News @ M-Media

Tag: Syria

  • IS အဖွဲ့ကို တိုက်သည့် ဆီးရီးယား စစ်တပ် ဓာတု လက်နက် အသုံးပြုသည်ဟု သတင်းများ ထွက်ပေါ်လာပြန်

    IS အဖွဲ့ကို တိုက်သည့် ဆီးရီးယား စစ်တပ် ဓာတု လက်နက် အသုံးပြုသည်ဟု သတင်းများ ထွက်ပေါ်လာပြန်

    ဒီဇင်ဘာ ၇ ၊ ၂၀၁၄
    M-Media
    383461_ISIL-chlorine-attack-Iraq
    – မကြာသေးမီ ရက်ပိုင်းအတွင်းက နိုင်ငံအတွင်းရှိ ISIL အဖွဲ့အား တိုက်ခိုက်ရာတွင် ဆီးရီးယားအစိုးရမှာ ဓာတုလက်နက်ကို အသုံးပြုခဲ့သည်ဟူသော စွပ်စွဲချက်များ ထွက်ပေါ်လာခဲ့သည်။

    နိုင်ငံအရှေ့ပိုင်း ဒီရ် အက်ဇော် စစ်ဘက်ဆိုင်ရာ လေဆိပ်အား ရရှိရန် ကြိုစားကြသည့် ISIL အဖွဲ့အား တိုက်ခိုက်မှုများအတွင်း ဆီးရီးယား အစိုးရတပ်များက ဓာတုလက်နက်ဖြစ်သည့် ကလိုရင်းဓာတ်ငွေ့အသုံးပြုခဲ့ခြင်းဖြစ်သည်ဟု ဆီးရီးယား လူ့ခွင့်အရေး စောင့်ကြည့်အဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

    အဆိုပါ လေဆိပ်နားသို့ ရောက်ရှိလာသည့် ISIL တိုက်ခိုက်ရေးသမားများမှာ အသက်ရှုရခက်သည့် ပြဿနာနှင့် ရင်ဆိုင်ခဲ့ရသည်ဟုလည်း အဆိုပါ အစီရင်ခံစာက ဆိုသည်။

    ဆီးရီးယား ပြည်တွင်းစစ်အတွင်း အာဆတ်အစိုးရမှ ဓာတုလက်နက်များ အသုံးပြုကာ တိုက်ခိုက်မှုများပြုလုပ်သည်ဟု ယခင်ကလည်း သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။

    ဆီးရီးယား နိုင်ငံပိုင် ရုပ်သံကမူ အကြမ်းဖက်သမားများမှာ ဒီရ် အက်ဇော်လေဆိပ်အနီးရှိ နေရာတော်တော်များများတွင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သော်လည်း အစိုးရတပ်က ချေမှုန်းနိုင်ခဲ့သည်ဟု ဆီးရီးယား စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦး၏ ပြောကြားမှုကို ကိုးကား၍ ထုတ်လွှင့်ဖော်ပြခဲ့သည်။

    လွန်ခဲ့သည့် ၃ နှစ် ဆီးရီးယား ပြည်တွင်းစစ် စဖြစ်ကတည်းက အာဆတ်အစိုးရ၏ ဓာတ်လက်နက်ဖြင့် တိုက်ခိုက်နိုင်သည့် အန္တရာယ်ကို ကမ္ဘာ့နိုင်ငံများက စိုးရိမ်ခဲ့ကြသည်။ ထို့ကြောင့် ဆီးရီးယားအစိုးရထံမှ ဓာတ်တုလက်နက်အများအပြားကို အနောက်နိုင်ငံများမှ ဦးဆောင်သယ်ယူကာ ဖျက်ဆီးမှုများလည်း ရှိခဲ့သည်။

    Al Jazeera and agencies
  • ရန်ပုံငွေ မရှိတော့၍ ဆီးရီးယား စစ်ပြေး ဒုက္ခသည်များအား ထောက်ပံ့မှု ရပ်ဆိုင်းတော့မည်။

