News @ M-Media

Tag: US

  • အမေရိကန်တွင် လူမျိုးရေး စစ်ပွဲဖြစ်စေချင်သည့် ဘုရားကျောင်း သေနတ်ပစ်သူကို လူသတ်မှုဖြင့် တရားစွဲ

    အမေရိကန်တွင် လူမျိုးရေး စစ်ပွဲဖြစ်စေချင်သည့် ဘုရားကျောင်း သေနတ်ပစ်သူကို လူသတ်မှုဖြင့် တရားစွဲ

    ဇွန် ၂၀၊ ၂၀၁၅
    M-Media

    us

    – တောင်ကယ်ရိုလိုင်းနားပြည်နယ် ချာလ်စတန်မြို့ရှိ လူမည်းခရစ်ယာန်ဘုရားကျောင်းအတွင်း ၀င်ရောက်ပစ်ခဲ့သူ ဒိုင်လန် ရုဖ်ကို လူသတ်မှု စွဲချက် ၉ ခုဖြင့် တရားစွဲဆိုခဲ့ပြီး ဆက်လက်ထိန်းသိမ်းထားရန် တရားရုံးက ယမန်နေ့တွင် အမိန့်ချမှတ်ခဲ့သည်။

    ဗုဒ္ဓဟူးနေ့ညပိုင်းက ပြုလုပ်ခဲ့သည့် အဆိုပါပစ်ခတ်မှုအတွင်း လူ ၉ ဦး သေဆုံးခဲ့ပြီး သံသယရှိသူ ရုဖ်ကို ဘုရားကျောင်းအတွင်း တပ်ထားသော လုံခြုံရေးကင်မရာမှတစ်ဆင့် တွေ့ရှိခဲ့ကာ ရဲတပ်ဖွဲ့က ပိုက်စိပ်တိုက် ရှာဖွေခဲ့ပြီး ကြာသာပတေးနေ့တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

    တရားရုံးမှာ ရုဖ်အား လက်နက်ပိုင်ဆိုင်မှုအတွက် ခံဝန်အာမခံကို ဒေါ်လာ ၁ သန်းဖြင့် ပေးခဲ့သော်လည်း လူသတ်မှုအတွက်မူ ပေးခဲ့ခြင်းမရှိဘဲ တရားသူကြီး ဂျိမ်းစ် ဂေါ့စ်နဲလ်က လာမည့် အောက်တိုဘာ ၂၃ ရက်နေ့တွင် ထပ်မံ ကြားနာစစ်ဆေးရန် ရုံးချိန်းပေးခဲ့သည်။ ထို့ပြင် ရုဖ်ကို လူသတ်မှု၊ လက်နက်ကိုင်ဆောင်မှုတို့ဖြင့် တရားစွဲဆိုခဲ့သည်။

    ယမန်နေ့ကြားနာမှုတွင် ရုဖ်မှာ ဗီဒီယိုမှတစ်ဆင့် တက်ရောက်ခဲ့ပြီး ကြားနာမှုတစ်လျှောက် ငြိမ်သက်စွာ ရပ်နေကာ တရားသူကြီး၏ မေးမြန်းမှုများကို တိုတိုတုတ်တုတ်ပင် ဖြေကြားခဲ့သည်။

    ရုဖ်မှာ အမေရိကန်တွင် လူမျိုးရေးစစ်ပွဲ ဖြစ်စေရန်အတွက် ထိုကဲ့သို့ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့အား ပြောကြားခဲ့ကြောင်း စုံစမ်းစစ်ဆေးသူများက ဖွင့်ဟခဲ့သည်။

    ပစ်ခတ်မှုအတွင်း ကွယ်လွန်သွားသူများ၏ မိသားစုဆွေမျိုးများမှာလည်း ယမန်နေ့ကြားနာမှုတွင် တက်ရောက်ခဲ့ပြီး ၀မ်းနည်းစွာ ငိုကြွေးခဲ့သော်လည်း ရုဖ်အား ခွင့်လွှတ်သည်ဟု ထွက်ဆိုခဲ့ကြသည်။

