News @ M-Media

Tag: US Muslims

  • အမေရိကန် မြို့တစ်မြို့တွင် ရဲဌာနနှင့် မွတ်စလင်အဖွဲ့အစည်းတို့ ပူးပေါင်း၍ လူထုအား အစ္စလာမ့်အသိပညာပေးမှု ပြုလုပ်

    အမေရိကန် မြို့တစ်မြို့တွင် ရဲဌာနနှင့် မွတ်စလင်အဖွဲ့အစည်းတို့ ပူးပေါင်း၍ လူထုအား အစ္စလာမ့်အသိပညာပေးမှု ပြုလုပ်

    ဇန်န၀ါရီ ၁၅၊ ၂၀၁၆
    M-Media

    is

    – အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ရောင်းရော့ခ်မြို့တွင် ဥပဒေစိုးမိုးရေးဌာနနှင့် မွတ်စလင်အဖွဲ့အစည်းတို့ ပူးပေါင်း၍ အစ္စလာမ်ဘာသာတရားနှင့် မွတ်စလင်တို့၏ ဓလေ့ထုံးများကို လူထုအား အသိပညာပေးသည့် အစီအစဉ်ကို မကြာသေးမီက ပြုလုပ်ခဲ့သည်ဟု သိရသည်။

    ရောင်းရော့ခ်အစ္စလာမ့်စင်တာ(ICRR)တွင် ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါ အခမ်းအနားတွင် ပြည်သူများ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် နွေးနွေးထွေထွေး ဆက်ဆံသွားကြရန် တိုက်တွန်းခဲ့ပြီး အစ္စလာမ်၊ ပြည်သူ့လုံခြုံရေးတို့နှင့် ပတ်သက်၍ ဆွေးနွေးမှုများလည်း ပြုလုပ်ခဲ့ကြသည်။

    ICRR ဥက္ကဌ အစ်က်ဘားလ် ဟိုင်ဒါက အစ္စလာမ့်နှုတ်ခွန်းဆက်သနည်းဖြင့် အခမ်းအနားကို နှုတ်ဆက်ဖွင့်လှစ်ခဲ့ပြီး မိမိတို့မှာ ဒေသတွင်း ကိစ္စရပ်များအတွက် ရော့ခ်ရောင်းရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ်နေပြီး ကောင်းမွန်သောဆက်ဆံရေး၊ ကောင်းမွန်သော မိတ်ဖက် ဖြစ်နေသည်ဟု ပြောကြားခဲ့သည်။

    မွတ်စလင်အမည်ခံ အကြမ်းဖက်သမားများကြောင့် အစ္စလာမ်သာသနာအပေါ် အထင်မှားအမြင်မှားဖြစ်နေမှုကို ဖြေရှင်းရန်အတွက် ထိုကဲ့သို့ အသိပညာပေးလှုပ်ရှားမှု ပြုလုပ်ရန် မြို့၏ ဥပဒေစိုးမိုးရေးဌာနက မွတ်စလင်ခေါင်းဆောင်များကို ချဉ်းကပ်ခဲ့မှုမှတစ်ဆင့် ထိုကဲ့သို့ အခမ်းအနား ပေါ်ပေါက်လာခြင်းလည်းဖြစ်သည်။

    ရောင်းရော့ခ်မြို့ ရဲတပ်ဖွဲ့အကြီးအကဲ အလန် ဘန့်ကမူ မိမိတို့မြို့မှာ တစ်နိုင်ငံလုံးတွင် အန္တရာယ်အကင်းဆုံး မြို့တွေထဲမှ တစ်မြို့ဖြစ်ပြီး၊ လုံခြုံစိတ်ချရမှုကို လူ့အဖွဲ့အစည်းအတွင်း အတူတကွ လုပ်ကိုင်ဆောင်ရွက်မှသာ ထိန်းသိမ်းနိုင်မည်ဟု သတိပေးပြောကြားခဲ့သည်။

    “ဘယ်လူမျိုး၊ ဘယ်ဘာသာတရားနဲ့ ဘယ်အယူဝါဒပဲဖြစ်ဖြစ် လူအဖွဲ့အစည်းတိုင်းကို ဒီအသိပညာပေးမှု ရောက်ချင်ပါတယ်။ ကျွန်တော်တို့ဟာ ခင်ဗျားတို့အတွက် ရှိတယ်ဆိုတာ ခင်ဗျားတို့ကို သိစေချင်ပါတယ်” ဟု ဘန့်က ထည့်သွင်းပြောကြားခဲ့သည်။

    ထိုအခမ်းအနားသို့ တက်ရောက်လာသူများမှာ အစ္စလာမ့်အကြောင်းအရာများ၊ မွတ်စလင်တို့၏ ဓလေ့ထုံးတမ်းများအပါအ၀င် မေးခွန်းများမေးမြန်းခဲ့ပြီး တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။ ထို့ပြင် အစ္စလာမ်အကြောင်းကို အကျဉ်းချုပ်ဖော်ပြထားသည့် လက်ကမ်းစာစောင်များကိုလည်း ဝေငှခဲ့သည်။

