News @ M-Media

Tag: PremierLeague

  • ယခုနှစ်ပရီးမီးယားလိဂ် ပထမဆုံး နည်းပြ ထုတ်ပယ်သည့်အသင်း ၀က်စ်ဘရွန်းဖြစ်လာ

    ယခုနှစ်ပရီးမီးယားလိဂ် ပထမဆုံး နည်းပြ ထုတ်ပယ်သည့်အသင်း ၀က်စ်ဘရွန်းဖြစ်လာ

    ဒီဇင်ဘာ ၃၁၊ ၂၀၁၄
    M-Media
    10891975_818582281517577_975568449408734700_n
    – ယခုနှစ်ရာသီအစက စာချုပ်ချုပ်ခဲ့သော်လည်း အသင်းအား ရလဒ်ကောင်းများ ရရှိအောင် မစွမ်းဆောင်ပေးနိုင်ခဲ့သည့် မိမိတို့နည်းပြ အလန် အာဗိုင်းအား အသင်းမှ ထုတ်ပယ်လိုက်ပြီဟု ၀က်စ်ဘရွန်းအသင်းက ကြေညာလိုက်သည်။

    အသက် ၅၆ နှစ်အရွယ်ရှိ အာဗိုင်းမှာ အသင်းအား ၆ လသာ ကိုင်တွယ်ရသေးပြီး ပွဲစဉ် ၁၉ အပြီးတွင် ၄ ပွဲသာအနိုင်ရရှိအောင် စွမ်းဆောင်ပေးထားနိုင်သည်။ ထို့ပြင် နောက်ဆုံးကစားသည့် ၃ ပွဲစလုံးကို ရှုံးနိမ့်ခဲ့ကာ အသင်းမှာ အဆင့် ၁၆ တွင်ရှိနေသည်။

    အသင်း၏ နည်းပြအသစ်ကို ယခုသီတင်းပတ် အတွင်း ရှာဖွေသွားရန် ၀က်စ်ဘရွန်းက စီစဉ်နေပြီး လက်ရှိတွင် လက်ထောက် နည်းပြ ရော့ဘ် ကီလီနှင့် ကိသ်ဒေါင်းနင်းတို့က ပူးတွဲကိုင်သွားမည်ဟု ကြေညာခဲ့သည်။

    အာဗိုင်းမှာ ရာသီအစမှစ၍ ယခုအချိန်အထိ ပရီးမီးယားလိဂ်တွင် ပထမဆုံး ထုတ်ပယ်ခံရသော နည်းပြဖြစ်သည်။ ထို့ပြင် ယခုနှစ် ပရီးမီးယားလိဂ်မှာ ၁၈ နှစ်အတွင်း နည်းပြတည်မြဲမှု တတိယအကြာဆုံး ရာသီအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

    ၁၉၉၅-၉၆ ဘောလုံးရာသီတွင် ပထမဆုံးနည်းပြအပြောင်းအလဲမှာ ဇန်န၀ါရီ ၄ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်း တစ်လျှောက် နည်းပြတည်မြဲမှု ဒုတိယ အကြာဆုံး ရာသီဖြစ်သည်။ ၁၉၉၂-၉၃ ဘောလုံးရာသီကမူ နည်းပြတည်မြဲမှု အရှည်ကြာဆုံး ရာသီဖြစ်ပြီး ပထမဆုံး နည်းပြအပြောင်းအလဲမှာ ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင်မှ ဖြစ်ပေါ်ခဲ့သည်။

    Ref : goal.com

  • မန်ယူမှာ ပရီးမီးယားလိဂ် ဖလားအား မျက်စပစ်နေသည်ဟု အလယ်တန်းလူ ကာရစ်ပြောကြား

    မန်ယူမှာ ပရီးမီးယားလိဂ် ဖလားအား မျက်စပစ်နေသည်ဟု အလယ်တန်းလူ ကာရစ်ပြောကြား

    ဒီဇင်ဘာ ၂၀ ၊ ၂၀၁၄
    M-Media
    722932_heroa
    – ယခုနောက်ပိုင်း ခြေပြန်မှန်လာသည့် မိမိတို့အသင်းမှာ ယခုနှစ် ပရီးမီးယားလိဂ်ဖလား ရယူရန် မျက်စပစ်နေသည်ဟု မန်ယူကွင်းလယ်လူ မိုက်ကယ်ကာရစ်က ပြောကြားလိုက်သည်။

