News @ M-Media

Tag: PremierLeague

  • မိမိတို့၏ ခြေစွမ်း ရောင့်ရဲ့မနေရန် အသင်းသားများအား မော်ရင်ဟို တိုက်တွန်း

    မိမိတို့၏ ခြေစွမ်း ရောင့်ရဲ့မနေရန် အသင်းသားများအား မော်ရင်ဟို တိုက်တွန်း

    သြဂုတ် ၂၅ ၊ ၂၀၁၄
    M-Media
    446298_heroa
    – လက်စတာအသင်းအား အနိုင်ရခဲ့ခြင်းမှာ အရေးပါသည့်နိုင်ပွဲဖြစ်သော်လည်း အသင်းသားများအနေဖြင့် မိမိတို့၏ခြေစွမ်းကို ရောင့်ရဲမနေကြရန် ချယ်ဆီးနည်းပြ မော်ရင်ဟိုက သတိပေး ပြောကြားလိုက်သည်။

    ချယ်ဆီးအသင်းမှာ ယမန်နေ့က ကစားခဲ့သည် ပရီးမီးယားလိဂ် ပွဲစဉ် ၂ တွင် လက်စတာ စီးတီးအသင်းအား ဒီယေဂိုကော်စတာနှင့် ဟဇာ့ဒ်တို့၏သွင်းဂိုးတို့ဖြင့် အနိုင်ရရှိခဲ့ပြီး ရာသီသစ်တွင် ရာနှုန်းပြည့် နိုင်ပွဲဆက်နိုင်ခဲ့သည်။ သို့သော်လည်း မော်ရင်ဟိုကမူ ကစားသမားများ၏ စွမ်းဆောင်ရည်နှင့် ပတ်သက်၍ ကျေနပ်ခြင်းမရှိခဲ့ပေ။

    “ပထမပိုင်းမှာ အသင်းဟာ သိပ်လေးပါတယ်။ ဒါကိုကျွန်တော်မကြိုက်ပါဘူး။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ တိုးတက်လာပါတယ်။ အရေးကြီးဆုံးချက်ကတော့ ကျွန်တော်တို့ နိုင်ခဲ့တာပါပဲ” ဟု မော်ရင်ဟိုက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ပထမပိုင်းပွဲအပြီး၌ ကစားသမားများအား ပုံစံမပြောင်းလဲပါက ယခုပွဲအား နိုင်မည်မဟုတ်ကြောင်း ပြောကြားခဲ့ပြီးနောက် ဒုတိယပိုင်းတွင် အသင်း၏ ကစားပုံမှာ လုံးဝ ပြောင်းလဲသွားကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

  • ဂျီရော့ရဲ့ဂိုးကြောင့် ရှုံးပွဲမတွေ့ခဲ့ရတဲ့ အာဆင်နယ်၊ မန်ယူတို့ ဆက်လက် နိုင်ပွဲပျောက်နေတဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၂

    ဂျီရော့ရဲ့ဂိုးကြောင့် ရှုံးပွဲမတွေ့ခဲ့ရတဲ့ အာဆင်နယ်၊ မန်ယူတို့ ဆက်လက် နိုင်ပွဲပျောက်နေတဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၂

    သြဂုတ် ၂၅ ၊ ၂၀၁၄
    M-Media

    – ပရီးမီးယားလိဂ်ပွဲစဉ် ၂ ရဲ့ စုစုပေါင်း ၉ ပွဲကို ကစားခဲ့ပြီး ချယ်ဆီးက နိုင်ပွဲဆက်နိုင်ခဲ့ကာ အာဆင်နယ်နဲ့ မန်ယူတို့ကတော့ သရေကျခဲ့ပါတယ်။