    “ကျွန်မရဲ့ခန္ဓာကိုယ်က သွေကြောတိုင်းဟာ နာကျင်နေပါတယ်။ ဘယ်တော့မှာ အရင်လို ပြန်ဖြစ်တော့မှာ မဟုတ်ပါဘူး။ တွမ်ဇာ ဆန်ဒါရ်က ကျွန်မရဲ့သားပါ။ ဒါပေမယ့် ကျွန်မရဲ့ သူရဲကောင်းလည်းဖြစ်ပါတယ်” ဟု သေဆုံးသွားသူများတွင် ပါဝင်သူတစ်ဦး၏ မိခင် ဖဲလီစီယာ ဆန်ဒါရ်က ပြောကြားခဲ့သည်။

    ရုဖ်၏ မိဘများကလည်း သေဆုံးသွားသူများနှင့်အတူ ထပ်တူထပ်မျှ ခံစားရကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

    သေဒဏ်ပေးရန် တောင်းဆိုကြ

    NBC သတင်းဌာနနှင့် ပြုလုပ်ခဲ့သော အင်တာဗျူးတွင် တောင်ကယ်ရိုလိုင်းနား အုပ်ချုပ်ရေးမှူး နစ်ကီဟာလေက ရုဖ် သေဒဏ်ချခံရသည်ကို ပိုမြင်ချင်ပြီး တရားလိုရှေ့နေများအနေဖြင့် သေဒဏ်ချမှတ်စေရန် ဆောင်ရွက်သင့်သည်ဟု ပြောကြားခဲ့သည်။

    “ကျွန်မတို့ကတော့ သူ့ကို သေဒဏ်ပေးတာမျိုးပဲ လုံးဝ လိုချင်ပါတယ်” ဟု ဟာလေးက ပြောကြားခဲ့သည်။

    ဒိုင်လန် ရုဖ်ကမှာ “လူမည်းများမှာ ကမ္ဘာတစ်ဝှမ်းလုံးကို သိမ်းပိုက်နေသည်” ဟု အပြစ်တင်လေ့ရှိကြောင်း ၎င်းနှင့် သိကျွမ်းသူတစ်ဦးက ပြောကြားခဲ့သည်။

    ရုဖ်၏ သူငယ်ချင်းဟောင်းဖြစ်ခဲ့သူ ဂျိုအီ မီးက်က ၎င်းတို့ ဗော့ဒ်ကာအရက်သောက်ပြီး မူးလာသည့်အခါ ရုဖ်မှာ “လူဖြူမျိုးနွယ်အတွက် ဒါနဲ့ပတ်သက်လို့ တစ်ယောက်ယောက်က တစ်ခုခုကို လုပ်ဖို့ လိုအပ်တယ်” ဟု ပြောလေ့ရှိကြောင်း ဖွင့်ဟခဲ့သည်။

    Ref: Aljazeera

  • အမေရိကန်ရှိ လူမည်းခရစ်ယာန်ဘုရားကျောင်းတစ်ခုကို လူဖြူသေနတ်သမားက ၀င်ရောက်ပစ်ခတ်

    အမေရိကန်ရှိ လူမည်းခရစ်ယာန်ဘုရားကျောင်းတစ်ခုကို လူဖြူသေနတ်သမားက ၀င်ရောက်ပစ်ခတ်

    ဇွန် ၁၈၊ ၂၀၁၅
    M-Media

    ususus18

    – အမေရိကန်ပြည်ထောင်စု တောင်ကယ်ရိုလိုင်းနားပြည်နယ် ချာလ်စတန်မြို့ရှိ လူမည်း ခရစ်ယာန်ဘုရားကျောင်းတစ်ခုကို လူဖြူသေနတ်သမားတစ်ဦးက ၀င်ရောက်ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၉ ဦး သေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ကမူ အဆိုပါတိုက်ခိုက်မှုမှာ အမုန်းတရားကို အခြေခံသော ရာဇ၀တ်မှုဖြစ်သည်ဟု ပြောကြားခဲ့သည်။

