News @ M-Media
Tag: PremierLeague
  • လတ်စတာနည်းပြ ပရိတ်သတ်တဦးအား  ဆဲခဲ့၍ အသင်းမှ စုံစမ်းနေ
    လတ်စတာနည်းပြ ပရိတ်သတ်တဦးအား ဆဲခဲ့၍ အသင်းမှ စုံစမ်းနေ
    ဒီဇင်ဘာ ၆ ၊ ၂၀၁၄
    M-Media
    23AE665500000578-2861898-image-m-23_1417770876464
    – ဗုဒ္ဓဟူးနေ့နံနက်က ကစားခဲ့သည့် လီဗာပူးလ်အသင်းနှင့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ပရိတ်သတ်တစ်ဦးအား လက်စတာစီးတီး နည်းပြ နီဂဲလ် ပီယာဆန်က ဆဲရေးတိုင်းထွာခဲ့သောကြောင့် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေသည်ဟု အသင်း တာဝန်ရှိသူများက ပြောကြားလိုက်သည်။
    အိမ်ကွင်း၌ ကစားခဲ့ပြီး ၃ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် အဆိုပါပွဲတွင် ကွင်းဘေးတွင် ရပ်နေသည့် ပီယာဆန်က ပရိတ်သတ်တစ်ဦးဘက်သို့လှည့်ကာ ရိုင်းစိုင်းစွာ ဆဲရေးတိုင်းထွာခဲ့ခြင်းဖြစ်ပြီး ၎င်းကိုယ်တိုင်ကလည်း ထိုအဖြစ်အပျက်အတွက် ပွဲအပြီးတွင် ၀န်ခံခဲ့သည်။
    `ပွဲကြည့်စဉ်က ငကြောင်တစ်ယောက်ကို ကျွန်တော်တုံ့ပြန်ခဲ့ပါတယ်။ တကယ်လို့ သူ ဒါမျိုးပွဲ မကြည့်ချင်ဘူးဆိုရင် လာမရှုပ်နဲ့ပေါ့ဗျာ။ ကျွန်တော်တို့ အိမ်ကွင်မှာ ကစားနေတယ်ဆိုတာ သူတို့ စဉ်းစားသင့်ပါတယ်။ ကျွန်တော်တို့ ကြိုးစားခဲ့ကြပြီး ဒီအတိုင်းပဲ ဆက်ကစားသွားမှာပါ´ ဟု အဆိုပါ ပွဲအပြီးတွင် ပြောကြားခဲ့သည်။
    လက်စတာစီးတီးအသင်း အားပေးသူများကလပ် ဒုတိယဥက္ကဌ ကလစ် ဂင်နက်တာကမူ ပီယာဆန်၏ မောက်မာမှုကို ဝေဖန် ခဲ့ပြီး တောင်းပန်သင့်သည်ဟုလည်း ပြောကြားခဲ့သည်။
    `သူအလျှော့ပေးသင့်တယ်။ ပြီးတော့ သူမှားခဲ့တယ်ဆိုတာ ၀န်ခံ၊ ပရိတ်သတ်တွေကို တောင်းပန်ပြီး ရှေ့ဆက်ရပါမယ်။ ဒါဟာ အားလုံးလိုချင်တဲ့ ဆန္ဒပါပဲ´ ဟု ဂင်နက်တာက ပြောကြားခဲ့သည်။
    လက်စတာမှာ နောက်ပိုင်းပွဲစဉ်များတွင် ရလဒ်များ ဆိုးရွားနေပြီး အမှတ်ပေးဇယားအောက်နားသို့ ရောက်ရှိနေခြင်းကြောင့် ပီယာဆန်မှာ ထုတ်ပယ်ခံရရန် တစ်ပြေးနေသည်။
    ref_ DailyMail
  • ခြေစွမ်းဆက်ထိန်းပြီး  အမှတ်ကွာဟမှုလျော့ချရန် မန်ယူကွင်းလယ်လူ မာတာ တိုက်တွန်း
    ခြေစွမ်းဆက်ထိန်းပြီး အမှတ်ကွာဟမှုလျော့ချရန် မန်ယူကွင်းလယ်လူ မာတာ တိုက်တွန်း
    ဒီဇင်ဘာ ၂ ၊ ၂၀၁၄
    M-Media
    586181_heroa