    ဖာဂူဆန်၏ နောက်ဆုံးရာသီ ၂၀၁၂-၁၃ နှစ်တွင် နောက်ဆုံး ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့သည့် မန်ယူအသင်းမှာ ပြီးခဲ့သည့်ရာသီ မိုယက်စ်လက်ထက်တွင် အဆင့် ၇ ဖြင့် ရာသီသိမ်းခဲ့သည်။

    အသင်းအား ဗန်ဂါးလ်ကကိုင်တွယ်ပြီးနောက် ယခုနှစ် ရာသီအစတွင်လည်း ရုန်းကန်ခဲ့ရသည့် မန်ယူအသင်းမှာ ယခုနောက်ပိုင်းတွင် ခြေစွမ်းကောင်းများ ပြန်လည်ရရှိလာပြီး ၆ ပွဲဆက်တိုက် နိုင်ပွဲရရှိသည့် စံချိန်ကောင်းကိုလည်း ရရှိခဲ့ကာ အဆင့် ၃ နေရာသို့ တက်လှမ်းလာနိုင်ခဲ့သည်။

    ထိုကဲ့သို့ ရလဒ်များကြောင့် မိမိတို့အသင်းသားများမှာ ပရီးမီးယားလိဂ်ဖလားအား ကိုင်မြှောက်နိုင်ရန် ရည်ရွယ်နေသည်ဟု ဆိုသည်။

    `ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးတော့မယ်လို့ ကျွန်တော် မပြောချင်ပါဘူး။ ဒါပေမယ့် သေချာတာက ဒီလိုအနေအထားမျိုးမှာ ကျွန်တော်တို့ ဒီလိုလုပ်ဖို့ ရည်ရွယ်နေပါတယ်။ ထိပ်ဆုံး ၃ သင်း၊ ၄ သင်းနေရာအတွက်နဲ့ ကျွန်တော်တို့ ပျော်ရွှင်မှာမဟုတ်ပါဘူ´ ဟု ကာရစ်က The Telegraph သတင်းစာသို့ ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့အသင်းမှာ တိုးတက်လာပြီဖြစ်ကြောင်း၊ မိမိတို့လိုချင်သည့် စိတ်ဓာတ်၊ မျှော်လင့်ချက်၊ စိန်ခေါ်မှုများ ရရှိနေပြီဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

  • လူမျိုးခွဲခြားသည့် Instagram မှတ်ချက်ကြောင့် ဘာလော့တယ်လီ တစ်ပွဲပယ်ခံရပြီး ဒဏ်ငွေဆောင်ရ

    လူမျိုးခွဲခြားသည့် Instagram မှတ်ချက်ကြောင့် ဘာလော့တယ်လီ တစ်ပွဲပယ်ခံရပြီး ဒဏ်ငွေဆောင်ရ

    ဒီဇင်ဘာ ၁၉ ၊ ၂၀၁၄
    M-Media
    Mario Balotelli
    – Instagram စာမျက်နှာတွင် ရေးသားခဲ့သည့် အငြင်းပွားဖွယ် လူမျိုးရေးခွဲခြားမှု မှတ်ချက်ကြောင့် လီဗာပူးလ်တိုက်စစ်မှူး မာရီယိုဘာလော့တယ်လီအား FA မှ တစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့သည်ဟု သိရသည်။

    ဘာလော့တယ်လီမှာ နီတန်းဒိုးကုမ္ပဏီ၏ ကမ္ဘာကျော်ဂိမ်းဇာတ်ကောင် မာရီယိုကို အသုံးပြုကာ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်သည့် မှတ်ချက်ကို ရေးသားခဲ့သော်လည်း အဆိုပါမှတ်ချက်တွင် ဂျူးလူမျိုးများအား ထိခိုက်စေသည့် အသုံးအနှုန်းပါဝင်သည်ဟု ဝေဖန်မှုများရှိခဲ့သည်။

    ထို့ကြောင့် FA မှ စုံစမ်းစစ်ဆေးမှုများပြုလုပ်ကာ ယခုကဲ့သို့ အရေးယူခဲ့ခြင်းဖြစ်ပြီး ဒဏ်ငွေ ပေါင် ၂၅၀၀၀ ကိုလည်း ဒဏ်တပ်ခဲ့သည်။ ထို့ပြင် ပညာပေးအစီအစဉ်တစ်ခုကိုလည်း ဘာလော့တယ်လီက တက်ရောက်ရမည်ဖြစ်သည်။

    ထိုမှတ်ချက်အတွက် ဘာလော့တယ်လီက ချက်ချင်းပင် တောင်ပန်ခဲ့ပြီး မိမိမှာ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်သည့်အနေဖြင့် ဟာသနှောကာ ရေးသားခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    FA ၏ ထိုပြစ်ဒဏ်ကြောင့် စနေနေ့တွင် ကစားမည့် အာဆင်နယ်အသင်းနှင့် အရေးပါသောပွဲတွင် ဘာလော့တယ်လီမှာ ပါဝင်နိုင်မည်မဟုတ်ပေ။

    ဘာလော့တယ်လီမှာ လီဗာပူးလ်သို့ စတင်ရောက်ရှိလာခဲ့ပြီးနောက်ပိုင်း ရုန်းကန်ခဲ့ရပြီး ပြဿနာအချို့လည်း ဖြစ်ပွားခဲ့ကာ ယခုအချိန်အထိ အသင်းအတွက် ၂ ဂိုးသာ သွင်းယူပေးထားနိုင်သည်။

  • ဘယ်လ်ဂျီယံ တစ်နှစ်တာ အကောင်းဆုံး အားကစားသမားဆု ချယ်ဆီး ဂိုးသမား ကော်တီယော့စ် ဆွတ်ခူး

    ဘယ်လ်ဂျီယံ တစ်နှစ်တာ အကောင်းဆုံး အားကစားသမားဆု ချယ်ဆီး ဂိုးသမား ကော်တီယော့စ် ဆွတ်ခူး

    ဒီဇင်ဘာ ၁၇၊ ၂၀၁၄
    M-Media

    23BC942500000578-0-image-a-68_1418596212449
    – ဘယ်လ်ဂျီယံ၏ တစ်နှစ်တာ အကောင်းဆုံး အားကစားသမားဆုအား ချယ်ဆီးအသင်း၏ ဂိုးသမား သီဘောက်ကော်တီယော့စ်က ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။

    အဆိုပါဆုကို ယမန်နေ့က ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ကော်တီယော့စ်မှာ အသင်းဖော် အေဒင် ဟဇာ့ဒ်အား ကျော်ဖြတ်ကာ ရရှိခဲ့ခြင်းလည်းဖြစ်သည်။

    အသက် ၂၂ နှစ်အရွယ်ရှိ ကော်တီယော့စ်မှာ ယမန်နှစ်က လာလီဂါချန်ပီယံဖြစ်ခဲ့သည့် အက်သလက်တီကိုမက်ဒရစ်တွင် အကောင်းဆုံး လက်စွမ်းပြနိုင်ခဲ့သူဖြစ်ပြီး ၂၀၀၂ ခုနှစ် နောက်ပိုင်း ကမ္ဘာ့ဖလားသို့ ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်နိုင်ကာ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့သည့် ဘယ်ဂျီယံလက်ရွေးစင်အသင်း၏ အဓိက ကစားသမားလည်း ဖြစ်ခဲ့သည်။

    ထို့ပြင် ပရီးမီးယားလိဂ်ဇယားကို ဦးဆောင်ထားသည့် ချယ်ဆီးအသင်း တွင်လည်း ကော်တီယော့စ်မှာ ၅ ပွဲတိတိ ဂိုးမပေးရအောင် စွမ်းဆောင်ပေးထားနိုင်သည်။

