News @ M-Media

Tag: PremierLeague

  • ဘရာဇီးလ် လူငယ်များ အတွက်  ပရီးမီးယားလိဂ်မှာ အကောင်းဆုံးနေရာဟု ရော်နယ်ဒိုဆို

    ဘရာဇီးလ် လူငယ်များ အတွက် ပရီးမီးယားလိဂ်မှာ အကောင်းဆုံးနေရာဟု ရော်နယ်ဒိုဆို

    နိုဝင်ဘာ ၂၀၊ ၂၀၁၄
    M-Media
    2346F65D00000578-2840090-image-20_1416359777122
    – ပါရမီရှိသည့် ဘရာဇီးလ်လူငယ်ဘောလုံးကစားသမားများ တိုးတက်ရန် အကောင်းဆုံးနေရာမှာ ပရီးမီးယားလိဂ်ဖြစ်သည်ဟု ဘရာဇီးဂန္တ၀င်တိုက်စစ်မှူး ရော်နယ်ဒိုက ပြောကြားလိုက်သည်။

    တင်းနစ်အကျော်အမော် ရာဖေးလ်နာဒယ်နှင့် လန်ဒန်မြို့တွင် ယှဉ်ပြိုင်ခဲ့သော ပိုကာ ကစားပွဲတွင် ရော်နယ်ဒိုက ထိုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

    “(ဘရာဇီးလ်ကစားသမားတွေ ပရီးမီးယားလိဂ်ကိုလာရောက်ခြင်းဟာ) လုံဝကို လုပ်ရမယ့်အရာပါပဲ။ ဒီက ဘောလုံးသဘာဝဟာ ၀င်လုတာ၊ တိုက်စစ်နဲ့ ရှေ့တန်းကို အားပြုကစားတာကြောင့် ဘရာဇီးလ်လူငယ်ကစားသမားတွေ ပရီးမီးယားလိဂ်ကို လာရောက်ဖို့ဆိုတာ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်ပါ” ဟု ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက် ၉၈ ပွဲ ကစားပေးခဲ့သည့် ရော်နယ်ဒိုက ပြောကြားခဲ့သည်။

    ဘရာဇီးလ်ကစားသမားများ ပရီးမီးယားလိဂ်တွင် လာရောက်ကစားရန် တိုက်တွန်းခဲ့သော်လည်း ၎င်းကိုယ်တိုင်မှာ ကစားသမားဘ၀အား ဟော်လန်၊ စပိန်နှင့် အီတလီရှိ ကလပ်အသင်းများတွင်သာ ကုန်ဆုံးခဲ့သည်။

    ဘရာဇီးလ်နည်းပြသစ်ဒွန်ဂါ လက်ရှိရွေးချယ်ထားသည့် လက်ရွေးစင်အသင်းတွင် ပရီးမီးယားလိဂ်မှ ကစားသမားငါးဦး ပါဝင်ပြီး ရော်နယ်ဒိုကလည်း မော်ရင်ဟို၏ လက်အောက်တွင် ကစားနေသည့် အော်စကာ၊ ၀ီလီယန်နှင့် လူးဝစ်တို့မှာလည်း ဘရာဇီးလ်အသင်းတွင် ပိုကောင်းလာမည့် အလားအလာရှိသည်ဟု ပြောကြားခဲ့သည်။

  • အာဆင်နယ် တိုက်စစ်မှူး ပိုဒေါစကီး လာမည့် ဇန်န၀ါရီတွင် အနာဂတ် အတွက် ဆွေးနွေးတော့မည်

    အာဆင်နယ် တိုက်စစ်မှူး ပိုဒေါစကီး လာမည့် ဇန်န၀ါရီတွင် အနာဂတ် အတွက် ဆွေးနွေးတော့မည်

    နိုဝင်ဘာ ၁၇၊ ၂၀၁၄
    M-Media
    487051_heroa
    – အာဆင်နယ်မှ ထွက်ခွာမည်ဟု သတင်းများထွက်ပေါ်နေသည့် ဂျာမနီတိုက်စစ်မှူး ပိုဒေါစကီးက ၎င်းမှာ သွေးပူလေ့ကျင့်ခန်းလုပ်ခြင်း၊ ပွဲစဉ်အား စောင့်ကြည့်ခြင်းတို့ဖြင့်သာ အချိန်ကုန်နေရသည်ဟု ပြောကြားလိုက်သည်။

