News @ M-Media

Tag: PremierLeague

  • မိမိသွင်းဂိုးများ လာတော့မည်ဟု ဘာလော့တယ်လီဆို

    မိမိသွင်းဂိုးများ လာတော့မည်ဟု ဘာလော့တယ်လီဆို

    နိုဝင်ဘာ ၂၄ ၊ ၂၀၁၄
    M-Media
    626191_heroa
    – လီဗာပူးလ်အသင်းတွင် မိမိ၏ အထနှေးမှုအတွက် စိုးရိမ်မှုမရှိဘဲ ဂိုးသွင်းခြေကို မကြာမီပြန်ရလိမ့်မည်ဟု အီတလီတိုက်စစ်မှူး ဘာလော့တယ်လီက ပြောကြားလိုက်သည်။

    တိုက်စစ်မှူး ဆွာရက်ဇ်၏နေရာကို အစားထိုးရန်အတွက် ရော်ဂျာ၏ခေါ်ယူမှုအဖြစ် ပြီးခဲ့သည့် သြဂုတ်လက အန်ဖီလ်းသို့ ရောက်ရှိလာခဲ့သည့် ဘာလော့တယ်လီမှာ ပရီးမီးယားလိဂ်တွင် ၉ ပွဲကစားခဲ့သော်လည်း ယခုအချိန်အထိ ဂိုးပေါက်ရှာမတွေ့သေးပေ။

    ယမန်နှစ်က စီးရီးအေတွင် ၄၃ ပွဲကစားပြီး ၂၆ ဂိုး သွင်းယူနိုင်ခဲ့သည့် ဘာလော့တယ်လီမှာ လီဗာပူးသို့ရောက်ပြီးနောက် ကြိုးစားအားထုတ်မှု မရှိဟု ဝေဖန်ခံနေရပြီး ၎င်းကမူ မကြာမီ လာတော့မည်ဟု ပြောကြားခဲ့သည်။

    “ဂိုးတွေလား။ လာတော့မှာပါ။ အခုလောလောဆယ် မရသေးတာဖြစ်ပေမယ့် လုံးဝပျောက်သွားတာမျိုးတော့ မဟုတ်ပါဘူး။ ကြိုးစားတာလား။ ကျွန်တော်အခု ကြိုးစားနေပါတယ်။ ဘယ်တုန်းကမှ အခုလိုမျိုး မကြိုးစားခဲ့ဖူးပါဘူး။ ကျွန်တော် ကိုယ့်ကိုယ်ကို ယုံတာကြောင့် ကျွန်တော့်ကို လူတွေယုံဖို့ မလိုအပ်ပါဘူး။ ကျွန်တော့်ရဲ့ မိသားစုနဲ့ သူငယ်ချင်းအချို့ ကျွန်တော့်ကိုယုံဖို့က ပိုအရေးကြီးပါတယ်” ဟု ဘာလော့တယ်လီ က Fox Sports Australia သို့ ပြောကြားခဲ့သည်။

    ထို့ပြင် အခြားသူများ မိမိနှင့်ပတ်သက်၍ မည်သို့ထင်သည်ကို ဂရုမစိုက်ကြောင်း ၎င်းတို့လိမ်နေကြသည်ကို မိမိသိရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    လီဗာပူးလ်မှာ နောက်ဆုံးသုံးပွဲတွင် ၁ မှတ်သာရရှိထားပြီး သွင်းဂိုးမှာလည်း ၁ ဂိုးသာရှိထားကာ ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ အဖြစ် ခရစ္စတယ်ပဲလေ့စ်နှင့် ယမန့်က ယှဉ်ပြိုင်ခဲ့ရာ ၃ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

