News @ M-Media

Tag: US

  • အမေရိကန်က ကမ္ဘာ့ပထမဆုံး လေဆာလက်နက်ကို တပ်ဆင်အသုံးပြု

    အမေရိကန်က ကမ္ဘာ့ပထမဆုံး လေဆာလက်နက်ကို တပ်ဆင်အသုံးပြု

    ဇူလိုင် ၁၉၊ ၂၀၁၇
    M-Media

    – အမေရိကန်နိုင်ငံက ကမ္ဘာ့ပထမဆုံး လေဆာလက်နက်ကို ရေတပ်က ပို့ဆောင်ရေး စစ်သင်္ဘော USS Ponce မှာ တပ်ဆင်လိုက်ပါတယ်။

    ‘လေဆာလက်နက်စနစ်’ (LaWS) လို့ အမည်ပေးထားတဲ့ အဲဒီလက်နက်ဟာ တိုက်ချင်းပစ်ဒုံးကျည်ဖြစ်တဲ့ ICBM ရဲ့ အမြန်နှုန်းထက် အဆပေါင်း ၅ သောင်းလောက်ပိုမြန်တာကြောင့် ကမ္ဘာ့ ဘယ်လက်နက်ထက်မဆို သာလွန်ပါတယ်။

    “ကျည်ဆံထက်ကို ပိုတိကျတယ်ဗျ။ စစ်တပ်မှာ သုံးနေတဲ့ လေပေါ်ပစ်မှတ်အတွက် ကောင်းတဲ့လက်နက်၊ ရေပေါ်ပစ်မှတ်အတွက် ကောင်းတဲ့လက်နက်၊ မြေပြင်ပစ်မှတ်အတွက် ကောင်းတဲ့လက်နက်တွေလိုမျိုး တစ်ခုကောင်းမဟုတ်ဘူးဗျ။ ဒီလေဆာက ဘယ်မှာမဆို အဆင်ပြေပြီး ပစ်မှတ်အားလုံးအတွက် သုံးလို့ရပါတယ်” လို့ USS Ponce ရဲ့ ကပ္ပတိန် ခရစ္စတိုဖာ ၀ဲလ်က ပြောကြားခဲ့ပါတယ်။

    ဖိုတွန်အမှုန်တွေပစ်လွှတ်မှုကို အခြေခံပြီး ပစ်မှတ်ကို အပူနဲ့ဖျက်ဆီးတဲ့ ဒီလက်နက်ဟာ လေတိုက်နှုန်းအပါအ၀င် အခြား ဘယ်လိုအရာမျိုးရဲ့ဒဏ်ကိုမှ မှုစရာမလိုဘဲ အရာဝတ္တုတွေကို အလင်းရဲ့အမြန်နှုန်းနဲ့ ပစ်နိုင်မှာဖြစ်ပါတယ်။ ပွဲဦးထွက်အဖြစ် အီရန်၊ မြောက်ကိုရီးယား၊ တရုတ်၊ ရုရှားနဲ့ အခြားသော ပြိုင်ဘက်နိုင်ငံတွေက တွင်တွင်ကျယ်ကျယ် အသုံးပြုနေတဲ့ ဒရုန်းလေယာဉ်တစ်စင်းကို ပစ်ချပြခဲ့ပါတယ်။

    အမေရိကန်ရေတပ်က အခုလေဆာလက်နက်ဟာ အံ့သြဖွယ်တိကျတာကြောင့် စစ်ပွဲတွေမှာ အပျက်အစီးကို လျှော့ချနိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။

    အဲဒီလေဆာလက်နက်စနစ်တစ်ခုကို ကန်ဒေါ်လာ သန်း ၄၀ တန်ဖိုးရှိပြီး လျှပ်စစ်စွမ်းအင်နဲ့အသုံးပြုရမှာဖြစ်ကာ ဂျင်နရေတာလည်း တွဲရက်ပါဝင်မှာဖြစ်ပါတယ်။ စက်ကိုကိုင်တွယ်ဖို့တော့ လူ ၃ ဦးသာလိုမှာဖြစ်ပြီး ဒေါ်လာသန်းချီတန်တဲ့ ဒုံးကျည်တွေ၊ အခြားသော ဘယ်လိုလက်နက်ခဲယမ်းမှ ထက်လိုမှာ မဟုတ်ပါဘူး။