    ဂျီဘရောတာအား ၄ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည့် သောကြာနေ့ပွဲတွင် ဂျာမနီနှင့် ပွဲချိန်ပြည့် ပါဝင်ကစားခွင့်ရခဲ့သည့် ပိုဒေါစကီးမှာ အာဆင်နယ်အသင်းအတွက် ယခုနှစ်ပရီးမီးယားလိဂ်တွင် လူစားဝင်ကစားသမားအဖြစ် ၄ ပွဲသာ ပါဝင်ကစားခွင့်ရထားသည်။

    ပိုဒေါစကီးက ဂျီဘရောတာနှင့်ပွဲအပြီးတွင် မိမိ၏ ရပ်တည်ချက်ကို ခိုင်မာအောင်ပြုလုပ်ခဲ့ပြီး လာမည့်ဇန်န၀ါရီတွင် အာဆင်နယ်အသင်းနှင့် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု ဖွင့်ဟခဲ့သည်။

    “ပြီးခဲ့တဲ့လေးပွဲမှာ ကျွန်တော်ဟာ အချိန်နည်းနည်းပဲ ပါဝင်ကစားခွင့် ရခဲ့ပါတယ်။ ဦးထုပ်ဆောင်း၊ လည်စည်းဝတ်ပြီး အခြားသူတွေကစားတာကို ကြည့်နေရတာ၊ အနွေးထည်ကြီးဝတ်ပြီး သွေးပူလေ့ကျင့်ခန်းလုပ်နေရတာနဲ့ပဲ အချိန်ကုန်နေပါတယ်။ ကျွန်တော် ဘာစွမ်းဆောင်နိုင်လဲဆိုတာ အာဆင်နယ်မှာ ပြချင်ပါတယ်။ ဒါပေမယ့် ကျွန်တော်လုပ်နိုင်တာကိုပြဖို့ အခွင့်အရေး မရပါဘူး” ဟု ပိုဒေါစကီးက ပြောကြားခဲ့သည်။

    ဂျာမနီနည်းပြ ဂျိုအာချင်းလိုကလည်း ပိုဒေါစကီးအနေဖြင့် နိုင်ငံအသင်းတွင် ပါဝင်ကစားချင်ပါက ကလပ်အသင်းနှင့် ပုံမှန်ပွဲထွက်ခွင့်ရရန် လိုအပ်သည်ဟု ပြောကြားထားသည်။

    “နောက်လာမယ့်နှစ်တွေမှာလည်း ကျွန်တော်ဟာ ဘောလုံးကစားချင်ပါတယ်။ ဒါ့ကြောင့် အားလုံးကောင်းပါတယ်လို့ ပြောပြီး စာချုပ်သက်တမ်းပြည့်အောင် ထိုင်စောင့်ရမှာလား?” ဟု ၎င်းက မေးခွန်းထုတ်ခဲ့သည်။

  • ဘာလော့တယ်လီ၏ ဆိုးရွားသော အပြုအမူမှာ ပညာနည်းခြင်းကြောင့် ဖြစ်သည်ဟု ဂျိုဟန်ခရိုက်ဖ်ပြော

    ဘာလော့တယ်လီ၏ ဆိုးရွားသော အပြုအမူမှာ ပညာနည်းခြင်းကြောင့် ဖြစ်သည်ဟု ဂျိုဟန်ခရိုက်ဖ်ပြော

    နိုဝင်ဘာ ၁၂ ၊ ၂၀၁၄
    M-Media
    579941_heroa
    – လီဗာပူလ်အသင်းတိုက်စစ်မှူး ဘာလော့တယ်လီ၏ အပြုအမူဆိုးရွားခြင်းမှာ ပညာကောင်းစွာ မသင်ခဲ့ရခြင်းကြောင့် ဖြစ်သည်ဟု အေဂျက်နည်းပြဟောင်း ဂျိုဟန်ခရိုက်ဖ်က ပြောကြားလိုက်သည်။

    ပြီးခဲ့သည့် နွေရာသီက ယူရို သန်း ၂၀ ဖြင့် အေစီမီလန်မှ ပြောင်းရွှေ့လာခဲ့သည့် ဘာလော့တယ်လီမှာ လီဗာပူးလ်တွင် ခြေစွမ်းပြနိုင်ခြင်းမရှိဘဲ ယခုအချိန်အထိ ပရီးမီးယားလိဂ်တွင် တစ်ဂိုးမှ သွင်းယူထားနိုင်ခြင်း မရှိသေးပေ။

