News @ M-Media

Tag: SaudiArabia

  • ကအ်ဘာ Kiswah ကို ကမ္ဘာ့ထိပ်တန်း ချည်မျှင်တစ်မျိုးဖြင့် ရက်လုပ်မည်

    ကအ်ဘာ Kiswah ကို ကမ္ဘာ့ထိပ်တန်း ချည်မျှင်တစ်မျိုးဖြင့် ရက်လုပ်မည်

    အောက်တိုဘာ ၂၁၊ ၂၀၁၇
    M-Media

    – မက္ကာဟ်မြို့ မတ်စ်ဂျစ်ဒ်ဟရမ် ဗလီရှိ ကအ်ဘာကျောင်းတော်ကို လွှမ်းခြုံထားသော ခြုံလွှာ(Kiswah) အား အပူဒဏ်နှင့် အလေးချိန် ပိုမိုခံနိုင်ရန်အတွက် ချည်မျှင်တစ်မျိုးဖြင့် ရက်လုပ်ထားသော ပိတ်စကို အစားထိုးရန် Umm al-Qura တက္ကသိုလ်မှ ကျွမ်းကျင်သူအဖွဲ့တစ်ခုက လေ့လာနေသည်ဟု သိရသည်။

    စုတ်ပြဲခြင်းနှင့် ပြန့်ကားသွားခြင်းကို ကာကွယ်ရေးနှင့် ကြီးမားသော အလေးချိန်များကို ခံနိုင်ရေးအတွက် ပိုးချည်များကို အထောက်အကူဖြစ်စေရန် စွမ်းဆောင်ရည်မြင့် Kevlar အမျှင်များကို ထည့်သွင်းကာ အလိုအလျောက် ရက်လုပ်စက်ဖြင့် ရက်လုပ်သွားမည်ဟု ကအ်ဘာကျောင်းတော် ခြုံလွှာဆိုင်ရာ တာဝန်ရှိသူ မိုဟာမက်
    ဘာဂျူဒါက ပြောကြားခဲ့သည်။

    နာနိုနည်းပညာသုံးမည်

    ထုတ်လုပ်မှုပထမအဆင့် ဆေးဆိုးသည့်နေရာတွင် အသုံးပြုသည့် နာနိုနည်းပညာဖြင့် အဆိုပါခြုံလွှာကို တောင့်တင်းအောင်း ပြုလုပ်သွားရန် ရှိနေသည်။

    ပိုးချည်များကို ခိုင်မာစေရန်၊ ရာသီဥတုဒဏ် ခံစေရန်အတွက် အလိုအလျောက်ရက်လုပ်သည့် လုပ်ငန်းစဉ်တွင် အသုံးမပြုမီ နာနိုနည်းပညာဖြင့် ခိုင်မာအောင် ပြုလုပ်မည်ဟုလည်း ဘာဂျူဒါက ဆိုသည်။

    Kevlar ဆိုသည်မှာ ကျုံ့နိုင်ဆန့်နိုင်ကာ ခိုင်မာမှုအရည်အသွေး အလွန်ကောင်းသည့် ချည်မျှင်မျိုး ဖြစ်သည်။ ၎င်းကို ကျည်ကာဝတ်စုံများတွင် အသုံးပြုပြီး၊ မီးလောင်မှုနှင့် စုတ်ပြဲမှုဒဏ်ကိုလည်း ခံနိုင်သည်။

    Kevlar အမျှင်ကို ကားနှင့် လေယာဉ်ပျံများ ထုတ်လုပ်ရာတွင်လည်း အသုံးပြုသည်။

    Ref : Alarabiya

  • ရင်သားကင်ဆာအကြောင်းအသိပညာပေးရေး ဆော်ဒီက သမိုင်းဝင်နေရာတစ်ခုကို ပန်းရောင်မီးထွန်း

    ရင်သားကင်ဆာအကြောင်းအသိပညာပေးရေး ဆော်ဒီက သမိုင်းဝင်နေရာတစ်ခုကို ပန်းရောင်မီးထွန်း

    အောက်တိုဘာ ၁၀၊ ၂၀၁၇
    M-Media

    – ရင်သားကင်ဆာရောဂါအကြောင်း အသိပေးလှုံ့ဆော်မှုကာလကို အားပေးထောက်ခံသည့်အနေဖြင့် ဆော်ဒီအာရေဗျနိုင်ငံ အလ်မဒီနာပြည်နယ် မာဒါအင် ဆွာလေ ရှေးဟောင်းသမိုင်းဝင် နေရာတစ်ခုအား ပန်းရောင်မီးအလှ ထွန်းညှိခဲ့ကြောင်း သိရသည်။

