News @ M-Media

Tag: WuhanVirus

  • ကာကွယ်ဆေးမတိုးသည့် ပုံပြောင်းကိုဗစ်အသစ် Lambda အတွက် ပညာရှင်များ သတိပေး

    ကာကွယ်ဆေးမတိုးသည့် ပုံပြောင်းကိုဗစ်အသစ် Lambda အတွက် ပညာရှင်များ သတိပေး

    ဩဂုတ် ၇၊ ၂၀၂၁
    M-Media

    -မူရင်းကိုဗစ်ပိုးထက် ပိုမိုပြန့်နှံ့လွယ်ကာ၊ ကာကွယ်ဆေးဒဏ်ကို ပိုခံနိုင်မယ့် ပုံပြောင်းကိုဗစ်အသစ် Lambda ကို သတိထားကြဖို့ ပညာရှင်တွေက သတိပေးလိုက်ပါတယ်။

    Lambda ဗိုင်းရပ်စ်ကို ပြီးခဲ့တဲ့နှစ် ဩဂုတ်လက ပီရူးနိုင်ငံမှာ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး အဲဒီနောက် တောင်အမေရိကတစ်ဝှမ်း ပြန့်နှံခဲ့ပါတယ်။ အာရှမှာတော့ ဂျပန်က Lambda ကူးစက်သူတစ်ဦးကို ပထမဆုံးတွေ့ရကြောင်း မနေ့က ထုတ်ပြန်ခဲ့ပါတယ်။ ကူးစက်ခံရသူ အသက် ၃၀ ကျော် အမျိုးသမီးဟာ ဇူလိုင်လ ၂၀ ရက်နေ့ ပီရူးနိုင်ငံကနေ ပြန်လာသူပါ။

    Lambda ဟာ နိုင်ငငံတော်တောာ်များများမှာ လက်ရှိပြန့်နှံ့နေတဲ့ Delta ထက် ပိုပြီးအန္တရာယ်ရှိလားဆိုတာကို ရှင်းရှင်းလင်းလင်း မသိရပေမယ့် တိုကျိုတက္ကသိုလ်က ပညာရှင်တွေကတော့ လူ့အဖွဲ့အစည်းအပေါ် ခြိမ်းခြောက်မှုသစ် ဖြစ်လာနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

    ဓာတ်ခွဲခန်း စမ်းသပ်မှုတွေအရ Lambda ဟာ လက်ရှိ ထိုးပေးနေတဲ့ ကိုဗစ်ကာကွယ်ဆေးတွေက ထုတ်ပေးတဲ့ ကိုယ်ခံစွမ်းအားကို ခံနိုင်ရည်ရှိတယ်ဆိုတာ တွေ့ခဲ့ရပါတယ်။

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပုံပြောင်းကိုဗစ် Lambda ဟာ variant of interest (VOI) အမျိုးအစား ဗိုင်းရပ်စ်မျိုးဖြစ်တယ်လို့ ဇွန်လ ၁၄ ရက်နေ့မှာ သတ်မှတ်ခဲ့ပြီး ဒါဟာ သာမန် ပုံပြောင်းကိုဗစ်ပိုးထက် ပိုပြီး အန္တရာယ်ရှိနိုင်တယ်လို့ ရည်ညွှန်းတာဖြစ်သလို၊ နောက်ထပ် ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်တယ်ဆိုတာ ကမ္ဘာ့နိုင်ငံတွေကို သတိပေးလိုက်တာလည်း ဖြစ်ပါတယ်။

    ဧပြီလနောက်ပိုင်း ပီရူးမှာဖြစ်ပွားတဲ့ ကိုဗစ်ကူးစက်မှုရဲ့ ၈၁ ရာခိုင်နှုန်းဟာ Lambda ဗိုင်းရပ်စ်ကြောင့် ဖြစ်ပြီး အဲဒီမတိုင်ခင် ၅၀ ရာခိုင်နှုန်းရှိရာကနေ သိသိသာသာ မြင့်တက်လာတာ ဖြစ်ပါတယ်။ အမေရိကန်မှာလည်း Lambda ကိုဗစ်ကူးစက်မှု ၁၀၃၇ ခု ရှိနေပါတယ်။

    Ref: Reuters, Japan Times

  • နောက်ဆုံးပေါ် ပုံပြောင်းကိုဗစ် Delta Plus တွေ့ရှိသည့်နိုင်ငံများတွင် တောင်ကိုရီးယား ပါဝင်လာ

    နောက်ဆုံးပေါ် ပုံပြောင်းကိုဗစ် Delta Plus တွေ့ရှိသည့်နိုင်ငံများတွင် တောင်ကိုရီးယား ပါဝင်လာ

