News @ M-Media
Tag: PremierLeague
  • မန်ယူနည်းပြ မိုရက်စ် အား ရာထူးမှ ထုတ်ပယ် လက်ကျန်ပွဲများ ရိုင်ယံဂစ် ကိုင်တွယ်ဖွယ်ရှိနေ
    ဧပြီ ၂၁၊ ၂၀၁၃
    M-Media
    David-Moyes-Man-United1
    ပြီးခဲ့သည့် တနင်္ဂနွေနေ့ က အီဗာတန်ကို ရှုံးပြိးနောက် မန်ယူအသင်း နည်းပြ ဒေးဗစ် မိုယက်စ်အား ရာထူးမှ ဖယ်ရှားဖို့ မန်ချက်စတာ ယူနိုက်တက်အသင်း ဘုတ်အဖွဲ့မှ ဆုံးဖြတ်လိုက်ကြောင်း သိရှိရသည်။ ။ ပရီမီးယားလိဂ်တွင် အအောင်မြင်ဆုံး စံချိန်တင်ထားသည့် မန်ယူအသင်းရဲ့ ဂန္တဝင်နည်းပြ ဖာဂူဆန် အနားယူပြီး ယခုနှစ် ရာသီတွင် အီဗာတန်နည်းပြ မိုရက်စ်အား နည်းပြအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
    မိုရက်စ်လက်ထက် လက်ရှိ ၃၄ ပွဲ ကစားပြီး အိမ်ကွင်း (၆)ပွဲ ၊ အဝေးကွင်း(၅) ပွဲရှုံးနိမ့်ပြီး စုစုပေါင်း (၁၁) ပွဲရှုံးနိမ့်ကာ အဆင့် ၇ တွင် ရှိနေသည်။ ဖာဂူဆန်လက်ထက် နှစ်စဉ်နီးပါး ချန်ပီယံလိဂ် ဝင်ခွင့်ရရှိခဲ့သည့် မန်ယူအသင်းမှာ နောက်နှစ် ချန်ပီယံလိဂ်တွင် မြင်တွေ့ရတော့မည် မဟုတ်ပေ။
    မန်ယူရဲ့ လက်ကျန် (၄) ပွဲ ကို အသင်းရဲ့ သက်တော်ရှည် ဂန္တဝင်းကစားသမားကြီး ရိုင်ယံဂစ်မှ ကစာသမားနည်းပြအဖြစ် ကိုင်တွယ်ဖွယ်ရှိကြောင်းကို The Sun သတင်းစာမှ ရေးသားထားသည်။
  • ဖလားယူဖို့ လက်ကမ်းအကွာက လီဗာပူးလ်၊ အသင်းဟောင်းကို အရှုံးပေးခဲ့ရတဲ့ မိုယက်စ် တို့ရဲ့ EPL ဆူပါဆန်းဒေး ပွဲစဉ် ၃၅
    ဧပြီ ၂၁၊ ၂၀၁၄
    M-Media
    – ယမန်နေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၅ လက်ကျန် ၃ ပွဲမှာတော့ ချန်ပီယံဖြစ်ဖို့ ကြိုးစားနေတဲ့လီဗာပူးလ်နဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရုန်းကန်နေရတဲ့ အာဆင်နယ်တို့ အနိုင်ရခဲ့ပါတယ်။ မိုယက်စ်ကတော့ ဂွဒ်ဒီဆင်ပါခ့်မှာ အသင်းဟောင်း အဲဗာတန်ကို ဒူးထောက်ခဲ့ရပါတယ်။
    EVERTON VS MAN UTD
    သရဖူအတွက် အဓိကပြိုက်ဘက်ဖြစ်တဲ့ ချယ်ဆီးတို့ စနေနေ့က အရှုံးကို လီဗာပူးလ်တို့ အမိအရ ဆုပ်ကိုင်နိုင်ခဲ့ပြီး အဝေးကွင်းမှာ တန်းဆင်းဇုန်းနားက နော်ဝစ်ခ်ျကို အနိုင်ကစားနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ တိုက်စစ်အကောင်းဆုံးတွေထဲက တစ်သင်းဖြစ်တဲ့ လီဗာပူးလ်တို့ ပွဲအစ ၁၁ မိနစ်မှာပဲ ၂ ဂိုးပြတ်ခဲ့ပြီး နောက်ပိုင်း ပွဲချိန်တွေကိုလည်း ခြေအသာနဲ့ ထိန်းကစားသွားခဲ့ကာ ဒုတိယပိုင်းမှာ ၁ ဂိုး ထပ်သွင်းနိုင်ခဲ့ပါတယ်။ တန်းဆင်းဇုန်နား တ၀ဲလည်လည်ဖြစ်နေတဲ့ နော်ဝစ်ခ်ျတို့ နောက် ကလိုက်ပြီး ၂ ဂိုး ပြန်သွင်းနိုင်ခဲ့ပေမယ့် ပွဲအဖြေကိုတော့ ပြောင်းလဲနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ လီဗာပူးလ်အတွက် ဂိုးတွေကို စတာလင် က ၂ ဂိုးနဲ့ ဆွာရက်ဇ်က ၁ ဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဆွာရက်ဇ်ရဲ့ ဒီဂိုးဟာ နောက်ဆုံး ၅ ပွဲ ၁၂ ဂိုးမြောက်လည်းဖြစ်ပါတယ်။
    အဆင့်လေးနေရာအတွက် အဲဗာတန်နဲ့ အပြိုင်လုနေရတဲ့ အာဆင်နယ်အသင်းကလည်း ရမ်ဆေး၊ အိုဇေးလ်တို့ ပြန်လည်ပါဝင်လာမှုနဲ့အတူ အဝေးကွင်းမှာ ဟားလ်စီးတီးကို ဂိုးပြတ်နိုင်အနိုင်ရခဲ့ပါတယ်။ ပွဲအစမှာ အိမ်ရှင်တို့ အကောင်းဆုံးကစားနိုင်ခဲ့ပြီး အာဆင်နယ်ကို အခက်တွေ့စေခဲ့ပေမယ့် အနိုင် ၃ မှတ်ကိုတော့ ရအောင်မယူနိုင်ခဲ့ပါဘူး။ အာဆင်နယ်ဘက်က အပိုင် ၂ လုံးလောက်ကို နော်ဝစ်ခ်ျ ဂိုးသမား ရူဒီ အကောင်းဆုံး ကာကွယ်သွားနိုင်လို့သာ ဒီထက် ဂိုးပိုမပြတ်ခဲ့တာပါ။ အာဆင်နယ်အတွက် ဂိုးတွေကိုတော့ ပိုဒေါစကီးက နှစ်ဂိုးနဲ့ ရမ်ဆေးကတစ်ဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒီဇင်ဘာနှောင်းပိုင်းကတည်းက နားနေခဲ့ရတဲ့ ရမ်ဆေး ပထမဆုံးပြန်ကစားတဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဒီရာသီ သူ့ရဲ့ပရီးမီးယားလိဂ် ၉ ဂိုးမြောက်ဖြစ်ပါတယ်။
    ၁၁ နှစ်ကြာ ကိုင်တွယ်လာခဲ့တဲ့ အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်ခဲ့ရတဲ့ မန်ယူနည်းပြ မိုယက်စ်ကတော့ ဂွဒ်ဒီဆင်ပါ့ခ်မှာ မျက်နှာပျက်ခဲ့ရပါတယ်။ စောစောပိုင်းပွဲမှာ အာဆင်နယ်အနိုင်ရသွားတဲ့အတွက် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မဖြစ်မနေ အနိုင်ကစားဖို့လိုတဲ့ အဲဗာတန်တို့ မန်ယူကို ခြေအသာနဲ့ ကစားနိုင်ခဲ့ပြီး ပထမပိုင်းမှာတင် အနိုင်ဂိုး ၂ ဂိုးစလုံး ရခဲ့တာပါ။ မန်ယူကတော့ ဒီပွဲမှာ အဲဗာတန်ဂိုးပေါက်ကို အများကြီး ခြိမ်းခြောက်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ အိမ်ရှင်အတွက် ဂိုးတွေကိုတော့ လေတန်ဘိန်းက ပင်နယ်တီကတစ်ဆင့်နဲ့ ကီဗင် မီရာလာက်စ်က ဂိုးသမားပိတ်ထားတဲ့ ထောင့်ကျဉ်းထဲကို အသီးသီးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။
