News @ M-Media

Tag: US

  • မွတ်စလင်တစ်ဦးအား တိုက်ခိုက်ခဲ့သူကို အမေရိကန်က ထောင် နှစ် ၂၀ ချ

    မွတ်စလင်တစ်ဦးအား တိုက်ခိုက်ခဲ့သူကို အမေရိကန်က ထောင် နှစ် ၂၀ ချ

    ဒီဇင်ဘာ ၁၆၊ ၂၀၁၆
    M-Media

    us
    ကွင်းစ်မြို့မှ တိုက်ခိုက်ခံခဲ့ရသသည့် မတ်စ်ဂျစ်ဒ် အလ်-ဆာလေဟင် ဗလီဝတ်ကျောင်းတော်

    – နယူးယောက်မြို့တော် ကွင်းစ်မြို့ရှိ ဗလီဝတ်ကျောင်းတော်တစ်ခုအား တိုက်ခိုက်ကာ မွတ်စလင်တစ်ဦးကို ဓားဖြင့်ထိုးခဲ့သည့် အမျိုးသားမှာ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံခဲ့ရသည်ဟု သိရသည်။

    ၂၀၁၂ ခုနှစ် နိုဝင်ဘာလအတွင်းက ဖြစ်ပွားခဲ့သည့် ထိုအဖြစ်အပျက်အတွင်း အသက် ၅၉ နှစ်အရွယ်ရှိ ဘားရ်န်ဟဒ် လူဖာမှာ နယူးယောက်မြို့တော် ကွင်းစ်မြို့ရှိ မတ်စ်ဂျစ်ဒ် အလ်-ဆာလေဟင် ဗလီအား တိုက်ခိုက်ခဲ့ပြီးနောက် ၂ ရက်အကြာတွင် ထိုဗလီဝတ်ကျောင်းသို့ ၀တ်ပြုရန် လာရောက်သူ အသက် ၅၇ နှစ်အရွယ် ဘရှီးအဟ်မဒ်ကို ဓားဖြင့် ထိုးခဲ့သည်။

    မနက်အာရုံတက်ဝတ်ပြုရန် လာရောက်သည့် ဘရှီးရ်ကို လူဖာက ဦးခေါင်း၊ လက်၊ ကျောကုန်းနှင့် လက်ဖ၀ါးတို့ကို ဓားဖြင့် အချက်ပေါင်းများစွာထိုးကာ နှာခေါင်းကိုလည်း ကိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုအတွင်း ကျကျန်ခဲ့သည့် ၎င်းမျက်မှန်မှ DNA ကို ရယူပြီးနောက်ပိုင်း လူဖာကို ဖမ်းဆီး တရားစွဲဆိုနိုင်ခဲ့ခြင်း ဖြစ်သည်။

    လူဖာမှာ ၎င်း၏ အိမ်ဖုန်းနံပါတ်ဖြင့် အဆိုပါ ဗလီဝတ်ကျောင်းတော်သို့ ဖုန်းခေါ်ကာ ခြိမ်းခြောက်မှုများလည်း ပြုလုပ်ခဲ့သည်။

    ကြားနာမှုအတွင်း လူဖာမှာ လူသတ်ရန် ကြိုးစားမှု၊ လက်ရောက်ကျူးလွန်ရန် ကြိုးစားမှု၊ လက်ရောက်ကျူးလွန်မှု၊ ရာဇ၀တ်မှုမကင်းသော စိတ်အနှောက်အယှက်ဖြစ်စေမှု၊ လက်နက်ကိုင်ဆောင်မှုတိုဖြင့် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရပြီး ဗုဒ္ဓဟူးနေ့က ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံခဲ့ရသည်။ ၎င်း၏ အမှုအားလုံးကို အမုန်းတရားအခြေခံသော ရာဇ၀တ်မှုများအဖြစ် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

