News @ M-Media

Tag: Real Madrid

  • ပီအက်စ်ဂျီအရှုံးမျိုး ထပ်ဖြစ်၍မရဟု ရီးယဲလ်နည်းပြပြော

    ပီအက်စ်ဂျီအရှုံးမျိုး ထပ်ဖြစ်၍မရဟု ရီးယဲလ်နည်းပြပြော

    ဇူလိုင် ၂၈၊ ၂၀၁၆
    M-Media

    real

    – International Champions Cup တွင် ပီအက်စ်ဂျီအသင်းအား ရှုံးနိမ့်ခဲ့သည့် ရှုံးနိမ့်မှုမျိုး နောက်ထပ်ဖြစ်၍မရဟု ရီးယဲလ်မက်ဒရစ်နည်းပြ ဇီဒိန်းက ပြောကြားလိုက်သည်။

    ယမန်နေ့က ကစားခဲ့သည့် အဆိုပါပွဲတွင် ပီအက်စ်ဂျီအသင်းမှာ ဥရောပချန်ပီယံ ရီးယဲလ်ကို ဦးဆောင်ဂိုး ၃ ဂိုးသွင်းကာ ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

    ထိုပွဲတွင် ရီးယဲလ်မှာ ခြေစွမ်းကောင်းကို ပြသနိုင်ခြင်းမရှိဘဲ ဇီဒိန်းကလည်း အသင်းအနေဖြင့် လာလီဂါပြိုင်ပွဲမစခင် ကြိုးပမ်းအားထုတ်မှုများစွာ ပြုလုပ်ရန် လိုအပ်နေသည်ဟု ၀န်ခံခဲ့သည်။

    “ဒီလိုရလဒ်မျိုး နောက်ထပ် ဖြစ်လာလို့ မဖြစ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ကြိုးပမ်းမှုတွေ၊ အားထုတ်မှုတွေဟာ ကစားတဲ့အခါမှာ ရေကုန်ရေခမ်းကစားဖို့ပါ။ လက်ရှိ ကျွန်တော်တို့ဟာ ပြင်ဆင်ဆဲကာလမှာ ရှိနေပြီး ထပ်အားထုတ်သွားဖို့ လိုအပ်ပါတယ်။ ရာသီအကြိုပြင်ဆင်မှုကလည်း ဒါအတွက်ပါပဲ” ဟု ဇီဒိန်းက ပြောကြားခဲ့သည်။

    Ref: Goal

  • ယခုနှစ် Ballon d’Or ဆုကို ရော်နယ်ဒိုရမည်ဟု ဒရော့ဘာ တစ်ပေး

    ယခုနှစ် Ballon d’Or ဆုကို ရော်နယ်ဒိုရမည်ဟု ဒရော့ဘာ တစ်ပေး

    ဇူလိုင် ၂၀၊ ၂၀၁၆
    M-Media

    rnd 4

    – ရီးယဲလ်၊ ပေါ်တူဂီတို့နှင့် ရရှိခဲ့သည့် အောင်မြင်မှုများကြောင့် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုမှာ ယခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Bllon d’Or နှင့် ထိုက်တန်သည်ဟု ယုံကြည်ကြောင်း ချယ်ဆီးတိုက်စစ်မှူးဟောင်း ဒီဒီယာ ဒရော့ဘာက ပြောကြားလိုက်သည်။

    အသက် ၃၁ နှစ်အရွယ် ရှိပြီဖြစ်သည့် ရော်နယ်ဒိုမှာ ရီးယဲလ်နှင့်အတူ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး ယူရို ၂၀၁၆ ပြိုင်ပွဲတွင်လည်း အကောင်းဆုံးခြေစွမ်းပြကာ ပေါ်တူဂီနှင့် ချန်ပီယံဘွဲ့ကို ရရှိခဲ့သည်။ ထိုအောင်မြင်မှုများကြောင့် ရော်နယ်ဒိုမှာ ဘာစီလိုနာမှ မက်ဆီနှင့် နေးမာတို့ကို ကျော်၍ ယခုနှစ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ရရှိမည်ဟု ရေပန်းစားနေသည်။