  • လီဗာပူးလ် ၃ ပွဲဆက် ရှုံးပွဲတွေ့ခဲ့ပြီး နောက်ကျ ဂိုးနဲ့ စပါးတို့နိုင်

    လီဗာပူးလ် ၃ ပွဲဆက် ရှုံးပွဲတွေ့ခဲ့ပြီး နောက်ကျ ဂိုးနဲ့ စပါးတို့နိုင်

    နိုဝင်ဘာ ၂၄ ၊ ၂၀၁၄
    M-Media
    44444
    – ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ ရဲ့ လက်ကျန် ၂ ပွဲကို မနေ့ညမှာ ကစားခဲ့ပြီး ရော်ဂျာရဲ့ လီဗာပူးလ်က ၃  ပွဲဆက်အဖြစ် ခရစ္စတယ်ပဲလေ့စ်ကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့ပါတယ်။ ခြေမငြိမ်တဲ့ စပါးတို့ကတော့ ဟားလ်စီးတီးကို အဝေးကွင်းမှာ အနိုင်ရခဲ့ပါတယ်။

    နောက်ဆုံး သုံးပွဲမှာ ၁ မှတ်သာရထားတဲ့ လီဗာပူးလ်တို့ မနေ့ကပွဲမှာ တန်းဆန်းဇုန်နားက ခရစ္စတယ်ပဲလေ့စ်ကို ရှုံးခဲ့တာဟာ စိတ်ပျက်စရာပါပဲ။ တိုက်စစ်မှူးသစ် လမ်ဘာ့တ်က ပွဲအစ ၂ မိနစ်မှာ ဦးဆောင်ဂိုးသွင်းပေးခဲ့ပြီး ပွဲအစပိုင်းမှာ လီဗာပူးလ်တို့ ကစားပုံ ကောင်းခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ညံ့ဖျင်းတဲ့ကစားပုံကြောင့် အိမ်ရှင်အသင်းကို လွယ်လွယ်ကူကူပဲ ၁၇ မိနစ်၊ ၇၈ မိနစ်နဲ့ ၈၁ မိနစ်တို့မှာ ၃ ဂိုးပြန်ပေးခဲ့ရပါတယ်။ ခရစ္စတယ်ပဲလေ့စ်ရဲ့ အခုပွဲအနိုင်ဟာ နောက်ဆုံး ၅ ပွဲမှာ ပထမဆုံး နိုင်ပွဲလည်းဖြစ်ပါတယ်။

    5555

    နောက်ဆုံး ၅ ပွဲမှာ ၃ ပွဲအထိ ရှုံးထားတဲ့ စပါးကတော့ ဟားလ်စီးတီးကို အဲရစ်ဆန်ရဲ့ နောက်ကျဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဇယားအောက်ခြေမှာ ကျောက်ချနေပြီး နိုင်ပွဲတစ်ပွဲမှ မရသေးတဲ့ ဘန်လေကို ပြီးခဲ့တဲ့တစ်ပတ်က ရှုံးထားတဲ့ ဟားလ်စီးတီးတို့ ပထမပိုင်းမှာ ကစားပုံကောင်းခဲ့ပြီး ၈ မိနစ်မှာ လစ်ဗာမိုးက ဦးဆောင်ဂိုး သွင်းပေးခဲ့ပါတယ်။ ခြေမမှန်တဲ့စပါးကလည်း ခြေစွမ်းသိပ်မပြနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ၆၁ မိနစ်မှာ ဟယ်ရီကိန်းက ချေပဂိုးတစ်ဂိုးရအောင် သွင်းနိုင်ခဲ့ပြီး ဒုတိယပိုင်း နာကျင်အချိန်ပိုမှာ အဲရစ်ဆန်က အနိုင်ဂိုး ထပ်သွင်းပေးခဲ့လို့ စပါးတို့ အနိုင် ၃ မှတ်သေချာခဲ့ပါတယ်။

    ပွဲစဉ် ၁၂ ပြီးတဲ့နောက်မှာတော့ ချယ်ဆီးက ၃၂ မှတ်နဲ့ ဇယားကိုဦးဆောင်နေပြီး ဒုတိယနေရာက ဆောက်သက်တမ်ကို ၇ မှတ်ဖြတ်ထားပါတယ်။ တတိယနေရာမှာ ၂၄ မှတ်နဲ့ မန်စီးတီးရှိနေပြီး အာဆင်နယ်ကိုနိုင်ခဲ့တဲ့ မန်ယူနဲ့ ပရီးမီးယားလိဂ် ၅ ပွဲဆက်နိုင်ခဲ့တဲ့ နယူးကာဆယ်တို့ကတော့ ၁၉ မှတ်စီနဲ့ အဆင့် ၄ နဲ့ အဆင့် ၅ နေရာမှာ အသီးသီး ရှိနေပါတယ်။ ဇယားအောက်ခြေမှာတော့ လက်စတာ၊ ဘန်လေနဲ့ ကျူပီအာရ်တို့ အသီးသီးရှိနေပါတယ်။

    ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    ခရစ္စတယ်ပဲလေ့စ် ၃-၁ လီဗာပူးလ်
    ဟားလ်စီးတီး ၁-၂ စပါး
    ချယ်ဆီး ၂-၀ ၀က်စ်ဘရွန်း
    အဲဗာတန် ၂-၁ ၀က်စ်ဟမ်း
    လက်စတာ ၀-၀ ဆန်းဒါးလန်း
    နယူးကာဆယ် ၁-၀ ကျူပီအာရ်
    စတုတ် ၁-၂ ဘန်လေ
    မန်စီးတီး ၂-၁ ဆွမ်ဆီး
    အာဆင်နယ် ၁-၂ မန်ယူ

  • အဝေးကွင်း ပထမဆုံးနိုင်ပွဲရတဲ့ မန်ယူ၊ ဘန်လေတို့ ဒုတိယမြောက် ၃ မှတ်ရခဲ့တဲ့ EPL ပွဲစဉ် ၁၂

    အဝေးကွင်း ပထမဆုံးနိုင်ပွဲရတဲ့ မန်ယူ၊ ဘန်လေတို့ ဒုတိယမြောက် ၃ မှတ်ရခဲ့တဲ့ EPL ပွဲစဉ် ၁၂

    နိုဝင်ဘာ ၂၃ ၊ ၂၀၁၄
    M-Media

    – ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ ရဲ့ ၇ ပွဲကို မနေ့က ကစားခဲ့ပြီး ထိပ်ဆုံးက ချယ်ဆီးနဲ့ မန်စီးတီးတို့ အနိုင်သေချာခဲ့ကာ အဆင့် ၄ က ၀က်စ်ဟမ်းကတော့ အဲဗာတန်ကို အဝေးကွင်းမှာ ရှုံးခဲ့ပါတယ်။ ဒီတစ်ပတ် Match of The Week ဖြစ်တဲ့ အာဆင်နယ်နဲ့ မန်ယူတို့ပွဲမှာတော့ အာဆင်နယ်က အကောင်းဆုံး ကစားနိုင်ခဲ့ပေမယ့် ဂိုးသမား ဒီဂီယာကြောင့် အနိုင် ၃ မှတ်ကို မန်ယူက ရသွားခဲ့ပါတယ်။ ဇယားအောက်ဆုံးက ဘန်လေကလည်း ဒီတစ်ပတ်မှာ ၂ ပွဲဆက် အနိုင်ရခဲ့ပါတယ်။
    3333
    ပြီးခဲ့တဲ့ တစ်ပတ်က ဆွမ်ဆီးကို ရှုံးပြီး ပရီးမီးယားလိဂ် ဖလားအတွက် မလိုက်နိုင်တော့ဘူးလို့ ၀န်ခံခဲ့တဲ့ ၀င်းဂါးရဲ့ အာဆင်နယ် အိမ်ကွင်း အီမရိတ်မှာ ဘောလုံးပိုင်ဆိုင်မှု အသာ ဂိုးသွင်းခွင့် အသာနဲ့ ကစားနိုင်ခဲ့ပေမယ့် အနိုင် ၃ မှတ်တော့ မရခဲ့ပါဘူး။ နောက်ခံလူဒဏ်ရာတွေကြောင့် မျက်နှာသစ်တွေ ထုတ်သုံးခဲ့ရတဲ့ မန်ယူနောက်တန်းရဲ့ လျော့ရဲမှုကို အခွင့်ကောင်းယူပြီး ၀ဲလ်ဘတ်၊ ၀ီလ်ရှိုင်းယားတို့ရဲ့ တွဲလုံးတွေနဲ့ မန်ယူဂိုးပေါက်ကို တရစပ် ခြိမ်းခြောက်ခဲ့ပေမယ့် မန်ယူဂိုးသမား ဒီဂီယာ အံ့သြလောက်စရာ ကာကွယ်နိုင်ခဲ့တာကြောင့် အာဆင်နယ်တို့ မန်ယူနဲ့တွေ့တိုင်း ရလဒ်မကောင်းတဲ့ စံချိန်ကို ဆက်ထိန်းနိုင် ခဲ့ပါတယ်။