    ထို့ပြင် ၎င်း၏ အပြုအမူများအတွက်လည်း ဝေဖန်မှုများခံနေရပြီး ခရိုက်ဖ်ကမူ ဘာလော့တယ်လီ၏ အမှားမဟုတ်ဘဲ မည်ကဲ့သို့ ပြုမူနေထိုင်ရမည်ကို ငယ်ရွယ်စဉ်အခါက မသင်ယူခဲ့ရခြင်းကြောင့်ဟု ယုံကြည်နေသည်။

    “ဘာလော့တယ်လီရဲ့ အပြုအမူဟာ မကောင်းသလို၊ ကျွန်တော်တို့ကလည်း သူ ဘာကြောင့် ဒီလိုဖြစ်သလဲဆိုတာ မေးမြန်းရပါမယ်။ ကျွန်တော့်အတွက်တော့ လူတစ်ယေက်ဟာ ပညာမတတ်ရင် ဘောလုံးမကစားရပါဘူး။ ဒါဟာ ကစားသမားရဲ့ အမှားမဟုတ်ဘဲ သူ့ကို ကစားစေတဲ့ အသင်းရဲ့ အမှားပါ။ နောက်ပြီး ဘာလော့တယ်လီရဲ့အမှား မဟုတ်ပါဘူး။ သူက ပညာမသင်ခဲ့ရတာကြောင့်ပါ။ တကယ်လို့ တစ်နည်းနည်းနဲ့ ပညာသင်ယူနိုင်ခဲ့ရင် သူဒီလိုမျိုး ပြုမူနေထိုင်မှာ မဟုတ်ပါဘူး” ဟု ခရိုက်ဖ်က Gazzetta dello Sport သို့ ပြောကြားခဲ့သည်။

    ဘာလော့တယ်လီမှာ လီဗာပူးလ်သို့ ရောက်ရှိလာပြီးနောက် သူ၏ ဖာရာရီကားအား ဓာတ်ပုံရိုက်သည့် သားအမိနှစ်ယောက်ကို ခြိမ်းခြောက်သည့်အတွက်ကြောင့် ရဲစခန်းသို့ တိုင်ကြားခြင်း ခံခဲ့ရသည်။

  • ဘက်ခမ်း၏ အကြီးဆုံးသား အာဆင်နယ် အကယ်ဒမီနှင့် စာချုပ်ချုပ်

    ဘက်ခမ်း၏ အကြီးဆုံးသား အာဆင်နယ် အကယ်ဒမီနှင့် စာချုပ်ချုပ်

    နိုဝင်ဘာ ၁၁ ၊ ၂၀၁၄
    M-Media

    1415652236309_Image_galleryImage_CARSON_CA_DECEMBER_01_Dav
    – ကမ္ဘာကျော် အင်္ဂလန်ဘောလုံးမင်းသား ဒေးဗစ်ဘက်ခမ်း၏ အကြီးဆုံးသားဖြစ်သူ ဘရွတ်ကလင်းဘက်ခမ်းမှာ ချယ်ဆီးနှင့် မန်ယူတို့က စိတ်ဝင်စားနေသည့် ကြားမှ အာဆင်နယ် ဘောလုံးအကယ်ဒမီနှင့် စာချုပ်ချုပ်ဆိုလိုက်ပြီဟု သိရသည်။

    အသက် ၁၅ နှစ်အရွယ်ရှိပြီဖြစ်သည့် ဘရွတ်ကလင်းအား ပရီးမီးယားလိဂ် ကလပ်အသင်း အတော်များများက လိုချင်ကြသော်လည်း ချယ်ဆီ၊ မန်ယူ၊ ကျူပီအာရ်၊ အာဆင်နယ် အသင်းတို့နှင့် လေ့ကျင့်ခန်းဆင်းခဲ့ဖူးသည့် ဘရွတ်ကလင်းကိုယ်တိုင်က အာဆင်နယ်သင်းအား ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

    ညာတောင်ပံတွင်ကစားသည့် ဘရွတ်ကလင်းအနေဖြင့် အာဆင်နယ်ဘောလုံးအကယ်ဒမီနှင့် ရေတိုစာချုပ် ချုပ်ဆိုမှုအတွင်း ခြေစွမ်းပြနိုင်ခဲ့ပါက သက်တမ်းရှည် စာချုပ်ချုပ်ဆိုကာ ပရော်ဖက်ရှင်နယ် ကစားသမားဘ၀အား စတင်သွားနိုင်ဖွယ် ရှိနေသည်။
    ဘက်ခမ်းကိုယ်တိုင်မှာ မန်ယူအသင်းနှင့် အောင်မြင်မှုများ ရရှိခဲ့သော်လည်း ၎င်းတို့ မိသားစုမှာ အဆင်နယ်နှင့် နီးကပ်သော ဆက်ဆံရေးများ ရှိခဲ့သည်။

