News @ M-Media

Tag: SerieA

  • အင်တာမီလန်မှာ အဆင့် ၃ ဖြင့် ရာသီသိမ်းမည်ဟု တိုက်စစ်မှူး ပိုဒေါစကီး ဟောကိန်းထုတ်

    အင်တာမီလန်မှာ အဆင့် ၃ ဖြင့် ရာသီသိမ်းမည်ဟု တိုက်စစ်မှူး ပိုဒေါစကီး ဟောကိန်းထုတ်

    ဇန်န၀ါရီ ၂၄၊ ၂၀၁၅
    M-Media

    pdsk

    – အင်တာမီလန်အနေဖြင့် ယခုနှစ်ရာသီတွင် အဆင့် ၃ ဖြင့် ရာသီသိမ်းနိုင်မည်ဟု အင်တာတိုက်စစ်မှူးသစ် ပိုဒေါစကီးက ဟောကိန်းထုတ်ခဲ့သည်။

    ၂၀၁၀ ခုနှစ် မော်ရင်ဟိုလက်ထက်တွင် ချန်ပီယံလိဂ်ဖလားအား ဆွတ်ခူးနိုင်ခဲ့သည့် အင်တာမီလန်မှာ နောက်ပိုင်းတွင် ဥရောပပြိုင်ပွဲ၌ ရုန်းကန်ခဲ့ရပြီး ပြီးခဲ့သည့်နှစ်ကလည်း အဆင့် ၅ ဖြင့် ရာသီသိမ်းခဲ့သည်။

    ယခုနှစ်တွင်လည်း အင်တာမီလန်မှာ ရုန်းကန်ခဲ့ရပြီး မန်စီနီရောက်ရှိလာပြီးနောက် ခြေပြန်မှန်လာခဲ့သည်။ အာဆင်နယ်မှ ၆ လအငှားဖြင့် ရောက်လာသည့် ပိုဒေါစကီးက အင်တာမီလန်အသင်းအနေဖြင့် ယခုနှစ်ရာသီတွင် အဆင့် ၃ ဖြင့် ရာသီသိမ်းမည်ဟု ဟောကိန်းထုတ်ခဲ့ပြီး ထိုအတွက်လည်း လောင်းရဲသည်ဟု ပြောကြားခဲ့သည်။

    `အင်တာမီလန် အဆင့် ၃ နဲ့ ရာသီသိမ်းမယ်ဆိုတာကို ကျွန်တော့်ရှိသမျှအရာအားလုံးနဲ့ လောင်းကြေးထပ်ပါတယ်။ ဒီကိုပြောင်းဖို့ ကျွန်တော်ဆုံးဖြတ်ကတည်းက နည်းနည်း အခက်အခဲရှိမယ်ဆိုတာ ကျွန်တော်သိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ တိုးတက်မှုတွေ ရနေပါတယ်´ ဟု ပိုဒေါစကီးက La Stampa သတင်းစာသို့ ပြောကြားခဲ့သည်။

    အာဆင်နယ်တွင် အရန်ခုံ၌သာ အချိန်ကုန်ခဲ့ရသည့် ပိုဒေါစကီးမှာ မန်စီနီကိုင်တွယ်သည့် အင်တာမီလန်သို့ ရောက်ရှိပြီးနောက် ပွဲထွက်စားသမားအဖြစ် ပါဝင်ခွင့်ရခဲ့သည်။

    `စီးရီးအေဟာ သိပ်ထူးခြားတယ်ဆိုတာ ကျွန်တော်တွေ့ခဲ့ရပါတယ်။ နှစ်ခုကို ပြောရရင် နည်းစနစ်ပိုင်းနဲ့ ခံစစ်ပိုင်းပါပဲ´ ဟု ဆိုပြီး ပရီးမီးယားလိဂ်မှာ ပို၍ သက်ဝင်လှုပ်ရှားမှုရှိကာ ပရီးမီးယားလိဂ်အသင်းများမှာလည်း နောက်ဆုံးအချိန်ထိ တိုက်ပွဲဝင်စိတ်ရှိကြောင်း ပိုဒေါစကီးက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: goal.com