    ရန်ပုံငွေ မရှိတော့၍ ဆီးရီးယား စစ်ပြေး ဒုက္ခသည်များအား ထောက်ပံ့မှု ရပ်ဆိုင်းတော့မည်။

    ဒီဇင်ဘာ ၂ ၊ ၂၀၁၄
    M-Media
    syria_3124173b
    – မိမိတို့တွင် ရန်ပုံငွေ ပြတ်လတ် သွားခြင်းကြောင့် ဆီးရီးယားဒုက္ခသည် ၁.၇ သန်းကျော်အား ရိက္ခာထောက်ပံ့နေမှုများကို ရပ်တန့် ရတော့မည်ဟု ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ် WFP က ပြောကြားလိုက်သည်။

    ယမန်နေ့က ပြောကြားလိုက်ခြင်းဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဂျော်ဒန်၊ လက်ဘနွန်၊ အီရတ်နှင့် တူရကီနိုင်ငံများရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်နေရသော ဒုက္ခသည်များအတွက် ဒီဇင်ဘာတစ်လ ရိက္ခာထောက်ပံ့ရန် အနည်းဆုံး ကန်ဒေါ်လာ ၆၄ သန်း လိုအပ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    `WFP ရဲ့ စားနိပ်ရိက္ခာထောက်ပံ့မှု ရပ်ဆိုင်းလိုက်ခြင်းဟာ ဒီဒုက္ခသည်တွေရဲ့ ကျန်းမာရေးနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးကို ထိခိုက်နိုင်ပြီး သူတို့ကိုလက်ခံထားတဲ့ နိုင်ငံတွေမှာ တင်းမာမှု၊ မတည်ငြိမ်မှုနဲ့ မလုံခြုံမှုတွေ ဖြစ်စေနိုင်ပါတယ်´ ဟု WFP ၏ အမှုဆောင်ဒါရိုက်တာ အာသာရင် ကော်စင်က အလှူငွေထည့်ဝင်ရန် နှိုးဆော်စာတွင် ပြောကြားခဲ့သည်။

    ၂၀၁၁ ခုနှစ်ကတည်းက စတင်ခဲ့သည့် ဆီးရီးယားစစ်ပွဲအတွင်း ဆီးရီးယားပြည်သူ ၃ သန်းခန့်မှာ အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးခဲ့ရသည်။

    ကုလ၏ စားနပ်ရိက္ခာထောက်ပံ့မှုအစီအစဉ်အရ ဒုက္ခသည်များမှာ ဒုက္ခသည်စခန်းများရှိရာ ဒေသအတွင်းရှိ ဈေးဆိုင်များတွင် အဓိကစားသောက်ကုန်ဖြစ်သည့် ဂျုံ၊ ဟင်းချက်ဆီနှင့် သကြားတို့ကို ဘောက်ချာများဖြင့် ထုတ်ယူနိုင်ပြီး ကိုယ်ဝန်ဆောင်များနှင့် နို့စို့ကလေးများရှိသည့် အမျိုးသမီးများအတွက်လည်း အထူးဘောက်ချာများကို ပြုလုပ်ပေးထားသည်။

    ကုလမှ လတိုင်းတွင် ဆီးရီးယားအတွင်းရှိ ဒုက္ခသည် ၄ သန်းကျော်နှင့် အိမ်နီးချင်းနိုင်ငံများရှိ ဆီးရီးယား ဒုက္ခသည် ၁ သန်းကျော်ကို စားရိက္ခာများ ထောက်ပံ့နေရသည်။

    Al Jazeera

     

  • ဆီးရီးယားအစိုးရ သဘောတူညီချက် မလိုဘဲ ပြည်သူများကို ကူညီခွင့် ဥပဒေမူကြမ်း ကုလအတည်ပြု

