News @ M-Media

Tag: US

  • အစ္စရေးအတွက် စစ်ရေးအထောက်အပံ့ အမေရိကန်တိုးမြှင့်မည်

    အစ္စရေးအတွက် စစ်ရေးအထောက်အပံ့ အမေရိကန်တိုးမြှင့်မည်

    မေ ၂၉၊ ၂၀၁၅
    M-Media

    – အစ္စရေးသို့ အမေရိကန်မှ ကာကွယ်ရေး အကူညီပေးအပ်နေခြင်းမှာ ၂၀၁၇ နောက်ပိုင်းတွင် တိုးမြှင့်သွားဖွယ်ရှိနေပြီး အီရန်နှင့် နျူအရေးနှင့်ပတ်သက်သည့် အမေရိကန်၏ သံခင်းတမန်ခင်းအပေါ် အစ္စရေး၏ စိုးရိမ်ကြောက်ရွံ့နေမှုကို နှစ်သိမ့်ရန် ဖြစ်နိုင်သည်ဟု
    နှစ်ဘက်စလုံးမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    လက်ရှိတွင် အမေရိကန်မှာ အစ္စရေးအား ကာကွယ်ရေးအတွက် နှစ်စဉ် ကန်ဒေါ်လာ ၃ ဘီလီယံ ထောက်ပံ့နေပြီး အဆိုပါ ထောက်ပံ့မှုသက်တမ်းမှာ ၂၀၁၇ ခုနှစ်တွင် ကုန်ဆုံးတော့မည်ဖြစ်ကာ နောက်ထပ်နှစ်များတွင် နှစ်စဉ် ကန်ဒေါ်လာ ၃.၆ ဘီလီယံမှ ၃.၇ တန်ဖိုးအထိ ထောက်ပံ့သွားရေး သဘောတူညီချက်ကို ဆွေးနွေးညှိနှိုင်းသူများအကြား ရရှိရန် နီးစပ်နေသည်ဟု အမည်မဖေါ်လိုသည့်
    အမေရိကန် တာဝန်ရှိသူတစ်ဦးက Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။

    အစ္စရေးဘက်မှ အမည်မဖော်လိုသည့် အရာရှိတစ်ဦးကလည်း ထောက်ပံ့မှုမှာ ၃.၅ ဘီလီယံနှင့် ၄ ဘီလီယံအကြား ရှိမည်ဟုဆိုသည်။

    “သူတို့ (အမေရိကန်က) အီရန်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ မကျေနပ်မှုကို နှစ်သိမ့်ဖို့ ကြိုးစားနေတာပါ” ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကလည်း အမေရိကန်နှင့် ထိုကဲ့သို့ ဆွေးနွေးမှုများရှိသည်ဟု အတည်ပြုခဲ့သော်လည်း မိမိအနေဖြင့် အီရန်နျူသဘောတူညီချက်အား ဆန့်ကျင်မှုကို ဆက်လက် ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

    အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ အလစ်စတဲရ် ဘတ်စကေးကမူ အဆိုပါသတင်းမှာ လုံးဝ မှန်ကန်မှုမရှိဟု ပြောကြားခဲ့သည်။ ပင်တဂွန်ကမူ မည်သည့်မှတ်ချက်မှ မပေးသေးပေ။

    ၂၀၀၇ ခုနှစ်က ချုပ်ဆိုထားသော စာချုပ်အရ အမေရိကန်က နှစ်စဉ်ထောက်ပံ့သော ကာကွယ်ရေးအကူအညီ ကန်ဒေါ်လာ ဘီလီယံ ၃၀ မှ အများစုကို အမေရိကန်ထံမှ လက်နက်များ ၀ယ်ယူန်အတွက် အစ္စရေးက သုံးစွဲရသည်။ ထို့ပြင် အမေရိကန်မှာ အစ္စရေး၏
    ဒုံးကျည်ကာကွယ်ရေးစနစ်အတွက် ဒေါ်လာ သန်းရာနှင့်ချီ၍ သုံးစွဲရန် လျာထားထားသည်။