    ရင်သားကင်ဆာအန္တရာယ်ကို စောစီးစွာ သတိထားမိကာ ကုသနိုင်စေရန် ရည်ရွယ်၍ “သင်၏တိုက်ပွဲများကို ပြီးဆုံးအောင်တိုက်ပါ” ဟူသော ခေါင်းစဉ်ဖြင့် မာဒါအင်သမိုင်းဝင်နေရာ တည်ရှိရာ အလ်အူလာခရိုင်အတွင်းရှိ ကျန်းမာရေးဌာနများတွင် အခမ်းအနားအမျိုးမျိုးကိုလည်း ကျင်းပခဲ့ကြသည်။

    ယင်းလှုပ်ရှားမှုသည် ရင်သားကင်ဆာအန္တရာယ်ကို သတိပြုရန်နှင့် ကြိုတင်ကာကွယ်ထားရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သည်။

    နိုင်ငံတကာ လေ့လာတွေ့ရှိချက်များအရ အမျိုးသမီး ရှစ်ဦးအနက် တစ်ဦးမှာ ရင်သားကင်ဆာရောဂါကို ခံစားနေရပြီး ၎င်းဝေဒနာ၏ ၉၅ ရာခိုင်နှုန်းမှာ စောစီးစွာ တွေ့ရှိပါက ပျောက်ကင်းအောင် ကုသနိုင်သည်။

    Ref : Alarabiya

  • ဆော်ဒီဘုရင့်နန်းတော်ကို သေနတ်သမားတစ်ဦးက ၀င်ရောက်ပစ်ခတ်

    ဆော်ဒီဘုရင့်နန်းတော်ကို သေနတ်သမားတစ်ဦးက ၀င်ရောက်ပစ်ခတ်

    အောက်တိုဘာ ၈၊ ၂၀၁၇
    M-Media

    – ဆော်ဒီအာရေဗျနိုင်ငံ ဂျစ်ဒါမြို့ရှိ ဘုရင့်နန်းတော်ကို သေနတ်သမားတစ်ဦးက ကားဖြင့် တစ်ရကြမ်းမောင်းဝင်ကာ သေနတ်ဖြင့်ပစ်ခတ်မှုတစ်ခု ယမန်နေ့တွင် ဖြစ်ပွားခဲ့ပြီး အစောင့် ၂ ဦးသေဆုံးက ၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    ဆော်ဒီ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်မှုတွင် တိုက်ခိုက်မှုသူမှာ အသက် ၂၈ နှစ်အရွယ် ဆော်ဒီနိုင်ငံသား မန်ဆူရလ် အလ်-အမ်ရီဆိုသူဖြစ်ပြီး ကာလက်ရှ်နီကော့ဗ်ရိုင်ဖယ်တစ်လက်နှင့် မီးလောင်ဗုံး ၃ လုံး ကိုင်ဆောင်လာသည်ဟု ဆိုသည်။

    အမ်ရီမှာ ကားကို အလ်-ဆလာမ် နန်းတော်၏ အနောက်ဖက် ဂိတ်ပေါက်ဝသို့ ဦးတည်မောင်းနှင်လာကာ စတင်ပစ်ခတ်ခဲ့ပြီး တော်ဝင်အစောင့်တပ်ဖွဲ့က နောက်ပိုင်းတွင် သေနတ်သမားကို အသေပစ်သတ်ခဲ့သည်။

    အဆိုပါ နန်းတော်မှာ နွေရာသီလာများတွင် တော်ဝင်မိသားစု စီးပွားရေးလုပ်ဆောင်ရာ နေရာဖြစ်ပြီး ဆော်ဒီဘုရင် ဆလ်မန်မှာ လက်ရှိတွင် နိုင်ငံအတွင်းမရှိဘဲ ရုရှားသို့ သွားရောက်နေသည်။

    အမ်ရီမှာ ရာဇ၀တ်မှုမှတ်တမ်းမရှိဘဲ၊ လက်နက်ကိုင်အဖွဲ့များနှင့် ဆက်သွယ်သည့် အထောက်အထားများလည်း မရှိကြောင်း၊ လက်ရှိတွင် တိုက်ခိုက်မှုနောက်ကွယ်က အကြောင်းအရင်းကို စုံစမ်းစစ်ဆေးမှု ပြုလုပ်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မန်ဆူရ် အလ်-တာရ်ကီက ပြောကြားခဲ့သည်။