    ဩဂုတ် ၄၊ ၂၀၂၁
    M-Media

    -နောက်ဆုံးပေါ်ထွက်လာတဲ့ ပုံပြောင်းကိုဗစ် Delta Plus ကူးစက်မှုနှစ်ခု တွေ့ရှိရတယ်လို့ တောင်ကိုရီးယား ကူးစက်ရောဂါ ကာကွယ်တားဆီးရေး အေဂျင်စီက မနေ့ကမှာ ထုတ်ပြန်ပါတယ်။

    တောင်ကိုရီးယားဟာ ကိုဗစ် စတုတ္ထလှိုင်းဒဏ်ကို ခံစားနေရတာပါ။ Delta Plus ကတော့ ကမ္ဘာတစ်ဝှမ်း အလွန်အမင်း ကူးစက်ပြန့်နှံ့နေတဲ့ ပုံပြောင်းကိုဗစ် Delta ရဲ့ ပထမဆုံး မျိုးကွဲဖြစ်ပြီး အိန္ဒိယနိုင်ငံမှာ စတွေ့ခဲ့တာ ဖြစ်ပါတယ်။

    ဗြိတိန်၊ ပေါ်တူဂီ၊ အိန္ဒိယအပါအဝင် Delta Plus ကူးစက်မှုတွေ့ရတဲ့နိုင်ငံ အနည်းငယ်သာ ရှိပါသေးတယ်။

    တောင်ကိုရီးယား ကူးစက်ရောဂါထိန်းချုပ်ရေးဌာနက အသက် ၄၀ အရွယ်အမျိုးသာမှာ Delta Plus ကို စတွေ့ခဲ့ရပြီး သူနဲ့ ထိတွေ့သူ ၂၈၀ လောက်ရှိရာမှာ သားဖြစ်သူတစ်ဦးသာ ကူးစက်ထားတယ်လို့ ထုတ်ပြန်ပါတယ်။ ဘာ့ကြောင့် ဒီလိုကူးစက်ရလဲဆိုတာ စုံစမ်းစစ်ဆေးမှု ပြုလုပ်နေပါတယ်။

    နောက်ထပ် ကူးစက်သူကတော့ အမေရိကန်ကနေ ပြန်လာတဲ့ ခရီးသွားတစ်ဦး ​ဖြစ်ပါတယ်။ သူဟာ AstraZeneca ကာကွယ်ဆေးနှစ်ကြိမ် ထိုးထားပြီးသားပါ။

    ကျွမ်းကျင်သူတွေက လက်ရှိ ကမ္ဘာတစ်ဝှမ်း အသုံးပြုနေတဲ့ ကိုဗစ်ကာကွယ်ဆေးတွေဟာ ပုံပြောင်းကိုဗစ် Delta ကို ထိထိရောက်ရောက် ကာကွယ်နိုင်ပေမယ့် အဲဒီကနေတစ်ဆင့် ပွားလာမယ့် နောက်ထပ် ပုံပြောင်းဗိုင်းရပ်စ်တွေအပေါ် သက်ရောက်မှုရှိပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

    Ref: CNA

  • တရုတ်နိုင်ငံ ၀ူဟန်မြို့ကို ကိုဗစ် ပြန်ရောက်လာ

    တရုတ်နိုင်ငံ ၀ူဟန်မြို့ကို ကိုဗစ် ပြန်ရောက်လာ

    ဩဂုတ် ၃၊ ၂၀၂၁
    M-Media

    -တစ်နှစ်ကျော်အတွင်း ပထမဆုံးအကြိမ် ဒေသတွင်း ကိုဗစ်ကူးစက်မှု ပြန်ဖြစ်လာတာကြောင့် ၀ူဟန်မြို့ကလူတွေ အားလုံးကို စစ်ဆေးသွားမယ်လို့ တရုတ်အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

    လူဦးရေ ၁၁ သန်းရှိတဲ့ ၀ူဟန်မြို့ဟာ ကမ္ဘာတစ်ဝှမ်း လူ​သန်းချီ ကူးစက်သေဆုံးတဲ့ ကိုရိုနာဗိုင်းရပ်စ် သန္ဓေတည်ပေါက်ဖွားရာဒေသ ဖြစ်ပါတယ်။

    တနင်္လာနေ့က ရွှေ့ပြောင်းလုပ်သားတွေကြားထဲမှာ ဒေသတွင်းကူးစက်မှု ၇ ခုကို တွေ့ခဲ့ရပြီးတဲ့နောက် အာဏာပိုင်တွေက တစ်မြို့လုံးကို ကိုဗစ်စစ်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံအတွင်း အနည်းဆုံး ပြည်နယ် ၁၅ ခုမှာလည်း ပုံပြောင်းကိုဗစ် Delta ကူးစက်မှုကို ပြီးခဲ့တဲ့လက စတင် ခံစားနေရပါတယ်။