    လူဖာကမူ ‘မိမိအနေဖြင့် အကြမ်းဖက်မှုအပေါ် စစ်ဆင်နွှဲခြင်း’ ဖြစ်သည်ဟု ပြောကြားခဲ့ကြာင်း ကွင်းစ်ခရိုင်ရှေ့နေချုပ် ရစ်ချက် ဘရောင်းက ဆိုသည်။

    လူဖာမှာ ပြီးခဲ့သည့်နှစ်ကလည်း အမေရိကန်-အစ္စလာမ်ဆက်ဆံရေးကောင်စီကို တည်ထောင်သူနှင့် အမှုဆောင်ဒါရိုက်တာကို ခြိမ်းခြောက်သည့်အတွက်ကြောင့် ထောင်ဒဏ် ၁၃ လ ချမှတ်ခံခဲ့ရသည်။

    Ref: gothamist

  • Time မဂ္ဂဇင်း၏ တစ်နှစ်တာအကျော်ကြားဆုံးပုဂ္ဂိုလ်အဖြစ် ထရမ့်ရွေးချယ်ခံရ

    Time မဂ္ဂဇင်း၏ တစ်နှစ်တာအကျော်ကြားဆုံးပုဂ္ဂိုလ်အဖြစ် ထရမ့်ရွေးချယ်ခံရ

    ဒီဇင်ဘာ ၈၊ ၂၀၁၆
    M-Media

    time

    – အမေရိကန်၏ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်မှာ Time မဂ္ဂဇင်း၏ ၂၀၁၆ ခုနှစ်အတွက် တစ်နှစ်တာ အကျော်ကြားဆုံး ပုဂ္ဂိုလ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။

    အိမ်ခြံမြေ လုပ်ငန်းရှင်ဖြစ်ပြီး၊ TV အစီအစဉ်တင်ဆက်သူလည်းဖြစ်သည့် ထရမ့်မှာ နိုဝင်ဘာ ၈ ရက် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပြိုင်ဘက် ဟီလာရီကလင်တန်အား အနိုင်ယူက နိုင်ငံရေးသမိုင်းတွင် မှတ်တမ်းသစ်ရယူနိုင်ခဲ့သည်။

    ထရမ့်ကမူ ထိုကဲ့သို့ Time မဂ္ဂဇင်းမှ ရွေးချယ်မှုမှာ ကြီးမားသည့် ဂုဏ်ပြုမှုတစ်ခုဖြစ်ပြီး မိမိအတွက် အလွန်အမင်း အဓိပ္ပါယ်ရှိသည်ဟု ပြောကြားခဲ့သည်။ ထရမ့်မှာ ဇကာတင်စာရင်းမှ ရုရှားသမ္မတ ဗလာဒီမီရ်ပူတင်၊ ဟီလာရီကလင်တန်တို့ကို ကျော်ဖြတ်ကာ ယခုကဲ့သို့ ရွေချယ်ခံခဲ့ရခြင်းဖြစ်သည်။

    ဟီလာရီကလင်တန်ကမူ ဒုတိယနေရာတွင် ရှိခဲ့သည်ဟု Time မဂ္ဂဇင်း၏ မန်းနေးဂျင်းအယ်ဒီတာဖြစ်သူ နန်ဇီ ဂစ်ဘ်က ပြောကြားခဲ့သည်။ Time ကမူ ထရမ့်မှာ အမေရိကန်၏ နိုင်ငံရေး စည်းမျဉ်းများကို ထူးခြားစေခဲ့သည်ဟု ပြောကြားခဲ့သည်။

    ထိုကဲ့သို့ ရွေးချယ်ရန်အတွက် စာဖတ်သူများထံမှ ဆန္ဒမဲ တောင်းခံခဲ့သော်လည်း နောက်ဆုံး ဆုံးဖြတ်ချက်ကို အယ်ဒီတာများက ပြုလုပ်ခြင်းဖြစ်သည်။