    Ref: IINA

  • အမေရိကန်တွင် အစ္စလာမ့်အသိပညာပေး Billboard လှုပ်ရှားမှု အောင်မြင်

    အမေရိကန်တွင် အစ္စလာမ့်အသိပညာပေး Billboard လှုပ်ရှားမှု အောင်မြင်

    ဇန်န၀ါရီ ၉၊ ၂၀၁၆
    M-Media

    ICNA

    – အစ္စလာမ်နဲ့ ပတ်သက်လို့ နားလည်မှုလွဲမှားနေတာတွေကို ဖယ်ရှားဖို့အတွက် မြောက်အမေရိက အစ္စလာမ့်အ၀န်းအ၀ိုင်းအဖွဲ့ ICNA ရဲ့ ကြော်ငြာဆိုင်းဘုတ်(Billboard ) လှုပ်ရှားမှုဟာ အောင်မြင်လာတယ်လို့ သိရပါတယ်။

    ပြီးခဲ့တဲ့လအတွင်းမှာ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်က တမ်ပါဘေးမြို့မှာ ICNA ဟာ သူတို့ရုံးခန်းရဲ့ ဖုန်းနံပါတ်တွေပါဝင်ပြီး အစ္စလာမ့်အကြောင်းကို လေ့လာမေးမြန်းနိုင်တယ်လို့ ရေးသားထားတဲ့ ကြော်ငြာဆိုင်းဘုတ်ကြီးတွေကို စိုက်ထူခဲ့ပါတယ်။

    ဒါဟာ နိုင်ငံတစ်ဝှမ်း အဝေးပြေးလမ်းမကြီးတွေမှာ ဒီလို ကြော်ငြာဆိုင်းဘုတ် ၁၃၅ ခု စိုက်ထူရေး လှုပ်ရှားမှုရဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပြီး သည်းခံခွင့်လွှတ်မှုနဲ့ အသိပညာပေးမှုတို့ကနေတစ်ဆင့် အစ္စလာမ်သာသနာနဲ့ပတ်သက်တာကို တင်ပြဖို့၊ အမုန်းတရားတွေ၊ နားလည်မှုလွဲမှားတာတွေကို ဖြေရှင်းဖို့အတွက် မွတ်စလင်ခေါင်းဆောင်တွေရဲ့ လှုပ်ရှားမှုပါပဲ။

    တမ်ပါဘေးမှာ အဲဒီဆိုင်းဘုတ်ကြီးတွေ စိုက်ထူခဲ့ပြီးနောက်ပိုင်း ICNA ကို 877WHYISLAM နံပါတ်ကနေတစ်ဆင့် အစ္စလာမ်နဲ့ ပတ်သက်လို့ ဖုန်းဆက်မေးမြန်းမှုတွေဟာ ၃၀၀ ရာခိုင်နှုန်းလောက်ကို တိုးတက်လာတယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

    မေးလာတဲ့ မေးခွန်းတွေထဲမှာ ‘ယေရူခရစ်တော်ကို မွတ်စလင်တွေက ဘယ်လိုယူဆလဲ’၊ ‘အစ္စလာမ်ဘာသာတရားမှာ အမျိုးသမီးအခွင့်အရေးရှိလား’ စတဲ့မေးခွန်းတွေလည်း ပါဝင်ပါတယ်။

    “ဖုန်းဆက်လာရင်တော့ များသောအားဖြင့် ကျွန်တော်တို့ဟာ ဂူးလ်ဂဲလ်မှာရှာဖတ်ဖို့ တိုက်တွန်းမှုတွေလည်း လုပ်ပါတယ်” ဟု ICNA ရဲ့ စေတနာ့ဝန်ထမ်းဖြစ်ပြီး၊ ဒီလှုပ်ရှားမှုကို စီမံခန့်ခွဲနေသူ ဖာရ်ဟန် ပါဗိုက်ဇ်က ပြောခဲ့ပါတယ်။

    မွတ်စလင်ခေါင်းဆောင်တွေဟာ ပဲရစ်နဲ့ ကယ်လီဖိုးနီးယားမှာ IS အကြမ်းဖက်အဖွဲ့က ပြုလုပ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ရှုတ်ချတာကို ဖုန်းခေါ်ဆိုသူတွေက တွေ့ခဲ့ရပါတယ်။

    “အဓိကရည်ရွယ်ချက်ကတော့ ပညာရေးအစိတ်အပိုင်း ဖြစ်ပို့ပါပဲ။ အစ္စလာမ်ကြောက်ရောဂါကြောင့် အဓိက မီဒီယာတွေမှာ ကျွန်တော်တို့ဟာ ပြောစရာတွေဖြစ်နေပါတယ်” လို့ ပါဗိုက်ဇ်က ပြောကြားခဲ့ပါတယ်။

    ICNA ရဲ့ ဥက္ကဌဖြစ်သူ နအီမ်း ဘာအစ်ဂ်က အမေရိကန်နိုင်ငံရေးသမားအချို့ရဲ့ သမ္မတရွေးကောက်ပွဲ မဲဆွယ်မှုမှာ ပြောဆိုနေတဲ့ စကားတွေဟာ အစ္စလာမ်နဲ့ပတ်သက်ပြီး နားလည်မှုလွဲမှားနေတာတွေကို ဖြေရှင်းနေတဲ့ သူတို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။