    အမေရိကန် ရေတပ်ဟာ အခုလေဆာလက်နက်ထက် ပိုပြီး အားကောင်းတဲ့ ဒုတိယမျိုးဆက် လေဆာလက်နက်တွေကို ထုတ်လုပ်နေပါတယ်။

    Ref: CNN

  • ရေချိုးခန်းတွင် ဖုန်းသုံးသော ကန်ဆယ်ကျော်သက်တစ်ဦး ဓာတ်လိုက်သေဆုံး

    ရေချိုးခန်းတွင် ဖုန်းသုံးသော ကန်ဆယ်ကျော်သက်တစ်ဦး ဓာတ်လိုက်သေဆုံး

    ဇူလိုင် ၁၈၊ ၂၀၁၇
    M-Media

    – အမေရိကန်ပြည်ထောင်စုတွင် အသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးမှာ ရေစိမ်ချိုးစဉ် အားသွင်းထားသော ဖုန်းကို အသုံးပြုရာမှ ဓာတ်လိုက်သေဆုံးမှုတစ်ခု ပြီးခဲ့သည်ရက်ပိုင်းတွင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    သေဆုံးသွားသူမှာ နယူးမက္ကဆီကိုပြည်နယ် လိုဗင်တန်မြို့မှ မာဒီဆန်ကိုး ဆိုသူဖြစ်ပြီး ရေးချိုးစဉ် ဖုန်းသုံးနေသည့်အကြောင်း သူငယ်ချင်းဖြစ်သူအား နောက်ဆုံးပေးပို့ခဲ့သည့်ပုံကိုလည်း အခြားသူများကို သတိပေးသည့်အနေဖြင့် ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

    ဖုန်းအားသွင်းကြိုးကို ပလပ်တွင် တပ်ထားသည့် အဆိုပါပုံနှင့်အတူ “ဖုန်းသုံးတဲ့အခါ ပလပ်နဲ့ အားသွင်းကြိုး ထိုးထားမယ်ဆိုရင် ရေချိုးနေရင်းလည်း သုံးလို့ရပါတယ်” ဟု စာတိုတစ်စောင်ကို မာဒီဆန်ကိုးက ပေးပို့ခဲ့ပြီး သိပ်မကြာခင်မှာပင် ဓာတ်လိုက်သေဆုံးခဲ့သည်။

    သူမ အားသွင်းကာ အသုံးပြုနေသည့် Samsung Edge Plus ဖုန်း ရေချိုးဇလုံထဲကို ကျသွားရာမှ ဓာတ်လိုက်ခဲ့သည်ဟု စောစောပိုင်းက ယူဆထားသော်လည်း စုံစမ်းစစ်ဆးမှုများအရ ဖုန်းမှာ ရေစိုခြင်းမရှိဘဲ မာဒီဆန်ကိုးမှာ အားသွင်းကြိုး ပလပ်ထိုးထားသည့် မီးဘုတ်၏ ကျိုးပဲ့နေသောအပိုင်းကို သတိမမူမိဘဲ ကိုင်မိသေြာေ
    ကာင့် ဓာတ်လိုက်ခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်ရသည်။

    မိသားများက ထိုအမျိုးသမီးငယ်မှာ ပလပ်ထိုးချိန်၊ သို့မဟုတ် အားသွင်းထားသည့်ဖုန်းကို ကိုင်သည့်အချိန်တွင် ဓာတ်လိုက်ခြင်းဖြစ်မည်ဟု ယုံကြည်နေသည်။

