News @ M-Media
Tag: PremierLeague
  • ဗန်ပါစီနှင့် ရူနီတို့၏ စံချိန်ကို မမှီသောကြောင့် ၀ဲလ်ဘတ်အား ရောင်းချခဲ့ရခြင်းဟု ဗန်ဂါးလ်ဖွင့်ဟ
    ဗန်ပါစီနှင့် ရူနီတို့၏ စံချိန်ကို မမှီသောကြောင့် ၀ဲလ်ဘတ်အား ရောင်းချခဲ့ရခြင်းဟု ဗန်ဂါးလ်ဖွင့်ဟ
    စက်တင်ဘာ ၁၂ ၊ ၂၀၁၄
    M-Media
    453902_heroa
    – အသင်းရှိ တိုက်စစ်မှူးများဖြစ်ကြသည့် ၀ိန်းရူနီ၊ ရော်ဘင်ဗန်ပါစီတို့၏ ဂိုးသွင်းစံချိန်ကို မမှီသောကြောင့် ၀ဲလ်ဘတ်အား အာဆင်နယ်သို့ ရောင်းချခဲ့ခြင်းဖြစ်သည်ဟု မန်ယူနည်းပြ ဗန်ဂါးလ်က ပြောကြား လိုက်သည်။
    မန်ယူလူငယ်အကယ်ဒမီမှ ထွက်ပေါ်လာသည့် ၀ဲလ်ဘတ်မှာ အာဆင်နယ်သို့ ယူရိုသန်း ၂၀ ဖြင့် အပြောင်းအရွှေ့ နောက်ဆုံးနေ့တွင် ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ၀ဲလ်ဘတ်မှာ မန်ယူ၌ ကစားစဉ် တစ်ရာသီ ၉ ဂိုးအထက် သွင်းယူနိုင်ခြင်း မရှိဘဲ ၎င်း၏ ထိုမှတ်တမ်းက ရောင်းချမှုနောက်ကွယ်မှ အကြောင်း တစ်ရပ်ဖြစ်သည်ဟု ဗန်ဂါးလ်ကဆိုသည်။
    “သူတို့ရဲ့ စွမ်းရည်တွေကို ကျွန်တော်ယုံကြည်လာဖို့ အတွက် ကစားသမားအားလုံးကို အခွင့်အရေးပေး ခဲ့ပါတယ်။ ၀ဲလ်ဘတ်က အသက် ၉ နှစ်အရွယ်ကတည်းက ဒီမှာရှိခဲ့တာပါ။ ဆန်းဒါးလန်းမှာ ကစားပြီးတဲ့နောက် ဒီမှာ သုံးနှစ်ကြာ ကစားခဲ့ပါတယ်။ ဒါပေမယ့် ဗန်ပါစီနဲ့ ရူနီတို့ရဲ့ စံချိန်ကိုတော့ မမှီခဲ့ပါဘူး။ ဒါ့ကြောင့် သူ့ကို ကျွန်တော်တို့ ထွက်ခွာခွင့်ပြုခဲ့တာပါ” ဟု ဗန်ဂါးလ်က သတင်းထောက်များအား ပြောကြားခဲ့သည်။
    အာဆင်နယ်အသင်း၏ အဓိက တိုက်စစ်မှူး ဂျီရော့မှာ ဒဏ်ရာရနေသောကြောင့် မနက်ဖြန်တွင်ကစားမည့် မန်စီးတီးအသင်းနှင့်ပွဲတွင် ၀ဲလ်ဘတ်မှာ ပွဲထွက်ကစားသမား ဖြစ်လာဖွယ်ရှိနေသည်။
  • ပွဲထွက်ကစားသမား နေရာတွင် ၀ဲလ်ဘတ်က မိမိထက် အသာရလိမ့်မည်ဟု ပိုဒေါစကီးဆို
    ပွဲထွက်ကစားသမား နေရာတွင် ၀ဲလ်ဘတ်က မိမိထက် အသာရလိမ့်မည်ဟု ပိုဒေါစကီးဆို
    စက်တင်ဘာ ၉ ၊ ၂၀၁၄
    M-Media
    Arsenal's Lukas Podolski
    – အသင်း၏ တိုက်စစ်နေရာအတွက် ယှဉ်ပြိုင်ရာတွင် ၀ဲလ်ဘတ်မှာ မိမိထက် ပိုအသာရလိမ့်မည်ဟု အာဆင်နယ်တိုက်စစ်မှူး ပိုဒေါစကီးက ပြောကြားလိုက်သည်။