    Ref : BBC

  • Air Force One လေယာဉ် အသစ်မှာယူထားမှု ထရမ့် ဖျက်သိမ်းဖွယ်ရှိ

    Air Force One လေယာဉ် အသစ်မှာယူထားမှု ထရမ့် ဖျက်သိမ်းဖွယ်ရှိ

    ဒီဇင်ဘာ ၇၊ ၂၀၁၆
    M-Media

    airforce-one

    – အမေရိကန်သမ္မတ စီးနင်းရန်အတွက် ဘိုးအင်းလေယာဉ်ကုမ္ပဏီမှ Air Force One လေယာဉ် အသစ်စက်စက် မှာယူထားမှုကို ဖျက်သိမ်းရန် ထရမ့်က အမေရိကန်အစိုးရကို တိုက်တွန်းလိုက်ပြီး ထိုလေယာဉ်အတွက် ကုန်ကျမှုမှာ အလွန်များသည်ဟု ပြောကြားခဲ့သည်။

    Air Force One လေယာဉ်မှာ အမေရိကန် သမ္မတရာထူး၏ ထင်ရှားသော အမှတ်သညာများထဲမှ တစ်ခုဖြစ်ပြီး ယခုအသုံးပြုနေသည့် လေယာဉ်မှာ ၁၉၄၃ ခုနှစ်ကတည်းက အသုံးပြုခဲ့ခြင်းဖြစ်သည်ဟု ဘိုးအင်းကုမ္ပဏီ၏ ၀ဘ်ဆိုက်တွင် ဖော်ပြထားသည်။

    ထိုကဲ့သို့ အသစ်မှာယူထားမှုကို ထရမ့်က အဘယ်ကြောင့် ကန့်ကွက်ရလဲဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း ၎င်း၏ အသွင်ကူးပြောင်းရေးအဖွဲ့ကမူ ထရမ့်မှာ ဇန်န၀ါရီ ၂၀ ရက်နေ့ အာဏာရယူပြီးနောက်ပိုင်းတွင် ပြည်သူများ၏ အခွန်ဘဏ္ဍာများကို ခြွေတာမည်ဆိုသည့် သတင်းစကားမျိုး ပေးရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ဘိုးအင်းက အနာဂတ်သမ္မတအတွက် 747 Air Force One လေယာဉ်အသစ်ကို တည်ဆောက်နေတယ်ဗျ။ ဒါပေမယ့် ဒေါ်လာ ၄ ဘီလီယံကျော်ဆိုတော့ ကုန်ကျစားရိတ်က သိပ်များပါတယ်” ဟု ထရမ့်က ယမန်နေ့တွင် Twitter စာမျက်နှာ၌ ရေးသားခဲ့သည်။

    အမေရိကန်သမ္မတအတွက် သတ်မှတ်ပေးထားသည့် လေယာဉ်များကို စီမံနေသည့် အမေရိကန်လေတပ်က လက်ရှိ သမ္မတအသုံးပြုနေသော လေယာဉ် ၂ စင်းကို ဘိုးအင်း၏ 747-8 လေယာဉ်ဖြင့် အစားထိုးသွားမည်ဟု ၂၀၁၅ ခုနှစ် ဇန်န၀ါရီလတွင် ကြေငြာခဲ့သည်။

    အဆိုပါ လေယာဉ်အစားထိုးမှုအစီအစဉ်အတွက် ဘက်ဂျက်ကို ဒေါ်လာ ၂.၈၇ ဘီလီယံ သတ်မှတ်ထားပြီး ၂၀၁၅ ခုနှစ် ဘဏ္ဍာရေးနှစ်မှ ၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်အထိ ထုတ်နှုတ်သုံးစွဲရန် လျာထားခဲ့သည်။

