News @ M-Media

Tag: US

  • ခရီးသည်နှစ်ဦး ထိုးကြိတ်ကျ၍ အမေရိကန်လေယာဉ်တစ်စီး လမ်းတစ်ဝက်မှ ပြန်လှည့်ခဲ့ရ

    ခရီးသည်နှစ်ဦး ထိုးကြိတ်ကျ၍ အမေရိကန်လေယာဉ်တစ်စီး လမ်းတစ်ဝက်မှ ပြန်လှည့်ခဲ့ရ

    အောက်တိုဘာ ၂၀၊ ၂၀၁၅
    M-Media

    us

    – လေယာဉ်ပေါ်တွင် ခရီးသည် ၂ ဦးအကြား စကားများရန်ဖြစ်မှုမှာ ကြီးမားလာသောကြောင့် လော့စ်အိန်ဂျလိစ်မှ ဆန်ဖရန်စစ္စကိုသို့ ပျံသန်းနေသည့် အမေရိကန် Southwest Airlines လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းမှာ လော့စ်အိန်ဂျလိစ်သို့ ပြန်လှည့်ခဲ့ရသည်ဟု သိရသည်။

    ယမန်နေ့က ခရီးသည် ၁၃၇ ဦး တင်ဆောင်သွားသည့် အဆိုပါ ဘိုးအင်း ၇၃၇-၃၀၀ လေယာဉ်တွင် သီးခြားစီ လိုက်ပါလာသော ခရီးသည် ၂ ဦး၏ ရန်ဖြစ်မှုမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်လာသောကြောင့် ဆင်းသက်ပြီးနောက်ပိုင်း ရဲတပ်ဖွဲ့ဝင်များက လေယာဉ်ပေါ်သို့ တက်၍ ရန်ဖြစ်မှုကို ဖြေရှင်းပေးခဲ့ရသည်။

    ရန်ဖြစ်သူနှစ်ဦးထဲမှ တစ်ဦးကို ဖယ်ရှားကာ ကျန်ခရီးသည်များကို အခြားလေယာဉ်ဖြင့် ဆန်ဖရန်စစ္စကိုသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ရပြီး သတ်မှတ်ထားသည့်အချိန်ထက် ၅ နာရီနောက်ကျပြီးမှ ရောက်ရှိခဲ့သည်။ လော့စ်အိန်ဂျလိစ်ရဲတပ်ဖွဲ့ကလည်း “ခရီးသည်များ၏ နှောက်ယှက်မှု” ကို ဖြေရှင်းပေးခဲ့ရသည်ဟု Twitter စာမျက်နှာတွင် အတည်ပြုခဲ့ပြီး အသေးစိတ်ကို ဖော်ပြခဲ့ခြင်းမရှိပေ။

    Ref: CNN

  • အမေရိကန် ထိပ်တန်းလုံခြုံရေး တာဝန်ရှိသူများ၏ အီးမေးလ်များ ချိုးဖောက်ခံရ

    အမေရိကန် ထိပ်တန်းလုံခြုံရေး တာဝန်ရှိသူများ၏ အီးမေးလ်များ ချိုးဖောက်ခံရ

    အောက်တိုဘာ ၂၀၊ ၂၀၁၅
    M-Media

    us

    – အမေရိကန်ထောက်လှမ်းရေးဌာန စီအိုင်အေအကြီးအကဲ ဂျွန်ဘရန်နန်နှင့် ပြည်တွင်းလုံခြုံရေး အတွင်းရေးမှူး ဂျီဟ် ဂျွန်ဆင်တို့၏ အီးမေးလ်များမှာ ချိုးဖောက်တိုက်ခိုက်ခံခဲ့ရပြီး ဖိနှိပ်ခံ ပါလက်စတိုင်းများကို ထောက်ခံသည့် အဖွဲ့မှ အမေရိကန်လူငယ် ဟက်ကာတစ်ဦးက ထိုကိစ္စအတွက် တာဝန်ယူခဲ့သည်။

    FBI နှင့် စီအိုင်အေတို့မှာ ထိုကိစ္စအတွက် စုံစမ်စစ်ဆေးမှုများ ပြုလုပ်နေပြီး တာဝန်ရှိသူတစ်ဦးကမူ ထိုချိုးဖောက်မှုအတွင်း လျှို့ဝှက်သတင်းအချက်အလက်များ ပေါက်ကြားခဲ့မှုမရှိဟု CNN သတင်းဌာနသို့ ပြောကြားခဲ့သည်။

