News @ M-Media
Tag: US
  • လေကြောင်း ထိပ်တိုက်တွေ့မှုအတွက် ရုရှားက အမေရိကန်ကို စိန်ခေါ်
    လေကြောင်း ထိပ်တိုက်တွေ့မှုအတွက် ရုရှားက အမေရိကန်ကို စိန်ခေါ်
    မေ ၁၊ ၂၀၁၆
    M-Media
    jet
    – ဘောလ်တစ်ပင်လယ်ပြင်ပေါ်မှာ ပျံသန်းနေတဲ့ အမေရိကန် ထောက်လှမ်းရေးလေယာဉ်ကို မိမိတို့ ထိပ်တိုက် ရင်ဆိုင်ခဲ့တာဟာ မှန်ကန်တယ်လို့ ရုရှားက သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။
    ယခုတစ်ပတ်အတွင်းမှာဖြစ်ပျက်ခဲ့တဲ့ အဲဒီအဖြစ်အပျက်မှာ ရုရှားတိုက်လေယာဉ်ဟာ အမေရိကန်ရဲ့ အဲဒီ ထောက်လှမ်းရေးလေယာဉ်အပေါ်မှာ ခေါက်တုံ့ခေါက်ပြန် လှည့်ပတ်ပျံဝဲခဲ့တာဖြစ်ပြီး ပင်တဂွန်ကတော့ ဒီလုပ်ရပ်ဟာ အန္တရာယ်ရှိပြီး ကျင့်ဝတ်ဖောက်ဖျက်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    ရုရှားက အမေရိကန်လေယာဉ်ဟာ ဘယ်သူဘယ်ဝါလဲဆိုတာ သိရှိဖို့ အချက်ပြစနစ်ကို ပိတ်ထားခဲ့တာဖြစ်တယ်လို့ တုန့်ပြန်ပြောကြားခဲ့ပါတယ်။ အမေရိကန်နဲ့ ရုရှားတိုက်လေယာဉ်တွေ ဘောလ်တစ်ပင်လယ်ထဲမှာ ထိပ်တိုက်တွေ့ဆုံမှုဟာ ဒီတစ်ကြိမ်ဆို ဒီလအတွင်း ၂ ကြိမ်မြောက်ရှိပြီ ဖြစ်ပါတယ်။
    အမေရိကန်ကတော့ ရုရှားတိုက်လေယာဉ်တွေရဲ့ ပျံသန်းမှုဟာ ရန်လိုတဲ့အနေအထား ရှိနေတယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။ ရုရှားဘက်ကတော့ သူတို့ရဲ့လုပ်ရပ်တွေဟာ မှတ်ကန်တယ်လို့ ပြောကြားခဲ့ပါတယ်။
    “ရုရှားပိုင် လေယာဉ်အားလုံးရဲ့ပျံသန်းမှုဟာ လေကြောင်းအသုံးပြုမှုဆိုင်ရာ နိုင်ငံတကာစည်းမျဉ်းစည်းကမ်းတွေနဲ့
    ကိုက်ညီပါတယ်။ အမေရိကန်လေတပ်မှာ လုပ်ရမှာ နှစ်ခုပဲရှိပါတယ်၊ တစ်ခုက ကျွန်တော်တို့နယ်စပ်အနီးတစ်ဝိုက်မှာ မပျံသန်းဖို့နဲ့ နောက်တစ်ခုက ဘယ်သူဘယ်ဝါလဲဆိုတာ သိနိုင်ဖို့အတွက် ရေဒီယိုအချက်ပြစနစ် ဖွင့်ထားပေးဖို့ပါပဲ”” လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
    နောက်ပြီး အမေရိကန်တိုက်လေယာဉ်တွေဟာ ရေဒီယိုအချက်ပြစနစ်ကိုပိတ်ပြီး ရုရှားနယ်စပ်နားချဉ်းကပ်ဖို့ အမြဲလိုလိုကြိုးစားလေ့ရှိတယ်လို့လည်း ရုရှားက ပြောကြားခဲ့ပါတယ်။ အမေရိကန်တိုက်လေယာဉ်တွေနဲ့ ရုရှားတိုက်လေယာဉ်တွေ ထိပ်တိုက်တွေ့ဆုံမှုဟာ ပြီးခဲ့ ၁၈ လအတွင်း ဘောလ်တစ်ပင်လယ်နဲ့ ယူကေရေပိုင်နက်အနီးတွေမှာလည်း ထပ်ခါတလဲလဲ ဖြစ်ပေါ်ခဲ့ပါတယ်။
    Ref: BBC
  • အမေရိကန်တွင် ကစားစရာသေနတ် ကိုင်ဆောင်ထားသည့် လူငယ်ကို ရဲတပ်ဖွဲ့က သေနတ်ဖြင့်ပစ်
    အမေရိကန်တွင် ကစားစရာသေနတ် ကိုင်ဆောင်ထားသည့် လူငယ်ကို ရဲတပ်ဖွဲ့က သေနတ်ဖြင့်ပစ်
    ဧပြီ ၂၈၊ ၂၀၁၆
    M-Media
    black man