    ဘက်ခမ်း၏ အသက် ၉ နှစ်အရွယ်သားဖြစ်သူမှာ အာဆင်နယ် ယူ-၁၀ အသင်းတွင် ၀င်ရောက်ကစားနေပြီး အသက် ၁၂ နှစ်အရွယ် ရိုမီယိုမှာလည်း ယူ ၁၃ အသင်းတွင် ပါဝင်ကစားနေသည်။

    အာဆင်နယ်မှ တာဝန်ရှိသူတစ်ဦးကမူ ဘရွတ်ကလင်းမှာ ပါရမီရှိသော လူငယ်တစ်ဦးဖြစ်ပြီး လေ့ကျင့်မှုများနှင့် ကစားသောပွဲများတွင်လည်း ခြေစွမ်းပြနိုင်သည်ဟု ပြောကြားခဲ့သည်။

  • အာဆင်နယ်၏ ယခုနှစ် ပရီးမီးယားလိဂ် ချန်ပီယံ မျှော်လင့်ချက်  ဝင်ဂါး စွန့်လွှတ်

    အာဆင်နယ်၏ ယခုနှစ် ပရီးမီးယားလိဂ် ချန်ပီယံ မျှော်လင့်ချက် ဝင်ဂါး စွန့်လွှတ်

    နိုဝင်ဘာ ၁၁ ၊ ၂၀၁၄
    M-Media
    1415559297054_wps_14_Arsenal_manager_Arsene_We
    – ယမန်နေ့က ဆွမ်ဆီးနှင့်ပွဲတွင်  ရှုံးနိမ့်ခဲ့ပြီးနောက် မိမိတို့အသင်းအနေဖြင့် ပရီးမီးယားလိဂ် ချန်ပီယံ ပြေးလမ်းကြောင်းမှ သွေဖီသွားခဲ့ပြီဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    ထိုပွဲတွင် အာဆင်နယ်မှာ ဆန်းချက်ဇ်၏ ဂိုးဖြင့် ပွဲပြီးကာနီး ၁၅ မိနစ်အလိုအထိ ဦးဆောင်နိုင်ခဲ့သော်လည်း ၃ မိနစ်အတွင်း ၂ ဂိုး ပြန်ပေးခဲ့ရသည်။ ထိုပွဲအရှုံးကြောင့် အာဆင်နယ်မှာ ထိပ်ဆုံးမှ ဦးဆောင်နေသည့် ချယ်ဆီးနှင့် ၁၂ အထိ ကွာဟ သွားခဲ့ပြီဖြစ်သည်။

    “ချယ်ဆီးဟာ ပျမ်းမျှ ရမှတ် ၁၀၀ လောက် ရသွားမှာပါ။ အခု သူတို့ရထားတဲ့အမှတ်ကိုကြည့်ပြီး တကယ်လို့ နောက်ပိုင်းမှာလည်း သူတို့ ဒီအတိုင်းသွားနိုင်ရင် သူတို့ကို ဘယ်သူမှ လိုက်နိုင်မှာ မဟုတ်ပါဘူး” ဟု ၀င်းဂါးက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့အသင်း၏ စွမ်းဆောင်ရည်အတွက် စိတ်ပျက်မိကြောင်း၊ မိမိတို့အသင်းမှာ ချန်ပီယံလမ်းကြောင်းပေါ်မှ သွေဖီသွားခဲ့ပြီဖြစ်ကြောင်း ၀င်းဂါးက ထပ်လောင်းပြောကြားခဲ့သည်။ အာဆင်နယ်မှာ ပြီးခဲ့သည့် ရာသီကလည်း ရာသီဝက်အထိ ခြေစွမ်းကောင်းများ ပြသနိုင်ခဲ့သော်လည်း နောက်ပိုင်းပွဲစဉ်များတွင် ခြေချော်ခဲ့မှုကြောင့် ပရီးမီးယားလိဂ် ဆုဖလားအား လက်လွှတ်ခဲ့ရသည်။