    သူတို့ဆီကို ဖုန်းခေါ်ဆိုသူတွေထဲက ၆ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းလောက်သာ အဖျက်ဘက်ကဖြစ်ပြီး လူပေါင်း ၅ သောင်းလောက်ဟာ ကုရ်အာန်ကျမ်းတော်မြတ် ဘာသာပြန်ကို တောင်းခံခဲ့တယ်လို့ ဘာအစ်ဂ်က ထပ်လောင်ပြောကြားခဲ့ပါတယ်။

    ICNA ဟာ ဒီကြောငြာဆိုင်းဘုတ်လှုပ်ရှားမှု ပြန့်နှံ့ရေးအတွက် အခြားဒေသက မွတ်စလင်လူ့အဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်းလုပ်ဆောင်နေပါတယ်။

    အထူးသဖြင့် တမန်တော်မုဟမ္မဒ်သခင် (ငြိမ်းချမ်းသာယာမှု သက်ရောက်ပါစေ) အကြောင်းကို အာရုံစိုက်ဆောင်ရွက်တဲ့ ဒီလှုပ်ရှားမှုကို လွန်ခဲ့တဲ့ တစ်နှစ်လောက်က စတင်ခဲ့တာဖြစ်ပြီး ဒီနှစ်မှာတော့ ICNA ဟာ ကုရ်အာန်နဲ့ ပတ်သက်ပြီး လူတွေကို အသိပညာပေးမှုဘက်မှာ ပိုမို လုပ်ဆောင်သွားဖို့ ရည်ရွယ်နေပါတယ်။

    “ကျွန်တော်တို့ဟာ ဒီလူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းဖြစ်တယ်။ ပြီးတော့ ပိုကြီးတဲ့ လူ့အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။ အမေရိကန်မွတ်စလင်တွေမှာ ဆရာဝန်၊ အားကစားသမားတွေလို ပရော်ဖက်ရှင်နယ်တွေရှိပြီး သူတို့ဟာ အမေရိကန် အသိုင်းအ၀ိုင်းရဲ့ အစိတ်အပိုင်းတွေလည်း ဖြစ်ကြပါတယ်။ အမေရိကန်ရဲ့ လူ့အဖွဲ့အစည်းနဲ့ ယဉ်ကျေးမှုတွေကို သူတို့က အရောင်ဖြည့်ပေးကြတာ ဖြစ်ပါတယ်” လို့ ဘာအစ်ဂ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

    Ref: Tempabay.com

  • အမေရိကန် ခရစ်ယာန်ဘုရားကျောင်းတစ်ခုတွင် အစ္စလာမ့်ရေးရာ နားလည်မှုသင်တန်း ဖွင့်လှစ်မည်

    အမေရိကန် ခရစ်ယာန်ဘုရားကျောင်းတစ်ခုတွင် အစ္စလာမ့်ရေးရာ နားလည်မှုသင်တန်း ဖွင့်လှစ်မည်

    ဇန်န၀ါရီ ၈၊ ၂၀၁၅
    M-Media

    quran

    – အကြမ်းဖက်သမားများကြောင့် အစ္စလာမ်သာသနာအပေါ် အထင်မှားအမြင်မှား ဖြစ်နေမှုအား ပြောင်းလဲရန်အတွက် အမေရိကန်ပြည်ထောင်စု တန်နက်ဆီးပြည်နယ်မှ ခရစ်ယာန်ဘုရားကျောင်းတစ်ခုတွင် အစ္စလာမ်ဘာသာရေးဆိုင်ရာ နားလည်မှုသင်တန်းကို ဖွင့်လှစ်ပို့ချတော့မည်ဟု သိရသည်။

    “မွတ်စလင်တွေဟာ ဆိုးရွားတဲ့ ထင်မြင်ချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။ မွတ်စလင်တိုင်းက အစွန်းရောက်တွေ မဟုတ်ပါဘူး။ လူတွေ အတူတကွ လာရောက်ပြီး အစ္စလာမ်နဲ့ပတ်သက်လို့ တစ်ခုခုသင်ယူလိုက်တာမျိုးကို ကျွန်တော်တို့ လိုချင်ပါတယ်” ဟု ပြည်နယ်အရှေ့ပိုင်း အုတ်ရစ်ဂ်ျမြို့ရှိ First Presbyterian ဘုရားကျောင်းမှ သင်းအုပ်ဆရာ ရှယ်ရွန် ယန်းက ပြောကြားခဲ့သည်။

    အဆိုပါ ဘုရားကျောင်းမှာ ယခုတစ်ပတ် တနင်္ဂနွေနေ့မှစ၍ အစ္စလာမ်ရေးရာ နားလည်မှုသင်တန်းကို ဖွင့်လှစ်သွားမည်ဖြစ်ပြီး သီတင်းပတ် ၅ ပတ်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

    “အစ္စလာမ်ကို စိတ်ဝင်စားနေတဲ့သူတွေ အခုအချိန်မှာ အများကြီးရှိပါတယ်။ သာသနာကို ဘယ်လိုကျင့်သုံးကျလဲဆိုတာနဲ့ပတ်သက်ပြီး လူတွေဆီကနေ မေးခွန်းတော်တော်များများ ရရှိပါတယ်” ဟို မေရီဗီးလ် ကောလိပ်မှ ပါမောက္ခဖြစ်သူ ဒေါက်တာ ဖီးလစ် ရှာရ်မန်က ပြောကြားခဲ့သည်။