    – ပရီးမီးယားလိဂ်ဆုဖလားအား စိန်ခေါ်နိုင်သည်အထိ ဖြစ်လာရန်အတွက် မိမိတို့၏ လက်ရှိ ပုံစံကောင်းကို ပွဲကြပ်ကာလများရှိနေသည့် ဒီဇင်ဘာအထိ ဆက်လက်သယ်ဆောင်သွားရန် မန်ယူတိုက်စစ်မျူး မာတာက အသင်းဖော်များအား တိုက်တွန်းလိုက်သည်။
    ပြီးခဲ့သည့် ပွဲစဉ် ၁၃ ဟားလ်စီးတီးအသင်းအား ၃ ဂိုးပြတ်ဖြင့်အနိုင်ရခဲ့သော ပွဲမှာ မန်ယူအသင်း၏ ယခုနှစ်ရာသီ ၃ ပွဲဆက်နိုင်ပွဲဖြစ်ပြီး အသင်းမှာလည်း အဆင့် ၄ နေရာသို့ တက်လှမ်းနိုင်ခဲ့သည်။
    သို့သော်လည်း ထိပ်ဆုံးမှ ချယ်ဆီးအသင်းနှင့် ၁၁ မှတ်ကွာဟနေပြီး မာတာကမူ အသင်းအနေဖြင့် ယခုပုံစံကောင်းအား နှစ်သစ်အထိဆက်လက်သယ်ဆောင်ကာ အမှတ်ကွာဟမှုများကို လျော့ချနိုင်မည်ဟု မျှော်လင့်နေသည်။
    `စနေနေ့က လေးရက်အတွင်း အိုးထရက်ဖို့မှာ ပထမဆုံး ၂ ပွဲမြောက်နိုင်ပွဲကို ကျွန်တော်တို့ ရခဲ့ပါတယ်။ အသင်းဟာ ကောင်းမွန်တဲ့ အခိုက်အတန့်တွေနဲ့အတူ ခိုင်မာတဲ့ စွမ်းဆောင်ရည်မျိုး ရှိနေပါပြီ။ ကွင်းထဲက ကျွန်တော့်ပုံစံကိုလည်း ကျွန်တော် တော်တော်ကြိုက်ပါတယ်´ ဟု မာတာကဆိုပြီး ယခုရလဒ်ကောင်းမှာ ပွဲကြပ်များရှိနေသည့် ဒီဇင်ဘာလထိ ဆက်လက်ရှိနေမည်ဟု မျှော်လင့်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
  • ချယ်ဆီးသရေကျ၊ မန်ယူအနိုင်ရပြီး၊ လီဗာပူးလ်တို့ ကံကောင်းခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၃
    ချယ်ဆီးသရေကျ၊ မန်ယူအနိုင်ရပြီး၊ လီဗာပူးလ်တို့ ကံကောင်းခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၃
    ဒီဇင်ဘာ ၁ ၊ ၂၀၁၄
    M-Media
    – ပရီးမီးယားလိဂ်ရဲ့ ပွဲစဉ် ၁၃ ကို စနေနေ့မှာ ၇ ပွဲ တနင်္ဂနွေနေ့မှာ ၃ ပွဲကစားခဲ့ပါတယ်။ အဲဒီပွဲတွေထဲမှာ ထိပ်ဆုံးက ချယ်ဆီး သရေကျသွားခဲ့ပြီး ဒုတိယနေရာက ဆောက်သက်တမ် ရှုံးနိမ့် သွားခဲ့ကာ မန်စီးတီး၊ မန်ယူ၊ အာဆင်နယ်တို့ အသီးသီး အနိုင်ရရှိခဲ့ပါတယ်။ ပရီးမီးယားလိဂ်နောက်ဆုံး၅ပွဲဆက် အနိုင်ရခဲ့တဲ့ နယူးကာဆယ်တို့ကတော့ ဒီတစ်ပါတ်မှာ ရှုံးပွဲတွေ့သွားခဲ့ပါတယ်။
    ကြသာပတေးနေ့က ဒေါ့မွန်ကို ၂ ဂိုးပြတ်နဲ့နိုင်ပြီး ချန်ပီယံလိဂ်နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ အာဆင်နယ်တို့ စနေနေ့က အစောဆုံးကစားခဲ့တဲ့ ၀က်စ်ဘရွန်းနဲ့ပွဲမှာ ၀ဲလ်ဘတ်ရဲ့ မိနစ် ၆၀ ခေါင်းတိုက်ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အဝေးကွင်းမှာ ပွဲကိုစိုးမိုးနိုင်ခဲ့တဲ့ အာဆင်နယ်တို့ ဒီထက်ဂိုးပိုရမယ့် အခွင့်အရေးတွေ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့်သာ ဂိုးထပ်မရခဲ့တာပါ။ ဒဏ်ရာကြောင့် ၈ ပတ်လောက် အနားယူနေရတဲ့ အားထားရတဲ့ နောက်ခံလူ ကွန်စီယဲလ်နီနဲ့ တိုက်စစ်မှူး ဂျရူးတို့ ပွဲထွက်လူစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။