    စနေနေ့က ကစားခဲ့တဲ့ ချယ်ဆီးနဲ့ တန်းတက် လက်စတာစီးတီးတို့ရဲ့ ပွဲမှာတော့ အိမ်ရှင်ချယ်ဆီးတို့ ပထမပိုင်းမှာ ကစားပုံ သိပ်မကောင်းခဲ့ပေမယ့် ဒုတိယပိုင်း သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့ပါတယ်။ ချယ်ဆီးအတွက်ဂိုးတွေကို တိုက်စစ်မှူးသစ် ဒီယေဂို ကော်စတာနဲ့ ဟဇာ့ဒ်တို့က သွင်းယူပေးခဲ့တာဖြစ်ပြီး၊ ကစားသမားတွေအနေနဲ့ မိမိတို့ရဲ့ ပုံစံကို ကျေနပ်မနေကြဖို့ မော်ရင်ဟိုက ပွဲအပြီးမှာ တိုက်တွန်းခဲ့ပါတယ်။
    222
    အဲဗာတန်အိမ်ကွင်းမှာ သွားကစားခဲ့ရတဲ့ အာဆင်နယ်ကတော့ ပွဲပြီးကာနီး ၇ မိနစ်အတွင်း သွင်းခဲ့တဲ့ ဂိုးနှစ်ဂိုးကြောင့် ပရီးမီးယားလိဂ် ပထမဆုံးရှုံးပွဲကြုံမယ့်ဘေးကနေ ဝေးကွာခဲ့ရတာပါ။

    111
    ပြီးခဲ့တဲ့ တစ်ပတ်က ဆွမ်ဆီးအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးခဲ့တဲ့ မန်ယူအသင်း ဒီတစ်ပတ်မှာလည်း စွဲမက်ဖွယ်ခြေစွမ်းမရှိခဲ့ဘဲ ၁၇ မိနစ်မှာ မာတာရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် မိနစ် ၃၀မှာ ချေပဂိုး ပြန်ပေးလိုက်ရတာကြောင့် သရေတစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

    ဆွမ်ဆီးကတော့ ဒီတစ်ပတ်မှာလည်း တန်းတက် ဘန်လေအသင်းကို စောစောပိုင်းသွင်းဂိုး ၁ ဂိုးတည်းနဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။

    စပါးအသင်းကလည်း အိမ်ကွင်းမှာ ကျူပီအာကို လေးဂိုးပြတ်နဲ့ အနိုင်ကစားနိုင်ခဲ့ပြီး ၀က်စ်ဟမ်က အဝေးကွင်းမှာ ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရခဲ့ပါတယ်။

    ပရီးမီးယားလိဂ် ပွဲစဉ် ၂ အနိုင်အရှုံးရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    အက်စတွန်ဗီလာ ၀-၀ နယူးကာဆယ်
    ချယ်ဆီး ၂-၀ လက်စတာစီးတီး
    ခရစ္စတယ်ပဲလေ့စ် ၁-၃ ၀က်စ်ဟမ်း
    ဆောက်သက်တမ် ၀-၀ ၀က်စ်ဘရွန်း
    ဆွမ်ဆီး ၁-၀ ဘန်လေ
    အဲဗာတန် ၂-၂ အာဆင်နယ်
    ဟားလ်စီးတီး ၁-၁ စတုတ်
    စပါး ၄-၀ ကျူပီအာ
    မန်ယူ ၁-၁ ဆန်းဒါးလန်း

  • တနေ့ အင်္ဂလန် လက်ရွေးစင် အသင်းကို နည်းပြအဖြစ် ဆောင်ရွက်လိုကြောင်း ဖာဒီနန်ပြော

    တနေ့ အင်္ဂလန် လက်ရွေးစင် အသင်းကို နည်းပြအဖြစ် ဆောင်ရွက်လိုကြောင်း ဖာဒီနန်ပြော

    သြဂုတ် ၂၄၊ ၂၀၁၄
    M-Media
    447545_heroa
    – ကစားသမားဘ၀က အနားယူပါက အင်္ဂလန်လက်ရွေးစင် အသင်းအတွက် နည်းပြအဖြစ် ဆောင်ရွက်သွားရန် စိတ်ကူးရှိနေသည်ဟု မန်ယူနောက်ခံလူဟောင်း ဖာဒီနန်က ပြောကြားလိုက်သည်။