    ၎င်းမှာ အဆိုပါသင်တန်းတွင် ၀င်ရောက်သင်ကြားသွားမည်ဖြစ်ပြီး သီတင်းပတ်တိုင်းတွင် မတူညီသော ရှုထောင့်များဖြင့် ချဉ်းကပ်သွားမည်ဟု ဆိုသည်။

    “အစ္စလာမ်ရဲ့ အရင်းမူလနဲ့ တမန်တော်ရဲ့ ဘ၀ကို ကျွန်တော်တို့ မိတ်ဆက်ပေးနိုင်ပါတယ်။ အစ္စလာမ်ရဲ့ အဓိကသင်ကြားမှုတွေက ဘာတွေလဲဆိုတာကို အသေးစိတ်သိဖို့ ကုရ်အာန်ကျမ်းတော်မြတ်ကို ကြည့်ရှုပါ”

    သင်းအုပ်ဆရာ ရှယ်ရွန်ကမူ ခရစ်ယာန်များ အခြားဘာသာတရားကို နားလည်ရန်မှာ အရေးကြီးသည်ဟု ပြောကြားခဲ့သည်။

    “အခြားဘာသာဝင်တွေနဲ့ ဆွေးနွေးမှု၊ ဆက်ဆံရေးတည်ဆောက်မှုမှာပါဝင်ဖို့ ခရစ်ယာန်တွေအတွက် အရေးကြီးတယ်ဆိုတာ ကျွန်တော်တို့ တွေ့ရှိခဲ့ပါတယ်”

    ဒေါက်တာ ရှာရ်မန်၏ ရည်ရွယ်ချက်မှာ ခိုင်မာသည့် သတင်းအချက်အလက်များ ပေးအပ်ရန်ဖြစ်ပြီး ထိုသင်တန်းတွင် ပိုမို၍ ဆောင်ရွက်နိုင်မည်ဟု ယူဆနေသည်။

    Ref: local8now

  • ဗာဂျီးနီးယားတက္ကသိုလ်က အမေရိကန်မွတ်စလင်လူ့အဖွဲ့အစည်းအား အားပေးထောက်ခံသည့် သ၀ဏ်လွှာ ထုတ်ပြန်

    ဗာဂျီးနီးယားတက္ကသိုလ်က အမေရိကန်မွတ်စလင်လူ့အဖွဲ့အစည်းအား အားပေးထောက်ခံသည့် သ၀ဏ်လွှာ ထုတ်ပြန်

    ဒီဇင်ဘာ ၂၁၊ ၂၀၁၅
    M-Media

    – နိုင်ငံရေသမားများထံမှ မွတ်စလင်ဆန့်ကျင်ရေးမှတ်ချက်များ အမြောက်အများ ထွက်ပေါ်လာပြီးနောက် အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားတက္ကသိုလ်မှ ရေးသားပြီး နိုင်ငံအတွင်းရှိ မွတ်စလင်လူ့အဖွဲ့အစည်းအား ထောက်ခံအားပေးအားသည့် သ၀ဏ်လွှာတစ်ခုကို လူရာပေါင်းများစွာက လက်မှတ်ရေးထိုးခဲ့ကြသည်ဟု သိရသည်။

    အဆိုပါ သ၀ဏ်လွှာကို တက္ကသိုလ်မှ ဆရာနှစ်ဦးဖြစ်သည့် ဖရန့်ဒူကက်စ်နှင့် ဂျွန်အလက်ဇန်းဒါးတို့က ရေးသားခဲ့ခြင်းဖြစ်ပြီး ယခုလအစောပိုင်းက စတင်ပြန့်နှံ့ခဲ့ခြင်းဖြစ်ကာ ပြီးခဲ့သည့်သီတင်းပတ် အဆုံးပိုင်းတွင် လက်မှတ်ပေါင်း ၁၀၀၀ နီးပါး ရရှိခဲ့သည်။

    “ဗာဂျီးနီးယားတက္ကသိုလ်က ၀န်ထမ်းတွေနဲ့ ဆရာ၊ ဆရာမတွေဟာ မိမိတို့ရဲ့ မွတ်စလင်ကျောင်းသူကျောင်သားတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ သူငယ်ချင်းတွေနဲ့ သူတို့ရဲ့ မိသားစု၊ လူ့အဖွဲ့အစည်းတွေကို ထောက်ခံအားပေးပြီး ချစ်မြတ်နိုးတယ်ဆိုတာကို ခိုင်ခိုင်မာမာ ပြောကြားလိုပါတယ်။ ရာစုနှစ်ပေါင်းများစွာ အရင်ကတည်းက မွတ်စလင် ပညာရှင်တွေဟာ သိပ္ပံ၊ ဆေးဘက်ဆိုင်ရာ၊ ဥပဒေ၊ နိုင်ငံရေး၊ ဗိသုကာ၊ ကုန်သွယ်မှု၊ အနုပညာနဲ့ လူသားချင်းစာနာမှုတွေမှာ ဦးဆောင်သူတွေ၊ လမ်းသစ်ဖောက်ခဲ့သူတွေ ဖြစ်ခဲ့ပါတယ်။ ခင်ဗျားတို့ မွတ်စလင်လူ့အဖွဲ့အစည်း ဒီမှာဆက်လက်ရှိနေမှာကို ကျွန်တော်တို့ လက်ခံအားပေးတယ်။ ကျွန်တော်တို့ရဲ့
    လူ့အဖွဲ့အစည်းမှာ ပါဝင်ချင်ကြတဲ့ မည်သူ့ကိုမဆို လူမျိုး၊ ဘာသာ၊ ဇာတိ မခွဲခြားဘဲ ကျွန်တော်တို့က ကြိုဆိုပါတယ်”
    ဟု အဆိုပါသ၀ဏ်လွှာတွင် ရေးသားဖော်ပြခဲ့သည်။