    ဇူလိုင် ၁၆ ၊ ၂၀၁၄
    M-Media

    The United Nations Security Council unanimously votes on a resolution authorizing humanitarian aid access into rebel-held areas of Syria, during a United Nations Security Council meeting at U.N. headquarters in New York
    – ဆီးရီးယား အစိုးရ၏ သဘောတူညီချက်မရသော်လည်း သူပုန်များ ထိန်းချုပ်ထားသည့် နယ်စပ်ဒေသများသို့ တူရကီ၊ အီရတ်နှင့် ဂျော်ဒန်တို့မှ တစ်ဆင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ခွင့် ဥပဒေမူကြမ်းကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တနင်္လာနေ့တွင် အတည်ပြုခဲ့သည်ဟု သိရသည်။

    ဆီးရီးယားအစိုးရကမူ ထိုဒေသများသို့ အကူအညီပေးပို့မှုများကို နိုင်ငံပိုင်နက်အား ကျူးကျော်ခြင်းသာဖြစ်ကြောင်း မှတ်ယူမည်ဟု သတိပေးထားသည်။ သို့သော်လည်း အစိုးရ ခွင့်ပြုချက် မရှိဘဲ အကူအညီများဝင်ရောက်ခွင့် ဥပဒေမူကြမ်းကို လူဇင်ဘတ်၊ သြစတေးလျနှင့် ဂျော်ဒန်နိုင်ငံတို့က ရေးဆွဲခဲ့ပြီးနောက် လုံခြုံရေးကောင်စီသို့ တင်သွင်းခဲ့ပြီး၊ အဖွဲ့ဝင် ၁၅ နိုင်ငံက တစ်ညီတစ်ညွတ်တည်း သဘောတူခဲ့ခြင်းဖြစ်သည်။

    “(အကူအညီပေးရေးအတွက်) ဆီရီးယားအစိုးရရဲ့ သဘောတူညီမှု လိုအပ်တော့မှာ မဟုတ်ပါဘူး” ဟု ကုလဆိုင်ရာ လူဇင်ဘတ်သံအမတ်ကြီး ဆဲလ်ဗီ လူးကတ်စ်က ပြောကြားခဲ့သည်။

    ၃ နှစ်ကျော်ကြာ ကြာမြင့်ခဲ့ပြီဖြစ်သည့် ဆီးရီးယား ပြည်တွင်းစစ်ကြောင့် အနည်းဆုံး လူပေါင်း ၁ သိန်း ၅ သောင်းအခန့် သေဆုံးခဲ့ရပြီး ပြည်သူ ၁၀.၈ သန်းမှာ အကူအညီများလိုအပ်နေကာ ၄.၇သန်းမှာ ပို့ဆောင်ရေးခက်ခဲသည့် ဒေသများတွင် ရှိနေသည်ဟု ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားသည်။

    အမေရိကန် သံအမတ် စမန်သာပါဝါကမူ သူပုန်များထိန်းချုပ်ထားသည့်ဒေသအား တိုက်ခိုက်ရာတွင် အကူအညီများ ၀င်ရောက်ခွင့်မပြုခြင်းကို  ဆီးရီးယားအစိုးရက လက်နက်အဖြစ် အသုံးချနေသည်ဟု ပြောဆိုခဲ့သည်။

    Ref: reuters

  • ဆီးရီးယား ဓာတုလက်နက်များ မြေထဲပင်လယ်တွင် အမေရိကန် စတင် ဖျက်ဆီး

    ဇူလိုင် ၈ ၊ ၂၀၁၄
    M-Media
    20147815127567734_20
    – ဆီးရီးယားနိုင်ငံမှ အမေရိကန် ကွန်တိန်နာသင်္ဘော Cape Ray ဖြင့် သယ်ဆောင်လာခဲ့သည့် ဓာတုလက်နက်များအား မြေထဲပင်လယ်တွင် စတင်ဖျက်ဆီးနေသည်ဟု အမေရိကန် ကာကွယ်ရေး ၀န်ကြီးဌာနက ပြောကြားခဲ့သည်။