    လူငယ်ဟက်ကာကမူ ဘရန်နန်၏ အီးမေးလ်အကောင့်မှ အမေရိကန် ထောက်လှမ်ရေး တာဝန်ရှိသူ ၁၂ ဦးကျော်၏ ဖုန်းနံပါတ်များကဲ့သို့ အချက်အလက်များကို ရရှိခဲ့သည်ဟု ပြောကြားခဲ့ပြီး၊ စာမျက်နှာ ၅၀ နီးပါးရှိသည့် ဘရန်နန်၏ လုံခြုံရေးဆိုင်ရာ ထိပ်တန်း စာရွက်စာတမ်းများကိုလည်း ရရှိခဲ့သည်ဟုဆိုသည်။ ဂျွန်ဆင်၏ အီးမေးလ်မှ အရေးအကြီးအချက်အလက် မည်မျှပါသွားသည်ကို တိတိကျကျ သိရှိခြင်း မရှိသေးပေ။

    Ref: RT

  • သြစတေးလျကဲ့သို့ သေနတ်လျော့ချမှုပြုလုပ်ရန် ကလင်တန် တိုက်တွန်း

    သြစတေးလျကဲ့သို့ သေနတ်လျော့ချမှုပြုလုပ်ရန် ကလင်တန် တိုက်တွန်း

    အောက်တိုဘာ ၁၈၊ ၂၀၁၅
    M-Media

    us

    – သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှုများ မြင့်တက်လာခြင်းကို လျော့ချရန်အတွက် အမေရိကန်အစိုးရအနေဖြင့် သြစတေးလျမှ ၁၉၉၀ ပြည့်နှစ်များတွင် ဆောင်ရွက်ခဲ့သော သေနတ်လျော့ချရေး buyback အစီအစဉ်မျိုးကို စဉ်းစားသင့်သည်ဟု ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု သမ္မတလောင်း ဖြစ်လာမည်ဟု ရေပန်းစားနေသည့် ဟီလာရီကလင်တန်က ပြောကြားလိုက်သည်။

    ၁၉၉၆ ခုနှစ်တွင် သြစတေးလျရှိ ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားရာ ပေါ့အာသာ ဆိပ်ကမ်းတွင် သေနတ်သမား မာတင် ဘရိုင်ယန့်က လူ ၃၅ ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီးနောက်ပိုင်း သြစတေးလျအစိုးရမှာ သေနတ်လျှော့ချရေး buyback အစီအစဉ်ကို စတင်ခဲ့သည်။

    ထိုအစီအစဉ်အရ ဆီမီးအော်တိုမက်တစ် သေနတ်များကို ပိတ်ပင်ခဲ့ပြီး တားမြစ်ထားသော သေနတ်များ ပြန်အပ်ရန် ၁၂ လတာ အချိန်ပေးခဲ့ကာ အစိုးရက ထိုသေနတ်များကို ပြန်ဝယ်ခဲ့သည်။ ထိုအစီအစဉ်အတွင်း သေနတ်ပေါင်း ၆၄၀၀၀၀ ခန့် ပြန်လည်ရရှိခဲ့ပြီး နိုင်ငံအတွင်း သေနတ်နှင့်ဆက်စပ်သည့် လူသတ်မှုများမှာလည်း လျော့ကျခဲ့သည်။

    “အဲဒီသေနတ်တွေကို ပြန်ဝယ်ခြင်းအားဖြင့် သူတို့ဟာ ရောင်းလိုအားကို လျော့ချနိုင်ပါတယ်။ ပြီးတော့ အနာဂတ်မှာ သေနတ်ဝယ်ဖို့အတွက် ခြားနားတဲ့ စံနှုန်းတွေကိုလည်း သတ်မှတ်နိုင်ပါတယ်” ဟု နယူးဟမ့်ရှိုင်းယားပြည်နယ် ကီနီမြို့ရှိ သောကြာနေ့ ဆွေးနွေးပွဲတစ်ခုတွင် ကလင်တန်က ပြောကြားခဲ့သည်။