    အသက် ၃၅ နှစ်အရွယ်ရှိ ဖာဒီနန်မှာ မန်ယူအသင်းတွင် ၁၂ နှစ်ကြာ ကစားခဲ့ပြီးနောက် နွေရာသီအပြောင်းအရွှေ့ အစောပိုင်းက ကျူပီအာသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့သွားခဲ့သူဖြစ်သည်။

    ကစားသမားဘ၀ နေ၀င်ချိန်သို့ ရောက်ရှိလာခဲ့သောကြောင့် ဖာဒီနန်မှာ ၎င်း၏ အနာဂတ်အတွက် စဉ်စားထားမှုများကို ယခုကဲ့သို့ ထုတ်ဖော်လိုက်ခြင်းဖြစ်သည်။

    “လူတိုင်းက အင်္ဂလန်အသင်းမှာ ကစားဖို့ အိပ်မက်မက်ကြပြီး၊ ကျွန်တော်ကတော့ အင်္ဂလန်အသင်းကို ကိုင်တွယ်ဖို့ အိပ်မက် မက်ပါတယ်။ ဒီအခွင့်အရေးကို အခုတော့ မမျှော်လင့်ပါဘူး။ ဒါပေမယ့် တစ်ချိန် အခွင့်အရေး ရလာတဲ့အခါ အဲဒီနေရာမှာ ရှိနေမှာပါ” ဟု ဖာဒီနန်က Daily Mail သတင်းစာသို့ ပြောကြားခဲ့သည်။

    ထို့ပြင် အင်္ဂလန်အသင်းအနေဖြင့် အခြားသော ပြိုင်ဘက်အသင်းများက လူငယ်နည်းပြများအား နေရာပေးသည်ကို အတုယူသင့်ကြောင်း၊ မိမိတို့မှာ ထိုကဏ္ဍတွင် အားလုံးထက် ၁၀ နှစ်ခန့် နောက်ကျနေကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

  • ဘာလော့တယ်လီ၏ အပြုအမူများ အတွက် စိုးရိမ်ကြောင့်ကြမှု မရှိဟု ရော်ဂျာဆို

    ဘာလော့တယ်လီ၏ အပြုအမူများ အတွက် စိုးရိမ်ကြောင့်ကြမှု မရှိဟု ရော်ဂျာဆို

    သြဂုတ် ၂၃၊ ၂၀၁၄
    M-Media
    Balotelli is worth the risk for Liverpool– အီတလီတိုက်စစ်မှူး ဘာလော့တယ်လီ၏ အပြုအမူပေါ် မိမိအနေဖြင့် စိုးရိမ်ကြောင့်ကြမှုမရှိဘဲ ထိုအန္တရာယ်အား ရင်ဆိုင်ရန် ပြင်ဆင်ထားသည်ဟု လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာက ပြောကြားလိုက်သည်။

    “တစ်ခါတစ်ရံမှာ လူတွေနဲ့ပတ်သက်ပြီး အန္တရာယ်ကို ရင်ဆိုင်ရပါမယ်။ ဒါပေမယ့် ဒီအန္တရာယ်ကိုရင်ဆိုင်တဲ့ အချိန်တိုင်းမှာ အဲဒီအတွက် ဆုလာဘ်တွေ ပြန်ရမှာပါ။ ကစားသမားတွေနဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့ စည်းကမ်းချက်တွေ ကျွန်တော်တို့အသင်းမှာ ရှိပါတယ်။ ဒါတွေဟာတစ်ဦးတစ်ယောက်ကိုသာ သက်ရောက်မှာ မဟုတ်ဘဲ၊ ကစားသမား အားလုံးအပေါ် သက်ရောက်မှာပါ” ဟု ရော်ဂျာက ပြောကြားခဲ့သည်။

