News @ M-Media

Tag: russia

  • ယူကရိန်း နယ်စပ်ရှိ ရုရှားတပ်များ ရုပ်သိမ်းရန် ပူတင်အမိန့်ပေး

    မေ ၂၀ ၊ ၂၀၁၄
    M-Media
    2014519104818981734_20
    – ယူကရိန်းအရှေ့ပိုင်း အစိုးရနှင့် ခွဲထွက်ရေးသမားများ တိုက်ခိုက်မှုဖြစ်ပွားနေချိန်တွင် နယ်စပ်ရှိ စစ်တပ်အား ရုပ်သိမ်းရန် ရုရှားသမ္မတ ပူတင်က ကာကွယ်ရေးဝန်ကြီး ဆာဂျီ ရှိဂူကို ယနေ့တွင် အမိန့်ပေးခဲ့သည်ဟု သိရသည်။

    ယူကရိန်းနှင့် ကပ်လျက်ရှိနေသည့် ရိုစတိုဗ်၊ ဘဲလ်ဂိုရိုဒ်နှင့် ဘာရန့်စ် စသည့် ဒေသများတွင် စစ်ရေးလေ့ကျင့်မှုများပြုလုပ်ရန် စီစဉ်ထားသော တပ်များဖြစ်ပြီး ထိုကဲ့သို့ ရုပ်သိမ်းခဲ့ခြင်းက ယူကရိန်းအရေး ရုရှားနှင့် အနောက်နိုင်ငံတို့ မပြေမလည်ဖြစ်နေမှုကို လျော့စေသည့် ကြိုးပမ်းမှုလည်းဖြစ်သည်။

    သို့သော်လည်း တပ်ဖွဲ့အင်အား မည်မျှကို မည်သည့်အချိန်အတိုင်းအတာတွင် ရုပ်သိမ်းမည်ဆိုသည်ကို ကရင်မလင်၏ ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားခြင်းမရှိချေ။ ယူကရိန်းနယ်စပ်မှ တပ်များ ရုပ်သိမ်းမည်ဟု လွန်ခဲ့သည့် နှစ်ပတ်ကတည်းက ရုရှားခေါင်းဆောင်များက ပြောကြားခဲ့သော်လည် အနောက်နိုင်ငံများကမူ ထိုပြောကြားချက်အား အတည်ပြုရန် မည်သည့် ဆောင်ရွက်မှုမျိုးမှ မတွေ့ရဟု ဆိုသည်။

    ယူကရိန်းအရှေ့ပိုင်းရှိ  Donetsk နှင့် Luhansk ဒေသမျာကို ခွဲထွက်ရေးသမားများက လွတ်လပ်သော နိုင်ငံအဖြစ် ထူထောင်ခဲ့ပြီး ယူကရိန်း အစိုးရတပ်များနှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။ ထိုမတည်ငြိမ်မှု၏ နောက်ကွယ်တွင် ရုရှားမှာ ပါဝင်ပတ်သက်နေသည်ဟု ယူကရိန်းနှင့် အနောက်နိုင်ငံများက ပြောဆိုထားပြီး ရုရှားအပေါ် ပိတ်ဆို့မှုအချို့ကိုလည်း ပြုလုပ်ထားသည်။

  • ယူကရိန်း ရွေးကောက်ပွဲအား နှောက်ယှက်ရန် ရုရှား ကြိုးစားနေဟု ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဆို

    မေ ၇ ၊ ၂၀၁၄
    M-Media

    – သမ္မတ ရွေးကောက်ပွဲကျင်းပရန် ယူကရိန်း၏ အစီစဉ်အား ရုရှားမှ နှောက်ယှက်ရန် ကြိုစားနေသည်ဟု ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ၀ီလီယံ ဟေ့ဂ်က ယနေ့ပြုလုပ်သည့် ဥရောပကောင်စီ အစည်းဝေးတွင် ပြောကြားလိုက်သည်။

    william-hague

    ယူကရိန်းသမ္မတ ရွေးကောက်ပွဲအား မေလ ၂၅ ရက်နေ့တွင် ပြုလုပ်ရန် ရက်သတ်မှတ်ထားသော်လည်း ရုရှားကမူ ထိုရွေးကောက်ပွဲမှာ ကျိုးကြောင်း ဆီလျော်ခြင်းမရှိဟု စွပ်စွဲခဲ့သည်။ ယူရိန်းအရှေ့ပိုင်းရှိ ခွဲထွက်ရေးသမားများကလည်း ယခုလာမည့် တနင်္ဂနွေနေ့တွင် အရှေပိုင်းဒေသအချို့အား လွတ်လပ်သော နိုင်ငံအဖြစ်ထူထောင်ရန် ပြည်သူ့ဆန္ဒ ခံယူမည်ဖြစ်သည်။