    ဂျီရော့ဒ်ဒဏ်ရာရရှိနေသည့် အာဆင်နယ်တိုက်စစ်တွင် ပိုဒေါစကီးနှင့် ၀ဲဘတ်တို့ ရှိနေပြီး အာဆင်ဝင်းဂါးလက်အောက် ပွဲပေါင်း ၇၀ ပွဲထွက်ကစားခဲ့ရသည့် ပိုဒေါစကီးကမူ မိမိထက် ၀ဲလ်ဘတ်က ပို၍ ပွဲထွက်ခွင့်ရမည်ဟု ယုံကြည်နေသည်။
    “ကနဦးအနေနဲ့ပြောရရင် ကျွန်တော့်အတွက် ခက်ခဲတဲ့အခြေအနေပါပဲ။ ငွေတွေအများကြီးပေးပြီး ကစားသမားအသစ်တွေကို ၀ယ်ထားရတဲ့အခါ သူတို့မှာကစားရဖို့ အခွင့်အရေးတွေ ရှိနေပါတယ်။ ဒါပေမယ့် ရာသီက ရှည်လွန်းတဲ့အတွက် ဘာတွေဖြစ်မလဲဆိုတာကို စောင့်ကြည့်ရမှာပါ။ ကျွန်တော် ထိပ်တန်းအဆင့်မှာ ရှိနေရင်တော့ ပွဲထွက်လူစာရင်းမှာ ပါဝင်ခွင့်ရမှာပါ” ဟု ပိုဒေါစကီးက Kicker မဂ္ဂဇင်းသို့ ပြောကြားခဲ့သည်။
    အာဆင်နယ်အသင်း အဓိကလိုအပ်နေသည့် တိုက်စစ်နေရာအား ဖြည့်တင်းရန်အတွက် ထိပ်တန်းတိုက်စစ်မှူးအများအပြားကို ခေါ်ယူရန် အာဆင်ဝင်းဂါးက ကြိုးစားခဲ့သော်လည်း ၀ဲလ်ဘတ်တစ်ဦးတည်းသာ အပြောင်းအရွေးဈေးကွက် နောက်ဆုံးအချိန်တွင် ရောက်ရှိလာခဲ့သည်။
  • ဒီမာရီယာမှာ ငွေနောက်လိုက်ခဲ့သည်ဟု ရီးယဲလ်နည်းပြ အန်ဆယ်လော့တီဆို
    ဒီမာရီယာမှာ ငွေနောက်လိုက်ခဲ့သည်ဟု ရီးယဲလ်နည်းပြ အန်ဆယ်လော့တီဆို
    စက်တင်ဘာ ၂ ၊ ၂၀၁၄
    M-Media
    – မိမိတို့အသင်းမှ မန်ယူသို့ ပြောင်းရွှေ့သွားခဲ့သည့် ဒီမာရီယာမှာ ငွေနောက်လိုက်ခြင်းသာ ဖြစ်သည်ဟု ရီးယဲလ်နည်းပြ အန်ဆယ်လော့တီက ပြောကြားလိုက်သည်။
    450380_heroa
    ဒီမာရီယာမှာ ရီးယဲလ်၌ ပုံမှန်ပွဲထွက်ခွင့် မရခဲ့သောကြောင့် အသင်းမှထွက်ခွာခွင့် တောင်းခံခဲ့ပြီး ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၇၅ သန်းဖြင့် မန်ယူသို့ ပြောင်းရွှေ့လာခြင်းဖြစ်သည်။
    ဒီမာရီယာအား အသင်းမှ ထွက်ခွာခွင့်ပေးခဲ့ခြင်းမှာ ရီးယဲလ်အတွက် ဆုံးရှုံးမှုတစ်ခုဖြစ်သည်ဟု ဝေဖန်မှုများရှိနေပြီး အန်ဆယ်လော့တီကမူ ဒီမာရီယာမှာ ငွေနောက်လိုက်ခြင်းသာ ဖြစ်သည်ဟု ပြောဆိုခဲ့သည်။
    “အချို့ကစားသမားတွေက ယှဉ်ပြိုင်ရတာကိုကြိုက်ပြီး တစ်ချို့တွေကတော့ ငွေပိုရတာကို ပိုကြိုက်ကြပါတယ်။ ကမ္ဘာ့အကောင်းဆုံး ကလပ်အသင်းတစ်ခုမှာ ကစားဖို့အတွက် ကစားသမားတစ်ယောက်ကို တွန်းအားပေးဖို့ လိုနေတယ်ဆိုရင်တော့ သူ့ကို ကျွန်တော် ထွက်ခွာခွင့်ပေးလိုက်တာဟာ ကျွန်တော့်အတွက် ပြဿနာမရှိပါဘူး” ဟု ဒီမာရီယာ အသင်းပြောင်းရွှေ့သွားမှုကို ရည်ညွှန်း၍ Eurosport သို့ အန်ဆယ်လော့တီက ပြောကြားခဲ့သည်။
