News @ M-Media

Tag: Syria

  • ဆီးရီးယားအရေး ရာဇ၀တ် ခုံရုံးတင်ရန် ကုလ၏ ဆုံးဖြတ်ချက်ကို တရုတ်နှင့် ရုရှားတို့ ဗီတိုသုံး၍ ပယ်ချ

    မေ ၂၃ ၊ ၂၀၁၄
    M-Media
    2014-05-22T194741Z_1_LOVEA4L1IZGVU_RTRMADP_BASEIMAGE-960X540_UN-SYRIA-ICC-O
    – ၃ နှစ်ကျော်လာပြီဖြစ်သည့် ဆီးရီးယားစစ်ပွဲအတွင်း စစ်ရာဇ၀တ်မှုများ၊ လူသားထုပေါ်ကျူးလွန်ခဲ့မှုများ ရှိသည်ဟု ယုံကြည်ရသည့်အတွက် နိုင်ငံတကာ ရာဇ၀တ်ခုံရုံးသို့တင်ရန် ကုလ၏ ဆုံးဖြတ်ချက်အား တရုတ်နှင့် ရုရှားတို့က ယမန်နေ့တွင် ဗီတိုသုံး၍ ပယ်ချခဲ့သည်ဟု သိရသည်။

    ရုရှားမှာ ဆီးရီးယား သမ္မတ ဘာရှာအလ်အာဆတ်၏ အနီးကပ်မဟာမိတ်ဖြစ်ပြီး၊ ယခုပယ်ချမှုမှာ ဆီးရီးယားအရေး လုံခြုံရေးကောင်စီ၏ ကြိုးပမ်းမှုကို တရုတ်နှင့် ရုရှားတို့က လေးကြိမ်မြောက် ပယ်ချခြင်းလည်းဖြစ်သည်။

    ကုလဆိုင်ရာ အမေရိန်သံအမတ် စမန်သာပါဝါကမူ ဆီးရီယားအစိုးရ၏ လုပ်ရပ်များကို ရုရှားက သံတမန်နည်းလမ်းဖြင့် အကာအကွယ်ပေးနေသည်ဟု စွပ်စွဲခဲ့ပြီး၊ ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီး ၀ီလီယန်ဟေ့ဂ်ကလည်း ရုရှားနှင့် တရုတ်တို့၏ ဗီတိုအတွက် စိတ်ပျက်မိသည်ဟု ပြောကြားခဲ့သည်။

    ပြင်သစ်နိုင်ငံမှ တင်သွင်းသော အဆိုပါဆုံးဖြတ်ချက်အား နိုင်ငံများစွာကထောက်ခံခဲ့သည်။ ဗီတိုသုံး၍ ပယ်ချပြီးနောက် လုံခြုံရေးကောင်စီမှ ထုတ်ပြန်သောကြေညာချက်တွင် ကြောက်စရာ အကောင်းဆုံး ရက်စက်မှုများအတွက် တာဝန်ရှိသူများအား မည်သည့်အတွက်ကြောင့် ဆက်လက် ကာကွယ်မှုပေးနေသည်ကို နိုင်ငံများက သုံးသပ်ရန်လိုအပ်ကြောင်း ဖော်ပြခဲ့သည်။

    Ref: Al Jazeera and agencies
  • ဓာတုလက်နက်ကြောင့် ဆီးရီးယားတွင် ကလေးများ ခန္ဓာကိုယ် ချို့ယွင်းလျက်  မွေးဖွားလာသော သတင်းများထွက်ပေါ်

    ဓာတုလက်နက်ကြောင့် ဆီးရီးယားတွင် ကလေးများ ခန္ဓာကိုယ် ချို့ယွင်းလျက် မွေးဖွားလာသော သတင်းများထွက်ပေါ်

    မေ ၁၁၊ ၂၀၁၄
    M-Media

    12C

    – ပြီးခဲ့သည့်နှစ်က ဆီးရီးယားတွင်ဖြစ်ပွားခဲ့သော ဓာတုလက်နက်နှင့် တိုက်ခိုက်မှုများ၏ အကျိုးဆက် အဖြစ် ခန္ဓာကိုယ်ချို့ယွင်းသည့် ကလေးများ မွေးဖွားလာခဲ့ ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

    ဆီရီးယားရှိ ဆရာဝန်များနှင့် တက်ကြွလှုပ်ရှားသူများက ဒမတ်စကတ်၌ ခန္ဓာကိုယ်ချို့ယွင်းစွာမွေးဖွား လာခဲ့ပြီး မကြာမီသေဆုံးသွားခဲ့သည့် ဖာတီမာ အဘ်ဒူလ် ဂဖ်ဖာရ်၏ ပုံကိုဖြန့်ဝေခဲ့ကြသည်။