    111
    လီဗာပူးကလည်း အိမ်ကွင်းမှာ ဂလင်းဂျွန်ဆင်ရဲ့ ၈၅ မိနစ်ခေါင်းတိုက်ဂိုးနဲ့ အနိုင်ရပြီး လေးပွဲဆက် ပရီးမီးယားလိဂ် နိုင်ပွဲမရမှုကို ရပ်တန့်နိုင်ခဲ့ပါတယ်။ ဂလင်းဂျွန်ဆင်လည်း ဒီဂိုးကြောင့် ခေါင်းမှာ အနာတရ ဖြစ်ခဲ့ပါတယ်။
    ခြေပြန်မှန်လာတဲ့မန်ယူတို့ အိမ်ကွင်းမှာ ဟားလ်စီးတီးကို အကောင်းဆုံး ဧည့်ခံနိုင်ခဲ့ပြီး စမောလင်း၊ ရူနီ၊ ဗန်ပါစီတို့ရဲ့သွင်းဂိုးတွေနဲ့ ဂိုးပြတ်နိုင်ရခဲ့ပါတယ်။ ဗန်ဂါးလက်ထက် ခြေစွမ်းမပြနိုင်တာကြောင့် ဝေဖန်ခံနေရတဲ့ ဗန်ပါစီ ကိုယ်တိုင် ၁ ဂိုးသွင်းပေးခဲ့တဲ့အပြင် ၁ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဗန်ဂါးလ်ကတော့ ဒီပွဲဟာ ဒီရာသီ အကောင်းဆုံးပွဲလို့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။
    1
    ထိပ်ဆုံးကချယ်ဆီးကတော့ ဆန်းဒါးလန်းကို အဝေးကွင်းမှာ ဂိုးမရှိသရေကျခဲ့ပါတယ်။ ဆန်းဒါလန်းဟာ ပြည်တွင်းပွဲတွေမှာ ချယ်ဆီး နောက်ဆုံးရှုံးထားတဲ့အသင်းပါ။ ဒီတစ်ပတ်မှာလည်း ချယ်ဆီးတို့ အိမ်ရှင်အသင်းကို ဖိအားပေးနိုင်ခဲ့ပေမယ့် ဆန်းဒါးလန်းခံစစ်က အံ့သြဖွယ် ကောင်းလွန်နေတာကြောင့် ဇယားထိပ်မှာ ၆ မှတ်ဖြတ်နိုင်မယ့် အခွင့်အရေးကို ချယ်ဆီးတို့ လက်လွှတ်ခဲ့ရပါတယ်။
    11
    ဒုတိယနေရာက ဆောက်သက်တမ်နဲ့တွေ့ခဲ့ရတဲ့ မန်စီးတီးတို့ တစ်ယောက်အထုတ်ခံခဲ့ရပေမယ့် အမှားမယွင်းမရှိခဲ့ဘဲ ဒုတိပိုင်းသွင်းဂိုးတွေနဲ့ ၃ ဂိုးပြတ်အနိုင်ရခဲ့ပြီး အမှတ်ပေးဇယား ဒုတိယနေရာကို တက်လာနိုင်ခဲ့ပါတယ်။
    ရာသီအစ ရုန်းကန်ခဲ့ရပြီး နောက်ပိုင်းမှာ ၅ ပွဲဆက် အနိုင်ရခဲ့တဲ့ နယူးကာဆယ်ကတော့ ၀က်စ်ဟမ်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး နိုင်ပွဲစံချိန် ရပ်တပ်ခဲ့ပါတယ်။ ဒီပွဲရှုံးနိမ့်ခဲ့ပေမယ့် နယူးကာဆယ်တို့ရဲ့ ခြေစွမ်းကတော့ ကျဆင်းခြင်းမရှိပါဘူး။ ဂိုးသွင်းခွင့်အတော်များများရခဲ့ပြီး ဂိုးအဖြစ် မပြောင်းလဲနိုင်တာကြောင့်သာ အရှုံးပေးခဲ့ရတာပါ။
    ပွဲစဉ် ၁၃ အပြီးမှာတော့ ချယ်ဆီးကပဲ ဇယားကို ဆက်လက်ဦးဆောင်နေပြီး မန်စီးတီး၊ ဆောက်သက်တမ်၊ မန်ယူ၊ ၀က်စ်ဟမ်း၊ အာဆင်နယ်တို့ အစဉ်လိုက်ရှိနေကြပါတယ်။ လီဗာပူးလ်ကတော့ အဆင့် ၁၁ ကို တက်လာနိုင်ခဲ့ပြီး ဇယားအောက်ခြေမှာ ကျူပီအာရ်၊ ဘန်လေနဲ့ လက်စတာတို့ အသီးသီးရှိနေကြပါတယ်။