    Ref: Reuters

  • အမေရိကန်ရှိ မြို့ ၃ မြို့တွင် ၄ ရက်အတွင်း သေနတ်ပစ်မှု ၁၀၀ ကျော်ဖြစ်ပွား

    အမေရိကန်ရှိ မြို့ ၃ မြို့တွင် ၄ ရက်အတွင်း သေနတ်ပစ်မှု ၁၀၀ ကျော်ဖြစ်ပွား

    မေ ၂၇၊ ၂၀၁၅
    M-Media

    us

    – Memorial Day ပိတ်ရက်များအတွင်း အမေရိကန်နိုင်ငံမှ ရာဇ၀တ်မှု အများဆုံးဖြစ်ရာ မြို့ ၃ မြို့တွင် သေနတ်ဖြင့် ပစ်ခတ်မှု ၁၀၀ ကျော် ဖြစ်ပွားခဲ့ပြီး လူပေါင်း ဒါဇင်နှင့်ချီ၍ သေဆုံးခဲ့သည်။

    ချီကာဂို၊ ဘာလ်တီမိုးနှင့် နယူးယောက်မြို့များတွင် ဖြစ်ပြီး ချီကာဂိုတွင် သေနတ်ဖြင့်ဆက်နွယ်သည့် ရာဇ၀တ်မှုနှုန်းမှာ နှစ်စဉ် မြင့်တက်လျက် ရှိနေသည်။ သောကြာနေ့ နေ့လည်ပိုင်းမှ အင်္ဂါနေ့ မနက်အစောပိုင်းအထိ အနည်းဆုံး လူပေါင်း ၅၆ ဦး သေနတ်ဖြင့် အပစ်ခံရပြီး ၁၂ ဦးသေဆုံးခဲ့ကာ ပြီခဲ့သည့်နှစ်ကထက် ၂ ဆ မြင့်တက်လာခြင်းဖြစ်သည်။

    ဘာလ်တီမိုးတွင်မူ အဆိုပါ ၃ ရက်၌ လူသတ်သမား ၉ ဦးမှ သေနတ်ဖြင့် ပစ်ခတ်မှု ၂၈ ကြိမ် ပြုလုပ်ခဲ့ပြီး ၁၉၉၉ ခုနှစ်ကတည်းက လစဉ် လူသတ်မှုနှုန်းမှာ အမြင့်ဆုံးသို့ ရောက်ခဲ့သည်။

    ယခုလ ၁ ရက်နေ့မှစ၍ ယမန်နေ့အထိ လူသတ်မှု ၃၅ မှုအတွက် ရဲတပ်ဖွဲ့တွင် တိုင်ကြားခြင်း ခံထားရပြီး လွန်ခဲ့သည့် ၁၅ နှစ်အတွင်း လတစ်လတွင် အမြင့်ဆုံးလည်း ဖြစ်ခဲ့ကာ ပြီးခဲ့သည့်နှစ်ကထက် ယှဉ်လျှင် ၄၀ ရာခိုင်နှုန်း တက်လာခြင်းလည်းဖြစ်သည်။

    ဧပြီလ ၁၉ ရက်နေ့တွင် လူမည်တစ်ဦးဖြစ်သော အသက် ၂၅ နှစ်အရွယ် ဖရက်ဒီဂရေး သေဆုံးခဲ့ပြီးနောက်ပိုင်း ဘာလ်တီမိုးတွင် မငြိမ်မသက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် သေနတ်ဖြင့် တိုက်ခိုက်မှုများ ပိုမိုမြင့်တက်လာခြင်းဖြစ်သည်။

    နယူးယောက်တွင်မူ ယခုသီတင်းပတ် ပိတ်ရက်တွင် သေနတ်ဖြင့် ပစ်ခတ်မှု ၁၆ ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးဒဏ်ရာရသူ ၁၆ ဦးရှိခဲ့သည်ဟု နယူးယောက်ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ထို့ပြင် ဓားဖြင့် ထိုးမှု တစ်မှုအပါအ၀င် လူသတ်မှုမှာ ၅ မှုရှိခဲ့သည်။

    ၂၀၁၅ ခုနှစ် ဇန်န၀ါရီမှစ၍ အမေရိကန်နိုင်ငံတစ်ဝှမ်းတွင် သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒဏ်ရာရသူများမှာ ၉၃၆၆ ဦး ရှိခဲ့သည်ဟု သေနတ်ဖြင့်တိုက်ခိုက်မှု မော်ကွန်းရုံး၏ မှတ်တမ်းများအရ သိရပြီး ပြီးသည့်နှစ်က ၇၁၄၅ ဦးရှိရာမှ မြင့်တက်လာခြင်းဖြစ်သည်။ သေဆုံးသူများမှာမူ မနှစ်က ၄၁၂၃ ဦးသာရှိသော်လည်း ယခုနှစ်အတွင်း ၄၈၆၈ ဦး ရှိနေပြီဖြစ်သည်။