    အဆိုပါသမီးငယ်၏ ခန္ဓာကိုယ်အစိတ်အပိုင်းများ ချို့ယွင်းခြင်းမှာ နိုင်ငံအရှေ့ပိုင်း ဂူတာမြို့တွင် ပြီးခဲ့သည့်နှစ် သြဂုတ်လက ဖြစ်ပွားခဲ့သော ဓာတုလက်နက်များဖြင့် တိုက်ခိုက်မှုကြောင့်ဖြစ်သည်ဟု ကျန်းမာရေး လုပ်သားများက ဆိုကြောင်း တက်ကြွလှုပ်ရှားသူ နစ်ဟဲလ် ရှိကာနီက ပြောကြားခဲ့သည်။ ထိုတိုက်ခိုက်မှုကြောင့် လူပေါင်း ရာချီ သေဆုံးခဲ့သည်။

    ထို့ပြင် ဆရာဝန်များမှာ ဂျူဒ်ဟု အမည်ရသည့် အသက် ၄ လအရွယ်ကလေးငယ်၏ ပုံကိုလည်း ပြသခဲ့ပြီး ထိုကလေးငယ်မှာ မွေးစဉ်ကတည်းက ဘယ်ဘက် ခြေထောက် နှင့် လက်ချောင်း၊ ခြေချောင်းများ ပါလာခြင်းမရှိပေ။

    ဂျူဒ်၏ အမေမှာ ကိုယ်ဝန်ဆောင်နေစဉ် ပြီးခဲ့သည့်နှစ် ဇူလိုင်လက ဟုမ်းမြို့တွင် ဓာတုလက်နက်ဖြင့်တိုက်ခိုက်မှုပြီးနောက် ထွက်ပေါ်လာသည့် အဆိပ်ဓာတ်ငွေ့ကို ရှုရှိုက်မိခဲ့သည်ဟု ဆိုသည်။

    ဆီးရီးယားအခြေစိုက် NGO တစ်ခုဖြစ်သည့် ဥပဒေချိုးဖောက်မှု မှတ်တမ်းပြုစုရေး စင်တာကမူ ထိုကဲ့သို့ ခန္ဓာကိုယ်ချို့ယွင်းနေသည့် ကလေးများ မွေးဖွားလာမှုမှာ ဓာတုလက်နက်များကြောင့် ဟုတ်မဟုတ် ဆုံးဖြတ်ရန် အတွက် အချက်အလက်များကို စုဆောင်းနေကြောင်း Al Arabiya သတင်းဌာနသို့ ပြောကြားခဲ့သည်။

    Ref : English Alarabiya

  • အာဆတ် အစိုးရ တိုက်ခိုက်မှုကြောင့် စာသင်ကျောင်းမှ ကလေးငယ်များ သေဆုံးရခြင်းအား ကုလရှုတ်ချ

    မေ ၂ ၊ ၂၀၁၄
    M-Media
    2014430155610762734_20
    – အာဆတ်အစိုးရက တိုက်ခိုက်မှုကြောင့် ဆီရီးယားနိုင်ငံ အရှေ့ပိုင်းရှိ စာသင်ကျောင်းတစ်ခုကို ထိမှန်ကာ ကျောင်းသားများ သေဆုံးသွားခဲ့ရခြင်းမှာ ဥပဒေကို ဆိုးရွားစွာ ချိုးဖောက်ခြင်းဖြစ်သည်ဟု ကုလသမဂ္ဂက ရှုတ်ချပြောဆိုခဲ့သည်။

    အတိုက်အခံများ ထိန်းချုပ်ထားရာ အလစ်ပိုမြို့အား အစိုးရတပ်များမှ ယမန်နေ့က တိုက်ခိုက်ရာတွင် Ein Jalout စာသင်ကျောင်းကို ထိမှန်ခဲ့ပြီး ပြိုကျကာ လူ ၁၉ ဦး သေဆုံးခဲ့သည်။ သေဆုံးခဲ့သူ ၁၉ ဦးတွင် ကလေးငယ် ၁၀ ဦးပါဝင်သည်ဟု ယူကေ အခြေစိုက် ဆီးရီးယားဆိုင်ရာ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