    ပရီးမီးယားလိဂ် ပွဲစဉ် ၁၃ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    ဘန်လေ ၁-၁ အက်စတွန်ဗီလာ
    လီဗာပူးလ် ၁-၀ စတုတ်
    မန်ယူ ၃-၀ ဟားလ်စီးတီး
    ကျူပီအာရ် ၃-၂ လက်စတာ
    ဆွမ်ဆီး ၁-၁ ခရစ္စတယ်ပဲလေ့စ်
    ဆန်းဒါးလန်း ၀-၀ ချယ်ဆီး
    ဆောက်သက်တမ် ၀-၃ မန်စီးတီး
    စပါး ၂-၁ အဲဗာတန်
  • ထုတ်ပယ်ခံရရန် မိမိက ရေးပန်အစားဆုံးဟု လီဗာပူးလ်နည်းပြ ရော်ဂျာဆို
    ထုတ်ပယ်ခံရရန် မိမိက ရေးပန်အစားဆုံးဟု လီဗာပူးလ်နည်းပြ ရော်ဂျာဆို
    နိုဝင်ဘာ ၃၀ ၊ ၂၀၁၄
    M-Media
    654821_heroa
    – ရာသီအစကတည်းက ကြုံတွေ့ခဲ့ရသော အသင်း၏ ရလဒ်ဆိုးများကြောင့် မိမိမှာ ထုတ်ပယ်ခံရရန် ရေပန်းအစားဆုံး နည်းပြဖြစ်နေသည်ဟု လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာက ၀န်ခံပြောကြားလိုက်သည်။
    ပြီးခဲ့သည့်နှစ်က ပုံစံကောင်းများပြကာ ပရီးမီးယားလိဂ်ဆုဖလားနှင့် လက်တစ်ကမ်းအကွာသို့ ရောက်ရှိခဲ့သည့် လီဗာပူးလ်မှာ ယခုနှစ်တွင် ခြေစွမ်းပျောက်ဆုံးနေပြီး ၁၂ ပွဲကစားပြီးချိန်တွင် အဆင့် ၁၂ သို့ ရောက်ရှိနေသည်။ ထို့ပြင် ချန်ပီယံလိဂ်တွင်လည်း နောက်တစ်ဆင့်တက်ရန် အုပ်စုနောက်ဆုံးပွဲ၌ ရုန်းကန်ရဖွယ်ရှိနေသည်။
    `လွန်ခဲ့တဲ့လ အနည်းငယ်တုန်းကတော့ ကျွန်တော်ဟာ တစ်နှစ်တာအကောင်းဆုံး နည်းပြပါ။ ဒါပေမယ့် ဒီကနေ့မှာတော့ ထုတ်ပယ်ခံရဖို့ ထိပ်ဆုံးကပြေးနေတဲ့နည်းပြ ဖြစ်နေပါတယ်။ ကျွန်တော်တို့ထိန်းချုပ်နိုင်တာနဲ့ ပတ်သက်ပြီး အာရုံစိုက် လုပ်ဆောင်သွားရမှာပါ´ ဟု ရော်ဂျာက သတင်းထောက်များအား ပြောကြားခဲ့သည်။
    ထို့ပြင် မိမိတို့အနေဖြင့် ရလဒ်ဆိုးများပေါ်တွင်သာ စွမ်းလမ်းနေရမည်မဟုတ်ဘဲ လက်ရှိ ပစ္စုပ္ပန်ကို အာရုံစိုက်ရမည်ဖြစ်ကြောင်း၊ အချိန်အများကြီးရှိသေးပြီး ပရီးမီးယားလိဂ်တွင် မိမိတို့၏ ရည်ရွယ်ချက်မှာ အဆင့် ၄ အတွင်းဝင်ရန်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
    ရော်ဂျာကို ပြီးခဲ့သည့်မေလကမှ လီဗာပူးလ်က နှစ်ရှည်သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားခြင်းဖြစ်သည်။
  • အာဆင်ဝင်းဂါး၏ ပေါ်လစီမှာ ကန့်သတ်မှုများ ရှိနေဟု အာဆင်နယ် ရှယ်ယာ ဒုတိယအများဆုံးပိုင်ရှင်ပြော