  • မိမိရာထူးအတွက် စိုးရိမ်မှုမရှိဟု အေစီမီလန်နည်းပြ အင်ဇာဂီဆို

    မိမိရာထူးအတွက် စိုးရိမ်မှုမရှိဟု အေစီမီလန်နည်းပြ အင်ဇာဂီဆို

    ဇန်န၀ါရီ ၂၄၊ ၂၀၁၅

    M-Media

    izg

    – တစ်ချိန်က စီးရီးအေဘုရင်ဖြစ်ခဲ့သည့် အသင်း၏ လက်ရှိအခြေအနေမှာ ဆိုးရွားနေပြီး ရုန်းကန်နေရသော်လည်း မိမိမှာ ထုတ်ပယ်ခြင်းခံရနိုင်သည့် အလားအလာ ရှိမနေဟု အေစီမီလန်နည်းပြ ဖိလစ်ပို အင်ဇာဂီက ပြောကြားလိုက်သည်။

    အသင်းဖော်ဟောင်း ဆီးဒေါ့ဖ်၏နေရာကို ဆက်ခံခဲ့သည့် အင်ဇာဂီမှာ ယခုနှစ်တွင် အသင်းအား တိုးတက်အောင် ဆောင်ရွက်နိုင်ခြင်း မရှိသေးဘဲ နောက်ဆုံးကစားခဲ့သည့် စီးရီးအေပွဲ ၄ ပွဲတွင် နိုင်ပွဲပျောက်ခဲ့ကာ အသင်းမှာလည်း အဆင့် ၈ နေရာ ရောက်ရှိနေသည်။ ထို့ပြင် ချန်ပီယံလိဂ် ၀င်ခွင့်ရနိုင်သည့် အဆင့် ၄ နေရာနှင့်ပင် ၇ မှတ် ကွာဟနေသည်။

    ထို့ကြောင့် အေစီမီလန်အသင်းမှာ ယခင် ရိုးမားနည်းပြဟောင်း လူစီယာနို စပယ်လက်တီကို ဆက်သွယ်နေပြီး စနေနေ့ကစားမည့် လာဇီယိုနှင့်ပွဲတွင် ရှုံးနိမ့်ခဲ့ပါက ထိုပွဲမှာ အင်ဇာဂီ၏ နောက်ဆုံးပွဲဖြစ်မည်ဟု အီတလီ မီဒီယာများကဖော်ပြခဲ့ကြသည်။

    သို့သော်လည်း အင်ဇာဂီကမူ ထိုဖော်ပြမှုအား ငြင်းဆိုခဲ့ကာ ခေတ်သစ်ဘောလုံးလောကတွင် အေစီမီလန်ကဲ့သို့ အသင်းကို ကိုင်တွယ်ပါက ဖိအားရှိလိမ့်ဖြစ်ပြီး မိမိက မစိုးရိမ်ကြောင်း ပြောကြားခဲ့သည်။

    `အသင်းဥက္ကဌ ဆီလ်ဗီယို ဘာလူစကိုနီက ကျွန်တော့်ကို တစ်နေ့ ၂ ကြိမ်လောက် ဖုန်းခေါ်ပါတယ်။ သူနဲ့ဆက်ဆံရေးကို ကျွန်တော်ဂရုစိုက်ပြီး၊ အသင်းရဲ့ လတ်တလော အခြေအနေကိုလည်း ကျွန်တော် ဂရုစိုက်ပါတယ်´ ဟု အင်ဇာဂီက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့အနေဖြင့် အခြေအနေဆိုးကို ကျော်လွှားနိုင်မည်ဖြစ်ကြောင်း၊ ၂၅ နှစ်ခန့် အတွေ့အကြုံရှိသော နည်းပြတစ်ဦးပင် အမှားများကို ပြုလုပ်နိုင်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    `ဝေဖန်မှုတွေက ကျွန်တော့်ကို သန်မာစေပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီ နှစ် ၂၀ အတွင်းမှာ ကျွန်တော်ဟာ ဝေဖန်မှုတွေ အမြဲတမ်းမရခဲ့ပါဘူး။ လေ့ကျင့်ရေးကွင်းက ကျွန်တော့်ကစားသမားတွေရဲ့ နိုင်ချင်ဇောကို အခြေခံပြီး အကောင်းဆုံး ဆောင်ရွက်သွားပါမယ်။ ကျွန်တော်ကတော့ တည်တည်ငြိမ်ငြိမ်ပါပဲ´