    Ref: Aljazeera

  • ဗီဇာတစ်စောင်ကို ဒေါ်လာ ၆၀၀၀ နဲ့ ရောင်းစားတဲ့ ဂါနာက အမေရိကန်သံရုံးအတု

    ဗီဇာတစ်စောင်ကို ဒေါ်လာ ၆၀၀၀ နဲ့ ရောင်းစားတဲ့ ဂါနာက အမေရိကန်သံရုံးအတု

    ဒီဇင်ဘာ ၆၊ ၂၀၁၆
    M-Media

    embassy-2
    ရာဇ၀တ်ဂိုဏ်းကဖွင့်လှစ်ခဲ့သည့် သံရုံးအတု

    – ရာဇ၀တ်ဂိုဏ်းတစ်ခုက ၁၀ စုနှစ်တစ်ခုကြာ ဖွင့်လှစ်ခဲ့ပြီး တရားမ၀င်ရရှိတဲ့ ဗီဇာအစစ်တွေကို ထုတ်ပေးခဲ့တဲ့ မြို့တော်အက္ကရာက အမေရိကန်သံရုံးအတုကို ဂါနာအာဏာပိုင်တွေက ဖြိုခွင်းလိုက်ပါတယ်။

    သွတ်မိုးထားပြီး စုတ်ပြတ်နေတဲ့ ပန်းရောင် ၂ ထပ်အဆောက်အဦးမှာ ဖွင့်လှစ်ထားတဲ့ အဲဒီသံရုံးအတုရဲ့ အပြင်ဘက်မှာ အမေရိကန်အလံတစ်ခုကို လွှင့်ထူထားပြီး၊ အတွင်းဘက်မှာတော့ သမ္မတအိုဘားမားရဲ့ ဓာတ်ပုံကြီးကို ခန့်ခန့်ထည်ထည် ချိတ်ဆွဲထားပါတယ်။ အဲဒီ သံရုံးကို ဒီနှစ် နွေရာသီကမှ ဖြိုခွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

    “ဒါဟာ အမေရိကန်အစိုးရက ဖွင့်လှစ်ထားတာ မဟုတ်ပါဘူး။ ဂါနာနဲ့ တူရကီတို့က ဒုစရိုက်ဂိုဏ်း ကြီးကြီးမာစတာတွေနဲ့ လူဝင်မှုကြီးကြပ်ရေး၊ ရာဇ၀တ်မှုဆိုင်ရာ ဥပဒေတွေကို ကြေညက်နေတဲ့ ဂါနာ ရှေ့နေတစ်ယောက်တို့ ပေါင်းပြီး ဖွင့်ထားတာဖြစ်ပါတယ်” လို့ သောကြာနေ့ညပိုင်းက ထုတ်ပြန်ခဲ့တဲ့ ကြေငြာချက်မှာ အမေရိကန်အစိုးရက ပြောကြားခဲ့ပါတယ်။

    အင်္ဂလိပ်နဲ့ ဒက်ခ်ျဘာသာစကားကို ပြောဆိုတတ်တဲ့ တူရကီနိုင်ငံသားတွေက သံရုံးအရာရှိတွေ၊ ၀န်ထမ်းတွေအဖြစ် ဟန်ဆောင်ခဲ့တာဖြစ်ပြီး စုံစမ်းစစ်ဆေးမှုအတွင်းမှာ ဟော်လန်သံရုံးအတုကိုလည်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။

    ဒီသံရုံးအတုဟာ မသမာတဲ့နည်းလမ်းနဲ့ ရရှိခဲ့တဲ့ ဗီဇာအစစ်တွေ၊ မွေးစာရင်းအပါအ၀င် အထောက်အထားအတုတွေကို တစ်စုံ ဒေါ်လာ ၆၀၀၀ နဲ့ ရောင်းစားတာ ဖြစ်ပါတယ်။

    စီနင်းမှုအတွင်းမှာ လူတွေအပြင် အိန္ဒိယ၊ တောင်အာဖရိက၊ ရှန်ဇန်းဇုန်တို့နဲ့ပတ်သက်တဲ့ ဗီဇာအစစ်တွေ၊ အတုတွေ၊ နိုင်ငံ ၁၀ နိုင်ငံက နိုင်ငံကူးလက်မှတ် ၁၅၀၊ လက်တော့တစ်လုံးနဲ့ စမတ်ဖုံးတွေကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။

