News @ M-Media

Tag: US

  • မိမိ ပါတီသမ္မတလောင်း မဖြစ်ပါက အဓိကရုဏ်းဖြစ်မည်ဟု ထရမ့်ခြိမ်းခြောက်

    မိမိ ပါတီသမ္မတလောင်း မဖြစ်ပါက အဓိကရုဏ်းဖြစ်မည်ဟု ထရမ့်ခြိမ်းခြောက်

    မတ် ၁၈၊ ၂၀၁၆
    M-Media

    trump

    – မိမိအား ရီပက်ဘလစ်ကန်ပါတီက ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် မရွေးချယ်ပါလျှင် မိမိကိုထောက်ခံသူများက အဓိကရုဏ်း ဖန်တီးနိုင်သည်ဟု ဒေါ်နယ်ထရမ့်က ပြောကြားလိုက်သည်။

    ဗုဒ္ဓဟူးနေ့က CNN သတင်းဌာနနှင့် အင်တာဗျူးတွင် ထိုကဲ့သို့ ပြောကြားခဲ့ဖြစ်သည်။ ဒေါ်နယ်ထရမ့်မှာ လက်ရှိပြုလုပ်နေသည့် ပါတီတွင်း သမ္မတလောင်းရွေးကောက်ပွဲ မဲဆွယ်မှုများတွင် ဆက်တိုက် အနိုင်ရလျက်ရှိသော်လည်း သတ်မှတ်ထားသည့် မဲအရေအတွက် မပြည့်သည့်အခြေအနေမျိုးလည်း ဖြစ်သွားနိုင်သည်။

    ထို့ကြောင့် ယခုနှစ် သမ္မတရွေးကောက်ပွဲအတွက် သမ္မတလောင်းအဖြစ် ရွေးချယ်ရန် လာမည့်ဇူလိုင်လတွင် ကလိဗ်လန်း၌ ပြုလုပ်မည့် ရီပက်ဘလစ်ကန် ပါတီညီလာခံတွင် ထရမ့်အားကျော်၍ အခြားတစ်ဦးကို ရွေးချယ်နိုင်ဖွယ်ရှိနေသည်။

    “အေးအေးဆေးဆေး ဖြစ်သွားမယ်လို့ ကျွန်တော် မထင်ပါဘူး။ အဓိကရုဏ်းတွေ ဖြစ်မှာပါ။ အဲဒီလိုဖြစ်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်က လူသန်းပေါင်းများစွာကို ကိုယ်စားပြုသူပါ။ တကယ်လို့ ဒီလူတွေကို ခင်ဗျားက အလေးမထားဘူးဆိုရင် ဘယ်တုန်းကမှ မမြင်ဘူးတဲ့ ပြဿနာမျိုတွေကို သူတို့က ပြုလုပ်ပါလိမ့်မယ်” ဟု ထရမ့်က ပြောကြားခဲ့သည်။

    ဗြိတိန် သုတေသန အဖွဲ့တစ်ခုဖြစ်သော Economist Intelligence Unit ကမူ ထရမ့်မှာ အမေရိကန်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရပါက အမေရိကန်နိုင်ငံ၏ စီးပွားရေး၊ ကုန်သွယ်ရေးတို့ ထိခိုက်မည်ဖြစ်ကာ အကြမ်းဖက် တိုက်ခိုက်မှုများကိုလည်း မီးလောင်ရာ လေပင့်ပေးသကဲ့သို့ ဖြစ်မည်ဟု သတိပေးခဲ့သည်။