    မကြာသေးမီက အော်ရီဂွန်ကတက္ကသိုလ်နှင့် ချာလ်စတန် ဘုရားကျောင်းတို့၌ သေနတ်ဖြင့် ပစ်ခဲ့မှုများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း သေနတ်ထိန်းချုပ်ရေးမှာ အမေရိကန်တွင် အရေးပါသည့် ကိစ္စဖြစ်လာခဲ့သည်။

    Ref: Aljazeera

  • ဒရုန်းလေယာဉ် တရားဝင်သုံးနိုင်ရေး အစီအစဉ်တစ်ခု ကန်ကြေငြာမည်

    ဒရုန်းလေယာဉ် တရားဝင်သုံးနိုင်ရေး အစီအစဉ်တစ်ခု ကန်ကြေငြာမည်

    အောက်တိုဘာ ၁၇၊ ၂၀၁၅
    M-Media

    drone 1

    – တရားမ၀င် ဒရုန်းလေယာဉ်များ အသုံးပြုခြင်း မြင့်တက်လာမှုနှင့် ရင်ဆိုင်နေရသည့် အမေရိကန်အစိုးရမှာ ဒရုန်းများ တရားဝင် စာရင်းသွင်း အသုံးပြုနိုင်ရေးကို ရည်ရွယ်သည့် အစီအစဉ်တစ်ခုကို တနင်္လာနေ့တွင် ကြေငြာရန် ရှိနေသည်ဟု သိရသည်။

    ဒုရုန်းထုတ်လုပ်သူများနှင့် အသုံးပြုသူများ တက်ရောက်မည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် အမေရိကန် ငွေတိုက်ဌာနအတွင်းရေးမှူး အန်သိုနိဖောက်စ်နှင့် ဖက်ဒရယ် လေကြောင်းစီမံခန့်ခွဲရေးမှူး မီခေးလ် ဟွာတာတို့က ကြေငြာသွားမည်ဖြစ်သည်။

    သတင်းရင်းမြစ်နှစ်ခုအရ အဆိုပါ အစီအစဉ်တွင် ဒီဇင်ဘာလနောက်ဆုံးထား၍ ဒရုန်းလေယာဉ်များ စာရင်းသွင်းနိုင်မည့် ဌာနတစ်ခု ဖန်တီးရေး ရည်ရွယ်ချက်အတွက် လွတ်လပ်သော အကြံပေးကော်မတီ ဖွဲ့စည်းခြင်း ပါဝင်မည်ဟု ဆိုသည်။

    Ref: Channelnewsasia

  • အမေရိကန်၏ ဒရုန်းစစ်ဆင်ရေးတွင် ပစ်မှတ်ထားသူများထက် အရပ်သားများသာ ပိုမိုသေဆုံးခဲ့

    အမေရိကန်၏ ဒရုန်းစစ်ဆင်ရေးတွင် ပစ်မှတ်ထားသူများထက် အရပ်သားများသာ ပိုမိုသေဆုံးခဲ့

    အောက်တိုဘာ ၁၆၊ ၂၀၁၅
    M-Media

    drone

    – အမေရိကန် စစ်ဘက်ဆိုင်ရာ လုပ်ကြံမှုအစီအစဉ်၏ လျှို့ဝှက်မှတ်တမ်းများအရ အာဖဂန်၊ ဆိုမာလီယာနှင့် ယီမင်နိုင်ငံတို့တွင် ပြုလုပ်ခဲ့သည့် ဒရုန်းဖြင့်တိုက်ခိုက်မှုများတွင် သေဆုံးသူအများစုမှာ ပစ်မှတ်ထားသည့် အကြမ်းဖက်သမားများ မဟုတ်ဘဲ အရပ်သားများဖြစ်နေသည်ကို တွေ့ရှိခဲ့ရသည်ဟု သိရသည်။

    ထိုလျှို့ဝှက်မှတ်တမ်းများကို အွန်လိုင်း ၀ဘ်ဆိုက်တစ်ခုဖြစ်သော The Intercept တွင် ယမန်နေ့က The Drone Papers ဟုခေါ်သည့် စာတမ်းဖြင့် စုံစမ်းစစ်ဆေးမှု အပိုင်း ၈ ပိုင်းခွဲ၍ ဖော်ပြခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ထိုလျှို့ဝှက်ချက်များအား မည်သူက ပေးအပ်သည်ဆိုသည်ကို ဖော်ပြထားခြင်းမရှိချေ။