    ပွဲစဉ် ၃၅ အပြီးမှာတော့ လီဗာပူးလ်က ရမှတ် ၈၀ နဲ့ ဇယားကို ဦးဆောင်နေပြီး၊ ချယ်ဆီးကတော့ ၇၅ မှတ်နဲ့ ဒုတိယနေရာမှာရှိနေပါတယ်။ မန်စီးတီးကတော့ ၂ ပွဲလျော့ ၇၁ မှတ်နဲ့ တတိယနေရာမှာရှိနေပြီး အဆင့် ၄ ကအာဆင်နယ်နဲ့၊ အဆင့် ၅ က အဲဗာတန်တို့ ၁ မှတ်သာကွာပါတယ်။ တန်းဆင်းဇုန်မှာတော့ ကာဒစ်ဖ် ဖူလ်ဟမ်နဲ့ ဆန်းဒါးလန်းတို့အစဉ်လိုက်ရှိနေပြီး အဆင့် ၁၇ ကနေ ၂၀ အထိ အမှတ်ကွာဟမှုဟာ ၄ မှတ်သာ ရှိပါတယ်။
    ဒီတစ်ပါတ်ရဲ့ ပရီးမီးယားလိဂ် ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    နော်ဝစ်ခ်ျ ၂-၃ လီဗာပူးလ်
    ဟားလ်စီးတီး ၀-၃ အာဆင်နယ်
    အဲဗာတန် ၂-၀ မန်ယူ
    ချယ်ဆီး ၁-၂ ဆန်းဒါးလန်း
    နယူးကာဆယ် ၁-၂ ဆွမ်ဆီး
    ကာဒစ်ဖ် ၁-၁ စတုတ်
    အက်စတွန်ဗီလာ ၀-၀ ဆောက်သက်တမ်
    စပါး ၃-၁ ဖူလ်ဟမ်
  • ချန်ပီယံဖြစ်ဖို့ အခွင့်အရေးနည်းသွားတဲ့ ချယ်ဆီး၊ ယူရိုပါ ၀င်ခွင့်အတွက် အနိုင်ကစားနိုင်ခဲ့တဲ့ စပါးတို့ရဲ့ EPL ပွဲစဉ် ၃၅
    ဧပြီ ၂၀၊ ၂၀၁၄
    M-Media
    – ချန်ပီယံဆုအတွက် ပြိုင်ဆိုင်မှုပြင်းထန်လာသလို တန်းဆင်းဇုန်အတွင်းမှာလည်း အကြိတ်အနယ်ဖြစ်လာတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၅ ရဲ့ ၆ ပွဲကို မနေ့က ကစားခဲ့ပြီး ချန်ပီယံဆုအတွက် လီဗာပူးလ်၊ မန်စီးတီးတို့နဲ့ အပြိုင် တိုက်ပွဲဝင်နေတဲ့ ချယ်ဆီးတို့ အိမ်ကွင်းမှာ မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့ကာ၊ ယူရိုပါ ၀င်ခွင့်မှန်းနေတဲ့ စပါးတို့ကတော့ ဇယားအောက်ခြေက ဖူလ်ဟမ်ကိုနိုင်ခဲ့ပါတယ်။
    20-4-2014
    အီတီဟတ်မှာ ပြီးခဲ့တဲ့တစ်ပတ်က ၂ ဂိုး စီသရေကစားပြီး မန်စီးတီးရဲ့ ချန်ပီယံမျှော်လင့်ချက်ကိုေ၀၀ါးစေခဲ့တဲ့ ဆန်းဒါးလန်းဟာ မနေ့ကလည်း လီဗာပူးလ်က အငှားလာကစားတဲ့ ဘိုရိုနီရဲ့နောက်ကျပင်နယ်တီနဲ့ အနိုင်ရခဲ့ပြီး ချယ်ဆီးရဲ့ ချန်ပီယံမျှော်လင့်ချက်ကို ထပ်မံဝေး၀ါးစေခဲ့ပြန်ပါတယ်။ ချယ်ဆီးဟာ ဒီပွဲအရှုံးကောင့် လီဗာပူးလ်ထက် တစ်ပွဲသာ ၂ မှတ်လျော့နဲ့ ဒုတိယနေရာမှာရှိနေပြီး ချန်ပီယံဖြစ်ရေး မျှော်လင့်ချက်ကတော့ လီဗာပူးလ်ရဲ့ ချေချော်မှုအပေါ်မှာ မူတည်နေပါတယ်။ ဇယားအောက်ခြေက ဆန်းဒါးလန်းကတော့ တန်းဆင်းဇုန်ကလွတ်ဖို့ ၃ မှတ်သာလိုပါတော့တယ်။