    – ရဲတပ်ဖွဲ့၏ ထိန်းသိမ်းထားမှုအတွင်း သေဆုံးသွားခဲ့သည့် လူမည်းလူငယ် ဖရက်ဒီဂရေးအတွက် နှစ်ပတ်လည် ဆန္ဒပြမှုအတွင်း အမေရိကန်ရဲတပ်ဖွဲ့က အရုပ်ပစ္စတိုကိုင်ထားသော အသက် ၁၃ နှစ်အရွယ်ကလေးငယ်အား သေနတ်ဖြင့် ပစ်ခဲ့သည်ဟု သိရသည်။
    ဘလာတီမိုးရ်တွင် ယမန်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ အရုပ်ပစ္စတိုကိုင်ဆောင်ထားသည့် ကလေးငယ်အား တကယ့်သေနတ်အစစ်အဖြစ် ထင်မှတ်၍ ရဲတပ်ဖွဲ့ဝင်၂ ဦးက လိုက်လံဖမ်းဆီးရာမှ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့အကြီးအကဲ ကီဗင် ဒါးဗီးစ်က ပြောကြားခဲ့သည်။
    အဆိုပါလူငယ်လေးမှာ ဒဏ်ရာရရှိခဲ့သော်လည်း အသက်အန္တရာယ် စိုးရိမ်ရခြင်းမရှိဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ လူငယ်လေး၏ မိခင်ကို ရဲတပ်ဖွဲ့က နောက်ပိုင်းတွင် မေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး ဖမ်းဆီးခဲ့ခြင်းမရှိချေ။
    လွန်ခဲ့သော တစ်နှစ်အရင်က ရဲတပ်ဖွဲ့၏ ထိန်သိမ်းမှုအတွင်း သေဆုံးသွားခဲ့သည့် လူမည်းအမျိုးသား ဖရက်ဒီဂရေးအ တွက် ယမန်နေ့က ပြုလုပ်ခဲ့သည့် နှစ်ပတ်လည် ချီတက်ဆန္ဒပြပွဲတွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပွားခဲ့သည်။
    Ref: Aljazeera
  • ကျွန်စနစ်ဖျက်သိမ်းရေး ကြိုးပမ်းခဲ့သူ လူမည်းအမျိုးသမီး၏ပုံကို အမေရိကန်ဒေါ်လာ ငွေစက္ကူတွင်  ထည့်သွင်းမည်
    ကျွန်စနစ်ဖျက်သိမ်းရေး ကြိုးပမ်းခဲ့သူ လူမည်းအမျိုးသမီး၏ပုံကို အမေရိကန်ဒေါ်လာ ငွေစက္ကူတွင်  ထည့်သွင်းမည်
    ဧပြီ ၂၁၊ ၂၀၁၆
    M-Media
    dollar
    – အမေရိကန်တွင် ကျွန်စနစ်ဖျက်သိမ်းရေး ကြိုးပမ်းခဲ့သည့် တက်ကြွလှုပ်ရှားသူ လူမည်းအမျိုးသမီး ဟာရီယတ် တူဘ်မန်၏ ပုံကို အမေရိကန်ဒေါ်လာ ငွေစက္ကူတွင် ထည့်သွင်းသွားမည်ဟု အမေရိကန် ငွေတိုက်ဌာနက ယမန်နေ့တွင် ကြေငြာလိုက်ပြီး၊ အမေရိကန် ငွေစက္ကူများတွင် ပါဝင်ခွင့်ရသည့် ပထမဆုံး လူမည်းအမျိုးသမီးလည်း ဖြစ်လာမည်ဖြစ်သည်။
    တူဘ်မန်မှာ ၁၈၂၀ ပြည့်နှစ်တွင် မွေးဖွားခဲ့သူဖြစ်ပြီး ကျွန်ရာပေါင်းများစွာကို လွတ်မြောက်အောင် ဆောင်ရွက်ပေးခဲ့သူလည်းဖြစ်သည်။ သူမ၏ ဓာတ်ပုံအား ဒေါ်လာ ၂၀ တန် ငွေစက္ကူ၏ အရှေ့ဖက်တွင် ထည့်သွင်းမည်ဖြစ်ပြီး လက်ရှိ ပါဝင်နေသော ကျွန်ပိုင်ရှင် သမ္မတဟောင်း အန်ဒရူး ဂျက်ဆန်၏ပုံကိုမူ ဖယ်ရှားကာ အနောက်ဖက်တွင် ပြန်လည် ထည့်သွင်းမည်ဖြစ်သည်။
    အမေရိကန်ငွေတိုက်ဌာန အတွင်းရေးမှူး ဂျာကော့ဘ် လျူကမူ တူဘ်မန်မှာ သမိုင်းတွင်သည့် ပုဂ္ဂိုလ်တစ်ဦးသာမကဘဲ မိမိတို့၏ ဒီမိုကရေစီစနစ်တွင် ခေါင်းဆောင်မှုနှင့် ပူးပေါင်းပါဝင်မှုတို့အတွက် စံနမူနာယူစရာ အမျိုးသမီးတစ်ဦးဖြစ်သည်ဟု ပြောကြားခဲ့သည်။