    အမေရိကန်အစိုးရက ထုတ်ပြန်တဲ့ကြေငြာချက်မှာ သူတို့တွေဟာ ဗီဇာအစစ်တွေကို ဘယ်လိုရရှိလဲဆိုတာကို ဖော်ပြမထားသလို၊ ဒီရာဇ၀တ်အဖွဲ့က ထုတ်ပေးတဲ့ဗီဇာနဲ့ အမေရိကန်၊ အခြားတိုင်းပြည်တွေကို လူဘယ်လောက်များများ ၀င်ရောက်ခဲ့သလဲဆိုတာကိုလည်း ဖော်ပြမထားပါဘူး။ ဒီသံရုံးအတုဟာ အနှောက်အယှက်ကင်းစေဖို့အတွက် ဂါနာအာဏာပိုင်အသီးသီးကို လာဘ်ထိုးထားတာ ဖြစ်ပါတယ်။

    ဂါနာ ရာဇ၀တ်မှု စုံစမ်းစစ်ဆေးရေးဌာနကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှတ်ချက်မှ မပေးသေးပါဘူး။

    embassy
    အက္ကရာမြို့မှ အမေရိကန်သံရုံးအစစ်

    အနောက်နိုင်ငံတွေက ဗီဇာတွေဟာ အာဖရိကမှာ ၀ယ်လိုအားကောင်းပြီး၊ ဒီဈေးကွက်က ကျကျနနလုပ်တတ်တဲ့ ရာဇ၀တ်ဂိုဏ်းတွေအတွက် ပစ်မှတ်ကြီးတစ်ခု ဖြစ်နေတယ်လို့ သံရုံးတွေက ဆိုပါတယ်။

    အက္ကရာကာ အမေရိကန်သံရုံးအစစ်ဟာ ထင်ရှားပြီး မြို့ရဲ့ ဈေးအကြီးဆုံးရပ်ကွက်က အင်မတန် သားနားတဲ့ အဆောက်အဦးဖြစ်ပါတယ်။ ဗီဇာလာလျှောက်တဲ့သူတွေ၊ သံရုံးဆိုင်ရာ ကိစ္စနဲ့ လာရောက်သူတွေကို အဲဒီသံရုံးအစစ်မှာ နေ့စဉ်မပြတ် တွေ့ရပါတယ်။

    သံရုံးအတုကတော့ တစ်ပတ်ကို ၃ ရက် မနက်ပိုင်းသာဖွင့်ပြီး ချက်ခြင်းလာရောက်သူတွေကို လက်မခံပါဘူး။ နောက်ပြီး ဒီရာဇ၀တ်ဂိုဏ်းဟာ ဂါနာ၊ တိုဂိုနဲ့ အိုက်ဗရီကို့စ်တို့မှာ ဘီလ်ဘုတ်တွေနဲ့ကို ကြေငြာပြီး အာဖရိကတစ်ဝှမ်းက ဖောက်သည်တွေကို ဆွဲဆောင်တာတွေလည်း ပြုလုပ်ပါတယ်။ အက္ကရာမြို့ကို လာရောက်တဲ့ တစ်ခြားအာဖရိကနိုင်ငံသားတွေအတွက် သံရုံးနဲ့နီးတဲ့ ဟိုတယ်မှာ အခန်းတွေတောင် ငှားပေးပါသတဲ့။

    အမေရိကန် အာဏာပိုင်တွေကတော့ ဒီရာဇ၀တ်ဂိုဏ်းကို ဖြိုခွင်းဖို့အတွက် ဂါနာထောက်လှမ်းရေးဗျူရို၊ ရဲတပ်ဖွဲ့၊ နိုင်ငံတကာ မိတ်ဖက်တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်တာ ဖြစ်ပါတယ်။