    အန်ဆယ်လော့တီမှာ နွေရာသီအပြောင်းအရွှေ့တွင် ရော်ဒရီဂက်ဇ်၊ တိုနီကရုစ်၊ ကီလာ နာဗက်စ် စသည့် ကစာသမားများကို ခေါ်ယူခဲ့ပြီး ဈေးကွက်ပိတ်ရန် နာရီပိုင်းအလိုတွင် မန်ယူမှ တိုက်စစ်မှူးဟာနန်ဒက်ဇ်ကို အငှားဖြင့် ခေါ်ယူခဲ့သည်။
  • လီဗာပူးလ်၊ ဗီလာတို့ အနိုင်ရခဲ့ပြီး အာဆင်နယ် သရေကျခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃ စူပါ ဆန်းဒေး ပွဲများ
    လီဗာပူးလ်၊ ဗီလာတို့ အနိုင်ရခဲ့ပြီး အာဆင်နယ် သရေကျခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃ စူပါ ဆန်းဒေး ပွဲများ
    စက်တင်ဘာ ၁ ၊ ၂၀၁၄
    M-Media
    – ပရီးမီးယားလိဂ် ပွဲစဉ် ၃ ရဲ့ လက်ကျန် ၃ ပွဲကို မနေ့ညက ကစားခဲ့ပြီး လီဗာပူးလ်၊ အက်စတွန်ဗီလာတို့အနိုင်ရခဲ့ကာ အာဆင်နယ်ကတော့ သရေကျခဲ့ပါတယ်။
    liverpool
    ပြီးခဲ့တဲ့အပတ်က မန်စီးတီးကို ရှုံးနိမ့်ခဲ့တဲ့ လီဗာပူးလ်တို့ ဒီတစ်ပတ်မှာတော့ စပါးအသင်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ယူခဲ့ပါတယ်။ အေစီမီလန်က ခေါ်ထားတဲ့ ဘာလော့တယ်လီ ပွဲထွက်ခဲ့ပြီး ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ပေမယ့် အသင်းအတွက် အကောင်းဆုံး ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။
    liverpool2
    အိမ်ရှင်စပါးတို့ ပထမပိုင်းမှာ လီဗာပူလ်းကို ယှဉ်ကစားနိုင်ပေမယ့် မိနစ် ၆၀ ကျော်လာတဲ့အခါမှာတော့ လီဗာပူးလ်ကသာ ပွဲကို စိုးမိုးခဲ့ပါတယ်။ လီဗာပူးလ်အတွက် ဂိုးတွေကိုတော့ စတာလင်၊ ဂျရတ်နဲ့ မိုရီနိုတို့က သွင်းယူပေးခဲ့တာပါ။
    ပွဲစဉ် ၂ မှာ အဲဗာတန်ကို နောက်ကလိုက်ကစားပြီး သရေကျခဲ့တဲ့ အာဆင်နယ် ဒီတစ်ပတ်မှာလည်း တန်းတက်လက်စတာစီးတီးကို ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပေမယ့် သရေသာ ရခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှုမှာတော့ အာဆင်နယ်တို့ အပြတ်အသတ် အသာရခဲ့တာဖြစ်ပေမယ့် ဂိုးသွင်းခွင့်ကိုတော့ မဖန်တီးနိုင်ခဲ့ပါဘူး။
    LEICESTER VS ARSENALအာဆင်နယ်အတွက် ဂိုးကိုတော့ မိနစ် ၂၀ မှာ ဆန်းချက်က သွင်းယူပေးခဲ့တာဖြစ်ပြီး လက်စတာအတွက် ၂၂ မိနစ်မှာ လီယိုနာဒို အူလိုအာက သွင်းယူပေးခဲ့တာပါ။ ဒီဂိုးဟာ သူ့ရဲ့ ပရီးမီးယားလိဂ် ဒုတိယမြောက်ဂိုးလည်း ဖြစ်ပါတယ်။ ပွဲအပြီးမှတော့ ဂိုးသွင်းခွင့်တွေ မဖန်တီးနိုင်ခဲ့တဲ့ တိုက်စစ်ကို အာဆင်ဝင်းဂါးက ဝေဖန်ပြောဆိုသွားခဲ့ပါတယ်။
