News @ M-Media
Tag: PremierLeague
  • မန်ယူတို့ မနှစ်က ရှုံးကြွေး ပြန်ဆပ်နိုင်ခဲ့ပြီး အသင်းကြီးတွေအတွက် အခက်အခဲမရှိခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၆
    မန်ယူတို့ မနှစ်က ရှုံးကြွေး ပြန်ဆပ်နိုင်ခဲ့ပြီး အသင်းကြီးတွေအတွက် အခက်အခဲမရှိခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၆
    ဒီဇင်ဘာ ၁၅ ၊ ၂၀၁၄
    M-Media
    – ပရီးမီးယားလိဂ် ပွဲစဉ် ၁၆ ကို စနေနေ့မှာ ၆ ပွဲကစားခဲ့ပြီး တနင်္ဂနွေနေ့မှာ ၃ ပွဲကစားခဲ့ပါတယ်။ စနေနေ့ပွဲမှာတော့ ဆောက်သက်တမ် လေးပွဲဆက်ရှုံးခဲ့ပြီး ချယ်ဆီး၊ အာဆင်နယ်၊ မန်စီးတီးတို့ အသီးသီးအနိုင်ရခဲ့ပါတယ်။ တနင်္ဂနွေနေ့ပွဲမှာတော့ ဗန်ဂါးလ်ရဲ့မန်ယူက လီဗာပူးလ်ကို နှိပ်ကွပ်နိုင်ခဲ့ပြီး စပါးတို့လည်း နောက်ဆုံးမိနစ်ဂိုးနဲ့ အဝေးကွင်းမှာ အနိုင်ရခဲ့ပါတယ်။
    333
    ပြီးခဲ့တဲ့တစ်ပတ်က ချယ်ဆီးကို ပထမဆုံး ရှုံးပွဲတွေ့စေခဲ့တဲ့ နယူးကာဆယ်တို့ ဒီတစ်ပတ်မှာတော့ အာဆင်နယ်ကို မရှုမလှ အရေးနိမ့်ခဲ့ရပါတယ်။ ချန်ပီယံလိဂ်မှာရတဲ့ ပုံစံကောင်းကို ပရီးမီးယားလိဂ်ကို ယူလာနိုင်တဲ့ အာဆင်နယ်အတွက် ပွဲအစ ၁၅ မိနစ်မှာပဲ ဂျရူးက ဦးဆောင်ဂိုး သွင်းပေးခဲ့တာပါ။ နောက်ပိုင်းမှာလည်း အာဆင်နယ်ပဲ အသာရခဲ့ပြီး ၅၈ မိနစ်မှာ ဂျရူးက နောက်ထပ်တစ်ဂိုး ၅၄ မိနစ်နဲ့ ၈၈ မိနစ်တို့မှာ ပင်နယ်တီတစ်လုံးအပါအ၀င် ကာဇိုလာက ၂ ဂိုးသွင်းပေးခဲ့တာကြောင့် အိမ်ကွင်းမှာ မျက်နှာပန်းလှခဲ့ပြီး နယူးကာဆယ်ကတော့ ၆၃ မိနစ်မှာမှ နှစ်သိမ့်ဂိုး ၁ ဂိုး ရခဲ့ပါတယ်။
    3
    ဒီတစ်ပတ်ရဲ့ Match of the Week ဖြစ်တဲ့ မန်ယူနဲ့ လီဗာပူးလ်တို့ရဲ့ ပွဲစဉ်မှာတော့ မန်ယူဂိုးသမား ဒေးဗစ်ဂီယာရဲ့ အကောင်းဆုံး လက်စွမ်းပြမှုနဲ့အတူ မန်ယူတို့ ပြီးခဲ့တဲ့နှစ် ၃ ဂိုးပြတ်ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့ပါတယ်။ ပွဲအစပိုင်းမှာ လီဗာပူးလ်တို့ အကောင်းဆုံး တိုက်စစ်ဆင်နိုင်ခဲ့ပြီး ဂိုးသွင်းခွင့် ၃ ကြိမ်လောက် ရခဲ့ပါတယ်။ ဒါပေမယ့် ဒေးဗစ်ဂီယာ ကောင်းလွန်းနေတာကြောင့် ဂိုးမရခဲ့ပါဘူး။ နောက်ပိုင်းမှာ ကစားကွင်းပိုင်းအရ မန်ယူက အသာရခဲ့ပြီး အနိုင်ဂိုး ၃ ဂိုးစလုံးကိုလည်း အခက်အခဲမရှိ သွင်းနိုင်ခဲ့ပါတယ်။
    ဂိုးတွေကိုတော့ ရူနီ၊ မာတာနဲ့ ဗန်ပါစီတို့က သွင်းပေးခဲ့တာပါ။ ရူနီရဲ့ဒီဂိုးဟာ နောက်ဆုံး ၈ ပွဲမှာ ၉ ဂိုးမြောက် သွင်းယူနိုင်တာလည်း ဖြစ်ပါတယ်။