    သေနတ်ဖြင့်ဝင်ရောက်ပစ်သူမှာ အသက် ၂၀ အရွယ်နီးပါးရှိ လူဖြူအမျိုးသားတစ်ဦးဖြစ်ပြီး ယမန်နေ့ညနေပိုင်းက အာဖရိကန်-အမေရိကန်များ၏ အဆိုပါ Emanuel AME ဘုရားကျောင်းသို့ ၀င်ရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

    ပစ်ခတ်မှုကြောင့် လူ ၈ ဦးမှာ ဘုရားကျောင်းထဲ၌ သေဆုံးခဲ့ပြီး အခြားတစ်ဦးမှာ ဆေးရုံသို့ခေါ်ဆောင်သွားစဉ် သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့အကြီးအကဲ ဂရီဂိုရီ မူလန်က သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ နောက်ထပ်တစ်ဦးမှာ ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူနေရသည်ဟု ဆိုသည်။

    သေနတ်သမားမှာ အဆိုပါဘုရားကျောင်းရှိ ကျမ်းစာသင်သည့်အချိန်တွင် ၀င်ထိုင်ပြီးနောက် နောက်ပိုင်းတွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူများတွင် ဘုရားကျောင်းမှ သင်းအုပ်ဆရာတစ်ဦးလည်း ပါဝင်သည်။ အဆိုပါသင်းအုပ်ဆရာမှာ တောင်ကယ်ရိုလိုင်းနားပြည်နယ် လွှတ်တော်အမတ်လည်းဖြစ်သည်။

    “လူတစ်ယောက်က ဘုရားကျောင်းထဲဝင်ပြီး ဆုတောင်းနေတဲ့လူတွေကို ပစ်ခတ်တဲ့ တစ်ခုတည်းသော အကြောင်းအရင်းက အမုန်းတရားကြောင့်ပါပဲ” ဟု ချာလ်စတန် အုပ်ချုပ်ရေးမှူး ဂျိုးရီလေးက ပြောကြားခဲ့သည်။

    ပစ်ခတ်မှုဖြစ်ပွားပြီးနောက် သေနတ်သမားမှာ ဆီဒင်ကားအနက်ရောက်ဖြင့် ထွက်ပြေးသွားပြီး ရဲတပ်ဖွဲ့ဝင်များက မည်သူမည်ဝါမှန်း မသိသေးဘဲ လိုက်လံရှာဖွေနေကာ ချာလ်စတန်မြို့တွင်း၌ပင် ရှိနေမည်ဟု ခန့်မှန်းထားသည်။

    အဆိုပါ အဖြစ်အပျက်ဖြစ်ပွားပြီးနောက်ပိုင်း ဘုရားကျောင်းအနီးတွင် ဗုံးထောင်ထားသည့် ခြိမ်းခြောက်မှုလည်း ရှိခဲ့ပြီး ရဲတပ်ဖွဲ့က ရှာဖွေ့ခဲ့သော်လည်း တွေ့ရှိခဲ့ခြင်းမရှိပေ။Emanuel AME ဘုရားကျောင်းမှာ တောင်ပိုင်းတွင် အကြီးဆုံးနှင့် သက်တမ်းအရင့်ဆုံး
    ဘုရားကျောင်းဖြစ်ပြီး ၁၈၁၆ ခုနှစ်က တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

    ထိုဘုရားကျောင်းမှာ တစ်ကြိမ်တွင် လုံးဝ မီးရှို့ဖျက်ဆီးခံခဲ့ရဖူးပြီး၊ ငလျင်ကြောင့်ပျက်ဆီးခြင်း၊ အာဏာပိုင်များက ပိတ်ပစ်ခြင်း စသည့် အခက်အခဲများနှင့်လည်း ကြုံတွေ့ခဲ့ရဖူးသည်။

