စက်တင်ဘာ ၂၇၊ ၂၀၁၆
M-Media
– ပြီးခဲ့သည့် လာလီဂါ ၂ ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့သော်လည်း အသင်း၏ ပုံစံအတွက် စိုးရိမ်မှုမရှိဟု ရီးယဲလ်နည်းပြ ဇီနဒင်း ဇီဒိန်းက ပြောကြားလိုက်သည်။
ရီးယဲလ်မှာ ပြီးခဲ့သည့်တစ်ပတ်က ဗီလာရီးယဲလ်နှင့်ပွဲတွင် ၁ ဂိုးစီ သရေကျခဲ့ပြီးနောက်၊ စနေနေ့တွင်လည်း လက်စ်ပါးလ်မက်စ်အသင်းကို ဦးဆောင်ဂိုးများ သွင်းယူနိုင်ခဲ့သော်လည်း ၂ ဂိုးစီ ထပ်မံ သရေကျခဲ့သည်။
ယနေ့မနက်တွင် ကစားမည့် ဒေါ့မွန်အသင်းနှင့် ချန်ပီယံလိဂ်ပွဲကြိုအဖြစ် ယမန်နေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အသင်း၏ ထိုအမှတ်ဆုံးရှုံးမှုများအတွက် စိုးရိမ်သလားဟု မေးမြန်းရာ ဇီဒိန်းက
“လုံးဝ မစိုးရိမ်ပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တ်ာတို့ဟာ ပြိုင်ပွဲတွေကို ပြောင်းလဲကစားနေရတာပါ။ ဒါမျိုး ဖြစ်တတ်ပါတယ်။ နောက်ထပ်လည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ ဘာလုပ်ချင်လဲဆိုတာ ကိုယ့်ကိုယ်ကို သိတယ်။ အောင်မြင်ဖို့အတွက် ဘာတွေလုပ်ဖို့လိုလဲဆိုတာကိုလည်း ကျွန်တော်တို့ သိပါတယ်။ အသင်းက ပုံစံကောင်းမှာ ရှိနေတယ်။ ဘယ်သူမှ ၂ ပွဲမှာ ၄ မှတ် မဆုံးရှုံးချင်ပါဘူး။ ဒါပေမယ့် ဘောလုံးဆိုတာ ဒါမျိုးပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။
Ref: Goal
Leave a Reply
You must be logged in to post a comment.