    Ref: goal.com

  • အေစီမီလန်နှင့် ပထမဆုံးရခဲ့သည့် ချန်ပီယံလိဂ်သာ အမှတ်တရဖြစ်ကြောင်း အန်ဆယ်လော့တီဆို

    အေစီမီလန်နှင့် ပထမဆုံးရခဲ့သည့် ချန်ပီယံလိဂ်သာ အမှတ်တရဖြစ်ကြောင်း အန်ဆယ်လော့တီဆို

    ဇန်န၀ါရီ ၂၀၊ ၂၀၁၅
    M-Media

    alt

    – ပြီးခဲ့သည့်နှစ်က ရရှိခဲ့သည့် ရီးယဲလ်၏ ၁၀ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားထက် အေစီမီလန်နှင့်အတူ ပထမဆုံးရရှိခဲ့သည့် ချန်ပီယံလိဂ်ဖလားကသာ မိမိ၏ နည်းပြဘ၀အတွက် အမှတ်တရဖြစ်စေသည်ဟု ရီးယဲလ်နည်းပြ အန်ဆယ်လော့တီက ပြောကြား လိုက်သည်။

    အသက် ၅၅ နှစ်အရွယ် ရှိပြီဖြစ်သည့် အန်ဆယ်လော့တီမှာ နည်းပြဘ၀ ၎င်း၏ တတိယအကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို ပြီးခဲ့သည့်ရာသီက ရီးယဲလ်နှင့်အတူ ရရှိခဲ့သည်။ အဆိုပါ ချန်ပီယံလိဂ်မှာ ရီးယဲလ်၏ ၁၀ ကြိမ်မြောက်ချန်ပီယံလိဂ် ဖလားလည်းဖြစ်ပြီး နှစ်ပေါင်းများစွာကြာပြီးမှ ရရှိခဲ့ခြင်းဖြစ်သည်။

    သို့သော်လည်း အီတလီဘောလုံးအကျော်အမော်များစာရင်း (Hall of Fame) တွင် ထည့်သွင်းခံရသည့် အန်ဆယ်လော့တီမှာ ဂုဏ်ပြုပွဲတွင် ၂၀၀၃ ခုနှစ်က အိုးထရက်ဖို့ဒ်၌ ပြည်တွင်းပြိုင်ဘက် ဂျူဗင်တပ်စ်အသင်းအား ပင်နယ်တီဖြင့်အနိုင်ကစားပြီး
    အေစီမီလန်အသင်းနှင့်အတူ ရရှိခဲ့သည့် ချန်ပီယံလိဂ်ဖလားက နည်းပြဘ၀မှ အနားယူသွားသည်အထိ မိမိအတွက် အမှတ်တရဖြစ်နေမည်ဟု ပြောကြားခဲ့သည်။

    `ကျွန်တော့်ရဲ့ သက်တမ်းတစ်လျှောက်မှာ ကစားသမားဘ၀မှာရာ၊ နည်းပြဘ၀မှာပါ ကံကောင်းခဲ့ပါတယ်။ ကျွန်တော်ဟာ ဆာချီကိုင်တွယ်တဲ့ မီလန်အသင်းမှာ ကစားခဲ့ရတယ်။ ပြီးတော့ ဒီအသင်းမှာပဲ နည်းပြအဖြစ် ဆောင်ရွက်ရပြီး ကျွန်တော့်အတွက် ကံကောင်းခဲ့ပါတယ်။ (အမှတ်တရဖြစ်တဲ့) ဆုဖလားတစ်ခုကို ထုတ်ပြရရင်တော့ မန်ချက်စတာမှာ ဂျူဗင်တပ်စ်ကို အနိုင်ရပြီး မီလန်နဲ့အတူရခဲ့တဲ့ ချန်ပီယံလိဂ်ဖလားကို ထုတ်ပြချင်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဒါဟာ (နည်းပြအဖြစ်) ကျွန်တော့်ရဲ့ ပထမဆုံး ချန်ပီယံလိဂ်ဖလား မို့လို့ပါပဲ´ ဟု အန်ဆယ်လော့တီက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် အန်ဆယ်လော့တီက အင်္ဂလန်လိဂ်မှာ မြန်နှုန်းမြင့်လိဂ်ပြိုင်ပွဲ တစ်ခုဖြစ်ပြီး ပရိတ်သတ်များကလည်း လေးစားမှုရှိကြောင်း၊ ပြင်သစ်လိဂ်မှာ tempo မြင့်ပြီး ပြိုင်ဆိုင်မှုများသည့် လိဂ်ဖြစ်ကြောင်း၊ စပိန်လိဂ်မှာ ဘောလုံးချစ်သူများ လိဂ်ဖြစ်ကာ အီတလီလိဂ်မှာ ခံစစ်နှင့် နည်းစနစ်ပိုင်းအားပြုသည့် လိဂ်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: goal.com