    Ref: CNN, Dawn.com

  • ရုရှား၏ နျူလက်နက်ပမာဏကို ယခုနှစ်အတွင်း တိုးမြှင့်မည်ဟု ပူတင်ပြော

    ရုရှား၏ နျူလက်နက်ပမာဏကို ယခုနှစ်အတွင်း တိုးမြှင့်မည်ဟု ပူတင်ပြော

    ဇွန် ၁၇၊ ၂၀၁၅
    M-Media

    putin

    – မိမိတို့နိုင်ငံ၏ နျူကလီးယားလက်နက်စာရင်းသို့ တိုက်ချင်းပစ် ဒုံးကျည် ၄၀ ကျော်ကို ယခုနှစ်အတွင်း ထည့်သွင်းသွားမည်ဟု ရုရှားသမ္မတ ဗလာဒီမီရ်ပူတင်က ပြောကြားလိုက်သည်။

    ယမန်နေ့က မော်စကိုအနီးတွင် ပြုလုပ်ခဲ့သည့် လက်နက်ပြပွဲ ဖွင့်ပွဲအခမ်းအနား၌ ပူတင်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ တနင်္လာနေ့ကလည်း ရုရှားအာဏာပိုင်များမှာ နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ ရုရှားနယ်စပ်၌ လက်နက်ကြီးများ ထားရှိရန် အမေရိကန်၏ အစီအစဉ်ကို ရှုတ်ချခဲ့ပြီး စစ်အေးခေတ်နောက်ပိုင်း ရန်အလိုဆုံးလုပ်ရပ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “နည်းပညာဆိုင်ရာ အဆင့်မြင့် ဒုံးခွင်းစနစ်တွေကို ကျော်ဖြတ်နိုင်တဲ့ တိုက်ချင်းပစ်ဒုံးကျည် ၄၀ကျော်ကို နျူကလီးယားလက်နက်တိုက်ထဲ ဒီနှစ်မှာ ထပ်ဖြည့်သွားမှာပါ” ဟု ပူတင်က ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့ ရုရှားစစ်တပ်အနေဖြင့် အနောက်ဘက်(ဥရောပဘက်) အခြေအနေကို စောင့်ကြည့်ရန် ရည်ရွယ်ပြီး နယ်ပယ်ကျယ်ဝန်းစွာ ဖမ်းယူနိုင်သည့် ရေဒါစနစ်ကို စတင် စမ်းသပ်နေသည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    ယူကရိန်း၏ ခရိုင်းမီးယားကျွန်းဆွယ်ကို ရုရှားက သိမ်းပိုက်ခဲ့ပြီး ယူကရိန်းအရှေ့ပိုင်းရှိ ခွဲထွက်ရေးသမားများကိုလည်း ရုရှားက ထောက်ပံ့ပြီးနောက်ပိုင်းတွင် ရုရှားနှင့် အနောက်နိုင်ငံများ၏ ဆက်ဆံရေးမှာ စစ်အေးခေတ်နောက်ပိုင်း အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့သည်။

    ဥရောပနှင့် အမေရိကန်တို့မှာ ရုရှားအား G8 အဖွဲ့ထဲမှ ထုတ်ပယ်ခဲ့ပြီး စီးပွားရေးဆိုင်ရာ ပိတ်ဆို့မှုများကိုလည်း ပြုလုပ်ခဲ့ကာ ရုရှားကလည်း ဥရောပတာဝန်ရှိသူများအား အမည်ပျက်စာရင်း သွင်းခဲ့သည်။

    နေတိုးအဖွဲ့၏ အထွေထွေအတွင်းရေးမှူး ဂျန်စ် စတိုလ်တန်ဘာ့ဂ်ကမူ ပူတင်၏ ထိုကဲ့သို့ ပြောကြားမှုကို ရှုတ်ချခဲ့သည်။

    “ရုရှားရဲ့ ဒီလို နျူကလီးယားစစ်အင်အားနဲ့ ခြိမ်းခြောက်မှုဟာ တရားနည်းလမ်းမကျဘဲ ဒါဟာ တည်ငြိမ်မှုကို ပျက်ပြားစေပြီး အန္တရာယ်လည်းရှိပါတယ်” ဟု စတိုလ်တန်ဘာ့ဂ်က ပြောကြားခဲ့သည်။

