်း အသင်းကို ၈ ဂိုးပြတ်နဲ့ အံ့ဖွယ်အနိုင်ရခဲ့ပါတယ်။ ဆောက်သက်တမ် ရခဲ့တဲ့  ၈ ဂိုးမှာ ဆန်းဒါးလန်း ကစားသမားတွေ ကိုယ်ဂိုးကိုယ်သွင်းတာ ၂ ဂိုးပါဝင်ခဲ့ပါတယ်။
    ပရီးမီးယားလိဂ်ပွဲစဉ် ၈ စနေနေ့ည ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    မန်စီးတီး ၄-၁ စပါး
    အာဆင်နယ် ၂-၂ ဟားလ်စီးတီး
    ဘန်လေ ၁-၃ ၀က်စ်ဟမ်း
    ခရစ္စတယ်ပဲလေ့စ် ၁-၂ ချယ်ဆီး
    အဲဗာတန် ၃-၀ အက်စတွန်ဗီလာ
    နယူးကာဆယ် ၁-၀ လက်စတာ
    ဆောက်သက်တမ် ၈-၀ ဆန်းဒါးလန်း
  • ဒီယေဂိုကော်စတာ၏ ဂိုးသွင်းမှုများကို FIFA 15 ဂိမ်းသုံး၍ ပုံတူဖန်တီး
    ဒီယေဂိုကော်စတာ၏ ဂိုးသွင်းမှုများကို FIFA 15 ဂိမ်းသုံး၍ ပုံတူဖန်တီး
    အောက်တိုဘာ ၁၅ ၊ ၂၀၁၄
    M-Media
    1413132095203_wps_38_dmvidpics_2014_10_12_at_1
    – ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့က အက်သလက်တီကိုကနေ ပြောင်းလာပြီး ခြေစွမ်းပြနိုင်ခဲ့တဲ့ ချယ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာရဲ့ ဂိုးအားလုံးကို ဘောလုံး ပရိတ်သတ်တစ်ယောက်က FIFA 15 ဘောလုံးဂိမ်းနဲ့ ပုံတူဖန်တီးနိုင်ခဲ့ပါတယ်။
    ပရီးမီးယားလိဂ် ၇ ပွဲကစားပြီးချိန်မှာ ကော်စတာရဲ့ သွင်းဂိုးဟာ ၉ ဂိုး ရှိပါတယ်။ အဲဒီဂိုးအားလုံးကို FIFA 15 ဘောလုံးဂိမ်းမှာ ပုံစံတူဖန်တီးခဲ့တာဖြစ်ပြီး နောက်ခံ အစီအစဉ် ကြေညာချက်ပါ ပါဝင်ပါတယ်။
    ချယ်ဆီးအတွက် ပထမဆုံးဂိုးသွင်းပေးတာ၊ ဆွမ်ဆီးနဲ့ပွဲမှာ ဟက်ထရစ် သွင်းနိုင်ခဲ့တာ စသဖြင့် ကော်စတာရဲ့ အားထုတ်မှုတွေကို အားလုံးနီးပါး ပုံစံတူဖန်တီးထားမှုတဲ့ ဒီဗီဒီယိုကို Definition Of Clinical လို့ အမည်ပေးထားကာ Fifizlo နာမည်နဲ့ YouTube အသုံးပြုသူ တစ်ဦးက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း YouTube မှာ လွှင့်တင်ခဲ့ပါတယ်။
    ခဲရာခဲဆစ် ပြုလုပ်ခဲ့ရတဲ့ ဒီဖန်တီးမှုဟာ အပြင်က တက်ကယ့်မြင်ကွင်းနဲ့ အနည်းငယ် ကွဲပြားပေမယ့် ကော်စတာရဲ့ ဂိုးကန်သွင်းမှုတွေအားလုံးမှာကတော့ တစ်ထေရာတည်းနီးပါး တူညီနေပါတယ်။
    FIFA 15 နဲ့ ဖန်တီးထားတဲ့ ဒီယေဂိုကော်စတာရဲ့ ဂိုးသွင်းမှုတွေအားလုံးကို M-Media ပရိတ်သတ်ကြီးအတွက် အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
    ref_ Daily Mail
  • မန်စီးတီး အင်ပါယာကို မိမိတည်ဆောက်ခဲ့သည်ဟု မန်စီနီဆို
    မန်စီးတီး အင်ပါယာကို မိမိတည်ဆောက်ခဲ့သည်ဟု မန်စီနီဆို
    အောက်တိုဘာ ၁၄ ၊ ၂၀၁၄
    M-Media
    468156_heroa
    – အသင်း၏ လက်ရှိကံကောင်းမှုများက မိမိမှ စတင်ခဲ့ခြင်းဖြစ်ပြီး မန်စီးတီး အင်ပါယာအား မိမိက တည်ထောင်ပေးခဲ့ခြင်းဖြစ်သည်ဟု မန်စီးတီးနည်းပြဟောင်း မန်စီနီက ပြောကြားလိုက်သည်။
    မန်စီနီလက်ထက် ၂၀၁၁-၁၂ ဘောလုံးရာသီက ရာသီနောက်ဆုံးပွဲတွင် တိုက်စစ်မှူး အဂူရို၏ နောက်ကျဂိုးဖြင့် ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့သည့် မန်စီးတီးအသင်းမှာ ပယ်လီဂရီနီ၏ ပထမဆုံးရာသီဖြစ်သည့် မနှစ်ကလည်း ပရီးမီးယားလိဂ် ဖလားကို ထပ်မံ ဆွတ်ခူးနိုင်ခဲ့သည်။
    မန်စီးတီးအသင်းအား လေးနှစ်ကြာ ကိုင်တွယ်ခဲ့သည့် မန်စီနီကမူ အသင်း၏ လက်ရှိ ကံကောင်းမှုများတွင် မိမိ၏အကူအညီပါဝင်သည်ဟု ယုံကြည်နေသည်။
    “ဒီအသင်းကို လွန်ခဲ့တဲ့ငါးနှစ်လောက်က စတင်တည်ဆောက်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ ၂ နှစ်အတွင်းမှာ ပရီးမီးယားလိဂ်၊ FA နဲ့ အင်္ဂလန်မှာရှိတဲ့ ဖလားတွေအားလုံး ရခဲ့ပါတယ်။ အခုလက်ရှိ မန်စီးတီးအသင်းမှာ ကျွန်တော့်လက်ထက်က ကစားသမား ၉ ယောက် ကစားနေပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်အရမ်းပျော်ပါတယ်။ လေးငါးနှစ်လောက်နဲ့ တောင့်တင်းတဲ့ အသင်းတစ်သင်း တည်ဆာက်ဖို့ဆိုတာ မလွယ်ပါဘူး” ဟု မန်စီနီက သတင်းထောက်များအား ပြောကြားခဲ့သည်။
    မန်စီနီမှာ မန်စီးတီးမှ ထွက်ခွာပြီးနောက် တူရကီကလပ် ဂါလာတာစာရေးနှင့် တစ်နှစ်သက်တမ်းရှိ စာချုပ်ချုပ်ဆိုခဲ့သော်လည်း နောက်ပိုင်းတွင် ၂ ဦးသဘောတူ ဖျက်သိမ်းခဲ့သည်။
    လက်ရှိတွင် ဂျာမနီ၌ နည်းပြပြုလုပ်ရန် စိတ်အားထက်သန်နေသော်လည်း အဓိက အခက်အခဲမှာ ဘာသာစကားပင်ဖြစ်သည်ဟု မန်စီနီက ထည့်သွင်းပြောကြားခဲ့သည်။