    အမေရိကန်မေဂျာလိဂ်တွင် ကစားနေသည့် ဒရောဘာကလည်း ရော်နယ်ဒိုကိုသာ တစ်ပေးခဲ့သည်။

    “၂၀၀၈ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ကျွန်တော်ဟာ ရော်နယ်ဒိုနဲ့ ရင်ဆိုင်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက ချယ်ဆီးကိုနိုင်ပြီး မန်ယူနဲ့ အတူ သူ ချန်ပီယံလိဂ်ဖလား ရရှိခဲ့ပါတယ်။ သူဟာ စစ်မှန်တဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး ရီးယဲလ်နဲ့ ပေါ်တူဂီတို့မှာ သူ့ရဲ့ ပေးဆပ်မှုအတွက် Ballon d’Or ဆုနဲ့ ထိုက်တန်ပါတယ်။ အဲဒီအသင်းတွေ ဒီလိုအောင်မြင်မှုမှာ သူဟာ ကြီးမားတဲ့ အကြောင်းတရား ဖြစ်ပါတယ်” ဟု ဒရော့ဘာက ပြောကြားခဲ့သည်။

    Ref : Goal

  • ပိုကောင်းသည့်အနေအထားဖြင့် ပြန်လာမည်ဟု ရော်နယ်ဒို ပြော

    ပိုကောင်းသည့်အနေအထားဖြင့် ပြန်လာမည်ဟု ရော်နယ်ဒို ပြော

    ဇူလိုင် ၁၉၊ ၂၀၁၆
    M-Media

    portugal 2

    – လက်ရှိတွင် ဒူးဒဏ်ရာရရှိနေသော်လည်း ၂၀၁၆-၁၇ ဘောလုံးရာသီတွင် ယခင်ထက် ပိုမိုကောင်းမွန်စွာ ပြန်လာမည်ဟု ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ပြောကြားလိုက်သည်။

    ပြင်သစ်နှင့် ယူရို ၂၀၁၆ ဗိုလ်လုပွဲတွင် ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုမှာ ပွဲအစတွင် ပြင်သစ်ကွင်းလယ်လူ ဒီမီထရီ ပါယက်နှင့် ခိုက်မိ၍ ရရှိသော ဒဏ်ရာကြောင့် စောစီးစွာ လူစားထိုးခဲ့ရသည်။ စစ်ဆေးမှုများအရ ထိုဒဏ်ရာမှာ ပြင်းထန်ပြီး ရီးယဲလ်၏ ရာသီအစ ပွဲစဉ်များကို လွဲချော်ဖွယ် ရှိနေသည်။

    အသက် ၃၁ နှစ်အရွယ်ရှိ ရော်နယ်ဒိုကမူ မိမိအနေဖြင့် ပိုမိုကောင်းမွန်သောအနေအထားဖြင့် ပြန်လာမည်ဟု ဆိုရှယ်မီဒီယာမှတစ်ဆင့် ပြောကြားခဲ့သည်။

    “အားလုံး မင်္ဂလာပါ။ ကျွန်တော့် ပရိတ်သတ်တွေအားလုံးကို ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ အားလုံးအဆင်ပြေနေတယ်လို့ ပရိတ်သတ်တွေကို ပြောချင်ပါတယ်။ ကျွန်တော် ပိုတောင့်တင်းတဲ့အနေအထားတဲ့ ပြန်လာမှာပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။ ပေါ်တူဂီ အဓွန့်ရှည်ပါစေ” ဟု Instagram တွင် လွှင့်တင်ထားသော ဗီဒီယို၌ ပြောကြားခဲ့သည်။

    Ref : Goal

  • ပေါ့ဘာအားခေါ်ယူရန် ရီးယဲလ် ဆွေးနွေးနေ

    ပေါ့ဘာအားခေါ်ယူရန် ရီးယဲလ် ဆွေးနွေးနေ

    ဇွန် ၂၀၊ ၂၀၁၆
    M-Media

    pogba

    – ဂျူဗင်တပ်စ်အသင်းတွင် ခြေစွမ်းပြနေသည့် ပြင်သစ်တိုက်စစ်မှူး ပေါ့ဘာအား ခေါ်ယူရန်အတွက် ရီးယဲလ်မက်ဒရစ်အသင်းမှာ ဆွေးနွေးမှုများကို စတင်ပြုလုပ်နေပြီဟု ၎င်း၏ အေးဂျင့်ဖြစ်သူ မီနို ရိုင်အိုလာက အတည်ပြု ပြောကြားလိုက်သည်။