    ယူရိုပါလိဂ်ဝင်ခွင့်မှန်းနေတဲ့ စပါးကလည်း ဇယားအောက်နားက ဖူလ်ဟမ်ကို သက်တောင့်သက်သာကစားပြီး ဂိုးပြတ်နဲ့အနိုင်ရခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာတင်ကျန်ဖို့ ရုန်းကန်နေရပြီး ပြီးခဲ့တဲ့ ၂ ပွဲဆက်တိုက် အနိုင်ရခဲ့တဲ့ ဖူလ်ဟမ်တို့အတွက် ဒီပွဲအရှုံးဟာ အထိနာစေခဲ့ပါတယ်။
    တန်းဆင်းဇုန်းမှာ တ၀ဲလည်လည်ဖြစ်နေတဲ့ ဆိုးလ်ရှားရဲ့ ကာဒစ်ဖ်ကလည်း အိမ်ကွင်းမှာ နောက်ကလိုက်ကစားခဲ့ရပြီး ပင်နယ်တီကြောင့်သာ တစ်မှတ်ရခဲ့တာပါ။ ဒါပေမယ့် နောက်နှစ် ချန်ပီယံရှစ်ကို တန်းမဆင်းရဖို့တော့ မသေချာသေးပါဘူး။
    နောက်ဆုံး လေးပွဲလုံး ဆက်တိုက်ရှုံးနိမ့်ထားတဲ့ နယူးကာဆယ်တို့ မနေ့က အိမ်ကွင်းပွဲမှာလည်း ဦးဆောင်ဂိုးအရင်သွင်းနိုင်ခဲ့ပေမယ့် ပထမပိုင်းနဲ့ ဒုတိယပိုင်း နာကျင်အချိန်ပိုတွေမှာ ပေးခဲ့ရတဲ့ ပင်နယ်တီဂိုးတွေကြောင့် အရှုံးပေးခဲ့ရပါတယ်။
    မနေ့က ကစားခဲ့တဲ့ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    ချယ်ဆီး ၁-၂ ဆန်းဒါးလန်း
    နယူးကာဆယ် ၁-၂ ဆွမ်ဆီး
    ကာဒစ်ဖ် ၁-၁ စတုတ်
    အက်စတွန်ဗီလာ ၀-၀ ဆောက်သက်တမ်
    စပါး ၃-၁ ဖူလ်ဟမ်
  • ဂျီရော့မှာ ယုံကြည်မှုပြန်လည် ရရှိလာပြီဟု ၀င်းဂါးဆို
    ဧပြီ ၂၀၊ ၂၀၁၄
    M-Media
    – ၀က်စ်ဟမ်းအား အနိုင်ရခဲ့သည့်ပွဲတွင် သွင်းယူခဲ့သောဂိုးကြောင့် ဂျီရော့မှာ ယုံကြည်မှုများကို ပြန်လည်ရရှိလာပြီဟု ယုံကြည်ကြောင်း အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
    391251_heroa
    အာဆင်နယ်အသင်း၏ လေးပွဲဆက်နိုင်ပွဲပျောက်မှုနှင့်အတူ ခြေစွမ်းမပြနိုင်သော ဂျီရော့မှာ ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး ပရီးမီးယားလိဂ် နောက်ဆုံး ၈ ပွဲတွင် ၂ ဂိုးသာ သွင်းယူထားနိုင်သည်။ သို့သော်လည်း ပြီးခဲ့သည့် ၀က်စ်ဟမ်းအသင်းနှင့်ပွဲတွင် အသင်းအတွက် ချေပဂိုးအား လှပစွာ သွင်းယူပေးနိုင်ခဲ့သည်။