    “သိပ်ကိုဆိုးရွားတဲ့ အဖြစ်အပျက်တွေက တစ်နေ့ပြီး တစ်နေ့ဖြစ်ပျက်နေပါတယ်၊ ကလေးတွေ၊ အမျိုးသမီးတွေ၊ အမျိုးသားတွေဟာ တိုက်ရိုက်ကို ပစ်မှတ်ထားခံနေရတာပါ။ ဒါဟာ စစ်ပွဲရဲ့ အခြေခံစည်းမျဉ်းတွေကို လွန်လွန်ကျူးကျူး ချိုးဖောက်မှုပါပဲ” ဟု ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုရေးရာ လက်ထောက်အထွေထွေ အတွင်းရေးမှူး ဗလယ်ရီ အေမို့စ်က ပြောကြားသည်။

    တက်ကြွလှုပ်ရှားသူများက ရိုက်ကူးထားသော ဗီဒီယိုတွင် မြို့နယ်ဆေးရုံ၌ အ၀တ်ဖြင့်ထုပ်ထားသော ကလေး ၁၀ ဦး၏ အလောင်းနှင့် တိုက်ခိုက်မှုကြောင့် ပြိုကျသွားခဲ့သည့် စာသင်ကျောင်းကို ဘူဒိုဇာအသုံးပြု၍ ရှင်းလင်းနေသည်ကို တွေ့ရှိခဲ့ရသည်။

    စီးရီးယားပြည်တွင်းစစ်မှာ ၃ နှစ်တာကြာမြင့်လာပြီဖြစ်ပြီး ကလေးငယ်ထောင်ပေါင်းများစွာ အပါအ၀င် လူ ၁ သိန်းခွဲခန့် သေဆုံးခဲ့ကာ လူသိန်းချီမှာလည်း နေရပ်စွန့်ခွာထွက်ပြေးနေကြရသည်။

    Al Jazeera and agencies
  • ဆီးရီးယား ဒုက္ခသည်များ ကူညီရာတွင် အနှောက်အယှက်ဖြစ်မှု အစိုးရနှင့် သူပုန် နှစ်ဘက်စလုံးကို ကုလပြစ်တင်

    မတ် ၂၅၊ ၂၀၁၄
    M-Media

    – ဆီးရီးယားနိုင်ငံအတွင်း တိုက်ခိုက်မှုများ မြင့်တက်လာခြင်းနှင့် လူသားချင်းစာနာသည့် အကူအညီများအား ပိတ်ပင်ထားခြင်းတို့ အတွက် အစိုးရနှင့် အတိုက်အခံနှစ်ဘက် စလုံးကို ကုလသမဂ္ဂ အထွေထွေ အတွင်းရးမှူးချုပ် ဘန်ကီမွန်က ပြစ်တင်ပြောဆိုခဲ့သည်။

    201432513529394734_20

    ယခုနှစ်အစတွင် အကူအညီ မရရှိသေးသည့် ဒုက္ခသည့် ၁ သန်းသာရှိခဲ့ရာမှ နိုင်ငံအတွင်း တိုက်ခိုက်မှုများမြင့်တက်လာသည့် အတွက်ကြောင့် ယခုအချိန်တွင် အကူအညီ မရသေးသူ ဒုက္ခသည် ၃.၅ သန်းအထိ ရှိလာပြီး၊ စုစုပေါင်း ဒုက္ခသည့် ၉.၃ သန်းတွင် နိုင်ငံအတွင်းရှိနေသည့် ဒုက္ခသည်ဦးရေမှာ ၆.၅ သန်းခန့်ရှိနေသည်ဟု ဘန်ကီမွန်က ပြောကြားခဲ့သည်။

    ဒုက္ခသည်များအားပေးအပ်မည့် အကူအညီများကို ၀င်ခွင့်ပြုရန် အစိုးရနှင့် အတိုက်အခံ နှစ်ဖက်စလုံးအား ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တောင်းဆိုထားခဲ့သည်။ သို့သော်လည်း အတိုက်အခံ အဖွဲ့များ အကြား တိုက်ခိုက်မှုများ မြင့်တက်လာခြင်းက အကူအညီပေးရေး အတွက် အနှောက်အယှက်များကို ဖြစ်စေပြီး နိုင်ငံမြောက်ပိုင်းရှိ လမ်းကြောင်း အချို့မှာလည်း ဖြတ်တောက်ခြင်းခံခဲ့ရသည်။

    ထိုကဲ့သို့ အခြေအနေများ ဆိုးရွားနေခဲ့သော်လည်း ကုလ၏ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်မှ ဖေဖော်ဝါရီလ အတွင်း ဒုက္ခသည် ၃.၇ သန်းသို့ အကူအညီများ ပေးပို့နိုင်ခဲ့သည်ဟု ဘန်က ထပ်လောင်းပြောကြားခဲ့သည်။