    ဗာဂျီးနီးယားတက္ကသိုလ်မှ သဘာဝပတ်ဝန်းကျင် ဆွေးနွေးညှိနိုင်းမှုဆိုင်ရာဌာန၏ ဒါရိုက်တာဖြစ်သူ ဒူကက်စ်က ၎င်းမှာ ပြီးခဲ့သည့်လများတွင် နိုင်ငံရေးနှင့် မီဒီယာနယ်ပယ်များ၌ အစ္စလာမ်ဆန့်ကျင်ရေး သဘောထားများ မြင့်တက်လာသည့်အတွက် စိုးရိမ်မိခဲ့သည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော့်ကိုကျွန်တော် မေးမိတယ်ဗျ။ ကျွန်တော်တို့ (မွတ်စလင်တွေကို) ဘယ်လို ထောက်ခံအားပေးရမလဲ၊ ဒီရန်ညှိုးတွေကို ဘယ်လို တိုက်ဖျက်ရမလဲ ဆိုတာပေါ့” ဟု ဒူကက်စ်က ပြောကြားခဲ့ပြီး အဆိုပါ သ၀ဏ်လွှာကို အခြားသူများနှင့် ပူးပေါင်းရေးသားရန် အကြံရခဲ့သည်ဟုဆိုသည်။

    သ၀ဏ်လွှာအား အများပြည်သူများ သိရှိနိုင်အောင် ထုတ်ပြန်လိုက်သည့်အချိန်တွင် တက္ကသိုလ်မှ မွတ်စလင်ကျောင်းသားများအသင်း MSA ကလည်း ထိုသ၀ဏ်လွှာနှင့် လက်မှတ်ထိုးသူများအားလုံးကို ကျေးဇူးတင်သည့် ကြေငြာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

    “မွတ်စလင်ကျောင်းသားများအသင်းက မိမိတို့ဟာ တက္ကသိုလ်နဲ့ တစ်သားတည်းဖြစ်တယ်လို့ အမြဲတမ်း ခံယူထားပါတယ်။ မိမိတို့အနေနဲ့ တင်ကူးမှန်းဆမှုတွေ၊ အသိဥာဏ်ကင်းမဲ့မှုတွေကို တိုက်ဖျက်နေရတဲ့ ဒီလိုခက်ခဲတဲ့အခြေအနေမျိုး ကြုံတွေ့နေရပေမယ့် အဆွေတော်တို့လို ပုဂ္ဂိုလ်တွေကြောင့် မိမိတို့ဟာ ဘယ်လိုအမုန်းတရားပုံစံမျိုးကိုမဆို အတူတကွ ဆန့်ကျင်နိုင်တဲ့ မိသားစုကြီးတစ်ခုရဲ့ တစ်ကယ့်အစိတ်အပိုင်း ဖြစ်တယ်ဆိုတာကို ထပ်မံအတည်ပြု ပြောကြားချင်ပါတယ်” ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။

    MSA ၏ ဒုတိယဥက္ကဌဖြစ်သူ ပါကစ္စတန်နွယ်ဖွား တတိနှစ်ကျောင်းသူ ဆန်ဒက်ဇ် ရက်ဇက်ကလည်း မိမိအနေဖြင့် မွတ်စလင်လူ့အဖွဲ့အစည်းအား အားပေးထောက်ပံ့ရန်အတွက် တက္ကသိုလ်ရှိ တာဝန်ရှိသူများက အဆိုပါသ၀ဏ်လွှာထုတ်ပြန်ခြင်းကို အံ့အားသင့်မိပြီး ထိုကဲ့သို့ဆောင်ရွက်ခြင်းက မိမိနှင့် မွတ်စလင်အသိုင်းအ၀ိုင်းအားလုံးကို သက်တောင့်သက်သာဖြစ်စေသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    နိုင်ငံရေးသမားများက ၎င်းတို့အာဏာရရန်အတွက် မွတ်စလင်ဆန့်ကျင်ရေး သဘောထားများကို ပြီးခဲ့သည့်သီတင်းပတ်များတွင် ပြောကြားခဲ့ပြီးနောက်ပိုင်း အမေရိကန်ပြည်သူများက ထိုမှတ်ချက်များအား ဆန့်ကျင်ရှုတ်ချခဲ့ကာ နိုင်ငံအတွင်းရှိ မွတ်စလင်လူ့အဖွဲ့အစည်းအား အားပေးထောက်ခံသည့် လှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ကြသည်။ လာမည့်ဗုဒ္ဓဟူးနေ့တွင်လည်း Thomas Jefferson Memorial Church-Unitarian Universalis မှ ကြီးမှူးကာ အမေရိကန်မွတ်စလင်လူ့အဖွဲ့အစည်းအား အားပေးထောက်ခံသည့် ချီတက်လမ်းလျှောက်မှုတစ်ခုကို ဆောင်ရွက်ရန် စီစဉ်ထားသည်။