    Ref: Aljazeera

  • အမေရိကန်၏ ဥရောပ၌ စစ်ရေးချဲ့ထွင်မှုကို တုံ့ပြန်မည်ဟု ရုရှားပြော

    အမေရိကန်၏ ဥရောပ၌ စစ်ရေးချဲ့ထွင်မှုကို တုံ့ပြန်မည်ဟု ရုရှားပြော

    ဇွန် ၁၆၊ ၂၀၁၅
    M-Media

    – နေတိုးအဖွဲ့ဝင်နိုင်ငံများမှ ရုရှားနယ်စပ်တွင် တိုက်ပွဲဝင်တင့်ကားများ၊ လက်နက်ကြီးများထားရှိရန် အမေရိကန်၏ အစီအစဉ်က စစ်အေးခေတ်နောက်ပိုင်း ရန်အလိုဆုံးလုပ်ရပ်ဖြစ်ပြီး မိတို့က တပ်ဖွဲ့ဝင်များ တိုးမြှင့်ချထားခြင်းဖြင့် တုံ့ပြန်သွားမည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ ယမန်နေ့တွင် ပြောကြားလိုက်သည်။

    အမေရိကန်မှာ ဘောလ်တစ်နိုင်ငံများနှင့် အရှေ့ဥရောပနိုင်ငံများတွင် စစ်ဘက်ဆိုင်ရာ လက်နက်ကိရိယာများ ထားရှိရန် ဆောင်ရွက်မှုများ ပြုလုပ်နေပြီး ယူကရိန်းပြဿနာကြောင့် ရုရှားအပေါ် စိုးရိမ်မှုများရှိနေသည့် မဟာမိတ်နိုင်ငံများအား ပူပင်မှုမရှိစေရန် ဆောင်ရွက်ခြင်းလည်း ဖြစ်သည်။

    “တကယ်လို့ တင့်ကားတွေ၊ အဝေးပစ်အမြောက်တွေနဲ့ အခြားပစ္စည်းတွေအပါအ၀င် အမေရိကန် စစ်ဘက်ဆိုင်ရာ လက်နက်ကိရိယာတွေဟာ အရှေ့ဥရောပနဲ့ ဘောလ်တစ်နိုင်ငံတွေမှာ တကယ် ထားရှိသွားမယ်ဆိုရင် ဒါဟာ စစ်အေးခေတ်နောက်ပိုင်း ပင်တဂွန်နဲ့ နေတိုးအဖွဲ့တို့ရဲ့ အမြင့်ဆုံး ရန်စမှုခြေလှမ်းပါပဲ။ ရုရှားကတော့ အနောက်ဘက် ဗျူဟာကျတဲ့နေရာတွေမှာ တပ်ဖွဲ့တွေနဲ့ စစ်လက်နက်တွေ တိုးမြှင့်ချထားဖို့ကလွဲလို့ အခြား ရွေးချယ်စရာ မရှိပါဘူး” ဟု ရုရှား ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ ဗိုလ်ချုပ် ယူရီ ယာကူဘော့ဗ်က ပြောကြားခဲ့သည်။

    ထို့ပြင် အမေရိကန်၏ ထိုအစီအစဉ်အတွက် ရုရှားမှ တုံ့ပြန်မှုတွင် ပိုလန်နှင့် လစ်သူယေးနီးယား နယ်စပ်များနှင့် ထိနေသော ရုရှားပိုင် ကလင်နင်ဂါ့ဒ်နယ်မြေတွင် အစ္စကန်ဒါ ဒုံးကျည်များ ချထားခြင်းနှင့် ဆိုဗီယက်လက်အောက်ခံဟောင်း ဘယ်လာရုဇ်နိုင်ငံတွင် တပ်ဖွဲ့ဝင်များ ပိုမိုချထားခြင်းတို့လည်း ပါဝင်မည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကမူ ထိုသို့ဆောင်ရွက်မှုက ထိရောက်မည်ဟု မျှော်လင့်ပြီး ဥရောပရှိ အခြေအနေကို အန္တရာယ်ရှိသည့် အကျိုးဆက်များ ဖြစ်နိုင်သော စစ်ဘက်ဆိုင်ရာ ရင်ဆိုင်မှုများအသစ်များအထိ ဖြစ်ပွားခြင်းမှ တားဆီးပေးလိမ့်မည်ဟု ပြောကြားခဲ့သည်။