    နောက်ခံလူ ကီရင်ဂစ်ဘ်က ၅၆ မိနစ်မှာ ကိုယ့်ဂိုးကိုယ်သွင်းမှုကြောင့် မန်ယူတို့ ဦးဆောင်ဂိုးရခဲ့ပြီး ပွဲပြီးဖို့ ၅ မိနစ်အလိုမှာ အင်္ဂလန်မင်းသား ၀ိန်းရူနီက ဒုတိယဂိုးသွင်းပေးခဲ့ပါတယ်။

    1111

    ဒီပွဲအနိုင်ဟာ မန်ယူအတွက် ဒီရာသီအဝေးကွင်း ပထဆုံး နိုင်ပွဲလည်းဖြစ်ပါတယ်။ တစ်ပွဲလုံးဂိုးရဖို့ကြိုးစားခဲ့တဲ့ အာဆင်နယ်တို့အတွက် နှစ်သိမ့်ဂိုးကို နာကျင်အချိန်ပိုနောက်ဆုံးမိနစ်မှာ ရရှိခဲ့ပြီး ဒဏ်ရာက သက်သာလာတဲ့ တိုက်စစ်မှူး ဂျရူးက သွင်းယူပေးခဲ့တာပါ။

    2222
    သမိုင်းတစ်လျှောက် အကောင်ဆုံးရာသီအစ မှတ်တမ်းကို ရရှိနေတဲ့ ချယ်ဆီးကလည်း အိမ်ကွင်းမှာ တစ်ယောက်လျော့ ၀က်စ်ဘရွန်းကို ၂ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ ချယ်ဆီးအတွက် ဂိုးတွေကိုတော့ ဒဏ်ရာကသက်သာပြီး ပထမဆုံး ပြန်ပါလာတဲ့ ဒီယေဂိုကော်စတာက ၁၁ မိနစ်နဲ့ ဟဇာ့တ်က ၂၅ မိနစ်တို့မှာ သွင်းယူပေးခဲ့တာပါ။

    မန်စီးတီးကတော့ ဒီရာသီ ပုံစံကောင်းတွေရပြီး အဆင့် ၅ အထိ တက်လှမ်းထားနိုင်တဲ့ ဆွမ်ဆီးကို အိမ်ကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် ဦးဆောင်ဂိုးအရင်ပေးလိုက်ရပြီး နောက်မှ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ လိုက်သွင်းနိုင်ခဲ့တာပါ။ ဆွမ်ဆီးအတွက် ဦးဆောင်ဂိုးကို ၉ မိနစ်မှာပဲ အသင်းရဲ့ဂိုးသွင်းစက် ဘိုနီက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အိမ်ရှင်တို့ ပွဲကို စိုးမိုးခဲ့ပြီး ယိုဗီတစ်နဲ့ ယာယာတိုးယေးတို့က ၁၉ မိနစ်နဲ့ ၆၂ မိနစ်တို့မှာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူပေးခဲ့ပါတယ်။