    သူငယ်ချင်းဖြစ်သူအား မာဒီဆန်ကိုး နောက်ဆုံးပေးပို့ခဲ့သည့် ဓာတ်ပုံကို အများပြည်သူ သိရှိအောင် ပြသရန် မိသားစုကလည်း သဘောတူခဲ့ပြီး အခြားသူများ ထိုကဲ့သို့အမှားမျိုး မပြုလုပ်ရေး သတိပေးရန် ရည်ရွယ်ခြင်းဖြစ်သည်။

    “ရေချိုးခန်းဆိုတာ ရေချိုးဖို့နဲ့ ကိုယ့်ရဲ့ သီးသန့်အချိန်အတွက်ပါ။ ဖုန်းဆိုတာ ရေချိုးခန်းနဲ့ ဘာမှ မဆိုင်ပါဘူး။ လျှပ်စစ်နဲ့ ရေဆိုတာ ရောလို့မရပါဘူး။ တစ်စက်လောက်ထိတာနဲ့ သွားမှာပါ” ဟု မာဒီဆန်ကိုး၏ ဒုတိယအမေဖြစ်သူ ဖလီရှာအိုဝင်က ပြောကြားခဲ့သည်။

    Ref: Independent

  • ကြောင် ၂၀ ကျော် ဖမ်းဆီးသတ်ဖြတ်သူကို အမေရိကန်က ထောင် ၁၆ နှစ်ချ

    ကြောင် ၂၀ ကျော် ဖမ်းဆီးသတ်ဖြတ်သူကို အမေရိကန်က ထောင် ၁၆ နှစ်ချ

    ဇူလိုင် ၁၆၊ ၂၀၁၇
    M-Media

    – အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ ကြောင် ၂၁ ကောင်ကို သတ်ဖြတ်မှုနဲ့ အမျိုးသားတစ်ဦးကို ထောင်ဒဏ် ၁၆ နှစ်ချမှတ်ခဲ့ပြီး၊ ဒီအမျိုးသားဟာ သေဆုံးသွားတဲ့ကြောင်ကို လိင်ပိုင်းဆိုင်ရာ စော်ကားမှု ပြုလုပ်ခဲ့တယ်လို့လည်း စွပ်စွဲခံရထားပါတယ်။

    အသက် ၂၆ နှစ်အရွယ် ရောဘတ် ရွိုင် ဖာမာဆိုသူဖြစ်ပြီး တိရစ္ဆာန်အပေါ် ရက်စက်ကြမ်းကြုပ်မှု စွဲချက် ၂၁ ခု အပါအ၀င် စုစုပေါင်း စွဲချက် ၂၃ ခုအတွက် အပြစ်ရှိကြောင်း ၀န်ခံခဲ့ပြီးနောက် သောကြာနေ့က ဆန်တာကလာရာကောင်စီ ဗဟိုတရားရုံးက ပြစ်ဒစ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

    ဆန်ဂျိုးစ်မြို့ ကမ်ဘရင်ပါခ့်ရပ်ကွက်က ကြောင်တွေဟာ ၂၀၁၅ ခုနှစ် စက်တင်ဘာလကတည်းက ပျောက်ဆုံးခဲ့ပြီး နောက်ပိုင်းမှာ သေဆုံးလျက် တွေ့ရှိခဲ့ပါတယ်။ အဲဒီစက်တင်ဘာလအတွင်းမှာပဲ လူဖြူတစ်ယောက်က အိမ်တစ်အိမ်မှာ ကြွက်နဲ့ ကြောင်ကိုမြားပြီး ဖမ်းပြေးသွားတာတဲ့ ပုံရိပ်ကို လုံခြုံရေးကင်မရာကနေ တွေ့ရှိခဲ့ရပါတယ်။

    ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုအတွင်း ၂၀၁၅ ခုနှစ် အောက်တိုဘာ ၈ ရက်နေ့မှာ ကားထဲအိပ်နေတဲ့ ဖာမာကို စစ်ဆေးရာမှာ ကားထဲမှာ ကြိုးချည်ထားတဲ့ ကြောင်သေတစ်ကောင်၊ လက်အိတ်နဲ့ ဓားအိမ်ထဲထည့်ထားတဲ့ တောလိုက်ဓားပါဝင်တဲ့ ကျောပိုးအိတ်တွေကို တွေ့ခဲ့ရပါတယ်။