    ဟဇာ့ဒ်မှာ ဘယ်လ်ဂျီယံတစ်နှစ်တာအကောင်းဆုံး အားကစားသမားစာရင်းတွင် နံပါတ် ၅ နေရာချိတ်ခဲ့ပြီး၊ အခြားချယ်ဆီးကစားသမားတစ်ဦးဖြစ်သူ ကီဗင် ဒီ ဘရူနီမှာ အဆင့် ၈ နေရာတွင် ချိတ်ခဲ့သည်။

    ဘယ်လ်ဂျီယံ တစ်နှစ်တာအကောင်းဆုံး အမျိုးသမီး အားကစားသမားဆုကိုမူ ပန်တာသလွန် ကစားသမား (အပြေး၊ မြင်းစီး၊ ရေကူး၊ သေနတ်ပစ်နှင့် ဓားရေး ငါးမျိုးစလုံးကို ယှဉ်ပြိုင်ရသော အားကစား) နာဖီဆာတူ သီယမ်က ဆွတ်ခူးရရှိခဲ့သည်။

  • ဂိုးသမား ဂီယာ၏ အနာဂတ်အတွက် မှတ်ချက်ပေးရန် ဗန်ဂါးလ်ငြင်းဆို

    ဂိုးသမား ဂီယာ၏ အနာဂတ်အတွက် မှတ်ချက်ပေးရန် ဗန်ဂါးလ်ငြင်းဆို

    ဒီဇင်ဘာ ၁၆ ၊ ၂၀၁၄
    M-Media
    724152_heroa
    – အသင်းတွင် လက်ရှိအချိန်၌ လက်စွမ်းကောင်းများ ပြသနေသည့် ဂိုးသမား ဒေးဗစ်ဂီယာ၏ အနာဂတ်အတွက် မှတ်ချက်ပေးရန် မန်ယူနည်းပြ ဒေးဗစ်ဗန်ဂါလ်းက ငြင်းဆိုခဲ့သည်ဟု သိရသည်။

    ဒေးဗစ်ဂီယာမှာ မန်ယူအသင်း၏ လက်တလောနိုင်ပွဲများတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး ယမန်နေ့က ကစားခဲ့သည့်  လီဗာပူးလ်အား ၃ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည့်ပွဲတွင်လည်း အပိုင်ကန်သွင်းချက် တော်တော်များများကို ကာကွယ်နိုင်ခဲ့ကာ ထိုပွဲစဉ်၏ အကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရသည်။

    သို့သော်လည်း ဗန်ဂါးလ်ကမူ ဂီယာအား သက်တမ်းတိုးရန်အတွက် မေးခွန်းကို ဖြေကြားခဲ့ခြင်းမရှိချေ။

    `ဒီကိစ္စမျိုးကို ခင်ဗျားတို့နဲ့ (မီဒီယာတွေနဲ့) ဆွေးနွေးဖို့ မလိုအပ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဒါဟာ အသင်းနဲ့ ကစားသမားကြားက ကိစ္စဖြစ်ပြီး မီဒီယာနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးရမယ့် ကိစ္စ မဟုတ်ပါဘူး´ ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့မှာ အသင်းလိုက်ဆောင်ရွက်နေခြင်းဖြစ်ပြီး ကစားသမားအားလုံးအတွက်သာ မှတ်ချက်ပေးနိုင်ကြောင်း၊ ကစားသမားများ၏ စွမ်းဆောင်ရည်မှာ အမြဲတမ်း မြင့်မားနေကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    ဂီယာမှာ မန်ယူမှ ထွက်ခွာတော့မည်ဟု စောစာပိုင်းကတည်းက သတင်းများထွက်ပေါ်နေပြီး ရီးယဲလ်အပါအ၀င် အသင်းကြီးများက ခေါ်ယူရန် စိတ်ဝင်စားနေသည်။