    Ref: IINA

  • အမေရိကန်ပြည်ထောင်စုအား ဂုဏ်တင်ပေးနိုင်ခဲ့သော မွတ်စ်လင်မ် ငါးဦး

    အမေရိကန်ပြည်ထောင်စုအား ဂုဏ်တင်ပေးနိုင်ခဲ့သော မွတ်စ်လင်မ် ငါးဦး

    ဒီဇင်ဘာ ၁၄၊ ၂၀၁၅
    M-Media
    1
    – အမေရိကန်သမ္မတလောင်းနေရာယှဉ်ပြိုင်နေသူနှင့် နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင် ဒိုနယ် ထရမ့်ပ်သည် ကမ္ဘာ့မီဒီယာခေါင်းစည်းပိုင်းတွင် တစ်ကျော့ပြန် နေရာယူလာသည်။ ဤတစ်ကြိမ်တွင်တော့ “အမေရိကန်ပြည်ထောင်စုထဲသို့ မွတ်စ်လင်မ်များဝင်ရောက်ခြင်းအား အကြွင်းမဲ့ ပိတ်ပင်လိုက်ရေး” ဟူသော သူ၏အဆိုအပေါ် တုန့်ပြန်ချက်များ ဖြစ်နေပေသည်။ ထိုစကားကို သူ၏တွစ်တာအကောင့်၌ ၂၀၁၅ ဒီဇင်ဘာ ၇ ရက်က သူကိုယ်တိုင်ရေးသားခဲ့သည်။

    ကနဦးပိုင်း သမ္မတလောင်းဝင်ပြိုင်နေစဉ် “အမေရိကန်ပြည်ထောင်စုကို တစ်ကျော့ပြန် ကြီးမြတ်ဂုဏ်တက်စေမည့် အစီအမံများပြုလုပ်မည်” ဟု ထူးထူးခြားခြား ကြွေးကြော်မှုကြောင့် လူအချို့မှ ၀ိုင်းရံခဲ့သော်လည်း ယခုအခါတွင် အကြီးအကျယ် ဟာသဖြစ်နေပေပြီ။ ဥပမာ – ဇူလိုင်လတုန်းက Huffington Post မှ ထရမ့်ပ်၏မဲဆွယ်ပွဲအစီအစဉ်ကို ဖျော်ဖြေရေးကဏ္ဍမှ အားဖြည့်ကူညီပေးမည်ဖြစ်ကြောင်း ဆိုခဲ့သော်လည်း ယခုရက်သတ္တပတ်၌ ကုမ္ပဏီ၏ အယ်ဒီတာချုပ်က ထိုကိစ္စအား အလျဉ်းပြုလုပ်မည်မဟုတ်ဟု ခေါင်းကြီးပိုင်းတွင် ရေးသားလိုက်သည်။

    မက္ကဆီကန် ပြောင်းရွှေ့အခြေချလာသူများ၊ ၎င်းနောက် ပြိုင်ဖက်အမျိုးသမီးကိုယ်စားလှယ်၊ ၎င်း၏နောက် ယခုအခါ မွတ်စ်လင်မ်များအပေါ် အမုန်းတရားဝါဒအခြေတည်စကား ဆိုလာရာ သူ၏ကျော်ကြားမှုဂုဏ်နှင့်တွဲပြီး သမ္မတအိုဘားမား အပါအ၀င် လူမြောက်များစွာတို့မှ စိုးရိမ်မကင်း ဖြစ်သွားစေခဲ့သည်။ သမ္မတအိုဘားမားက “အမေရိကန် မွတ်စ်လင်မ်များသည် ကျွန်ုပ်တို့၏မိတ်ဆွေများ၊ အိမ်နီးချင်းများ၊ လုပ်ဖော်ကိုင်ဖက်များ၊ အားကစားသူရဲကောင်းများ ဖြစ်ကြသည်” ဟုထောက်ပြလျက် အဆိုပါအုပ်စုများဖက်လှည့်၍ ဓားစာခံပြုလုပ်လိုနေသော ထရမ့်ပ်၏ကြိုးပမ်းမှုအပေါ် ဆန့်ကျင်ပြောထုတ်လိုက်ပါသည်။

    အမှန်ပင် အမေရိကန်ပြည်ထောင်စုကို ကြီးမြတ်ဂုဏ်တက်စေခဲ့သူများအနက် အမေရိကန်မွတ်စ်လင်မ်တို့သည် စံပြအဖြစ် ပါဝင်နေပါသည်။ အောက်ပါပုဂ္ဂိုလ်ငါးဦးကို ဖျော်ဖြေရေး၊ နိုင်ငံရေးနှင့် နည်းပညာကဏ္ဍတစ်ခွင်မှ ဖော်ပြထားချက်ကို ကြည့်ရှုပါလေ။