    နိုင်ငံတကာရေပိုင်နက်အတွင်း ရှိနေသည့် အဆိုပါသင်္ဘောမှာ ဓာတုလက်နက်နှင့် ထိုလက်နက်အတွင်း အသုံးပြုနိုင်မည့် ကုန်ကြမ်းစုစုပေါင်း မက်ထရစ်တန် ၆၀၀ ကိုဖျက်ဆီးနေပြီး၊ ထိုပစ္စည်းများတွင် အဆိပ်ဓာတ်ငွေ့နှင့် နာ့ဗ်ကြောများကို ပျက်ဆီးစေနိုင်သည့် ဆာရင်း ဓာတ်ငွေ့လည်း ပါဝင်သည်ဟု အမေရိကန်အစိုးရက ပြောကြားခဲ့သည်။

    ဓာတုလက်နက်ဖျက်သိမ်းရေး သဘောတူညီချက် အစိတ်အပိုင်းတစ်ခုအဖြစ် အဆိုပါ ဓာတုလက်နက်များကို လွှဲပြောင်းပေးရန် သမ္မတအာဆတ်က ပြီးခဲ့သည့်နှစ်က သဘောတူခဲ့သည်။ အဆိုပါဓာတုလက်နက်များအား ဆီးရီးယားမှ သင်္ဘောဖြင့် သယ်ဆောင်လာခဲ့ပြီးနောက် ယခုလအစောပိုင်းက Cape Ray သင်္ဘောပေါ်သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

    ထိုလက်နက်များအား ဖျက်ဆီးရန် ရက်ပေါင်း ၆၀ ကြာမြင့်ဖြစ်ပြီး ဖျက်ဆီးပြီးသည့် ဓာတုပစ္စည်းများအား ဖင်လန်နှင် ဂျာမနီနိုင်ငံများသို့ ပို့ဆောင်မည်ဟု ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ ကာနယ် စတိဗ် ၀ါရန်က ပြောကြားခဲ့သည်။

    Ref: Agencies

  • ဆီးရီးယားရွေးကောက်ပွဲ လက်ရှိသမ္မတ အာဆတ် အပြတ်အသတ်အနိုင်ရရှိ

    ဇွန် ၅ ၊ ၂၀၁၄
    M-Media
    201464232750674734_20
    – ပြည်တွင်းစစ်ဖြစ်ပွားနေသည့် ဆီးရီးယားနိုင်ငံတွင်ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဘာရှာ အလ်-အာဆတ်က မဲအရေအတွက် ၈၈.၇ ရာခိုင်နှုန်းဖြင့် အပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည်ဟု သိရသည်။

    အာဆတ်၏ ပြိုင်ဘက်နှစ်ဦးဖြစ်သည့် ဟာဆန် အလ်-နူရီနှင့် မဟာ ဟာဂျာရ်တို့မှာ မဲအရေအတွက် ၄.၃ ရာခိုင်နှုန်းနှင့် ၃.၂ ရာခိုင်နှုန်းအသီးသီး ရှိခဲ့ကြသည်။ ယခုကဲ့သို့ အနိုင်ရရှိမှုကြောင့် အာဆတ်မှာ တိုင်းပြည်အား ၇ နှစ် ထပ်မံ၍ အုပ်ချုပ်ခွင့်ရရှိမည်ဖြစ်သည်။

    အဆိုပါရွေးကောက်ပွဲတွင် အတိုက်အခံဘက်မှ သမ္မတလောင်းများမပါဝင်ဘဲ အစိုးရတပ်များ ထိန်းချုပ်ထားသည့် နယ်မြေအတွင်သာပြုလုပ်ခဲ့ပြီး မဲပေးသူ အရေအတွက် ၇၃.၄၂ ရာခိုင်နှုန်းရှိသည်ဟု ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့သည်။

    သူပုန်များနှင့် အနောက်နိုင်ငံများကမူ ထိုရွေးကောက်ပွဲအား ရှုတ်ချခဲ့ပြီး သူပုန်ဘက်မှ ပြောရေးဆိုခွင့်ရှိသူ အိုမာရ် အဘူလီလာကမူ ၎င်းတို့အနေဖြင့် တော်လှန်ရေးကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။

    Ref: Al Jazeera and agencies