    Ref: Aljazeera

  • IS စတင်ပေါ်ပေါက်လာမှုကို သိရှိသော်လည်း စီအိုင်အေက လစ်လျူရှုခဲ့

    IS စတင်ပေါ်ပေါက်လာမှုကို သိရှိသော်လည်း စီအိုင်အေက လစ်လျူရှုခဲ့

    မတ် ၁၇၊ ၂၀၁၆
    M-Media

    CIA

    – ဆီးရီးယားအတိုက်အခံအဖွဲ့ဖြစ်တဲ့ လွတ်လပ်သော ဆီးရီးယားတပ်မတော် (FSA) ရဲ့ ထောက်လှမ်းရေးခေါင်းဆောင်က ၎င်းရဲ့ထောက်လှမ်းရေးအဖွဲ့ဟာ IS တွေ ပေါ်စကတည်းက သတင်းအချက်အလက်တွေ ရှာဖွေစုဆောင်းပေးခဲ့ပေမယ့် အမေရိကန်ထောက်လှမ်းရေးအဖွဲ့ (CIA) ကတော့ အဲ့ဒီအကြမ်းဖက်သမားတွေကို ခေါင်းမထောင်နိုင်အောင်နှိမ်နင်းနိုင်မယ့် အဆိုပါ သတင်းအချက်အလက်တွေကို လုံးဝမျက်ကွယ်ပြုခဲ့တယ်လို့ ပြောလိုက်ပါတယ်။

    ကုဒ်နာမည် M လို့ပေးထားတဲ့ သူလျှိုခေါင်းဆောင်က Le Monde သတင်းစာကို ပြောကြားလိုက်တာဖြစ်ပြီး ၎င်းရဲ့အဖွဲ့သားတွေ ကွင်းဆင်းကောက်ယူထားတဲ့ IS အဖွဲ့နဲ့ပက်သက်တဲ့ အလွန်အသေးစိတ်တဲ့ သတင်းအချက်အလက်တွေကို CIA ဆီ ၂ နှစ်ကြာ ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

    အီရတ်နဲ့ဆီရီးယားကိုတိုက်ခိုက်မယ့် IS ရဲ့အကြံအစည်တွေနဲ့ပက်သက်ပြီး သတင်းပေးခဲ့ရာမှာ GPS လမ်းညွှန်များ၊ မြေပုံများ၊ ဓာတ်ပုံများ၊ ဖုန်းနံပါတ်များနဲ့ အင်တာနက်လိပ်စာ (IP address) တောင် ပါခဲ့ပါသတဲ့။

    “IS အဖွဲ့ဝင်တွေ ၂၀ လောက်ရှိရာကနေ ၂၀,၀၀၀ လောက် ဖြစ်လာတဲ့အချိန်ထိ အကုန်လုံးကို အမေရိကန်တွေဆီ ကျွန်တော်တို့ ပို့ပေးခဲ့ပါတယ်။ သူတို့ကို ဒီသတင်းအချက်အလက်တွေနဲ့ ဘာလုပ်နေလဲလို့မေးရင်လည်း ဝေ့၀ိုက်ဖြေကြားပြီး ဒါက အထက်က ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်တယ်လို့ပဲ အမြဲပြောပါတယ်”

    နိုင်ငံခြားမှာ လေ့ကျင့်ပေးထားတဲ့ အဲဒီ FSA ခေါင်းဆောင်ဟာ IS တွေထိန်းချုပ်ထားတဲ့မြို့တွေဖြစ်တဲ့ ရက္ကာ၊ အလ်ဘာ့ဘ်၊ တဲလ်အဘ်ယာ့ဒ်နဲ့ တခြားမြို့တွေမှာ ယုံကြည်စိတ်ချရတဲ့လူ ၃၀ လောက်ကို စုဆောင်းခဲ့ပြီး၊ စစ်ဆင်ရေးဆောင်ရွက်ဖို့ ဘဏ္ဍာရေးကိစ္စနဲ့ပက်သက်လို့ အမေရိကန်ဆီက တစ်လ ဒေါ်လာ ၃၀,၀၀၀ တောင်းဆိုထားပေမယ့် တကယ်တမ်းမှာ ဒေါ်လာ ၁၀,၀၀၀ ပဲရရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    M ရဲ့ အားအကိုးရဆုံးသော အဖွဲ့သားတစ်ဦးဟာ တူရီကီနယ်စပ်အနီး မန်ဂျစ်ဘ်မြို့ IS တွေရဲ့ ဘဏ္ဍာရေးဌာနတစ်ခုမှာ သူလျှိုအဖြစ် ၀င်ရောက်နေတာဖြစ်ပါတယ်။ ၎င်းက ရဒ်ဝမ် ဟာဘစ်လို့ခေါ်တဲ့ လွှတ်တော်အမတ်ဟောင်းတစ်ဦး သူ့အကိုဖြစ်သူ IS အဖွဲ့ခွဲခေါင်းဆောင် အလီကို ဒေါ်လာ ၇၄၀၀၀ ပေးခဲ့တယ်လို့လည်း သတင်းပေးပို့ခဲ့ပါတယ်။