    ၁။ မုဟမ္မဒ် အလီ
    ——————
    အားကစားသမိုင်းတွင် အကြီးကျယ်ဆုံး ဟဲဗီးဝိတ်တန်း လက်ဝှေ့ကစားသမားဟောင်းအဖြစ် သူ့အား အကျယ်တ၀င့် ဖော်ပြသတ်မှတ်ထားကြသည်။ BBC မှ ရာစုနှစ်၏ထိပ်တန်းဂုဏ်ရည်ရှင်အားကစားသမား ဟု အမည်ပေးထားသည်အထိဖြစ်သည်။ ကြိုးဝိုင်းထဲမှ သူ၏ ကျွမ်းကျင်လိမ္မာမှုအရည်အသွေးသာမက ပြင်ပလောကရှိ သူ၏လူမှုလုပ်ငန်းဆောင်ရွက်ချက်များကြောင့် သူ့အား ရိုသေလေးစားတန်ဖိုးထားကြသည်။

    သူသည် ၁၉၇၅ ခုနှစ်တွင် အစ္စလာမ်သာသနာ(စွန္နီ)သို့ ကူးပြောင်းသက်ဝင်သည်။ ၂၀၀၁ ခုနှစ်တွင် မိမိသာသနာနှင့်ပတ်သက်ပြီး အမေရိကန်များစွာမှ အထင်လွဲမှားနေကြောင်း အော်ပရာ ၀င်းဖရေးသို့ ပြောကြားခဲ့သည်။

    “အစ္စလာမ် ဆိုတဲ့ဝေါဟာရက ငြိမ်းချမ်းရေးလို့ အဓိပ္ပာယ်ထွက်ပါတယ်။ မွတ်စ်လင်မ်ဆိုတဲ့စကားလုံးက ဖန်ဆင်းရှင်ထံ မိမိကိုယ်ကိုမာန်ချအပ်နှံခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ ဒါပေမယ့် ပုံနှိပ်ထုတ်ဝေဖော်ပြချက်များက ကျွန်တော်တို့ကို အမုန်းတရားဝါဒီတွေလို့ ထင်မြင်သွားစေပါတယ်။ ခရစ်ယာန်တွေ၊ ဟိန္ဒူတွေ၊ လူတွေအားလုံးက ကျွန်တော့်ရဲ့ညီနောင်များပါ။ ကျွန်တော်တို့က အတွေးအမြင်နဲ့ ယုံကြည်ချက် ကွဲပြားသွားတာပဲရှိပါတယ်”။

    2

    ၂။ ယာစီးန် ဘေး
    —————–
    သူ့အား ဂရမ်မီဂီတဆု လျာထားစာရင်းဝင် ဟစ်ပ်ဟော့ အနုပညာရှင်တစ်ဦးအဖြစ် ပို၍ လူသိများကြသည်။ အမ်မီနှင့် ရွှေကမ္ဘာလုံးဆုရှင်စာရင်းဝင်စဉ်ကလည်း သိရှိသူ မနည်းလှချေ။ ဘက်စုံပါရမီရှင် အနုပညာသည်မှာ ယခုသော် သူ၏ လူမှုရေးစွမ်းဆောင်ချက်များ၊ အလားတူ ရဲတပ်ဖွဲ့ဝင်တို့၏လူမဆန်မှုနှင့် လူ့အခွင့်အရေးဆိုင်ရာ ဆောင်ရွက်ချက်များကြောင့် ကျော်ကြားနေပေသည်။

    အစ္စလာမ်သာသနာသည် အမုန်းတရားနှင့် အကြမ်းဖက်ဝါဒလောဟု ဘီလ် မဟာမှ မေးမြန်းခဲ့စဉ်က သူသည် လူအများ သတိလက်လွတ်ဖြစ်နေသော အချက်နှစ်ရပ်ကို ထောက်ပြပေးခဲ့သည်။

    “ဘာသာတရားတရားတိုင်းက ထွက်ပေါ်တဲ့ အကြမ်းဖက်မှုတွေ ရှိနေကြပါတယ်။ မွတ်စ်လင်မ်နဲ့ ခရစ်ယာန်များအကြား၊ ဒီမိုကရက်နဲ့ ရီပတ်ပလစ်ကန်များအကြား၊ လူဖြူနဲ့လူမည်းအကြား၊ သွေးချင်းနဲ့သွေးဝေးအကြား မတူကွဲပြားမှုအကြောင်းကြောင့် ဖြစ်လာတာမဟုတ်ပါဘူး။ အစ္စလာမ်က ခြိမ်းခြောက်မှုမဟုတ်ပါဘူး။ ချာ့ခ်ျတွေမှာ၊ ဗလီဝတ်ကျောင်းတွေမှာ၊ လေဆိပ်တွေမှာ – နေရာတိုင်းမှာ ရူးကြောင်မူးကြောင် လူတွေ ရှိနေကြတယ် မဟုတ်လား”။