    အက်စတွန်ဗီလာနဲ့ ဟားလ်စီးတီးတို့ရဲ့ပွဲမှာတော့ အက်စတွန်ဗီလာက ပထမပိုင်းသွင်းဂိုးတွေနဲ့ ဟားလ်စီးတီးကို အနိုင်ရခဲ့ပါတယ်။
    aston
    ပရီးမီးယားလိဂ် ပွဲစဉ် ၃ ရဲ့ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    အက်စတွန်ဗီလာ ၂-၁ ဟားလ်စီးတီး
    စပါး ၀-၃ လီဗာပူးလ်
    လက်စတာ ၁-၁ အာဆင်နယ်
    ဘန်လေ ၀-၀ မန်ယူ
    မန်စီးတီး ၀-၁ စတုတ်
    နယူးကာဆယ် ၃-၃ ခရစ္စတယ်ပဲလေ့စ်
    ကျူပီအာရ် ၁-၀ ဆန်းဒါးလန်း
    ဆွမ်ဆီး ၃-၀ ၀က်စ်ဘရွန်း
    အဲဗာတန် ၃-၆ ချယ်ဆီး
  • ဘန်လေနှင့်ပွဲမှ အသင်းတိုက်စစ်အား ဗန်ဂါးလ်ဝေဖန်
    ဘန်လေနှင့်ပွဲမှ အသင်းတိုက်စစ်အား ဗန်ဂါးလ်ဝေဖန်
    သြဂုတ် ၃၁ ၊ ၂၀၁၄
    M-Media
    450398_heroa
    – ဘန်လေအသင်းနှင့် ဂိုးမရှိသရေကျခဲ့သည့်ပွဲတွင် အသင်းတိုက်စစ်၏ အဆုံးသတ်မှုနှင့် ပတ်သက်၍ မန်ယူနည်းပြ ဗန်ဂါးလ်က ဝေဖန်ပြောဆိုလိုက်သည်။
    မန်ယူအသင်းမှာ ပရီးမီးယားလိဂ် ရာသီသစ်တွင် နိုင်ပွဲမရရှိသေးပဲ ယမန်နေ့က ကစားခဲ့သည့် အဆိုပါပွဲတွင် ဘောလုံးပိုင်ဆိုင်မှု အသာရခဲ့သော်လည်း တိုက်စစ်မှူးများ၏ အဆုံးသတ်ပိုင်း အားနည်းမှုကြောင့် တန်းတက်ဘန်လေအသင်းအား ဂိုးမရှိသရေကျခဲ့သည်။
    “ကျွန်တော်တို့ ဒုတိယပိုင်းမှာ ပိုကောင်းအောင် ကစားနိုင်ခဲ့ပြီး အခွင့်အရေးတွေလည်း ပိုရခဲ့ပါတယ်။ ဒါပေမယ့် ဒီအခွင့်အရေးတွေကနေ ဂိုးရရမှာဖြစ်ပေမယ့် ကျွန်တော်တို့ မလုပ်နိုင်ခဲ့ပါဘူး။ စိတ်ပျက်ဖွယ်ကောင်းတဲ့ ရလဒ်ပါပဲ” ဟု ပွဲအပြီးတွင် MUTV သို့ ဗန်ဂါးလ်က ပြောကြားခဲ့သည်။
    ပွဲအစပိုင်းအတွင် ကစားသမားများမှာ ယုံကြည်မှုမရှိကြဟု ဗန်ဂါးလ်က ၀န်ခံခဲ့ပြီး ကစားသမားများမှာလည်း ကြောက်ရွံ့နေကြကြောင်း၊ ရာသီသစ်တွင် နိုင်ပွဲမရသေးသည့်အတွက် မိမိတို့တွင် ဖိအားများရှိနေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    မန်ယူမှာ ထိုပွဲတွင် ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ထားသည့် အာဂျင်တိုင်း ကွင်းလယ်လူ ဒီမာရီယာကို လူစား ထည့်သွင်းကစားခဲ့သည်။