    ပြီးခဲ့တစ်ပတ်က ခြေချော်ခဲ့တဲ့ချယ်ဆီး ဒီတစ်ပတ် အိမ်ကွင်းမှာ အမှားအယွင်းမရှိခဲ့ပါဘူး။ ပွဲအစ ၇ မိနစ်မှာပဲ ဟဇာ့ဒ်က ဦးဆောင်ဂိုးသွင်းပေးခဲ့ပြီး ၆၈ မိနစ်မှာ ဒီယေဂိုကော်စတာက ဒုတိယဂိုး ထပ်သွင်းပေးခဲ့ပါတယ်။ နောက်ဆုံး ၉ ပွဲမှာ နိုင်ပွဲမရှိသေးတဲ့ ဟားလ်စီးတီးကတော့ တန်းဆင်းဇုံထဲမှာပဲ တစ်ဝဲလည်လည် ဖြစ်နေပါတယ်။
    အဝေးကွင်းမှာ လမ်းပတ်ရဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရတဲ့ မန်စီးတီးကတော့ ပြိုင်ပွဲအားလုံးမှာ ၇ ပွဲဆက်တိုက် အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဒီဂိုးဟာ မန်စီးတီးအတွက် လမ်းပတ်ရဲ့ ၆ ဂိုးမြောက်ဖြစ်ပြီး ကစားသမားဘ၀တစ်လျှောက် စုစုပေါင်း ၁၇၅ ဂိုးနဲ့ ပရီးမီးယားလိဂ် ဂိုးအများဆုံးစာရင်းမှာ အာဆင်နယ်တိုက်စစ်မှူးဟောင်း ဟင်နရီနဲ့အတူ နံပါတ် ၄ နေရာမှာ ရှိနေပါတယ်။
    ရာသီအစ ပုံစံကောင်းပြပြီး အဆင့် ၂ နေရာအထိ တက်လှမ်းခဲ့တဲ့ ဆောက်သက်တမ်တို့ကတော့ ပွဲစဉ် ၁၃ ကတည်းက တောက်လျှောက်ရှုံးခဲ့ပြီး မနေ့က ကစားခဲ့တဲ့ ပွဲမှာလည်း ဇယားအောက်နားက ဘန်လေကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးခဲ့ပါတယ်။ ဘန်လေအတွက် အနိုင်ဂိုးကိုတော့ အက်ရှက်လေဘန်းစ်က သွင်းပေးခဲ့တာဖြစ်ပြီး အိမ်ကွင်းလေးပွဲဆက် မရှုံးတဲ့ စံချိန်လည်း ဘန်လေတို့ ရရှိခဲ့ပါတယ်။
    ????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????
    ပွဲစဉ် ၁၆ အပြီးမှာတော့ ထိပ်ဆုံးလေးနေရာမှာ ချယ်ဆီး၊ မန်စီးတီး၊ မန်ယူ၊ ၀က်စ်ဟမ်း တို့ရှိနေပြီး အာဆင်နယ်ကတော့ အဆင့် ၆ နေရာမှာရှိနေကာ အဆင့် ၄ နဲ့ ၂ မှတ်သာ ကွာပါတော့တယ်။ လီဗာပူးလ်ကတော့ အဆင့် ၁၀ ရောက်သွားခဲ့ပြီး ဘန်လေကတော့ အောက်ဆုံး ၃ သင်းကနေ ရုန်းထွက်နိုင်ခဲ့ပါတယ်။
    ဒီတစ်ပတ် ပရီးမီးယားလိဂ် ရလဒ်များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
    ဘန်လေ ၁-၀ ဆောက်သက်တမ်
    ချယ်ဆီး ၂-၀ ဟားလ်စီးတီး
    ခရစ္စတယ်ပဲလေ့စ် ၁-၁ စတုတ်
    လက်စတာ ၀-၁ မန်စီးတီး
    ဆန်းဒါးလန်း ၁-၁ ၀က်စ်ဟမ်း
    အာဆင်နယ် ၄-၁ နယူးကာဆယ်
    မန်ယူ ၃-၀ လီဗာပူးလ်
    ဆွမ်ဆီး ၁-၂ စပါး
  • ဘောလုံးကန်တန်ရုံ မဟုတ်ဘဲ ဂီတ ပါရမီရှိကြောင်း ထုတ်ပြခဲ့တဲ့ အာဆင်နယ် ရဲသုံးဖော်