    တရုတ်အာဏာပိုင်တွေဟာ ဘေဂျင်းအပါအဝင် မြို့ကြီးတစ်ချို့ကို လော့ဒေါင်းချတာ၊ အသွားအလာကန့်သတ်တာ၊ နှာခေါင်းတို့ဖတ် စစ်ဆေးတာတွေ လုပ်ဆောင်နေပါတယ်။

    Ref : CNA

  • ပုံပြောင်းကိုဗစ် Delta ဒဏ်ကို တရုတ်နိုင်ငံက တစ်ဖန်ပြန် ခံစားနေရ

    ပုံပြောင်းကိုဗစ် Delta ဒဏ်ကို တရုတ်နိုင်ငံက တစ်ဖန်ပြန် ခံစားနေရ

    ဇူလိုင် ၂၊ ၂၀၂၁
    M-Media

    -ကမ္ဘာတစ်ဝှမ်းမှာ အကြီးအကျယ်ပြန့်နှံ့ကာ ကူးစက်မှု၊ သေဆုံးမှု မြင့်တက်နေတဲ့ ပုံပြောင်းကိုဗစ် Delta ဒဏ်ကို တရုတ်နိုင်ငံက စတင်ခံစားလာရပါတယ်။

    တရုတ်နိုင်ငံရဲ့ စုစုပေါင်း ပြည်နယ် ၃၁ ခုမှာ ပြီးခဲ့တဲ့နှစ်ပတ်အတွင်း Delta ကိုဗစ်တွေ့ရတဲ့ပြည်နယ် အနည်းဆုံး ၁၅ ခုအထိ ရှိလာပါတယ်။ ကူးစက်မှုကလည်း လွန်ခဲ့တဲ့ ၅ လပေါင်းထက် ပိုမိုများပြားနေတာပါ။ တနင်္လာနေ့မှာ ကူးစက်မှုသစ် ၉၉ ခု ရှိခဲ့ပြီး ပြီးခဲ့တဲ့လက စတွက်ရင် စုစုပေါင်း ၃၂၈ ခု ရှိလာတာ ဖြစ်ပါတယ်။ ဒီစာရင်းမှာ ပိုးရှိပေမယ့် ရောဂါလက္ခဏာ မပြသူတွေကို ထည့်မတွက်ထားပါဘူး။

    တရုတ်အာဏာပိုင်တွေက မြို့ကြီးတစ်ချို့ကို လော့ဒေါင်းချတာ၊ အသွားအလာ ကန့်သတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ လပေါင်းများစွာ ကိုဗစ်ကင်းစင်ခဲ့တာကြောင့် နှာခေါင်းစည်းတပ်တာ၊ ခပ်ခွာခွာနေထိုင်တာလို ကိုဗစ်စည်းကမ်းတစ်ချို့ကို မကြာသေးမီကပဲ တရုတ်အစိုးရက လျှော့ပေါ့ပေးခဲ့တာပါ။

    နိုင်ငံအရှေ့ပိုင်း ကျန်းဆူပြည်နယ် နန်ကျင်းမြို့ဟာ ပုံပြောင်းကိုဗစ် Delta ကူးစက်တဲ့ အဓိကနေရာဖြစ်ခဲ့ပြီး ကာကွယ်ဆေး ၂ ကြိမ်ထိုးထားပြီးသား လေဆိပ်ဝန်ထမ်းတွေဟာ ဇူလိုင်လ ၁၀ ရက်နေ့ ရုရှားက ရောက်လာသူတွေထံကနေ ကူးစက်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ထံကနေတစ်ဆင့် အခြားခရီးသည်တွေကိုကူးကာ နိုင်ငံတစ်ဝှမ်း ပြန့်နှံ့သွားခဲ့ပါတယ်။

    ကိုဗစ်ရောဂါပိုး စတင်သန္ဓေတည်တဲ့ ၀ူဟန်မြို့မှာလည်း Delta ကိုဗစ် ကူးစက်မှုတွေ ရှိနေပါတယ်။

    ပြည်တွင်းထုတ် ကိုဗစ်ကာကွယ်ဆေး ၁.၆၇ ဘီလီယံလောက်ကို တရုတ်က ထိုးပေးထားနိုင်ပေမယ့် ပြန့်နှံ့လွယ်တဲ့ ပုံပြောင်းကိုဗစ် Delta ကို ထိထိရောက်ရောက် တားဆီးနိုင်ပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

    ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်တဲ့ နိုင်ငံပိုင် ဆေးဝါးလုပ်ငန်း Sinopharm ရဲ့ လက်ခွဲ CNBG ကုမ္ပဏီက ဥက္ကဌ ယန်ရှောင်မင်က ပုံပြောင်းကိုဗစ်ဗိုင်းရပ်စ် အသစ်တွေအပေါ် သူတို့ကာကွယ်ဆေးက ထိရောက်မှုရှိမှာဖြစ်ပြီး Delta ကိုနိုင်မယ့် ကာကွယ်ဆေးအသစ်ကိုလည်း ထုတ်လုပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ပုံပြောင်းကိုဗစ်ဟာ ကမ္ဘာတစ်ဝှမ်း အထူးသဖြင့် အာရှနိုင်ငံတွေမှာ ဆိုးဆိုးဝါးဝါး ပြန့်နှံ့နေပြီး ကူးစက်သေဆုံးမှု အလွန်မြန်တာကြောင့် တိုင်းပြည်တွေရဲ့ ကျန်းမာရေးစနစ် ပြိုလဲလာမယ့် အခြေအနေအထိ ဖြစ်လာပါတယ်။

    Ref: Asia Times

  • ပုံပြောင်းကိုဗစ် Delta ကို ဆက်လက်သတိထားရမည်ဟု အမေရိကန်ထုတ်ပြန်

    ပုံပြောင်းကိုဗစ် Delta ကို ဆက်လက်သတိထားရမည်ဟု အမေရိကန်ထုတ်ပြန်


    ဇူလိုင် ၃၁၊ ၂၀၂၁

    M-Media 

    -ပုံပြောင်းကိုဗစ်ဗိုင်းရပ်စ်ဖြစ်တဲ့ Delta ဟာ ကျောက်ရောဂါလို ကူးစက်ပြန့်နှံ့လွယ်ကာ ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာကို ဖြစ်စေနိုင်တဲ့အတွက် ရှေ့ဆက် သတိထားကြဖို့ အမေရိကန် ကူးစက်ရောဂါတားဆီးရေးဌာန (CDC) က သတိပေးလိုက်ပါတယ်။ 

    Delta ပုံပြောင်းကိုဗစ်ဟာ ကမ္ဘာတစ်ဝှမ်းမှာ မြန်မြန်ဆန်ဆန် ပြန့်နှံ့နေပြီး အာရှက တစ်ချို့နိုင်ငံတွေမှာဆိုရင် ကျန်းမာရေးစနစ် ပြိုလဲတဲ့အထိ ဆိုးရွားနေတာဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က Delta ဗိုင်းရပ်စ် ပြန့်နှံ့မှုကို တားဆီးဖို့အတွက် တားမြစ်ကန့်သတ်ချက်တွေ ပိုမိုတင်းကြပ်သွားမယ်လို့ လတ်တလောမှာ ပြောကြားထားပါတယ်။

    ကိုဗစ်ဗိုင်းရပ်စ် စတင်ပေါက်ဖွားရာ တရုတ်နိုင်ငံမှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းကစလို့ ပုံပြောင်းကိုဗစ် Delta ပြန့်နှံ့မှုကို ကြုံတွေ့နေရပါတယ်။ 

    အမေရိကန် ကူးစက်ရောဂါ တားဆီးထိန်းချုပ်ရေးဌာန (CDC) ရဲ့ ထုတ်ပြန်ချက်မှာတော့ ကိုဗစ်ကာကွယ်ဆေးတွေဟာ ကိုဗစ်ကြောင့် ကျန်းမာရေး ဆိုးဆိုးရွားရွားထိခိုက်တာ၊ ဆေးရုံတင်ရတာ၊ သေဆုံးတာတွေကို ထိထိရောက်ရောက် တားဆီးနိုင်တယ်လို့ ဖော်ပြထားပါတယ်။

    ဒါပေမယ့် Delta ဟာ MERS၊ SARS၊ အီဘိုလာ၊ သာမန်အဖျား၊ ရာသီတုပ်ကွေးနဲ့ ကျောက်ရောဂါတို့ထက် ပိုမိုပြန့်နှံ့လွယ်ပြီး၊ ကူးစက်ရောစစ်ပွဲ တစ်မျိုးပြောင်းသွားတာကို လက်ခံကာ အရေးပေါ်အခြေအနေ နောက်တစ်ဆင့်ကို ပြင်ဆင်ထားဖို့လည်း ပညာရှင်တွေက အဲဒီထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

    Ref: Aljazeera