    Ref: PressTV

  • ဘင်လာဒင်၏ စာရွက်စာတမ်းများနှင့် စာအုပ်များကို စီအိုင်အေထုတ်ပြန်

    ဘင်လာဒင်၏ စာရွက်စာတမ်းများနှင့် စာအုပ်များကို စီအိုင်အေထုတ်ပြန်

    မေ ၂၁၊ ၂၀၁၅
    M-Media

    biladin

    – ၂၀၁၁ ခုနှစ်က ပါကစ္စတန်နိုင်ငံ အက်ဘော့ကတ်မြို့ရှိ အိုစမာဘင်လာဒင်ပုန်းအောင်းနေသော နေအိမ်ကို ၀င်ရောက်စီးနင်းရာတွင် ရရှိခဲ့သည့် စာအုပ်များနှင့် စာရွက်စာတမ်းများကို အမေရိကန်ထောက်လှမ်းရေးက အများပြည်သူသိရန် ယမန်နေ့က ထုတ်ပြန်လိုက်သည်။

    ရရှိခဲ့သည့် စာရွက်စာတမ်းများမှ အလ်ကိုင်းဒါးအဖွဲ့ဝင်များအကြား ပေးပို့သော စာများတွင် ဘင်လာဒင်က အရှေ့အလယ်ပိုင်းဒေသများတွင် တိုက်ခိုက်မှုများကို မလုပ်ဘဲ အမေရိကန်ကိုသာ အာရုံစိုက်တိုက်ခိုက်ရန် နောက်လိုက်များအား တိုက်တွန်းထားသည်။

    နိုင်ငံရေးသမားများနှင့် ဝေဖန်ရေးသမားများက စီအိုင်အေ အနေဖြင့် ဘင်လာဒင်အား စီးနင်းသတ်ဖြတ်ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ထိန်ချန်ထားမှုများရှိနေသည်ဟု ဝေဖန်ခဲ့ကြပြီးနောက် စီအိုင်အေက ထိုကဲ့သို့ လျှို့ဝှက် စာရွက်စာတမ်းများကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး စာရွက်စာတမ်းများတွင် The Security Committee – al Qaeda Organization ဟု ရေစာများ ရေးထိုးထားသည်။

    ရာနှင့်ချီသော စာရွက်စာတမ်းများအပြင် ဘင်လာဒင်ဖတ်ရှုခဲ့သည့်စာအုပ်စာတမ်းများ၊ ဆောင်ပါးများနှင့်၊ အလ်ကိုင်းဒါးအဖွဲ့ဝင်များအတွက်ဟု ယူဆရသည့် လျှောက်လွှာများလည်း အဆိုပါ ထုတ်ပြန်မှုတွင် ပါဝင်ခဲ့သည်။

    ဘင်လာဒင်ဖတ်ရှုသည့် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော စာအုပ်များတွင် ၉/၁၁ တိုက်ခိုက်မှုအတွက် အမေရိကန်အစိုးရ၏ ထုတ်ပြန်ချက်များကို လေ့လာဆန်းစစ်ကာ မေးခွန်းများထုတ်ထားသည့် ဒေးဗစ်ရေး ဂရစ်ဖင် ရေးသားထားသော New Pearl Harbor:
    Disturbing Questions about the Bush Administration and 9/11 စာအုပ်၊ ဗြိတိသျှ ဗိုလ်မှူးတစ်ဦး၏ စစ်ထောက်လှမ်းရေးအမှားများကို ရေးသားထားသော သမိုင်းပညာရှင် ပေါလ် ကနေဒီ၏ The Rise and Fall of Great Powers နှင့် အစ္စလာမ်အကြောင်း အနှစ်ချုပ်ရေးသားထားသည့် A brief guide to understanding Islam စာအုပ်တို့လည်း ပါဝင်ခဲ့သည်။