    “ဒီဂိုးရဲ့ အရည်အသွေးက သူ့ကို ယုံကြည်မှုပြန်ရှိလာစေတယ်လို့ ကျွန်တော်ထင်ပါတယ်။ သူ့ရဲ့စွမ်းရည်ကို မေးခွန်းထုတ်နေကြတဲ့ လူတွေအတွက် ဒီဂိုးဟာ ယုံကြည်မှုကို ဖြစ်စေပါတယ်။ ဒါဟာ သိပ်ကို အရေးကြီးပါတယ်” ဟု ၀င်းဂါး၏ ပြောကြားမှုကို အသင်း၏ ၀ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။
    ဂျီရော့၏ စွမ်းဆောင်ရည် ကျဆင်းမှုမှာ ပင်ပန်းနွမ်းနယ်မှု၏ ရလဒ်သာဖြစ်ပြီး ၎င်း၏ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုက သူ၏ ခြေစွမ်းကို ပြန်လည်ကောင်းမွန်အောင် ကူညီပေးခဲ့သည်ဟု ၀င်းဂါးက ထည့်သွင်းပြောကြားခဲ့သည်။
  • PFA ၏ တစ်နှစ်တာ အကောင်းဆုံး လူငယ် ကစားသမား စာရင်းတွင် စတားရစ်ခ်ျနှင့် ဟာဇာ့ဒ်တို့ ပါဝင်
    ဧပြီ ၁၈ ၊ ၂၀၁၄
    M-Media
    – ပရော်ဖက်ရှင်နယ် ဘောလုံးသမားများ အဖွဲ့ PFA မှ ထုတ်ပြန်သော တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမား ဇကာတင် ၆ ဦးစာရင်းတွင် လီဗာပူးလ် တိုက်စစ်မှူး စတားရစ်ခ်ျနှင့် ချယ်ဆီး အလယ်တန်း ကစားသမား ဟာဇာ့ဒ်တို့ ပါဝင်သည်ဟု သိရသည်။
    367280_heroa
    အသက် ၂၄ နှစ်အရွယ်ရှိ လီဗာပူလ်း တိုက်စစ်မှူး စတားရစ်ခ်ျမှာ ယခုရာသီတွင် ကစားခဲ့သည့် ပရီးမီးယားလိဂ် ၂၆ ပွဲတွင် ဂိုးပေါင်း ၂၀ သွင်းယူနိုင်ခဲ့သည် အထိ ခြေစွမ်းပြနိုင်ခဲ့ပြီး ဥရုဂွေး တိုက်စစ်မှူး ဆွာရစ်ဇ်နှင့် တွဲဖက်ညီစွာ လီဗာပူးလ် တိုက်စစ်အား ဦးဆောင်နိုင်ခဲ့သည်။ ထို့ပြင် အသင်း၏ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရေး မျှော်လင့်ချက် အကောင်အထည်ဖော်ရာတွင် စတားရစ်ခ်ျမှာ အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သူဖြစ်သည်။
    အေဒင်ဟာဇာဒ့်မှာလည်း မော်ရင်ဟိုလက်ထက်တွင် ချယ်ဆီးအသင်း၏ အရေးပါသော ကစားသမားဖြစ်လာခဲ့ပြီး ရံဖန်ရံခါ တိုက်စစ်မှူးအဖြစ်ကစားခဲ့ရကာ အသင်းအတွက် အရေးပါသောဂိုးများကို သွင်းယူပေးနိုင်သူဖြစ်သည်။
    ၎င်းတို့ နှစ်ဦးအပြင် အာဆင်နယ်ကွင်းလယ်လူ ရမ်ဆေး၊ လီဗာပူးလ် ကွင်းလယ်လူ ရဟီမ်းစတာလင်နှင့် အင်္ဂလန် လူငယ်ကစားသမားဖြစ်ကြသည့် လုခ်ရှော၊ ရို့စ်ဘာကလေတို့လည်း အဆိုပါ ဇကာတင်စာရင်းထဲတွင် ပါဝင်နေသည်။
    PFA ၏ တစ်နှစ်တာအကောင်းဆုံး လူငယ်ကစားသမားဆု ချီးမြှင့်ပွဲအခမ်းအနားကို ဧပြီလ ၂၇ ရက်နေ့တွင် Grosvenor House ၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။