    တရားရုံးကြားနာမှုအတွင်း တိရစ္ဆာန်ဝန်ဆောင်မှုဌာနက တင်ပြတဲ့ အစီရင်ခံစာမှာ ဖာမာဟာ ကားထဲမှာ ကြောင်သေတစ်ကောင်ကို လိင်ပိုင်ဆိုင်းရာ ကျူးလွန်ခဲ့တဲ့ လက္ခဏာကိုတွေ့ရတယ်လို့ ဖော်ပြထားပြီး၊ ဖြတ်တောက်ထားတဲ့ ကြောင်ရဲ့ လိင်အင်္ဂါတွေကိုလည်း သက်သေအဖြစ် တင်သွင်းခဲ့ပါတယ်။

    ရာဇ၀တ်မှုဆိုင်ရာ ဓာတ်ခွဲခန်းကလည်း DNA စစ်ဆေးချက်တွေအရ ဖာမာဟာ ကြောင်ကို လိင်စော်ကားခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ရှေ့နေကတော့ ကြောင်သေကို လိင်ပိုင်းဆိုင်ရာ စော်ကားတယ်ဆိုတဲ့ စွဲချက်ကို ငြင်းဆိုပါတယ်။

    တရားသူကြီးက ကြောင်တွေကို ဖမ်းဆီးသတ်ဖြတ်မှုအတွက် ထောင်ဒဏ် ၁၆ နှစ်၊ ထောင်ကလွတ်ရင် ၁၀ နှစ်တိတိ ကြောင်တွေနဲ့ ဝေးဝေးနေဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့် လိင်ပိုင်းဆိုင်ရာကျူးလွန်သူအဖြစ် သတ်မှတ်ဖို့အတွက် လိုအပ်ချက်တွေနဲ့ ကိုက်ညီမှု မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

    Ref: RT

  • ကာတာနှင့် ကောင်းမွန်သည့်ဆက်ဆံရေးကို ဆက်ထိန်းမည်ဟု ကန်ပြော

    ကာတာနှင့် ကောင်းမွန်သည့်ဆက်ဆံရေးကို ဆက်ထိန်းမည်ဟု ကန်ပြော

    ဇူလိုင် ၁၅၊ ၂၀၁၇
    M-Media

    မေလအတွင်း ဆော်ဒီသို့ရောက်စဉ်က ကာတာခေါင်းဆောင်နှင့်တွေ့ဆုံခဲ့သည့် ထရမ့်

    – အမေရိကန်အနေဖြင့် ကာတာနှင့် ကောင်းမွန်သည့် ဆက်ဆံရေးကို ထိန်းသိမ်းသွားမည်ဖြစ်ပြီး၊ မိမိတို့၏ လေတပ်စခန်းကိုလည်း ကာတာနိုင်ငံမှ ဖယ်ရှားမည်မဟုတ်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်သည်။

    အရှေ့အလယ်ပိုင်းတွင် အမေရိကန်၏ အဓိက မဟာမိတ်ဖြစ်သော ဆော်ဒီ၊ ယူအေအီး၊ ဘာရိန်းနှင့် အီဂျစ်တို့က ကာတာမှာ အကြမ်းဖက်အဖွဲ့များအား ထောက်ပံ့သည်ဟုဆိုကာ ဇွန်လ ၅ ရက်နေ့က သံတမန်အပါအ၀င် ဆက်သွယ်မှု အားလုံးကို ဖြတ်တောက်ခဲ့သည်။

    ကာတာနိုင်ငံတွင် အမေရိကန်တပ်ဖွဲ့ဝင် ၁၀၀၀၀ ၀န်းကျင် ရှိနေပြီး အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ်၏ အဓိကရုံးချုပ်တည်ရှိသည့် အလ်-အူဒစ် လေတပ်အခြေစိုက်စခန်းလည်း ရှိနေသည်။