    ၂၀၁၁ ခုနှစ် မေလ ၂ ရက်နေ့က နေဗီဆီးလ်တပ်ဖွဲ့မှ ပြုလုပ်ခဲ့သော အဆိုပါ စစ်ဆင်ရေးတွင် ဘင်လာဒင်ကို သတ်ဖြတ်နိုင်ခဲ့သည်ဟု အမေရိကန်က ကြေညာခဲ့သည်။

    Ref: Aljazeera, BBC

  • တရုတ်နိုင်ငံသား ၆ ဦးကို စီးပွားရေးသူလျှိုမှုဖြင့် အမေရိကန်တရားစွဲ

    တရုတ်နိုင်ငံသား ၆ ဦးကို စီးပွားရေးသူလျှိုမှုဖြင့် အမေရိကန်တရားစွဲ

    မေ ၂၀၊ ၂၀၁၅
    M-Media

    us

    – တရုတ်နိုင်ငံသား ၆ ဦးကို စီးပွားရေး သူလျှိုလုပ်မှုဖြင့် အမေရိကန်က တရားစွဲဆိုလိုက်ပြီး ၎င်းတို့မှာ စစ်ဘက်ဆိုင်ရာ စနစ်များတွင် မကြာခဏ အသုံးပြုလေ့ရှိသည့် နည်းပညာများကို ထုတ်လုပ်ပေးသော ကုမ္ပဏီနှစ်ခုမှ လျှို့ဝှက်ချက်များကို ခိုးယူခဲ့သည်ဟု တရားရေးဌာနက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ထိုကဲ့သို့ တရားစွဲဆိုခြင်းမှာ လွန်ခဲ့သည့်နှစ်များအတွင်း တရုတ်နိုင်ငံအတွက် စီးပွားရေး သူလျှိုလုပ်ပေးသည်ဟူသော စွပ်စွဲချက်ဖြင့် တတိယမြောက် တရားစွဲဆိုခြင်းဖြစ်ပြီး အမေရိကန်အနေဖြင့် ထိပ်တန်းအမျိုးသားလုံခြုံရေး စိုးရိမ်မှုအဖြစ် သတ်မှတ်ထားသော ထိုကိစ္စကို
    ပိုမိုအာရုံစိုက်လာသည့် လက္ခဏာလည်းဖြစ်သည်။

    သံသယရှိသူ ၃ ဦးထဲမှ တစ်ဦးဖြစ်သူ အသက် ၃၆ နှစ်အရွယ် ပရော်ဖက်ဆာ ဟွေဇန်းကို စနေနေ့က လော့စ်အိန်ဂျလိစ်သို့ တရုတ်နိုင်ငံမှ လေယာဉ်ဖြင့် ရောက်လာပြီးနောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု တရားရေးဌာနက ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။ အခြား ၅ ဦးမှာ တရုတ်နိုင်ငံအတွင်း ရှိနေမည်ဟု ယုံကြည်ရသည်။

    တီယန်ဂျင်းတက္ကသိုလ်မှ ဟွေဇန်းနှင့် အခြားပရော်ဖက်ဆာ ၂ ဦးကို ၎င်းတို့အလုပ်လုပ်သော ကွန်ပျူတာချစ်ပ်ပြား ထုတ်လုပ်သည့် Avago Technologies Ltd (AVGO.O) နှင့် Skyworks Solutions Inc (SWKS.O) ကုမ္ပဏီများမှ souce code နှင့် ပိုင်ဆိုင်မှုနှင့်ပတ်သက်သော သတင်းအချက်အလက် ခိုးယူမှုဖြင့် တရားစွဲဆိုထားသည်။

    အဆိုပါကုမ္ပဏီ ၂ ခုစလုံးမှာ ဆဲလ်ဖုန်း၊ တက်ဘလက်၊ ဂျီပီအက်စ် ကိရိယာများနှင့် စစ်တပ်အက်ပလီကေးရှင်းများတွင် အသုံးပြုသော Film Bulk Acoustic Resonator (FBAR) နည်းပညာကို အဓိကထား ထုတ်လုပ်သည့် ကုမ္ပဏီများဖြစ်သည်။