    ထို့ကြောင့် ဗီယင်နာတွင်ပြုလုပ်သည့် ဥရောပကောင်စီအစည်းအဝေးတွင် ဟေ့ဂ်က

    “(ယူကရိန်းရဲ့) ဒီရွေးကောက်ပွဲတွေကို တားမြစ်တာတွေ၊ နှောက်ယှက်တာတွေလုပ်ဖို့ ရုရှားက ရည်ရွယ်နေပါတယ်။ ဒါဟာ မှားပါတယ်။ ယူကရိန်းရွေးကောက်ပွဲ ရှေ့ဆက် လုပ်ဆောင်ဖို့ ခွင့်ပြုရမယ်ဆိုတဲ့ ထောက်ခံစကားဟာ ဒီကိုရောက်လာတဲ့ နိုင်ငံတွေမှာ ရှိမယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

    ဟေ့ဂ်၏ ပြောကြားချက်အား အစည်းအဝေးသို့ တက်ရောက်လာသည့် ရုရှားနိုင်ငံခြားရေး ၀န်ကြီး လာဗရော့ဗ်က မည်သည့် မှတ်ချက်မှ မပေးခဲ့ဘဲ၊ ယူကရိန်းနိုင်ငံခြားရေး ၀န်ကြီးကမူ ကျင်းပရန်ရှိနေသည့် ရွေးကောက်ပွဲ အတွက် ဥရောပကောင်စီမှ ထောက်ခံမှု လိုချင်ကြောင်း ပြောကြားခဲ့သည်။

    ခွဲထွက်ရေးသမားများကြီးစိုးရာ ယူကရိန်းအရှေ့ပိုင်း Slovyansk မြို့တွင် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပြီး သေဆုံးမှုများလည်း ရှိနေသည်။

    AFP/nd

  • ယူကရိန်းက ဓာတ်ငွေ့ဖိုး အကြွေးမပေးပါက ဥရောပ ဓာတ်ငွေ့ပိုက်လိုင်းအား ပိတ်ပစ်မည်ဟု ရုရှားသတိပေး

    ဧပြီ ၂၇ ၊ ၂၀၁၄
    M-Media

    – ယူကရိန်းက ပေးချေရန်ရှိနေသည့် ဓာတ်ငွေ့ဖိုးအကြွေးအား မပေးနိုင်ပါက ဥရောပသို့ပို့လွှတ်နေသည့် ဓာတ်ငွေ့ပိုက်လိုင်းအား ပိတ်ပစ်မည်ဟု ရုရှား စွမ်းအင်ဝန်ကြီးက ပြောကြားလိုက်သည်။

    Russia warns of Europe gas delivery cut over Ukraine debt

    ယမန်နေ့တွင် စွမ်းအင်ဝန်ကြီး အလက်ဇန်းဒါး နိုဗက်က ပြောကြားခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိအချိန်တွင် ယူကိရိန်းမှ ရုရှားအပေါ်ပေးရမည့် ဓာတ်ငွေ့ဖိုးမှာ ၂.၂၃၀ ထရီလီယံရှိသည်ဟုဆိုသည်။ ထိုအကြွေးပမာဏမှာ ဧပြီလအတွက် ကုန်ကျမည့် ၁.၃ ဘီလံအား ထည့်တွက်ထားခြင်းမရှိဘဲ၊ အကြွေးမှာ ထပ်မံမြင့်တက်ရန်ရှိနေသည်။

    ထိုအကြွေးမဆပ်နိုင်ခြင်းက ယူကရိန်းတွင်ရှိနေသည့် မြေအောက်ဓာတ်ငွေ့သိုလှောင်ရုံသို့ ဓာတ်ငွေ့များ လုံလောက်အောင် ထည့်မပေးသည့်အခြေအနေအထိ ဦးတည်သွားနိုင်ပြီး ဥရောပအရှေ့တောင်ပိုင်း ဒေသများ ဓာတ်ငွေ့ပြတ်လတ်မှုနှင့် ကြုံ့တွေ့ရနိုင်သည်ဟု နိုဗက်က ထည့်သွင်း ပြောကြားခဲ့သည်။