    ဟာရီယတ် တူဘ်မန်မှာ လူမည်းကျွန်များကို မြေအောက်ရထားလမ်းမှတစ်ဆင့် ဘေးကင်းရာကို လျှို့ဝှက်ပို့ဆောင်ပေးခဲ့သည့်အတွက် ကျော်ကြားသော်လည်း အမေရိကန်ပြည်တွင်းစစ်တွင် သူလျှိုအဖြစ် ပါဝင်ခဲ့သည့် ၎င်း၏ အခန်းကဏ္ဍမှာ ပို၍ ထင်ရှားသည်။
    Ref: BBC
  • ကယ်လီဖိုးနီးယား တောမီးရှို့သူကို ထောင်ဒဏ်နှစ် ၂၀ နှင့် ဒဏ်ငွေချမှတ်
    ကယ်လီဖိုးနီးယား တောမီးရှို့သူကို ထောင်ဒဏ်နှစ် ၂၀ နှင့် ဒဏ်ငွေချမှတ်
    ဧပြီ ၉၊ ၂၀၁၆
    M-Media
    wildfire
    – ကယ်လီဖိုးနီးယားရှိ တောတစ်ခုကို မီးရှို့ကာ ထိုမီးလောင်မှုအား နောက်ခံထား၍ ၎င်းကိုယ်ကို ဗီဒီယို ရိုက်ကူးခဲ့သူ အမျိုးသားကို အမေရိကန်တရားရုံးက ယမန်နေ့တွင် ထောင်ဒဏ် နှစ် ၂၀ နှင့် ဒဏ်ငွေ ကန်ဒေါ်လာ သန်း ၆၀ ချမှတ်လိုက်သည်ဟု သိရသည်။
    အဆိုပါတောမီးမှာ ကယ်လီဖိုးနီးယားပြည်နယ်သမိုင်းတွင် အဆိုးဝါးဆုံး တောမီးများထဲမှ တစ်ခုဖြစ်ခဲ့ပြီး မြေဧက တစ်သိန်းနီးပါး လောင်ကျွမ်းခဲ့ကာ အိမ်ပေါင်း ဒါဇင်နှင့်ချီ၍ ပျက်ဆီးခဲ့သည်။ ထို့ပြင် ပြည်နယ်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းတို့တွင် နေထိုင်သူ ပြည်သူ ထောင်နှင့်ချီ၍ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။
    Ref: Channelnewsasia
  • အကြမ်းဖက်အဖွဲ့များ နျူလက်နက်မရစေရန် အိုဘားမား သတိပေး
    အကြမ်းဖက်အဖွဲ့များ နျူလက်နက်မရစေရန် အိုဘားမား သတိပေး
    ဧပြီ ၂၊ ၂၀၁၆
    M-Media
    obama
    – IS ကဲ့သို့အဖွဲ့များ နျူလက်နက်မရရှိရေးအတွက် ကြိုးပမ်းသွားရမည်ဟု အမေရိကန်သမ္မတ ဘာရက် အိုဘားမားက ကမ္ဘာ့ခေါင်းဆောင်များကို ယမန်နေ့က တိုက်တွန်းပြောကြားလိုက်သည်။
    လက်ရှိတွင် အကြမ်းဖက်အဖွဲ့အစည်းများက နျူလက်နက်များကို မရရှိသေးသော်လည်း အလ်ကိုင်းဒါးအဖွဲ့မှာ ထိုလက်နက်များ ရရှိရန် အချိန်အတော်ကြာကတည်းက ကြိုးစားနေပြီး IS အဖွဲ့ကလည်း ဆီးရီးယားနှင့် အီရတ်တို့တွင် အဆိပ်ဓာတ်ငွေ့များအပါအ၀င် ဓာတုလက်နက်များကို အသုံးပြုခဲ့သည်ဟု အမေရိကန်သမ္မတက ထပ်လောင်းပြောကြားခဲ့သည်။
    “ဒီ စိတ်မနှံသူတွေလက်ထဲ နျူဗုံး ဒါမှမဟုတ် နျူကလီးယားပစ္စည်းတွေ ရောက်သွားပြီဆိုရင် အပြစ်မဲ့ပြည်သူတွေကို များနိုင်သမျှ များများသတ်မယ်ဆိုတာ အသေအချာပါပဲ။ ကျွန်တော်တို့ ကမ္ဘာကြီးကို ပြောင်းလဲသွားစေမှာပါ”
    အဆိုပါထိပ်သီးအစည်းအဝေးသို့ နိုင်ငံပေါင်း ၅၀ ကျော်မှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး အိုဘား၏ စတုတ္ထနှင့် နောက်ဆုံး အစည်းအဝေးဖြစ်သည်။ ထိုအစည်းအဝေးတွင် နျူလက်နက်ဖြင့် တိုက်ခိုက်မှုများ ဖြစ်မလာရေး ကာကွယ်တားဆီးရန် ဆွေးနွေးခဲ့ကြသည်။
    Ref: Aljazeera