    အာဆင်ဝင်းဂါး၏ ပေါ်လစီမှာ ကန့်သတ်မှုများ ရှိနေဟု အာဆင်နယ် ရှယ်ယာ ဒုတိယအများဆုံးပိုင်ရှင်ပြော
    နိုဝင်ဘာ ၊ ၂၇ ၊ ၂၀၁၄
    M-Media
    236A0B2400000578-0-image-1_1416826039401
    – ရလဒ်များ ဆိုးရွားနေသည့် အသင်း၏ နေရာတိုင်းအတွက် တောင့်တင်းအောင် ပြုလုပ်သွားမည်ဟု အာဆင်နယ်အသင်း၏ ဒုတိယရှယ်ယာအများဆုံးဖြစ်သူ အလီရှာ အူစမန်နော့ဗ်က ပြောကြားလိုက်ပြီး ၀င်းဂါး၏ ကန့်သတ်ထားသော အပြောင်းအရွှေ့ပေါ်လစီကိုလည်း မေးခွန်း ထုတ်လိုက်သည်။
    အာဆင်နယ်မှာ ပြီးခဲ့သည့် နှစ်များအတွင်း ပြည်တွင်းပြည်ပ အောင်မြင်မှုများနှင့် ဝေးကွာခဲ့ရပြီး ဖလားလက်မဲ့ရာသီများကို ဖြတ်သန်းခဲ့ရကာ ပြီးခဲ့သည့်ရာသီကလည်း ရာသီအစ ပုံစံကောင်းများကို ပြသနိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် ခြေချော်ခဲ့ပြီး FA ဖလား တစ်လုံးသာ ရယူနိုင်ခဲ့သည်။
    ထို့ပြင် ယခုနှစ်တွင်လည်း ဒဏ်ရာရ ကစားသမားများ များပြားခြင်းနှင့်အတူ အာဆင်နယ်မှာ ရုန်းကန်နေရပြီး ပြီးခဲ့သည့်တစ်ပတ် ဆွမ်ဆီး အသင်းအား ရှုံးနိမ့်ခဲ့ပြီးနောက် ပရီးမီးယားလိဂ် ဖလားကို စိန်မခေါ်နိုင်တော့ဟု ၀င်းဂါးက ၀န်ခံခဲ့သည်။
    အူစမန်နော့ဗ်ကမူ အာဆင်နယ်အသင်း၏ ယခုကဲ့သို့ ကျရှုံးမှုများမှာ ကစားသမားများအတွက် ငွေကြေးသုံးစွဲမှု နည်းခြင်းကြောင့်ဖြစ်သည်ဟု ယုံကြည်နေသည်။
    `ယူကေမှာဆို ချယ်ဆီးတို့လို မန်စီးတီးတို့လို၊ ဥရောပမှာဆို ရီးယဲလ်တို့လို၊ ဘာစီလိုနာတို့လို၊ ပီအက်စ်ဂျီတို့လို၊ ဘိုင်ယန်တို့လိုစသဖြင့် အခြားကလပ်အသင်းတွေလို အဆင့်မျိုး ကစားနိုင်ဖို့အတွက် အသင်းရဲ့ နေရာအားလုံးကို တောင့်တင်းအောင် ပြုလုပ်ဖို့ လိုပါတယ်´ ဟု ၎င်းက ပြောကြားခဲ့သည်။
    အာဆင်ဝင်းဂါးနှင့် ပတ်သက်၍လည်း အူစမန်နော့ဗ်က မိမိမှာ ၀င်းဂါး၏ စည်းမျဉ်းစည်းကမ်းများကို ကြိုက်နှစ်သက်ကြောင်း၊ သို့သော်လည်း ၎င်း၏စည်းမျဉ်းက ကန့်သတ်မှု ပုံစံမျိုးဖြစ်နေပြီး ထိုကန့်သတ်မှုမှာ အသင်းအတွက် ဖြစ်နိုင်ချေအားလုံးကို ဆုံးရှုံးစေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    `ဒါ့ကြောင့် တစ်ခါတစ်လေမှာ စည်းမျဉ်းစည်းကမ်းတွေ မထားတဲ့ နည်းပြတွေတောင်မှ အသင်းကြီးတွေရဲ့ နည်းပြတွေ ဖြစ်လာကြပါတယ်။ ပြီးတော့ စည်းမျဉ်းစည်းကမ်းတွေများတဲ့ နည်းပြတွေဟာ ရှုံးနိမ့်ကြပြီး ဘာ့ကြောင့်လည်းဆိုတော့ ကျင့်ဝတ်တွေ၊ ကိုယ်ပိုင်အမြင်တွေကြောင့် အသင်းက အချို့နေရာတွေဟာ လစ်ဟာသွားပါတယ်´