    အသက် ၂၃ နှစ်အရွယ်ရှိ ပေါ့ဘာကို ဘာစီလိုနာ၊ ချယ်ဆီးနှင့် မန်စီးတီးတို့ကလည်း စိတ်ဝင်စားနေပြီး ရိုင်အိုလာကမူ ပေါ့ဘာာမှာ ဇီဒိန်းအား လေးစားအားကျမှုရှိနေပြီး ရီးယဲလ်သို့ ပြောင်းရွှေ့ပါက အရေးပါသည့်နေရာမှ ကစားရမည်ဟု ခံစားနေရကြောင်း ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ဟာ ပထမအဆင့် ညှိနှိုင်းမှုတွေ လုပ်နေပါတယ်။ ပေါလ်(ပေါ့ဘာ) က ရီးယဲလ်နဲ့ ဇီဒိန်းတို့ကို လေးစားအားကျနေပြီး ဒါက သူ့ရဲ့ ဆုံးဖြတ်ချက်မှာ အရေးပါတဲ့အရာတွေ ဖြစ်လာမှာပါ။ ပြောင်းရွှေ့ကြေး ယူရို သန်း ၁၂၀ လား၊ သန်း ၁၄၀ လားဆိုရင်တော့ ပေါ့ဘာဟာ ဘယ်လောက်ပဲဈေးကြီးကြီး ထိုက်တန်တဲ့သူတစ်ဦးပါ” ဟု ရိုင်အိုလာက ပြောကြားခဲ့သည်။

    Ref: Goal

  • နည်းပြဇီဒိန်းအား ရီးယဲလ်ဥက္ကဌချီးကျူး

    နည်းပြဇီဒိန်းအား ရီးယဲလ်ဥက္ကဌချီးကျူး

    ဇွန် ၁၊ ၂၀၁၆
    M-Media

    zidane 2

    – ရီးယဲလ်မက်ဒရစ်တွင် သမိုင်းသစ်ရေးထိုးနိုင်ခဲ့သည့် နည်းပြဇီဒိန်းအား အသင်းဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ်က ချီးကျူးပြောဆိုလိုက်သည်။

    ဇန်န၀ါရီလက ရာဖေးလ်ဘင်နီတက်ဇ်၏နေရာကို အစားဝင်လာခဲ့သည့် ဇီဒိန်းမှာ ရီးယဲလ်အား ချန်ပီယံလိဂ်ဖလား ကိုင်မြှောက်နိုင်အောင် နည်းပြနိုင်ခဲ့သည်။

    ထို့ကြောင့် ဇီဒိန်းမှာ ရီးယဲလ်တွင် ၂၀၀၂ ခုနှစ်က ကစားသမားဘ၀ဖြင့်လည်းကောင်း၊ ၂၀၁၄ ခုနှစ်က လက်ထောက်နည်းပြ ဘ၀ဖြင့်လည်းကောင်း၊ ယခုနှစ်တွင် နည်းပြဘ၀ဖြင့်လည်းကောင်း ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်သည့် သမိုင်းကို ရရှိခဲ့သည်။

    နည်းပြများကို ခန့်အပ်ထုတ်ပယ်ရာတွင် နာမည်ကျော်သည့် ဥက္ကဌ ပီရက်ဇ်ကမူ ဇီဒိန်းကို ချီးကျူးခဲ့သည်။

    “ဇီဒိန်းက အခရာကျသူတစ်ဦးပါ။ သူဟာ ရီးယဲလ်ရဲ့ သိပ်မကြာသေးခင်က သမိုင်းကို ပြောင်းလဲပစ်လိုက်ပါတယ်။ ၂၀၀၁ ခုနှစ်ကတည်းက သူဟာ ဘောလုံးရဲ့ သဘောသဘာဝကို နားလည်ဖို့ လမ်းကြောင်းတစ်ခု ဖောက်ခဲ့ပါတယ်။ အဲဒါကြောင့်ပဲ ဒီလို ဥရောပဖလားရအောင် ကျွန်တော်တို့ကို ကူညီနိုင်တာပါ” ဟု ပြောကြားခဲ့သည်။

    ထို့ပြင် နည်းပြအဖြစ် တာဝန်စယူစဉ်ကလည်း အသင်းအား အောင်မြင်အောင် စွမ်းဆောင်သွားမည်ဟု ဇီဒိန်းက ကတိပေးခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Ref : Goal