    FSA အဖွဲ့ဝင်တွေနဲ့ သတင်းပေးတွေဟာ အမျိုးမျိုးသော စစ်ဆင်ရေးတွေ တစ်ခါတရံမှာ သိပ်အန္တရယ်များတဲ့ ကိစ္စတွေပါ လုပ်ကိုင်ဆောင်ရွက်ရလေ့ ရှိပါတယ်။ M ပေးပို့တဲ့ဓာတ်ပုံတစ်ပုံမှာဆိုရင် ပြည်ပ IS တိုက်ခိုက်ရေးသမားတွေ အများဆုံးရှိတဲ့ လာတာကီယာပြည်နယ်မြောက်ပိုင်းရဲ့ လေ့ကျင့်ရေးစခန်းတစ်ခုကို ဖော်ပြထားပါတယ်။

    “ကျွန်တော် ဒီကိစ္စကို အနောက်ဘက်က အဆက်အသွယ်တွေဆီ GPS အမှတ်အသားနဲ့တကွ ပို့ပေးခဲ့ပါတယ်၊ ဒါပေမဲ့လည်း ဘာတုံ့ပြန်မှုမှ မရှိခဲ့ပါဘူး။ ကျွန်တော့်ရဲဘော်တွေက IS ခေါင်းဆောင်ပိုင်းတွေရဲ့ ဖုန်းနံပါတ်တွေ၊ ဂြိုဟ်တုအမှတ်စဉ်နံပါတ်တွေနဲ့ အင်တာနက်လိပ်စာတွေရဖို့ ကြိုးစားပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း ဘယ်လိုမှ တုန့်ပြန်မလာပါဘူး” လို့ ၎င်းက ပြောပါတယ်။

    FSA အဖွဲ့ဟာ အမေရိကန်နဲ့ ဗြိတိန်တို့ဆီကနေ အထောက်အပံ့ အခိုင်အမာရထားတဲ့အဖွဲ့ဖြစ်ပါတယ်။ စီအိုင်အေဟာ ဆီးရီးယားပြည်တွင်းစစ် စဖြစ်ဖြစ်ခြင်းမှာ သူပုန်တွေကို လေ့ကျင့်သင်ကြားပေးတာတွေရှိခဲ့ပြီး အဲဒီအဖွဲ့ဝင်တွေဟာနောက်ပိုင်းမှာ IS အဖွဲ့ထဲ ရောက်သွားတာမျိုးတွေလည်း ရှိခဲ့ပါတယ်။

    Reft: RT

  • IS မှာ လူသားမျိုးနွယ်အပေါ် ရာဇ၀တ်မှုကျုးလွန်နေသည်ဟု ကန်အောက်လွှတ်တော်ပြော

    IS မှာ လူသားမျိုးနွယ်အပေါ် ရာဇ၀တ်မှုကျုးလွန်နေသည်ဟု ကန်အောက်လွှတ်တော်ပြော

    မတ် ၁၆၊ ၂၀၁၆
    M-Media

    us

    – IS တွေဟာ အီရတ်နဲ့ ဆီးရီးယားမှာရှိတဲ့ ဘာသာရေးလူနည်းစုတွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုကို ကျုးလွန်ခဲ့တယ်ဆိုတဲ့ ဆုံးဖြတ်ချက်တစ်ခု ထုတ်ပြန်ဖို့အတွက် အမေရိကန် အောက်လွှတ်တော်အမတ်များက မဲပေးခဲ့တယ်လို့ သိရပါတယ်။

    တနင်္လာနေ့က မဲပေးခဲ့တာဖြစ်ပြီး ခရစ်ယာန်တွေ၊ အီဇာဒီ ကာ့ဒ်လူမျိုးစုနဲ့ တခြားလူနည်းစုတွေအပေါ် ကျူလွန်တဲ့ ရက်စက်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇ၀တ်မှုတွေနဲ့၊ မျိုးသုဉ်းသတ်ဖြတ်မှုတွေကို ဆန့်ကျင်ကြောင်း ကြေငြာဖို့ အိုဘားမားအစိုးရကိုလည်း တိုက်တွန်းခဲ့ပါတယ်။