    ပါဂျူးရဲ့ နယူးကာဆယ်ကလည်း လူငယ်တွေနဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲဆက် နိုင်ပွဲကို ရယူနိုင်ခဲ့ပါတယ်။ ဒဏ်ရာရကစားသမားတွေ ရှိနေတာကြောင့် လူငယ်အချို့ကို ပွဲထုတ်ခဲ့တာဖြစ်ပြီး ဒီပွဲမှာလည်း အဓိကနောက်ခံလူ တေလာတစ်ယောက် ဒဏ်ရာထပ်ရသွားပြန်ပါတယ်။ နယူးကာဆယ်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ ၇၈ မိနစ်မှာ မူဆာ စစ်ဆိုကိုက သွင်းယူပေးခဲ့တာပါ။ ဒီပွဲဟာ ပြိုင်ပွဲအားလုံးမှာ နယူးကာဆယ်ရဲ့ ၆ ပွဲဆက်အနိုင်ဖြစ်ပြီး ပရီးမီးယားလိဂ်မှာလည်း အဆင့် ၄ နေရာကို တက်လှမ်းလာနိုင်ခဲ့ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ်က ဟားလ်စီးတီးကိုနိုင်ပြီး ပရီးမီးယားလိဂ် ပထမဆုံးနိုင်ပွဲရခဲ့တဲ့ ဘန်လေကလည်း ဒီတစ်ပတ်မှာ စတုတ်စီးတီးကို ၁ မိနစ်အတွင်း သွင်းယူခဲ့တဲ့ ၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဘန်လေအတွက် ဂိုးတွေကိုတော့ ဒန်နီ အင့်ဂ်စ်က ၁၂ မိနစ်နဲ့ ၁၃ မိနစ်မှာ သွင်းပေးခဲ့တာပါ။

    အဆင့် ၄ က ၀က်စ်ဟမ်းကတော့ အဆင့် ၁၀ က အဲဗာတန်ကို အဝေးကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

    ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ စနေနေ့ပွဲတွေရဲ့ အနိုင်အရှုံးရလဒ်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    ချယ်ဆီး ၂-၀ ၀က်စ်ဘရွန်း
    အဲဗာတန် ၂-၁ ၀က်စ်ဟမ်း
    လက်စတာ ၀-၀ ဆန်းဒါးလန်း
    နယူးကာဆယ် ၁-၀ ကျူပီအာရ်
    စတုတ် ၁-၂ ဘန်လေ
    မန်စီးတီး ၂-၁ ဆွမ်ဆီး

  • တိုက်စစ်မှူး ဖယ်လ်ကာအို ဒဏ်ရာထပ်ရပြီး မန်ယူတွင် ဒဏ်ရာရ ကစားသမား  ၁၂ ဦးအထိ ရှိလာ

    တိုက်စစ်မှူး ဖယ်လ်ကာအို ဒဏ်ရာထပ်ရပြီး မန်ယူတွင် ဒဏ်ရာရ ကစားသမား ၁၂ ဦးအထိ ရှိလာ

    နိုဝင်ဘာ ၂၂ ၊၂၀၁၄
    M-Media

    234C0B7A00000578-0-image-40_1416506047250
    – ယနေ့တွင်ကစားမည့် အာဆင်နယ်နှင့် ပွဲအမီ ဒဏ်ရာပြန်လည် သက်သာလာမည်ဟု ခန့်မှန်းထားသော မန်ယူတိုက်စစ်မှူး ဖယ်လ်ကာအိုမှာ ကြာသာပတေးနေ့က ပြုလုပ်ခဲ့သည့် လေ့ကျင့်ခန်း အစီအစဉ်တွင် ဒဏ်ရာ ထပ်မံရသွားသောကြောင့် နောက်ထပ် ၂ ပတ်ခန့် ထပ်မံ အနားယူရမည်ဟု သိရသည်။

    ပြီးခဲ့သည့် နွေရာသီက အငှားဖြင့်ခေါ်ယူထားပြီး ယခုနှစ်ကုန်တွင် အပြီးသတ်ခေါ်ယူစာချုပ်ချုပ်ရန် ရည်ရွယ်ထားသည့် ဖယ်လ်ကာအိုမှာ မန်ယူသို့ရောက်လာပြီးနောက် ဒဏ်ရာများနှင့် ရုန်းကန်နေရသည်။

    နည်းပြန်ဗန်ဂါးလ်ကလည်း ရှည်ကြာသည့် ပရီးမီးယားလိဂ်ရာသီတွင် ဖယ်လ်ကာအို၏ စွမ်းဆောင်ရည်နှင့် ပတ်သက်၍ သံသယရှိနေသည်ဟု သတင်းများက ဖော်ပြကြသည်။