    Ref: Refuters

  • ဥရောပတွင် အမေရိကန်က လက်နက်ကြီးများ ထားရှိသွားမည်

    ဥရောပတွင် အမေရိကန်က လက်နက်ကြီးများ ထားရှိသွားမည်

    ဇွန် ၁၅၊ ၂၀၁၅
    M-Media

    – ယူကရိန်းအရေး ရုရှားက ၀င်ရောက်စွက်ဖက်မှုကြောင့် ခြောက်ခြားနေသော မဟာမိတ်နိုင်ငံများအား စိတ်သက်သာရာ ရစေရန်အတွက် အမေရိကန်မှာ ဘောလ်တစ်နိုင်ငံများနှင့် ဥရောပအရှေ့ပိုင်း နိုင်ငံများ၌ ကြီးမားသည့် စစ်ဘက်ဆိုင်ရာ လက်နက်ကိရိယာများကို ထားရှိရန် အစီအစဉ်ရှိနေသည်ဟု အမေရိကန်အာဏာပိုင်မျာက ပြောကြားလိုက်သည်။

    ထိုအစီအစဉ်မှာ တစ်ချိန်က ဆိုဗီယက်သြဇာအောက် ရောက်ခဲ့ဖူးပြီး နေတိုးအဖွဲ့၏ အဖွဲ့ဝင်အသစ် ဖြစ်လာသော နိုင်ငံများတွင် စစ်ဘက်ဆိုင်ရာ လက်နက်ကြီးများချထားရန် ၀ါရှင်တန်၏ ပထမဆုံး ဆောင်ရွက်မှုလည်း ဖြစ်သည်။

    နောက်ဆုံး ဆုံးဖြတ်ချက် မချရသေးသော်လည်း ပင်တဂွန်မှာ ဥရောပတွင် တိုက်ပွဲဝင်တင့်ကားများ၊ ခြေလျင်သုံး တိုက်ခိုက်ရေးယာဉ်များနှင့် အခြားလက်နက်ကြီးများ အပါအ၀င် စစ်သား ၅၀၀၀ ခန့် တပ်ဖြန့်ချထားရန် ဟန်ပြင်နေသည်ဟု အမည်မဖေါ်လိုသည့် စစ်ဘက်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

    ဘောလ်တစ်နိုင်ငံများဖြစ်သော လစ်သူယေးနီးယား၊ လတ်ဗီးယားနှင့် အက်စ်တိုးနီးယားနိုင်ငံများ၊ ပိုလန်၊ ရိုမေးနီးယား၊ ဘူလ်ဂေးရီယားနိုင်ငံများတွင် စစ်သားများနှင့် စစ်လက်နက်များ ချထားရန်လည်း မျှော်မှန်းနေသည်ဟု ၎င်းက ထည်သွင်းပြောကြားခဲ့သည်။

    အခြား အမေရိကန်စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးကလည်း မိမိတို့မှာ အရေးပါသည့် စစ်လက်နက်များကို ချထားသွားမည်ဟု ပြောကြားခဲ့ကာ ဥရောပတွင် အမေရိကန်မှ စစ်လက်နက်များ ချထားမည်ဟု ယမန်နေ့က နယူးယောက်တိုင်းမ်သတင်းစာတွင် ဖော်ပြခဲ့သည့် ဆောင်းပါးကိုလည်း ၎င်းတို့ ၂ ဦးစလုံးက အတည်ပြုခဲ့သည်။

    ပိုလန်နှင့် လစ်သူယေးနီးယားနိုင်ငံတို့ကမူ ဒေသတွင်းရှိ စစ်လက်နက်ပစ္စည်း သိုလှောင်ရုံများတွင် လက်နက်ကြီးများ ထားရှိခြင်းအတွက် ၀ါရှန်တန်နှင့် ဆွေးနွေးနေသည်ဟု အတည်ပြု ပြောကြားခဲ့သည်။ အမေရိကန်၏ အဆိုပါအစီအစဉ်က ရုရှားကို စိတ်ဆိုး
    ဒေါသထွက်စေမည်ဖြစ်သည်။

    Ref: Reuters