  • မီလန်သို့ရောက်ရှိလာသည့် ပိုဒေါစကီးအား အင်တာ ပရိတ်သတ်များ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့

    မီလန်သို့ရောက်ရှိလာသည့် ပိုဒေါစကီးအား အင်တာ ပရိတ်သတ်များ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့

    ဇန်န၀ါရီ ၃၊ ၂၀၁၅
    M-Media
    10494524_821553887887083_2283268430121297707_n
    – အာဆင်နယ်အသင်းမှ ရာသီကုန်အငှားစာချုပ်ဖြင့် ကစားရန် လာရောက်သည့် ဂျာမနီတိုက်စစ်မှူး ပိုဒေါစကီးအား အင်တာမီလန် ပရိတ်သတ်များက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြသည်ဟု သိရသည်။

    အာဆင်နယ်တွင် ပုံမှန်နေရာမရသည့် ပိုဒေါစကီးမှာ မန်စီနီ ပြန်လည်ကိုင်တွယ် နေသော အင်တာမီလန်အသင်းထံသို့ ပေါင် ၁.၅ သန်းတန်ဖိုးရှိမည့် အငှားစာချုပ် အတွက် ယမန်နေ့က မီလန်ရှိ လီနာတေး လေဆိပ်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

    အင်တာမီလန်ပရိတ်သတ်များကမူ ပိုဒေါစကီးအား သောင်းသောင်းဖျဖျ ကြိုဆို ခဲ့ကြပြီး လက်မှတ်များထိုးခိုင်းခဲ့ကာ၊ ပိုဒေါစကီးနှင့် ဓာတ်ပုံများလည်း တွဲရိုက်ခဲ့ကြ သည်။ထို့ပြင် အီတလီရုပ်သံများကလည်း ပိုဒေါစကီးအား တွ့ဆုံမေးမြန်းခဲ့သည်။

    `ကျွန်တော် ဒီကိုရောက်လာတာ ပျော်ပါတယ်။ စီးရီးအေကို ကျွန်တော်နားလည်ပြီး ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပြိုင်ပွဲတစ်ခုပါပဲ။ အင်တာမီလန်ကို ချန်ပီယံလိဂ် ၀င်ခွင့် ရအောင် ကျွန်တော် ကူညီချင်ပါတယ်။ ပရိတ်သတ်တွေအတွက် ပြောဖို့ရှိလား ဆိုရင်တော့ – ကျွန်တော်ပျော်ပါတယ်။ အင်တာနဲ့အတူ ကောင်းမွန်တဲ့ ရာသီဖြစ် မယ်လို့ မျှော်လင့်ပါတယ်´ ဟု ပိုဒေါစကီးက Sky Italia သို့ ပြောကြားခဲ့သည်။

    ပိုဒေါစကီး၏ အာဆင်နယ်နှင့်စာချုပ်သက်တမ်းမှာ ယခုနှစ်ဘောလုံးရာသီကုန်လျှင် ပြည့်တော့မည်ဖြစ်ပြီး ၎င်းအနေဖြင့် အင်တာမီလန် အသင်းနှင့်သာ အမြဲတမ်း စာချုပ် ချုပ်ဆိုဖွယ်ရှိနေသည်။

    အင်တာမီလန်အသင်းမှာ စီးရီးအေတွင် ရုန်းကန်နေရပြီး ယခုလက်ရှိတွင် အဆင့် ၁၁ တွင်ရှိနေကာ ပြီးခဲ့သည့် နိုဝင်ဘာလမှစ၍ တစ်ပွဲသာ အနိုင်ရရှိထားသည်။