    ၃။ ဟူးမား အာဗေဒီးန်
    ———————–
    အမေရိကန်နိုင်ငံရေးလောကထဲတွင် မွတ်စ်လင်မ်များ မရှိသလောက်ဖြစ်သည်။ ဥပမာအားဖြင့် မွတ်စ်လင်မ် လွှတ်တော်အမတ်နှစ်ဦးသာ ရှိနေ၏။ အမျိုးသမီးဆိုလျှင် ပို၍ပင် မရှိသလောက် ရှားပါး၏။ သမ္မတလောင်းနေရာ ယှဉ်ပြိုင်နေသူ ဟီလာရီ ကလင်တန်၏ ဒုဥက္ကဋ္ဌဖြစ်သော မွတ်စ်လင်မ်အမျိုးသမီး ဟူးမား အာဗေဒီးန်မှာ သူမ၏ ယင်းသို့အောင်မြင်မှုအတွက် ထင်ရှားကျော်ကြားရခြင်းဖြစ်သည်။ ယခုသီတင်းပတ်အတွင်း ထရမ့်ပ်မှ အမေရိကန်မွတ်စ်လင်မ်တို့အပေါ်ပေးသော မှတ်ချက်များနှင့်စပ်လျဉ်း၍ သူမက “ကျွန်မက ဂုဏ်ယူစရာ မွတ်စ်လင်မ်3-1တစ်ဦးပါ။ ဒါပေမယ့် ကျွန်မရဲ့ မနှစ်မြို့မှုနဲ့တူညီအောင် ကျွန်မရဲ့ယုံကြည်မှုနဲ့ ထပ်တူကျစရာ မလိုပါဘူး။ ထရမ့်ပ်က ကျွန်မတို့ရဲ့ ဥပဒေကျမ်းထဲမှာ အစွန်းရောက်လူမျိုးရေးဝါဒ သွတ်သွင်းချင်နေတာပါ” ဟု တုန့်ပြန်ပြောဆိုခဲ့သည်။ သူမ၏တွစ်တာအကောင့်တွင် အောက်ပါအတိုင်း ရေးသားထားသည်။

     

    “အသင်ဟာ ဂုဏ်ယူစရာ အမေရိကန်တစ်ဦး၊ ဂုဏ်ယူစရာ မွတ်စ်လင်မ်တစ်ဦး ဖြစ်နိုင်ပါတယ်။ ဒီတိုင်းပြည်ကြီးကို ဂုဏ်ယူစွာနဲ့ အလုပ်အကျွေးပြုနိုင်ပါတယ်။ မာနနဲ့အစွဲဆိုတာ ဒွန်တွဲနေပါတယ်”။

    4

    ၄။ ဖရီးဒ် ဇကရီယာ
    ——————–
    Time နှင့် Newsweek International ၏ အယ်ဒီတာတစ်ဦးအဖြစ် ဆောင်ရွက်နေသည့် အိန္ဒိယနွယ်ဖွား အမေရိကန်နိုင်ငံသား ဂျာနယ်လစ် ဖရီးဒ်သည် သူ၏သက်မွေးလုပ်ငန်းကြောင့် ထင်ရှားကျော်ကြားလှသည်။ သတင်းစာဆောင်းပါးဆုရှင် ဖရီးဒ်သည် ယခုအခါ CNN ၌ နိုင်ငံရေးဆိုင်ရာ သူ၏ကိုယ်ပိုင်တင်ဆက်မှု အစီအစဉ် ပြုလုပ်နေပြီး Washington Post သတင်းစာအတွက်လည်း အပတ်စဉ်ဆောင်းပါး ရေးသားနေသည်။ သူသည်လည်း ထရမ့်ပ်၏ မွတ်စ်လင်မ်ဆန့်ကျင်ရေး မီးမွှေးချက်ကို သူ့တွစ်တာအကောင့်တွင် တုန့်ပြန်ပြောဆိုထားခဲ့သည်။

    5

    ၅။ စလ်မာန် ခန်း
    ——————
    ရံပုံငွေထိန်းသိမ်းရေးကျွမ်းကျင်သူတစ်ဦးအဖြစ် လုပ်ကိုင်နေခဲ့စဉ်က စွန့်ဦးလုပ်ငန်းရှင် အမေရိကန်မွတ်စ်လင်မ် စလ်မာန် ခန်းထံ၌ အိပ်မက်တစ်ခု ရှိခဲ့၏။ သူသည် Khan Academy ကို စတင်ထူထောင်ပြီး ထိုအိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်နိုင်ခဲ့သည်။ ၎င်း Khan Academy သည် သင်္ချာမှ ပရိုဂရမ်အထိ ပညာရပ်အမျိုးမျိုးကို အွန်လိုင်းမှ သင်ကြားနိုင်သည့်အစီအစဉ်ဖြစ်သည်။ Time မဂ္ဂဇင်းက သူ့အား ၂၀၁၂ ခုနှစ်၏ ကမ္ဘာ့သြဇာအကြီးမားဆုံးပုဂ္ဂိုလ် ၁၀၀ စာရင်းထဲ ထည့်သွင်းဖော်ပြထားသည်။

    Ref : AGENDA
    5 Muslims who helped make America great
    ပြန်ဆိုသူ – သြရသ ရေချမ်း