    ဆီးရီးယားအစိုးရကို ပြိုကွဲစေဖို့ ၂၀၁၂ က ဂျော်ဒန်မှာ စီအိုင်အေ (CIA) က လေ့ကျင့်သင်ကြားပေးခဲ့တဲ့ IS အကြမ်းဖက်သမားတွေဟာ အခုအချိန်မှာတော့ အီရတ်နဲ့ ဆီးရီးယားမှာ နယ်မြေအစိတ်အပိုင်း အတော်များများကို ထိန်းချုပ်ထားလျက်ရှိပါတယ်။

    သူတို့ ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ ရှီအာနဲ့ စွန်နီ မွတ်စလင်တွေအပါအ၀င် အီဇာဒီ ကာ့ဒ်လူမျိုးစုတွေ၊ ခရစ်ယာန်တွေကို လူပုံအလယ်ခေါင်းဖြတ်သတ်ခြင်း၊ အစုလိုက်အပြုံလိုက်သတ်ပစ်ခြင်းတွေ စတဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ အကြမ်းဖက်မှုတွေကို လုပ်ဆောင်လျက် ရှိနေပါတယ်။

    အမေရိကန်အောက်လွှတ်တော်ကတော့ အဲဒီအကြမ်းဖက်အဖွဲ့ကို လူမျိုးသုဉ်းသတ်ဖြတ်တဲ့အဖွဲ့အဖြစ် သတ်မှတ်သင့်၊ မသင့်ကို အမေရိကန်အစိုးရအနေနဲ့ မတ်လ ၁၇ ရက်နေ့ နောက်ဆုံးထားပြီး တရားဝင်ဆုံးဖြတ်ဖို့ သတ်မှတ်ပေးထားပါတယ်။ ပြန်ကြားရေးဝန်ကြီး ဂျွန် ကီရ်ဘီကတော့ အစိုးရအဖွဲ့အနေနဲ့ မကြာခင်မှာ ဆုံးဖြတ်ချက်ချနိုင်မယ်လို့ ပြောပါတယ်။

    အောက်လွှတ်တော်ရဲ့ နိုင်ငံခြားရေးရာကော်မတီဥက္ကဌ ရီပတ်ဘလီကန်အမတ် အဒ် ရွိုက်စ်ကလည်း အိုဘားမားအစိုးရကို အချိန်မဆွဲဖို့ ပြောဆိုခဲ့ပြီး၊ IS အဖွဲ့ဟာ လူအစုလိုက်အပြုံလိုက်သတ်ခြင်း၊ ခေါင်းဖြတ်ခြင်း၊ ရက်ရက်စက်စက်သတ် ခြင်း၊ မုဒိန်းကျင့်ခြင်း၊ ဖျက်ဆီးခြင်း၊ ကျွန်ပြုနှိပ်စက်ခြင်း၊ ဘာသာရေးလူနည်းစုတွေကို သုတ်သင်ရှင်းလင်းပြီး ၎င်းတို့ရဲ့သမိုင်းကိုပါ ဖျောက်ဖျက်ပစ်ခြင်း စတာတွေလုပ်ခဲ့တဲ့အတွက် လူမျိုးသုဉ်းသတ်ဖြတ်မှု (Genocide) အတွက် အပြစ်ရှိနေပြီလို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ၂၀၁၁ မတ်လကတည်းက အမေရိကန်နဲ့ ၎င်းရဲ့ ဒေသတွင်းမဟာမိတ်တွေ အထူးသဖြင့် ဆော်ဒီအာရေဗျ၊ ကာတာနဲ့ တူရကီတို့ဟာ ဆီးရီးယားစစ်ပွဲမှာ ပါဝင်ခဲ့ကြပါတယ်။

    ဆီးရီးယားမူဝါဒသုတေသနဌာနရဲ့ ဖေဖော်ဝါရီလ အစီရင်ခံစာအရ ၅ နှစ်ရှိပြီဖြစ်တဲ့ ဆီးရီးယားပြည်သူစစ်မှာ လူပေါင်း ၄၇၀,၀၀၀ လောက်သေဆုံးခဲ့ပြီး၊ ၁.၉ သန်းခန့် ဒဏ်ရာရရှိကာ စစ်မတိုင်ခင်လူဦးရေ ၂၃သန်းရဲ့ ထက်ဝက်နီးပါးလောက်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။