    ယူကရိန်းနိုင်ငံအတွင်းလိုအပ်နေသည့် ဓာတ်ငွေ့ပမာဏ ထက်ဝက်ခန့်နှင့် ဥရောပတိုက်၏ ဓာတ်ငွေ့လိုအပ်ချက် ၃၀ ရာခိုင်နှုန်းကို ယူကရိန်းပိုင်နက်အတွင်းရှိ ဓာတ်ငွေ့ပိုက်လိုင်းမှ တစ်ဆင့် ရုရှားက ဖြည့်ဆည်းပေးနေရသည်။

    ရုရှား ဂက်စ်ကုမ္ပဏီ Gazprom မှာ ဥရောပအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဘူလ်ဂေးရီးယား၊ ခရိုအေးရှား၊ ဂရိ၊ ဟန်ဂေရီနှင့် ဆာဘီးယားနိုင်ငံတို့အား ပင်လယ်နက်မှဖြတ်၍ ဓာတ်ငွေ့ပို့လွှတ်ရန်အတွက် ကန်ဒေါ်လာ ၄၅ ဘီလီယံတန် ပိုက်လိုင်းတစ်ခုကို ဆောင်လုပ်ရန် စီစဉ်နေသည်။

    အဆိုပါ တောက်ဘက်ပိုက်လိုင်းမှာ ၂၀၁၅ ခုနှစ်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး ဂက်စ်ပမာဏ ၆၄ ဘီလီယံ ကျုဗစ်မီတာ ပို့လွှတ်နိုင်မည်ဖြစ်ဖြစ်သည်။ ထိုပမာဏမှာ ဥရာပ၏ ဓာတ်ငွေ့လိုအပ်ချက် ၁၅ ရာခိုင်နှုန်းဖြစ်သည်။

    Press TV

  • အင်တာနက်ကွန်ရက်မှာ စီအိုင်အေ၏ အထူးပရောဂျက်ဖြစ်ပြီး ရုရှနိုင်ငံသားများ Google မသုံးရန် ပူတင်ပြော

    ဧပြိ ၂၅၊ ၂၀၁၄
    M-Media

    – ရုရှားသမ္မတ ဗလာဒီမာပူတင်က အင်တာနက် ကွန်ရက်ကြီးမှာ စီအိုင်အေ၏ ပရောဂျက်ဖြစ်ပြီး ရုရှားနိုင်ငံသားများအနေဖြင့် Google အသုံးပြု၍ ရှာဖွေမှုများ မပြုလုပ်ရန် သတိပေးခဲ့သည်။

    201442571418681580_20

    ယမန်နေ့က လူငယ်ဂျာနယ်လစ်များနှင့် တွေ့ဆုံသည့် ရုပ်မြင်သံကြား အစီအစဉ်တွင် ပူတင်က ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး အင်တာနက်ဆိုသည်မှာ အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ CIA ၏ အထူးပရောဂျက်တစ်ခုဖြစ်သည်ဟု မှတ်ချက်ပေးခဲ့သည်။

    Google နှင့် ပတ်သက်ပြီး မေးမြန်းရာတွင် ပူတင်က အဆိုပါကုမ္ပဏီ၏ အချက်အလက်သွားရာ လမ်းကြောင်းမှာ အမေရိကန်အစိုးရ ပိုင်ဆိုင်သည့် ဆာဗာထဲသို့ ဖြတ်ရပြီး ထိုနေရာတွင် အားလုံးကိုစောင့်ကြည့်နေသည်ဟု ဖြေကြားခဲ့ကြောင်း AFP သတင်းဌာနက ဖော်ပြခဲ့သည်။

    ရုရှား၏ အကြီးဆုံး အင်တာနက် ရှာဖွေရေးအင်ဂျင်တစ်ခုဖြစ်သည့် Yandex အကြောင်း ပြောကြားရာတွင်လည်း ပူတင်က ၎င်းကိုပိုင်ဆိုင်သော သူမှာ နိုင်ငံခြာသားဖြစ်သည့်အတွက် စိုးရိမ်မိကြောင်း ဖွင့်ဟခဲ့သည်။