    Ref : dialymail

  • စီးရီးအေသို့ပြောင်းမည် ဆိုသည့် သတင်းအား အီဗရာဟီမိုဗစ် ငြင်းဆို

    စီးရီးအေသို့ပြောင်းမည် ဆိုသည့် သတင်းအား အီဗရာဟီမိုဗစ် ငြင်းဆို

    ဇန်န၀ါရီ ၁၊ ၂၀၁၅
    M-Media
    10259788_820057008036771_8863337683938561396_n
    – ယခုနှစ်နွေရာသီ အပြောင်းအရွှေ့တွင် စီးရီးအေ ကလပ် ရိုးမားသို့ ပြောင်းရွှေ့တော့မည်ဆိုသည့် သတင်းအား ပီအက်စ်ဂျီတိုက်စစ်မှူး အီဗရာဟီမိုဗစ်က ငြင်းဆိုလိုက်သည်ဟု သိရသည်။

    အီဗရာဟီမိုဗစ်မှာ ယခင်က ဂျူဗင်တပ်၊ အင်တာနှင့် အေစီမီလန်အသင်းတို့တွင် ကစားခဲ့ဖူးပြီး ယခုနှစ်ရာသီအကုန်တွင် ပီအက်စ်ဂျီမှထွက်ခွာကာ စီးရီးအေကလပ် ရိုးမားအသင်းသို့ ပြောင်းရွှေ့တော့မည်ဟု ဆွီဒင်မီဒီယာများက ဖော်ပြခဲ့ကြသည်။

    ထိုသတင်းအား အီရောဟီမိုဗစ်က ငြင်းဆိုခဲ့ပြီး ပီအက်စ်ဂျီနှင့် သက်တမ်း ကုန်မှသာ မည်ကဲ့သို့ဖြစ်လာမည်ကို ကြည့်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    `စီးရီးအေကို ကျွန်တော်ပြန်သွားမှာမဟုတ်ပါဘူး။ တစ်ယောက်ယောက်က ဒါမျိုးပြောနေပါတယ်။ ဒါမျိုးကြေညာနေပါတယ်။ ဒါပေမယ့် ဒါဟာ အမှန်တရား မဟုတ်ပါဘူး။ ကျွန်တော် ပဲရစ်မှာ အဆင်ပြေပြီး ပီအက်စ်ဂျီနဲ့ စာချုပ်ကလည်း ၁ နှစ် ကျန်ပါသေးတယ်။ နောက်မှ ဘာတွေဖြစ်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။ ဒါပေမယ့် ထပ်ပြောရရင် ကျွန်တော်ဟာ ပဲရစ်မှာပဲဖြစ်ပြီး တစ်ယောက်ယောက်က ဇာတ်လမ်းထွင်လိုက်တာပါ´ ဟု ၎င်းက ဆိုသည်။

    အသက် ၃၃ အရွယ်ရှိပြီဖြစ်သည့် အီဗရာဟီမိုဗစ်မှာ ၂၀၁၆ ခုနှစ် ပီအက်စ်ဂျီအသင်းနှင့် စာချုပ် သက်တမ်းပြည့်ပြီးနောက် ဘောလုံးလောက မှ အနားယူတော့မည်ဟု ယခင်က ဖွင့်ဟခဲ့သော်လည်း၊ နောက်ပိုင်းတွင် မိမိအနေဖြင့် ထိပ်တန်းအဆင့်တွင် မကစားနိုင်တော့မှသာ ဘောလုံးလောကမှ အနား ယူမည်ဟု ပြန်လည်ပြောကြားခဲ့သည်။

    `ဒီနေ့ ဇလာတန်(အီဗရာဟီမိုဗစ်)ဟာ အကောင်းဆုံး အီဗရာဟီမိုဗစ်ဖြစ်နေဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ရာသီတိုင်းမှာ ကျွန်တော့်ကိုယ်ကျွန်တော် တိုးတက်ဖို့ ကြိုးစားနေလို့ပါ´ ဟု အီဗရာဟီမိုဗစ်က ထပ်လောင်းပြောကြားခဲ့သည်။

    Ref : goal.com