    Ref: Presstv

  • လူမျိုးရေးခွဲခြားသူ ဒေါ်နယ်ထရမ့်အား ဆန့်ကျင်ဆန္ဒပြမှုများ အမေရိကန်တွင် မြင့်တက်လာ

    လူမျိုးရေးခွဲခြားသူ ဒေါ်နယ်ထရမ့်အား ဆန့်ကျင်ဆန္ဒပြမှုများ အမေရိကန်တွင် မြင့်တက်လာ

    မတ် ၁၃၊ ၂၀၁၆
    M-Media

    Trump

    – ယခုနှစ်နှောင်းပိုင်းတွင် ကျင်းပပြုလုပ်မည့် အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် ပါတီများ၏ သမ္မတလောင်းများ ရွေးချယ်ပွဲတွင် ရီပက်ဘလစ်ကန်ပါတီ၏ သမ္မတလောင်းအဖြစ် ရွေးချယ်ခံရမည်ဟု တစ်ပြေးနေသည့် ဒေါ်နယ်ထရမ့်အပေါ် ပြည်သူများ၏ ဆန့်ကျင်မှုများမှာ မြင့်တက်လာခဲ့သည်ဟု သိရသည်။

    မစ်ဇူရီပြည်နယ် ကန်းဆက်စ်မြို့တွင် ယမန်နေ့က ပြုလုပ်သော ဒေါ်နယ်ထရမ့်၏ ချီတက်လမ်းလျှောက်မှုကို အမေရိကန်ပြည်သူများက ဆန္ဒပြခဲ့ကြပြီး ရဲတပ်ဖွဲ့က ငရုပ်ကောင်းစပရေးများ အသုံးပြု၍ လူစုခွဲခဲ့ရကာ ၂ ဦးကို ဖမ်းဆီးခဲ့သည်။

    လူမည်းများ၊ မက္ကဆီကန်များ၊ မသန်စွမ်းသူများနှင့် မွတ်စလင်များကို လူမျိုးရေးခွဲခြားကာ နှိမ့်ချစော်ကာမှုများ ပြုလုပ်ခဲ့သည့် ထရမ့်ကို အမေရိကန်တစ်ဝှမ်းတွင် ဆန့်ကျင်မှုများ မြင့်တက်လာခဲ့ပြီး စနေနေ့က အိုဟိုင်းယိုးပြည်နယ် ဒေတန်မြို့တွင် ပြုလုပ်ခဲ့သည့် ထရမ့်၏ ဟောပြောပွဲတွင်လည်း လူတစ်ဦးမှာ ၎င်းဟောပြောမည့် စင်ပေါ်သို့တက်ကာ ထရမ့်အား ဝေဖန်ပြောကြားခဲ့သည်။

    သောကြာနေ့ညပိုင်းက ချီကာဂို၌ ပြုလုပ်ရန်ရှိနေသည့် ထရမ့်၏ ဟောပြောပွဲတွင်မူ ၎င်းအားထောက်ခံသူများနှင့် ဆန့်ကျင်သူများအကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သောကြောင့် ဟောပြောပွဲအား ရပ်တန့်ခဲ့ရသည်။

    ထိုနေ့မနက်ပိုင်းက မစ်ဇူရီပြည်နယ် စိန့်လူးဝစ်မြို့တွင် ပြုလုပ်သည့် ထရမ့်၏ ချီတက်လမ်းလျှောက်မှုတွင်လည်း ၎င်းအား ဆန့်ကျင်သူများက အကြိမ်ပေါင်းများစွာ ကြားဖြတ်ဆန္ဒပြခဲ့ပြီး အနည်းဆုံး လူ ၁ ဦး ဒဏ်ရာရခဲ့ကာ ၃၂ ဦး ဖမ်းဆီးခံခဲ့ရသည်။

    Ref: Press TV

  • ဆီးရီးယားတွင် အမေရိကန်က လေတပ်စခန်းနှစ်ခု ဆောက်လုပ်နေ

    ဆီးရီးယားတွင် အမေရိကန်က လေတပ်စခန်းနှစ်ခု ဆောက်လုပ်နေ

    မတ် ၈၊ ၂၀၁၆
    M-Media

    us airbase

    – ဆီးရီးယားက ကာ့ဒ်တွေ သိမ်းပိုက်ထားရာ နိုင်ငံမြောက်ပိုင်းမှာ အမေရိကန်ရဲ့ ဒုတိယမြောက် လေတပ်စခန်းတစ်ခု ဆောက်လုပ်နေမှုဟာ ပြီးလုပြီးခင် ဖြစ်နေပြီလို့ သိရပါတယ်။