    တီဗီအစီအစဉ်များတွင် ပါဝင်ခွင့်နည်းသော အတိုက်အခံများမှာ အင်တာနက်အသုံးပြုကာ ၎င်းတို့၏အမြင်များအား ဖြန့်ဝေနေခြင်းကြောင့် အင်တာနက်ထိန်းချုပ်မှုအား ပိုမိုပြုလုပ်ရန် ပူတင်အစိုးရက အလွန်အမင်း ဆန္ဒရှိနေသည်။ ထို့ကြောင့် ဆိုရှယ်မီဒီယာဝဘ်ဆိုဒ်များအား ရုရှားဆာဗာများတွင် သိမ်းထားပြီး အသုံးပြုသူ၏ အချက်အလက်များကို ၆ လ သိမ်းထားနိုင်မည့် ဥပဒေသစ်တစ်ခုကို ယခုသီတင်းပတ် အစောပိုင်းတွင် အတည်ပြုခဲ့သည်။

    ထို့ပြင် အမည်ပျက်ရှိသော ၀ဘ်ဆိုက်များကို တရားရုံးအမိန့်မလိုဘဲ အစိုးရက တိုက်ရိုက်ပိတ်နိုင်သည် ဥပဒေလည်းရှိနေသည်။ ပူတင်မှာ အင်တာနက်ကွန်ရက်နှင့် ပတ်သက်ပြီး မကြာခဏ ဝေဖန်ပြောကြားလေ့ရှိသည်။

  • ယူကရိန်း မတည်ငြိမ်မှု ရုရှားမှ အေးဂျင့်များလွှတ်ကာ ဆောင်ရွက်နေသည်ဟု အမေရိကန်စွပ်စွဲ

    ဧပြီ ၉ ၊ ၂၀၁၄
    M-Media

    – ယူကရိန်းနိုင်ငံ မတည်မငြိမ်ဖြစ်ရန် နိုင်ငံအရှေ့ပိုင်းပြည်နယ်ရှိ မြို့များသို့ ရုရှားမှ အေးဂျင့်များလွှတ်ကာ ဆောင်ရွက်နေကာ ခရိုင်းမီးယားကဲ့သို့ ဖန်တီးနေခြင်းဖြစ်သည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောကြားခဲ့သည်။

    20144816311411580_20

    အမေရိကန်ကွန်ဂရက်တွင် ယမန်နေ့က ပြောကြားခဲ့ခြင်းဖြစ်ပြီး ယူကရိန်းနိုင်ငံအရှေ့ပိုင်း Donetsk၊ Kharkiv နှင့် Luhansk မြို့များတွင် စစ်ရေးအရ ၀င်ရောက် သိမ်းပိုက်ရန် မူမမှန်သော အကြောင်းပြချက်ဖြင့် မတည်ငြိမ်မှုများဖြစ်အောင် ဖန်တီးနေသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    “လွန်ခဲ့တဲ့ ၄၈ နာရီအတွင်း ကျွန်တော်တို့တွေ့သမျှ အရာ အားလုံးကတော့ ရုရှားက ရန်စသူတွေ၊ အေးဂျင့်တွေဟာ ယူကရိန်းအရှေ့ပိုင်းမှာ ၀င်ရောက် လှုပ်ရှားနေတာပါ။ ပြီးတော့ သူတို့ဟာ အဲဒီဒေသတွေမှာ ဆူပူမှုတွေဖြစ်အောင် လုပ်ဖို့ ပို့ခြင်းခံထားရတယ်လို့ ကျွန်တော်တို့ကို ပြောပါတယ်” ဟု ကယ်ရီကဆိုပြီး၊ လာမည့် သီတင်းပတ်တွင် ထိုကိစ္စအတွက် ရုရှား နိုင်ငံခြားရေး ၀န်ကြီး ဆာဂျီလာဗရော့ဗ်နှင့် တွေ့ဆုံရန်ရှိသည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    ကယ်ရီ၏ အဆိုပါမှတ်ချက် ထွက်ပေါ်လာခဲ့ပြီးနောက် ယူကရိန်းလုံခြုံရေးဌာန SBU က ရုရှား လိုလားသူများမှာ ၎င်းတို့ သိမ်းပိုက်ထားသည့် အစိုးရအဆောက်အအုံများတွင် ဗုံးများထောင်ထားပြီး လူ ၆၀ ကိုလည်း ဓားစာခံ အဖြစ် ဖမ်းဆီးထားသည်ဟု ကြေညာခဲ့သည်။ သို့သော်လည်း Luhansk မြို့ရှိ ရုရှားထောက်ခံသူများက ထိုထုတ်ပြန်ချက်အား ငြင်းဆန်ခဲ့သည်။

    Ref: Reuters