    ဘောလုံးကန်တန်ရုံ မဟုတ်ဘဲ ဂီတ ပါရမီရှိကြောင်း ထုတ်ပြခဲ့တဲ့ အာဆင်နယ် ရဲသုံးဖော်
    ဒီဇင်ဘာ ၁၃ ၊ ၂၀၁၄
    M-Media
    2401258D00000578-2871695-image-a-14_1418401055083
    – ကွင်းအတွင်းမှာ ရပ်သပ်ရှုမောဖွယ် ဘောလုံးစွမ်းရည်တွေနဲ့ ပရိတ်သတ်ကို ဖျော်ဖြေမှု ပေးနိုင်ခဲ့တဲ့ အာဆင်နယ်က အမြှောက်တပ်သား သုံးဦးဟာ ကွင်းပြင်ပမှာလည်း သူတို့ရဲ့ ဂီတစွမ်းရည်ကို ထုတ်ပြလိုက်ပါတယ်။
    သူတို့တွေကတော့ ကွင်းလယ်ဖန်တီးရှင် ရိုစစ္စကီး၊ ဂိုးသမား ရှက်ဇက်နီနဲ့ ဂိုးသွင်းစက် ပိုဒေါစကီးတို့ဖြစ်ပြီး စနေနေ့ နယူးကာဆယ်နဲ့ပွဲမှာပြုလုပ်မယ့် လှူဒါန်ရေးပွဲမှာ အသုံးပြုမယ့် ခရစ္စမတ်ဗီဒီယိုအတွက် ၃ ယောက်ပေါင်းပြီး တီးဝိုင်းတစ်ခုထောင်လိုက်တာပဲဖြစ်ပါတယ်။
    ပြိုင်ဘက်တွေရဲ့ ကန်သွင်းချက်ကို စွမ်းစွမ်းတမံကာကွယ်ခဲ့တဲ့ ရှက်ဇက်နီရဲ့ သန်မာတဲ့ လက်တစ်စုံဟာ ဒီတီးဝိုင်းမှာ ကီးဘုတ်ပေါ်ရောက်ခဲ့ပြီး၊ ဖန်တီးရှင် ရိုစစ္စကီးကတော့ သူ့ရဲ့ ရင်သပ်ရှုမောဖွယ် ဂစ်တာစွမ်းရည်ကို အဲဒီဗီဒီယိုမှာ ထုတ်ပြခဲ့ပါတယ်။ တိုက်စစ်မှူး ပိုဒေါစကီးက ဒရမ်စက်ကို တာဝန်ယူတီးခတ်ခဲ့ပြီး တီးဝိုင်းရဲ့ စည်းချက်ကို ညီစေခဲ့ပါတယ်။
    အာဆင်ဝင်းဂါးရဲ့ တပ်သားတွေဟာ စနေနေ့ပွဲမှာ အာဆင်နယ်ဖောင်ဒေးရှင်းနဲ့ Saeve the Children အဖွဲ့တို့အတွက် ရန်ပုံငွေရရှိရေး ပရိုမိုးရှင်း ပြုလုပ်သွားမည်ဖြစ်ပြီး ကစားသမားတွေနဲ့ နည်းပြကိုယ်တိုင်ကလည်း သူတို့ရဲ့ တစ်နေ့တာ လုပ်ခလစာတွေကို ဒီအဖွဲ့တွေအတွက် လှူဒါန်းသွားမှာဖြစ်ပါတယ်။
    အမြှောက်တပ်သားတွေရဲ့ မြင်ရခဲတဲ့ ဂီတပါရမီတွေကို အောင်ပါလင့်မှာ ကြည့်ရှု နားဆင်နိုင်ပါတယ်။
    Daily Mail
  • ယူရိုပါလိဂ်တွင် ကစားခြင်းက အသင်းတိုးတက်မှုကို အထောက်အကူဖြစ်စေသည်ဟု အဲဗာတန်နည်းပြဆို
    ယူရိုပါလိဂ်တွင် ကစားခြင်းက အသင်းတိုးတက်မှုကို အထောက်အကူဖြစ်စေသည်ဟု အဲဗာတန်နည်းပြဆို
    ဒီဇင်ဘာ ၁၃၊ ၂၀၁၄
    M-Media
    713252_heroa
    – ပရီးမီးယားလိဂ်တွင် အားကုန်ထုတ်နေရသည့် မိမိတို့အသင်း ယူရိုပါလိဂ်တွင် ၀င်ရောက်ကစားခွင့်ရခြင်းမှာ အသင်း၏ တိုးတက်မှုအတွက် အထောက်အပံ့ ဖြစ်စေသည်ဟု အဲဗာတန်နည်းပြ မာတီနက်ဇ်က ပြောကြားလိုက်သည်။