    အဲဒီ ဒုတိယမြောက်လေတပ်စခန်းဟာ စစ်ဖက်ရော အရပ်ဖက်မှာပါ အသုံးပြုသွားမှာ ဖြစ်တယ်လို့ အာရ်ဘီးလ်မြို့အခြေစိုက် သတင်းဝဘ်ဆိုက်တစ်ခုဖြစ်တဲ့ BasNews ရဲ့ ဖော်ပြမှုကို ကိုးကားကာ Reuters သတင်းဌာနက ထပ်ဆင့် ဖော်ပြခဲ့ပေမယ့် အမေရိကန်ဗဟိုစစ်ဌာနချုပ် (CENTCOM) ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အမေရိကန်အနေနဲ့ ဆီးရီးယားမှာ မည်သည့်လေယာဉ်ကွင်းကိုမှ ထိန်းချုပ်ထားတာမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

    ဒီလေတပ်စခန်းဟာ ဟာဆာကာပြည်နယ် ရာမီလန်မြို့မှာ တည်ရှိတာဖြစ်ပြီး ပြေးလမ်းဖောက်လုပ်တဲ့ လုပ်ငန်းအများစုဟာ ပြီးစီးသွားကာ၊ တူရကီနဲ့ကပ်နေတဲ့ ကိုဘာနီမြို့မှာလည်း အမေရိကန်က လေတပ်စခန်းတစ်ခုကို ဆောက်လုပ်နေတယ်လို့ အမည်မဖော်ပြတဲ့ စစ်တပ်သတင်းရင်းမြစ်ကို ကိုးကားပြီး BasNews က ဖော်ပြခဲ့တာပါ။

    ဒီစီမံကိန်းတွေမှာ အမေရိကန်က ကျွမ်းကျင်ပညာရှင်တွေနဲ့ နည်းပညာကျွမ်းကျင်သူတွေ ပါဝင်တယ်လို့လည်း ဆိုပါတယ်။ ဆီးရီးယားက ကာ့ဒ်တပ်ဖွဲ့တွေကလည်း သူတို့ဟာ ကုန်စည်သယ်ယူပို့ဆောင်ဖို့အတွက် အမေရိကန်စစ်တပ်ရဲ့ ရဟတ်ယာဉ်နဲ့ ရာမီလန် လေတပ်စခန်းကို အသုံးပြုခဲ့တယ်လို့ မကြာသေးခင်က ပြောကြားခဲ့ပါတယ်။

    IS စစ်သွေးကြွတွေကို တိုက်ခိုက်နေတဲ့ တပ်ဖွဲ့တွေကို အကူအညီပေးနိုင်ဖို့ အမေရိကန်ဟာ ပြီးခဲ့တဲ့နှစ်ကတည်းက ဆီးရီးယားမြောက်ပိုင်းကို အထူးတပ်သားပေါင်းများစွာ စေလွှတ်ခဲ့ပါတယ်။ ဆီးရီးယားက ကာ့ဒ်တွေကို အကြမ်းဖက်သူပုန်တွေလို့ သတ်မှတ်ထားတဲ့ နေတိုးမဟာမိတ် တူရကီရဲ့ စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း အမေရိကန်စစ်ဘက်ဟာ ကာ့ဒ်တွေနဲ့ နက်နက်ရှိုင်းရှိုင်း ပက်သက်ခဲ့ပါတယ်။

    အမေရိကန်ဦးဆောင်တဲ့ လေတပ်စစ်ဆင်ရေးတွေဟာ လွန်ခဲ့တဲ့တစ်နှစ်က စတင်ခဲ့ပြီး အီရတ်နဲ့ ဆီးရီးယားမှာရှိတဲ့ IS တွေကို ရည်ရွယ်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုလို တိုက်ခိုက်မှုတွေဟာ အစွန်းရောက်စစ်သွေးကြွတွေကို မနှိမ်နှင်းနိုင်သေးပါဘူး။

    Ref; Presstv