    ထရမ့်ကမူ ကာတာရှိ စစ်စခန်းနှင့်ပတ်သက်၍ မိမိတို့တွင် မည်သည့်ပြဿနာမှ မရှိဟု ဆိုသည်။

    “ကာတာနဲ့ ဆက်လက်ပြီး ကောင်းမွန်စွာ ဆက်ဆံသွားမှာပါ။ စစ်စခန်းနဲ့ပတ်သက်ပြီးလည်း ပြဿနာမရှိပါဘူး။ ကျွန်တော်တို့ ထွက်ရင်လည်း နောက်ထပ် ၁၀ နိုင်ငံလောက်က နေရာပေးဖို့ ဆန္ဒရှိနေပြီး ကုန်ကျစားရိတ်ကိုတောင် သူတို့ကပေးမှာပါ။ ကျွန်တော်တို့ ကုန်ကျပေးရတဲ့ရက်တွေက များသောအားဖြင့် ကုန်ဆုံးသွားပါပြီ” ဟု ထရမ့်က CBN သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

    ဆော်ဒီဦးဆောင်သည့်အုပ်စုက ကာတာအား အဆက်အသွယ်ဖြတ်တောက်မှုနှင့်ပတ်သက်၍ ထောက်ခံသော မှတ်ချက်များကို ထရမ့်က Twitter စာမျက်နှာများတွင် တောက်လျှောက် ရေးသားခဲ့ဖူးပြီး မိမိ၏ အရှေ့အလယ်ပိုင်းခရီးစဉ်မှာ အလုပ်ဖြစ်ခဲ့ကြောင်း၊ အစွန်းရောက်အတွေးအခေါ်အတွက် ထပ်မံ ထောက်ပံ့၍ မရတော့ကြောင်း ပြောကြားခဲ့သည်။

    အမေရိကန်မှာ ပြီးခဲ့သည့်လကလည်း F-15 တိုက်လေယာဉ်များ ရောင်းချရန် ကန်ဒေါ်လာ ၁၂ ဘီလီယံတန်ဖိုးရှိ စာချုပ်တစ်ခုကို ကာတာနှင့် ချုပ်ဆိုခဲ့သည်။

    ကြာသာပတေးနေ့က အိမ်ဖြူတော်မှာ ကာတာပြဿနာ ဖြေရှင်းနိုင်ရေး ဆော်ဒီဘုရင် ဆလ်မန်နှင့် ဖုန်းပြောဆိုခဲ့သည်။

    Ref: Aljazeera

  • လူမျိုးရေးခွဲခြားစိတ်ကြောင့် အာရှသူအား အခန်းငှားရန်ငြင်းသည့် ကန်လူဖြူအမျိုးသမီး ပြစ်ဒဏ်ချခံရ

    လူမျိုးရေးခွဲခြားစိတ်ကြောင့် အာရှသူအား အခန်းငှားရန်ငြင်းသည့် ကန်လူဖြူအမျိုးသမီး ပြစ်ဒဏ်ချခံရ

    ဇူလိုင် ၁၄၊ ၂၀၁၇
    M-Media

    လူမျိုးရေးခွဲခြားဆက်ဆံခံရသည့် ဒိုင်နီဆူး

    – ကယ်လီဖိုးနီးယားပြည်နယ်မှာ အာရှနွယ်ဖွားတစ်ယောက်ရဲ့ အခန်းဘိုကင်လုပ်မှုကို လူမျိုးရေးခွဲခြားစိတ်နဲ့ ငြင်းဆိုခဲ့တဲ့ လူဖြူအမျိုးသမီးတစ်ဦးဟာ လျော်ကြေး ကန်ဒေါ်လာ ၅၀၀၀ အပါအ၀င် ပြစ်ဒဏ်အများအပြား ချမှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

