News @ M-Media

ရော်နယ်ဒို၏ မန်ယူခရီးအစမှာ ပန်းခင်းသောလမ်း မဟုတ်ဟု နဗီးလ်ပြော

အောက်တိုဘာ ၈၊ ၂၀၁၆
M-Media

rnd

– ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို မန်ယူတွင် ကစားခဲ့သည့် ပထမ ၃ နှစ်မှာ လွယ်ကူမှု မရှိခဲ့ဟု အသင်းဖော် မန်ယူ အသင်းခေါင်းဆောင်ဟောင်း ဂယ်ရီ နဗီလ်းက ပြောကြားခဲ့သည်။

အသက် ၃၁ နှစ်အရွယ်ရှိ ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒိုမှာ မန်ယူကို့ ၂၀၀၃ ခုနှစ်က စပို့တင်းမှ ပြောင်းလာခဲ့ခြင်းဖြစ်ပြီး ၂၀၀၉ ခုနှစ် ရီးယဲလ်သို့ မပြောင်းမရွှေ့ခင် မန်ယူ၌ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသားတစ်ဦး ဖြစ်လာခဲ့သည်။

သို့သော်လည်း နဗီးလ်ကမူ ရော်နယ်ဒို ယခုရောက်ရှိအဆင့်သို့ လွယ်လွယ်ကူကူနှင့် ရောက်ရှိလာခြင်းမဟုတ်ဟု ပြောကြားခဲ့သည်။

“ခရစ္စတီယာနို ရော်နယ်ဒိုဟာ မန်ယူမှာ ၂ နှစ် ၃ နှစ်လောက် တော်တော်လေး ရုန်းကန်ခဲ့ရတာပါ။ အဲဒီလို ရုန်းကုန်မှုကပဲ ဒီလိုအဆင့်မျိုး ရောက်လာစေတယ်လို့ သူ ပြောဖူးပါတယ်။ လူတိုင်းကို အံ့သြမှင်သက်အောက်လုပ်မယ့် ပုံစံမျိုးနဲ့ သူ မန်ယူကို ရောက်လာတာမဟုတ်ပါဘူး” ဟု နဗီးလ်က ပြောကြားခဲ့သည်။

ထို့ပြင် ရော်နယ်ဒိုမှာ လေ့ကျင့်မှုမပြုလုပ်မီ နာရီဝက်စော၍ ရောက်လာကာ တစ်ယောက်တည်း လေ့ကျင့်တတ်ပြီး လေ့ကျင့်မှုပြီးနောက်လည်း နာရီဝက်နောက်ကျမှ ပြန်ကြောင်း၊ ရာသီတစ်လျှောက်လုံး တစ်ရက်မပြတ် ထိုကဲ့သို့ ဆောင်ရွက်သည့် ကစားသမားများမှာ ၂၀ လောက်သာ ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

Ref : goal

Comments

Leave a Reply