    ယမန်နေ့က ကစားခဲ့သည့် ယူရိုပါလိဂ် အုပ်စု ပွဲစဉ်တွင် မာတီနက်ဇ်မှာ အသင်းအား ၁၀ နေရာအထိ အပြောင်းအလဲလုပ်ခဲ့ပြီး လူငယ် ၄ ဦးအထိ ထည့်သွင်း ကစားခဲ့သည်။ ထိုပွဲတွင် ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သော်လည်း အဲဗာတန်မှာ အုပ်စု H တွင် အုပ်စုပထမဖြင့် ဦးဆောင်နေသည်။
    `ပြီးခဲ့တဲ့နှစ်က ကျွန်တော်တို့ဟာ တော်တော်လေး ကြိုးကြိုးစားစား အလုပ်လုပ်ခဲ့ရပါတယ်။ ကျွန်တော်တို့အတွက် အဆင့် ၅ နေရာနဲ့ အဆုံးသတ်ဖို့၊ ပြီးတော့ အဆင့် ၄ နေရာကို စိန်ခေါ်ဖို့ အလုပ်တွေအများကြီး လုပ်ခဲ့ရပြီး ယူရိုပါလိဂ်မှာ ပါဝင်ကစားခွင့်ရတာဟာ တကယ့်ကို အောင်မြင်မှုပါပဲ´ ဟု မာတီနက်ဇ်က ပြောကြားခဲ့သည်။
ုထို့ပြင် အသင်း၏ စွမ်းဆောင်မှုနှင့် ပတ်သက်၍လည်း မာတီနက်ဇ်က ချီးကျူးခဲ့ပြီး အသင်းမှာ ဆက်လက်တိုးတက်နိုင်ကာ ပြိုင်ပွဲတွင်လည်း ပိုကောင်းသည့် အဆင့်ကို ရရှိလိမ့်မည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    အဲဗာတန်မှာ လာမည့် တနင်္လာနေ့တွင် ကျူပီအာရ်အသင်းအား အိမ်ကွင်း၌ ဧည့်ခံကစားရမည်ဖြစ်သည်။
  • လီဗာပူးလ် မတိုးတက်ပါက ရော်ဂျာထွက်ရမည်ဟု ကစားသမားဟောင်းဆို
    လီဗာပူးလ် မတိုးတက်ပါက ရော်ဂျာထွက်ရမည်ဟု ကစားသမားဟောင်းဆို
    ဒီဇင်ဘာ ၁၂ ။ ၂၀၁၄
    M-Media
    23EBF1E700000578-0-image-a-20_1418259639103
    – အသင်း၏ ရလဒ်များ သိသိသာသာ တိုးတက်လာခြင်း မရှိပါက နည်းပြ ဘရန်ဒန်ရော်ဂျာအား ထုတ်ပယ်ရန်အတွက် လီဗာပူးလ်မှာ ဖိအားပေးခံရမည်ဟု အသင်း၏ ဂန္တ၀င်ကစားသမား စတီဗ် နီကိုးလ်က ပြောကြားလိုက်သည်။
    လီဗာပူးလ်မှာ ပရီးမီးယားလိဂ်တွင် ရလဒ်များဆိုးဝါးနေပြီး ချန်ပီယံလိဂ်တွင်လည်း နောက်တစ်ဆင့်မည့် အခွင့်အရေးအချို့ ရရှိခဲ့သော်လည်း အသုံးမချနိုင်ခဲ့ဘဲ စိတ်ပျက်ဖွယ် ခြေစွမ်းဖြင့် ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။
    ထို့ကြောင့် နည်းပြအပေါ် ဝေဖန်မှုများ ရှိနေပြီး စတီဗ်နီကိုးလ်ကမူ အသင်းတွင် ရွေးချယ်စရာမရှိဟု ဆိုသည်။
    `တကယ်လို့များ ပြောင်းလဲမှု ရှိမလာဘူးဆိုရင် ဘရန်ဒန်ဟာ ပေးဆပ်ရမှာပါ။ အခုလို ပုံစံအတိုင်း ဆက်သွားလို့ကတော့ သူတို့မှာ ရွေးချယ်စရာရှိမယ်လို့ ကျွန်တော်မထင်ပါဘူး။ ကျွန်တော်တို့ ဇယားရဲ့ အလယ်မှာတောင် ရှိမနေပါဘူး။ လူအများစုကလည်း လီဗာပူးလ်ဟာ ထိပ်ဆုံး လေးသင်း ၀င်မယ်လို့ မထင်တော့ပါဘူး´ ဟု နီကိုးလ်က ပြောကြားလိုက်သည်။