    ဘာလော့တယ်လီအား ပြောင်းရွှေ့ကြေး ယူရို သန်း ၂၀ ဖြင့် ခေါ်ယူရန် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အေစီမီလန်နှင့် သဘောတူညီမှု ရရှိခဲ့ပြီး ယခုလက်ရှိတွင် အန်ဖီးလ်သို့ လာရောက်ကာ ဆေးစစ်မှုများကို ပြုလုပ်နေသည်။

    ဘာလော့တယ်လီမှာ ကစားခဲ့သည့်အသင်းများတွင် ဆိုးရွားသည့် မှတ်တမ်းများရှိနေပြီး ရော်ဂျာကမူ မိမိတို့၏ ကောင်းမွန်သော အ၀န်းအ၀ိုင်းကို မည်သူမှ ထိခိုက်အောင် မလုပ်နိုင်ကြောင်း၊ မိမိမထိန်းနိုင်သည့် ကစာသမားကို အသင်းသို့ ခေါ်ယူမည်မဟုတ်ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။

  • အီတလီဘောလုံး မင်းသား ဘာလော့တယ်လီ လီဗာပူးလ်သို့ ရောက်ပြီ

    အီတလီဘောလုံး မင်းသား ဘာလော့တယ်လီ လီဗာပူးလ်သို့ ရောက်ပြီ

    သြဂုတ် ၂၂ ၊ ၂၀၁၄
    M-Media
    443828_heroa
    – မိမိတို့အသင်း၏ အီတလီတိုက်စစ်မှူး ဘာလော့တယ်လီအား လီဗာပူးလ်အသင်းက ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီဟု  အေစီမီလန်အသင်းက ကြေညာခဲ့သည်။

    ယမန်နေ့က အေစီမီလန်အသင်းနှင့် လေ့ကျင့်ခန်းဆင်းခဲ့သည့် ဘာလော့တယ်လီမှာ အေစီမီလန်ဂျာစီကို နောက်ဆုံးဝတ်ဆင်ခြင်းဖြစ်သည်ဟု Sky Sports Italia က ကြေညာခဲ့ပြီး နောက်ပိုင်းတွင် အေစီမီလန်အသင်း ၀ဘ်ဆိုက်ကလည်း ဘာလော့တယ်လီ ထွက်ခွာမှုနှင့် စပ်လျဉ်း၍ ရေးသားဖော်ပြခဲ့သည်။

    “အသင်းဖော်တွေကို နှုတ်ဆက်ပြီးတဲ့နောက် ဘာလော့တယ်လီဟာ ဒေသစံတော်ချိန် နေ့လည် ၁ နာရီခွဲမှာ Milanello အားကစားစင်တာ (လေ့ကျင့်ရေးကွင်း) ကနေ ထွက်ခွာသွားခဲ့ပါတယ်။ မထွက်ခွာခင်မှာ မီလန် သတင်းအဖွဲ့ရုံးခန်းကိုလည်း လာရောက် နှုတ်ဆက်သွားပါတယ်” ဟု အေစီမီလန်အသင်းက ရေးသားဖော်ပြခဲ့သည်။

    ဘာလော့တယ်လီမှာ အေစီမီအသင်းသို့ ပြီးခဲ့သည့်နှစ်က ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး အသင်းအတွက် ၄၃ ပွဲကစားကာ ၂၆ ဂိုး သွင်းယူပေးနိုင်ခဲ့သည်။ ၎င်းအား ယူရို သန်း ၂၀ ဖြင့် ခေါ်ယူရန် သဘောတူညီမှုရခဲ့သည်ဟု သတင်းများက ဖော်ပြနေကြသည်။

    လီဗာပူးလ်အသင်းမှာ ချယ်ဆီးတိုက်စစ်မှူးဟောင်း အီတူးကိုလည်း တစ်နှစ်စာချုပ်ဖြင့် ခေါ်ယူရန် ချဉ်းကပ်နေသည်။