    Skyworks ၀န်ထမ်းဟောင်းဖြစ်သော ဇန်းနှင့် အခြားသူများမှာ အမေရိကန် ကုမ္ပဏီများမှ ခိုးယူထားသော လျှို့ဝှက် အချက်အလက်များဖြင့် ဇီယန်ဂျန်းမြို့တွင် ROFS Microsystems ဟူသော ကုမ္ပဏီကို ထောင်ထားသည်ဟု တရားသူကြီးများက ပြောကြားခဲ့သည်။ ၎င်းတို့ ၆ ဦးမှာ အပြစ်ရှိကြောင်း ထင်ရှားပါက ထောင်ဒဏ် အနှစ် ၅၀ အထိ ကျခံရမည်ဖြစ်သည်။

    Ref: Reuters

  • အမေရိကန် ကွန်ပျူတာပညာရှင်တစ်ဦး လေယာဉ်ကွန်ပျူတာစနစ်သို့ ဖောက်ထွင်းဝင်ရောက်ကာ လေယာဉ်အား ထိန်းချုပ်ခဲ့

    အမေရိကန် ကွန်ပျူတာပညာရှင်တစ်ဦး လေယာဉ်ကွန်ပျူတာစနစ်သို့ ဖောက်ထွင်းဝင်ရောက်ကာ လေယာဉ်အား ထိန်းချုပ်ခဲ့

    မေ ၁၇၊ ၂၀၁၅
    M-Media

    plane

    – ခရီးသည်တင်လေယာဉ်၏ ကွန်ပျူတာစနစ်အား ဖောက်ထွင်းဝင်ရောက်မည်ဟု Twitter စာမျက်နှာပေါ်တွင် ရေးသားခဲ့ပြီးနောက် FBI က ဖမ်းဆီးထိန်းသိမ်းထားသည့် ကွန်ပျူတာ လုံခြုံရေး ပညာရှင်တစ်ဦးက ၎င်းအနေဖြင့် ထိုကဲ့သို့ ထိုးဖောက်ဝင်ရောက်မှုမျိုးကို ယခင်က အကြိမ် ၂၀ ခန့် ပြုလုပ်ခဲ့ဖူးသည်ဟု ဆိုသည်။

    One World Labs ကို တည်ထောင်သူ ခရစ် ရောဘတ်ဆိုသူဖြစ်ပြီး ချီကာဂိုမှ နယူးယောက်သို့ ပျံသန်းမည့် United လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်၏ ကွန်ပျူတာစနစ်ကို ချိုးဖျက်ဝင်ရောက်မည်ဟု ဧပြီလက ဆိုရှယ်မီဒီယာမှတစ်ဆင့် ကြေညာခဲ့သည်။

    FBI ကမူ ရောဘတ်အနေဖြင့် ထိုသို့လုပ်နိုင်သည်ဟု ယခင်က ပြောကြားခဲ့ဖူးသောကြောင့် ထိုကြေညာမှုအတွက် အလွန်အမင်း စိုးရိမ်မိသည်ဟု ချက်ချင်းတုန့်ပြန်ခဲ့သည်။ ထို့နောက် ၎င်းအား ဖမ်းဆီးကာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး ၎င်း၏ ပစ္စည်းများကိုလည်း သိမ်းယူခဲ့သည်။

    APTN National News မှ ရရှိခဲ့သည့် တရားရုံးမှတ်တမ်းတွင် ရောဘတ်က ၎င်း၏ သုတေသနအတွင်း ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ် နှစ်လယ်ပိုင်းအထိ လေယာဉ်များ၏ ကွန်ပျူတာစနစ်အတွင်းသို့ အကြိမ် ၂၀ ခန့် ဖောက်ထွင်းဝင်ရောက်ခဲ့ဖူးသည်ဟု FBI အေးဂျင့်များကို ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။

    ထို့ပြင် လေယာဉ်တစ်စီး၌ ထိုကဲ့သို့ ဖောက်ထွင်းဝင်ရောက်မှုအတွင်း လေယာဉ်အင်ဂျင် စက်ရှိန်ကို အတင်အချပြုလုပ်ကာ လေယာဉ် ဘေးတိုက်ရွေ့လျားအောင် လုပ်နိုင်ခဲ့သည်ဟုလည်းဆိုသည်။ သို့သော်လည်း မည်သည့်လေယာဉ်များအား ဖောက်ထွင်းဝင်ရောက်ခဲ့သည်ကို တိတိကျကျ ဖော်ပြခဲ့ခြင်းမရှိချေ။

    Ref: RT