    ၂၀၁၁ ခုနှစ် မတ်လက စတင်ခဲ့သည့် ဆီးရီးယားပြည်တွင်းစစ်မှာ ၃ နှစ်ကြော်ကြာလာပြီဖြစ်ပြီး လူ သိန်းချီသေဆုံးခဲ့ကာ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ဒုက္ခသည်ဦးရေမှာလည်း သန်းချီရှိနေသည်။

    AP

  • ဆီးရီးယားက ပြည်တွင်း စစ်ဒဏ်ခံရသည့် ကလေးများ အတွက် ယူနီဆက်ဖ်မှ အွန်လိုင်း ကမ်ပိန်းလုပ်

    မတ် ၁၂၊ ၂၀၁၄
    M-Media

    Facebook-cover

    – ဆီးရီးယားနိုင်ငံအတွင်းဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကြောင့် အကြမ်းဖက်မှုတွေ၊ ချို့တဲ့မှုတွေ၊ အတိ ဒုက္ခရောက်မှုတွေကို စာနာဖို့၊ အသိအမှတ်ပြုဖို့နဲ့၊ ဆီးရီးယားနိုင်ငံမှာရှိတဲ့ ကလေးငယ်တွေအတွက် ကောင်းမွန်တဲ့အနာဂတ်တွေတောင်းဆိုဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကုလသမဂ္ဂ နိုင်ငံတကာ ကလေးများ အရေးပေါ်ရန်ပုံငွေအဖွဲ့ ယူနီဆက်ဖ်က အွန်လိုင်းကမ်းပိန်းတစ်ခု စတင်လိုက်ပါတယ်။

    အဲဒါကတော့ မိမိတို့ ဆိုရှယ်အကောင့်က Profile ဓာတ်ပုံနဲ့ Cover ဓာတ်ပုံတွေကို ခဏဖျောက်ထားပြီး NO LOST GENERATION ဆိုတဲ့ခေါင်းစဉ်ပါတဲ့ ကလေးဓာတ်ပုံတစ်ခုပြောင်းပေးဖို့ပါပဲ။ ပြီးရင်တော့ အဲဒီဓာတ်ပုံအောက်က ဖော်ပြထားတဲ့ အင်္ဂလိပ်လို စာသားလေးရေးပေးဖို့ အဆိုပါကမ်ပိန်းလှုပ်ရှားမှု လမ်းညွှန်မှာ ရေးသားထားပါတယ်။

    Facebook: I’m changing my profile picture to mark 3 years of suffering for the #childrenofsyria with @UNICEF. Help us spread the word and demand a better future for them: http://bit.ly/nolostgeneration

    Twitter: I changed my profile for the #childrenofsyria, who’ve suffered through 3 yrs of crisis. Join me: http://bit.ly/nolostgeneration @UNICEF

    “ဆီးရီးယားက ကလေးငယ်တွေနာကျင်ခံစားနေရတာတွေဟာ ၃ နှစ်မြောက်လာခဲ့ပြီဖြစ်ပြီး ဒါကို အ သိအမှတ်ပြုဖို့ ယူနီဆက်ဖ်နဲ့အတူ ကျွန်တော်တို့ရဲ့ Profile ဓာတ်ပုံကို ပြောင်းလိုက်ပါပြီ။ သင်လည်း ဒါကို ကမ္ဘာသိအောင် ဖြန့်ပေးခြင်းဖြင့် ကလေးတွေအတွက် ပိုကောင်းတဲ့ အနာဂတ်ကိုတောင်းဆိုပေးပါ” လို့ ဆိုလိုပါတယ်။

    ဒီကမ်ပိန်းကို ဒီကနေ့က စတင်ပြီး ဆီးရီးယားပြည်တွင်းစစ် ၃ နှစ်တင်းတင်းပြည့်တဲ့ ၁၅ ရက်နေ့ အထိ ၃ ရက်တိုင်တိုင် ပြုလုပ်သွားမှာဖြစ်ပြီး၊ တစ်ရက်ခြင်းစီက တစ်နှစ်တွင်းခံစားရတဲ့ အကြမ်းဖက်မှု တွေ၊ အတိဒုက္ခရောက်မှုတွေကို ကိုယ်စားပြုပါတယ်။ အပြစ်မဲ့တဲ့ကလေးသူငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တွေကိုတောင်းဆိုဖို့ ဒီကမ်ပိန်းလေးမှာ ပါဝင်ကူညီကြပါစို့………..

    သင်ရဲ့ Facebook နဲ့ Twitter အကောင့်တွေအတွင် သင့်လျော်တဲ့ဓာတ်ပုံတွေကို အောက်ကလင့်တွေကနေ ရယူနိုင်ပါတယ်။

    Facebook Profile ပုံယူရန်

    Facebook cover photo ယူရန်

    witter cover photo.ယူရန်