    Ref: Aljazeera s

  • ‘ရုရှား-အစ္စလာမ်ကမ္ဘာ’ မဟာဗျူဟာအဖွဲ့ ဆော်ဒီတွင် အစည်းအဝေးလုပ်မည်

    ‘ရုရှား-အစ္စလာမ်ကမ္ဘာ’ မဟာဗျူဟာအဖွဲ့ ဆော်ဒီတွင် အစည်းအဝေးလုပ်မည်

    အောက်တိုဘာ ၇၊ ၂၀၁၇
    M-Media

    – ‘ရုရှား-အစ္စလာမ်ကမ္ဘာ’ မဟာဗျူဟာအဖွဲ့က ဆော်ဒီအာရေဗျနိုင်ငံတွင် တွေ့ဆုံပွဲပြုလုပ်ရန် ပန်ကြားမှုကို ရုရှားနိုင်ငံသို့ ရောက်ရှိနေသည့် ဆော်ဒီဘုရင် ဆလ်မန်က သဘောတူခဲ့သည်ဟု သိရသည်။

    ဘုရင်ဆလ်မန်နှင့် တာတာစတန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ သမ္မတဖြစ်သူ ရူစတန် မီနီခါနော့ဗ်တို့ မော်စကိုတွင် ယမန်နေ့တွေ့ဆုံစဉ် ထိုကဲ့သို့ သဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်သည်။

    ရုရှားသမ္မတ ပူတင်၏ လမ်းညွှန်မှုအောက်တွင် ရှိနေသည့် ‘ရုရှား-အစ္စလာမ်ကမ္ဘာ’ မဟာဗျူဟာအဖွဲ့တွင် မီနီခါနော့ဗ်မှာ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေပြီး၊ အဆိုပါအဖွဲ့၏ လှုပ်ရှားမှုများ လက်ရှိ ဆောင်ရွက်နေသည့် ကိစ္စများကို ဘုရင်ဆလ်မန်နှင့် တွေ့ဆုံစဉ် အကျဉ်းချုံး ပြောကြားခဲ့သည်ဟု တာတာစတန် သမ္မတရုံးမှ ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြခဲ့သည်။

    ‘ရုရှား-အစ္စလာမ်ကမ္ဘာ’ အဖွဲ့ကို ရုရှားက အိုအိုင်စီအဖွဲ့တွင် စောင့်ကြည်သူအဖြစ် ၀င်ရောက်သည့် ၂၀၀၆ ခုနှစ်တွင် ထိုစဉ်က ရုရှားဝန်ကြီးချုပ် အီ အမ် ပရီမာကော့ဗ်နှင့် တာတာစတန်သမ္မတ အမ်-အက်စ် ရှိုင်မီဗ်တို့ ဦးဆောင်ကာ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

    Ref: Alarabiay

  • ရုရှားထံမှ ဒုံးခွင်းစနစ်များကို ဆော်ဒီဝယ်ယူမည်

    ရုရှားထံမှ ဒုံးခွင်းစနစ်များကို ဆော်ဒီဝယ်ယူမည်

    အောက်တိုဘာ ၇၊ ၂၀၁၇
    M-Media

    ရုရှားထုတ် S-400 ဒုံးခွင်းစနစ်

    – ဆော်ဒီဘုရင် ဆလ်မန်၏ မော်စကိုခရီးစဉ်၌ ရုရှားထံမှ S-400 ဒုံးခွင်းစနစ် ၀ယ်ယူရန် ပဏာမသဘောတူညီမှုများ ရရှိခဲ့သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

    နန်းစံသည့်ကာလအတွင်း ရုရှားနိုင်ငံသို့ ပထမဆုံးလာရောက်သည့် ဆော်ဒီဘုရင် ဆလ်မန်ကို ကရင်မလင်နန်းတော်တွင် သမ္မတပူတင်က ဧည့်ခံစကားပြောခဲ့သည့် ကြာသာပတေးနေ့တွင် ယခုသဘောတူညီချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

    S-400 ဒုံးခွင်းစနစ်နှင့်အတူ Kornet တင့်ဖျက် ပဲ့ထိန်းဒုံးကျည်မျာ၊ ဒုံးပစ်လောင်ချာများ ၀ယ်ယူရန်လည်း ဆော်ဒီက သဘောတူညီချက် ရယူခဲ့သည်။

    အဆိုပါ သဘောတူညီချက်များက ဆော်ဒီစစ်တပ်၏ တိုးတက်မှုအတွက် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ဖွယ် ရှိနေသည်။

    ဘုရင်ဆလ်မန်ဦးဆောင်သည့် ဆော်ဒီကိုယ်စားလှယ်အဖွဲ့မှာ ဒေါ်လာဘီလီယံနှင့်ချီသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်များကိုလည်း ရုရှားနှင့် ချုပ်ဆိုခဲ့သည်။ ဆော်ဒီ၏ အဆိုပါ ရင်းနှီးမြှုပ်နှံမှုများက ရေနံဈေးကျမှု၊ အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများကြောင့် ကျဆင်းနေသည့် ရုရှားစီးပွားရအတွက် အထောက်အကူ ဖြစ်စေမည်ဖြစ်သည်။

    Ref : Aljazeera