    အင်္ဂါနေ့က အာဂျင်တီးနားနှင့် ပေါ်တူဂီတို့ ကစားခဲ့သော ချစ်ကြည်ရေးခြေစမ်းပွဲတွင် နာနီ၏ ကြမ်းတမ်းစွာ ဖြတ်ထုတ်မှုကြောင့် မန်ယူကွင်းလယ်လူ ဒီမာရီယာမှာ ဒဏ်ရာရရှိသွားခဲ့သည်။
    မန်ယူတွင် ဘလင့်၊ လုခ်ရှော၊ ရာဖေးလ်၊ ရိုဂျို၊ ဘလင်း၊ ကာရစ်၊ အက်ရှ်လေယန်း၊ ဖီးလ်ဂျုံး၊ လင်ဂတ်၊ အီဗန့်တို့အပါအ၀င် လက်ရှိအချိန်တွင် မန်ယူ၌ ဒဏ်ရာရကစားသမား ၁၂ ဦးအထိရှိနေသည်။

  • နာနီမန်ယူပြန်ရောက်မှာလား

    နာနီမန်ယူပြန်ရောက်မှာလား

    နိုဝင်ဘာ ၂၁၊ ၂၀၁၄
    M-Media
    587831_heroa
    – ကွင်းလယ်ကစားသမား မားကို့စ်ရိုဂျို၏ အပြောင်းအရွှေ့ တစ်စိတ်တစ်ပိုင်းတွင် ပါဝင်ခဲ့ကာ အငှားဖြင့် စပို့တင်းလစ္စဘွန်းတွင် ကစားနေရသည့် နာနီမှာ မန်ယူအသင်းသို့ ပြန်ရောက်လာဖွယ်ရှိနေသည်ဟု သိရသည်။

    နာနီမှာ တနှစ်အငှားစာချုပ်ဖြင့် စပို့တင်းသို့ သွားရောက်ကစားနေခြင်းဖြစ်ပြီး ဒဏ်ရာရကစားသမားများနှင့် ရုန်းကန်နေရသည့် မန်ယူကလည်း ၎င်း၏ ခြေစွမ်းကိုစောင့်ကြည့်နေကာ အသင်းသို့ ပြန်လည်ခေါ်ယူရန် စဉ်းစားနေသည်ဟု သတင်းများထွက်ပေါ်နေသည်။

    အင်္ဂါနေ့က အိုးလ်ထရက်ဖို့တွင်ကစားခဲ့သည့် ခြေစမ်းပွဲ၌ အာဂျင်တီးနားအသင်းအား ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ပေါ်တူဂီအသင်းတွင် ပါဝင်ကစားခဲ့သော နာနီကလည်း မန်ယူသို့ ပြန်လာချင်သည့် ၎င်း၏ ဆန္ဒကို ဖွင့်ဟခဲ့သည်။

    မန်ယူသို့ ပြန်လာနိုင်ချေရှိသလားဟု မေးမြန်းရာ “ဘာလို့ ပြန်မလာနိုင်ရမှာလဲ။ စပို့တင်းကိုသွားတယ်ဆိုတာ ပိုကစားရပြီး အကောင်းဆုံးအခြေအနေကို ပြန်ရောက်ဖို့ပါ။ တကယ်လို့ မန်ယူမှာ အခွင့်အရေးရမယ်ဆိုရင်တော့ ကြည့်ကြတာပေါ့ဗျာ” ဟု ပြန်လည် ဖြေကြားခဲ့သည်။

    ပေါ်တူဂီမှာ ထိုပွဲတွင် ဂွာရဲရိုး၏ ခေါင်းတိုက်ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး နာနီကမူ ၎င်းတို့အသင်းမှာ အနိုင်ရထိုက်ကြောင်း၊ ကစားသမားများအားလုံးမှာလည်း စွမ်းဆောင်မှု ကောင်းမွန်ကြောင်း၊ ဖိအားအနည်းငယ်ရှိသော်လည်း အနိုင်ရခဲ့ခြင်းမှာ မိမိတို့အတွင် ကောင်းမွန်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။