    ရော်ဂျာမှာ ယခုနှစ် ဘောလုံးရာသီအစကမှ အသင်းနှင့် နှစ်ရှည်စာချုပ် ချုပ်ဆိုထားခြင်း ဖြစ်သော်လည်း ချန်ပီယံလိဂ်မှ ထွက်ခဲ့ရပြီးနောက် ရော်ဂျာအား ထုတ်ပယ်ရန် တောင်းဆိုမှုများ များပြားလာခဲ့သည်။
    နီကိုးလ်ကမူ ရော်ဂျာမှာ အသင်း ပိုမိုကောင်းမွန်လာရန် ကစားသမားသစ်ဖြည့်တင်းရမည် ဖြစ်ကြောင်း သို့မှသာ လမ်းကြောင်းတစ်ခု ပြောင်းသွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
  • အသင်းအား ရာသီကုန်အထိ စောင့်ကြည့်ပေးရန် ၀င်းဂါးဆို
    အသင်းအား ရာသီကုန်အထိ စောင့်ကြည့်ပေးရန် ၀င်းဂါးဆို
    ဒီဇင်ဘာ ၁၀ ၊ ၂၀၁၄
    M-Media
    690362_heroa
    – မိမိအသင်း အကျပိုင်းရောက်နေသည်မှာ မှန်သော်လည်း မိမိတို့၏ အခြေအနေအား ရာသီကုန်အထိ စောင့်ကြည့်ရန် အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ဝေဖန်သူများအား ပြောကြားလိုက်သည်။
    တနင်္ဂနွေနေ့က ကစားခဲ့သည့် စတုတ်စီးတီးနှင့် ပွဲတွင် အာဆင်နယ်မှာ ပထမပိုင်းတွင်ပင် ဦးဆောင်ဂိုး ၃ ဂိုး ပေးလိုက်ရပြီး ၃ ဂိုး ၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ ထိုအရှုံးကြောင့် ထိပ်ဆုံးမှ ချယ်ဆီးနှင့် ၁၃ မှတ်အကွာ အဆင့် ၆ နေရာတွင် ရှိနေသည်။
    ထို့ကြောင့် ဝေဖန်မှုများလည်းခံနေရပြီး အာဆင်ဝင်းဂါးကမူ အသင်းအား ဝေဖန်ပိုင်းခြားနေ မှုများမှာ စောလွန်းနေသေးသည်ဟု ပြန်လည်တုံ့ပြန်ခဲ့ကာ စိတ်ငြိမ်ငြိမ်ထားကြရန် တိုက်တွန်းခဲ့သည်။
    `ရာသီကုန်မှ ကျွန်တော်တို့ကို ဝေဖန်ပိုင်းခြားစေ ချင်ပါတယ်။ ကျွန်တော်တို့ တည်ငြိမ်မှုပြန်ယူပြီး နှစ်ကုန်မှ ဘယ်နေရာမှာရှိလဲဆိုတာကို ကြည့်ကြပါ´ ဟု သတင်းထောက်များအား ၀င်းဂါးက ပြောကြားခဲ့သည်။
    ထို့ပြင် အသင်းအနေဖြင့် ဝေဖန်ပိုင်းခြားမှုများကို ကိုင်တွယ်ဖြေရှင်း ရမည်ဟု ထည့်သွင်းပြောဆိုခဲ့ပြီး အသင်းမှာ အကျပိုင်းရောက်နေသည် ဟုလည်း ၀န်ခံခဲ့သည်။
    `ကျွန်တော်ဟာ နိုင်လိုစိတ်ပြင်းတဲ့သူတစ်ယောက်ပါ။ အရေးကြီးတာက လာမယ့်ပွဲဖြစ်ပြီး တောင်တင်းတဲ့နည်းလမ်းနဲ့ ယှဉ်ပြိုင်ဖို့ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော့်အလုပ်ရဲ့ အစိတ်အပိုင်းပါ။ အမြဲတမ်း ဆင်ခြေဆင်လက်တွေ ရှာနေလို့ မရပါဘူး´ ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။