    ကယ်လီဖိုးနီးယားတက္ကသိုလ်က ဥပဒေကျောင်းသူ အာရှနွယ်ဖွား ဒိုင်နီဆူးဟာ နာမည်ကျော် Big Bear အပန်းဖြေစခန်းမှာ ဖေဖော်ဝါရီလက နှင်းလျှောစီးခရီးအတွက် အွန်လိုင်းအခန်းငှားဝန်ဆောင်မှုလုပ်ငန်းဖြစ်တဲ့ Airbnb ကနေ အခန်းတစ်ခု ကြိုတင်ဘိုကင်လုပ်ခဲ့တာပါ။

    ဒါပေမယ့် အဲဒီက တာဝန်ရှိသူ တာမီဘာရ်ကာက သူ့အနေနဲ့ အာရှနွယ်ဖွားတစ်ယောက်ကို အခန်းမငှားနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

    Youtube မှာ လွှင့်တင်ထားတဲ့ ဗီဒီယိုမှာ ဆူးက သူတို့သူငယ်ချင်းတစ်စု နှင်းတောထဲမှာ Big Bear ဆီ ကားမောင်းသွားနေတဲ့အချိန် Airbnb မိုဘိုင်းအက်ပလီကေးရှင်းကနေ အခန်းမငှားနိုင်ကြောင်း ပြန်စာလာခဲ့တယ်လို့ မျက်ရည်လည်ရွဲနဲ့ ပြောကြားခဲ့ပြီး screenshoot ရိုက်ထားတဲ့ သူနဲ့ တာမီဘာရ်ကာတို့ရဲ့ အပြန်အလှန်ပြောဆိုမှုတွေကိုလည်း ပြသခဲ့ပါတယ်။

    “ကျွန်မက ဒီမှာ အသက် ၃ နှစ်ကတည်းက နေလာတာရှင့်။ အမေရိကန်က ကျွန်မရဲ့ ဌာနေပါပဲ။ ကိုယ့်ကိုယ်ကို အမေရိကန်တစ်ယောက်လို့ပဲ ကျွန်မ ခံယူတယ်။ ဒါပေမယ့် ဒီအမျိုးသမီးက ကျွန်မဟာ အာရှနွယ်ဖွားတစ်ယောက်ဖြစ်တဲ့အတွက် ခွဲခြားခဲ့တာပါ” လို့ ဆူးက ပြောကြားခဲ့ပါတယ်။

    ဘာကာရဲ့ပြန်စာမှာ “ဒီအကြောင်းကြောင့်ပဲ ထရမ့် တက်လာတာ” “ဒီတိုင်းပြည်ကို နိုင်ငံခြားသားတွေပြောတဲ့အတိုင်း လိုက်လုပ်ရတဲ့တိုင်းပြည်မျိုး ငါအဖြစ်မခံနိုင်ဘူး” ဆိုတာတွေလည်း ပါဝင်ခဲ့ပါတယ်။

    ကယ်လီဖိုးနီးယားက အလုပ်အကိုင်နှင့် အိမ်ယာ တရားမျှတရေးဌာနက ဒီကိစ္စကို စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ပြီးတဲ့နောက် ဘာကာနေနဲ့ နစ်နာကြေး ကန်ဒေါ်လာ ၅၀၀၀ ပေးဖို့၊ ဆူးကို ပြန်လည်တောင်းပန်ဖို့၊ ကောလိပ်အဆင့်ရှိတဲ့ အာရှအမေရိကန် လေ့လာရေးသင်တန်း တက်ဖို့အပါအ၀င် အခြားသောပြစ်ဒဏ်တွေ ကျခံဖို့ အမိန့်ချခဲ့ပါတယ်။

    ကယ်လီဖိုးနီးယား နိုင်ငံသားဆိုင်ရာဥပဒေအရ နေထိုင်မှုဆိုင်ရာ ကိစ္စတွေမှာ လူမျိုးရေးခွဲခြားမှုနဲ့ပတ်သက်တဲ့ ပြစ်မှုတစ်ခုတိုင်းအတွက် ဒဏ်ငွေဟာ ကန်ဒ်ါလာ ၄၀၀၀ ဖြစ်ပါတယ်။

    Ref: LaTimes