    အထောက်အထားများအရ ၅ လကြာမြင့်သည့် အချိန်အတိုင်းအတာ တစ်ခုအတွင်း အဆိုပါ နိုင်ငံ ၃ နိုင်ငံတွင် အမေရိကန်၏ ဒရုန်းလေယာဉ်ဖြင့် တိုက်ခိုက်မှုမှ သေဆုံးသူ ၉၀ ရာခိုင်နှုန်းမှာ ရည်ရွယ်ထားသည့် ပစ်မှတ်များ မဟုတ်သည်ကို တွေ့ခဲ့ရသည်။

    နောက်ဆုံးတွင် အမေရိကန်သမ္မတက လက်မှတ်ရေးထိုးပေးရသည့် ဒရုန်းဖြင့်တိုက်ခိုက်မှု လုပ်ငန်းစဉ် အသေးစိတ်ကိုလည်း ထို လျှို့ဝှက်မှတ်တမ်းများတွင် ဖော်ပြထားသည်။

    “ကာကွယ်ရေးဦးစီးချုပ်စဖြစ်လာတဲ့ နေ့ကစပြီး ဒရုန်းလေယာဉ်တွေဟာ အိုဘားမား အဓိကရွေးချယ်တဲ့လက်နက် ဖြစ်လာခဲ့ပြီး တရားစွဲဆိုတာမျိုး ဒါမှမဟုတ် ကြားနာစစ်ဆေးတာမျိုးမလုပ်ဘဲ သတ်ဖြတ်သုတ်သင်ဖို့ ထိုက်တန်တယ်လို့ သူ့အစိုးရက ယူဆတဲ့သူတွေကို စစ်တပ်နဲ့ စီအိုင်အေတို့က ရှာဖွေ သုတ်သင်ခဲ့ပါတယ်” ဟု The Intercept မှ ဂျယ်ရီမီ စကာဟီလ်က ရေးသားထားသည်။

    ပင်တဂွန် ထောက်လှမ်းရေး၊ စောင့်ကြည့်နေရးနှင့် ကင်းထောက်ဌာနမှ ၂၀၁၃ ခုနှစ်တွင် ဖြန့်ဝေခဲ့သည့် စာရွက်စာတမ်းတစ်ခုတွင် အမေရိကန်မှာ ခိုင်မာသည့် အထောက်အထားများမရှိဘဲ ဒရုန်းဖြင့်တိုက်ခိုက်မှုကို မကြာခဏ ပြုလုပ်လေ့ရှိသည်ဟု မှတ်ချက်ပြုခဲ့သည်။

    ပေါက်ကြားလာသည့် ထိုလျှို့ဝှက်မှတ်တမ်းများကို အမျိုးသားလုံခြုံရေးအေဂျင်စီ၏ လျှို့ဝှက်ထောက်လှမ်းရေး လုပ်ငန်းများအား ဖော်ထုတ်ခဲ့သည့် ၀န်ထမ်းဟောင်း အက်ဒ၀ပ်စနိုးဒင်က ပေးခဲ့ခြင်းမဟုတ်ပေ။

    The Intercept က ဖော်ပြမှုများနှင့်ပတ်သက်၍ အိမ်ဖြူတော်အား မေးမြန်းရာတွင် ပြောရေးဆိုခွင့်ရှိသူ ဂျို့ရှ်အားန်နက်စ်က အကြမ်းဖက်တိုက်ဖျက်မှု စစ်ဆင်ရေးများနှင့်ပတ်သက်၍ သမ္မတအိုဘားမားမှာ တတ်နိုင်သမျှ ထင်သာမြင်သာရှိအောင် ချပြထားပြီးပြီဟု ပြန်လည် ဖြေကြားခဲ့သည်။

    “အဖြစ်မှန်ကိုပြောရရင် အဲဒီ အကြမ်းဖက်တိုက်ဖျက်မှု စစ်ဆင်ရေးတွေဟာ အရပ်သားတွေ ထိခိုက်ဒဏ်ရာရမှု မဖြစ်ဖို့ တော်တော်လး ဆောင်ရွက်ထားပါတယ်။ အဲဒီလို စစ်ဆင်ရေးတွေမှာ အရပ်သားတွေ ထိခိုက်မှုကို တားဆီးဖို့ တွက်ချက်ဆောင်ရွက်ရာမှာ တစ်ခြားသောအစိုးရတွေထက် အမေရိကန်က ပိုပါတယ်” အားန်နက်စ်က ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Aljazeera