    Ref: Independent

  • ပြည်သူမကြိုက်သည့် စီမံကိန်းလုပ်ပိုင်ခွင့်ကို ကန်စစ်တပ် ပြန်ရုပ်သိမ်း

    ပြည်သူမကြိုက်သည့် စီမံကိန်းလုပ်ပိုင်ခွင့်ကို ကန်စစ်တပ် ပြန်ရုပ်သိမ်း

    ဒီဇင်ဘာ ၅၊ ၂၀၁၆
    M-Media

    native
    ဆန္ဒပြနေသည့် ဌာနေအမေရိကန်များ

    – ဌာနေအမေရိကန်များနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူများက လပေါင်းများစွာကြာ ဆန္ဒပြမှုများ ပြုလုပ်ခဲ့ပြီးနောက် မြောက်ဒါကိုတာကိုဖြတ်၍ ဖောက်လုပ်မည့် ပိုက်လိုင်းစီမံကိန်း ဆောက်လုပ်ခွင့် ပါမစ်ပေးထားမှုကို အမေရိကန်စစ်တပ်၏ အင်ဂျင်နီယာတပ်ဖွဲ့မှ ရုပ်သိမ်းလိုက်သည်ဟု သိရသည်။

    တက္ကဆက်ပြည်နယ်အခြေစိုက် စွမ်းအင်ကုမ္ပဏီတစ်ခုဖြစ်သော Energy Transfer Partners LP က ပိုင်ဆိုင်သည့် အဆိုပါ ပိုက်လိုင်းမှာ အားလုံးနီးပါး ပြီးစီးနေပြီး မစ်ဇူရီမြစ်ပေါ်ရှိ ရေလှောင်တမံတစ်ခုပါဝင်သော အပန်းဖြေနေရာ အိုဟေ ရေကန် အောက်မှ ဖြတ်ဖောက်ရန်သာ ကျန်ရှိတော့သည်။

    သို့သော်လည်း ဌာနအေမေရိကန်များနှင့် တက်ကြွလှုပ်ရှားသူများကမူ ကန်ဒေါ်လာ ၃.၈ ဘီလီယံ တန်ဖိုးရှိသည့် အဆိုပါ စီမံကိန်းမှာ ရေပေးဝေမှုကို ညစ်ညမ်းစေပြီး၊ မိမိတို့လူမျိုး၏ အထွဋ်အမြတ်ထားရာ နေရာများကို ထိခိုက်ပျက်ဆီးစေနိုင်သည်ဟုဆိုကာ လပေါင်းများစွာ ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

    ယမန်နေ့က အမေရိကန်စစ်တပ်မှ ထုတ်ပြန်သည့် ကြေငြာချက်တွင် မိမိတို့အနေဖြင့် အိုဟေးရေကန်အောက်မှ ဖြတ်ဖောက်ရန် ခွင့်ပြုထားမှုကို ရုပ်သိမ်းလိုက်သည်ဟု ဖော်ပြခဲ့သည်။ ဌာနေအမေရိကန်အဖွဲ့မှ ဥက္ကဌဖြစ်သူ ဒေ့ဗ် အာရ်ချမ်ဘော့ ၂ ကလည်း စစ်တပ်အနေဖြင့် အခြားလမ်းကြောင်းတစ်ခုကို ရွေးချယ်နိုင်သည်ဟု ဆိုသည်။

    Energy Transfer Partners LP ကုမ္ပဏီမှာ ထိုဆုံးဖြတ်ချက်အတွက် အယူခံဝင်နိုင်ပြီး၊ ရှေ့နေတစ်ဦးဖြစ်သူ ဂျန် ဟက်ဆဲမန်က ကုမ္ပဏီမှာ ထိုဆုံးဖြတ်ချက်အတွက် တရားစွဲနိုင်ကာ ထရမ့်အစိုးရသစ်ကလည်း စစ်တပ်ဆုံးဖြတ်ချက်ကို ပယ်ချနိုင်သည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera