News @ M-Media

Blog

  • ပီအက်စ်ဂျီအသင်းသို့ ကမ္ဘာ့စံချိန်တင်ဈေးဖြင့် နေးမာရောက်ရှိရန် သေချာသလောက်ရှိနေ

    ပီအက်စ်ဂျီအသင်းသို့ ကမ္ဘာ့စံချိန်တင်ဈေးဖြင့် နေးမာရောက်ရှိရန် သေချာသလောက်ရှိနေ

    သြဂုတ် ၁၊ ၂၀၁၇
    M-Media

    ဒူဘိုင်း၌ နေ့လယ်စာ စားနေသည့် နေးမာ

    – ဘာစီလိုနာတိုက်စစ်မှူး နေးမာမှာ ဒူဘိုင်းသို့ရောက်ရှိနေသည့် ဓာတ်ပုံများကို ယမန်နေ့တွင် ၎င်း၏ ဆိုရှယ်မီဒီယာစာမျက်နှာ၌ လွှင့်တင်ခဲ့ပြီးနောက် ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းသို့ ရောက်ရှိရန် သေချာသလောက် ရှိသွားပြီဖြစ်သည်။

    ပီအက်စ်ဂျီမှာ ဘာစီလိုနာအသင်းအား နေးမာအတွက် လျော်ကြေးပေး၍ စုစုပေါင်း ပြောင်းရွှေ့ကြေး ပေါင် ၁၉၉ သန်း (ယူရို ၂၂၂ သန်း) ဖြင့် ခေါ်ယူရန် ကမ်းလှမ်းထားပြီး အပြောင်းအရွှေ့ဖြစ်ပေါ်လာပါက နေးမာမှာ ကာတာသို့သွားရောက်ကာ စာချုပ်လက်မှတ်ရေးထိုးရဖွယ် ရှိနေသည်။

    အသက် ၂၅ နှစ်အရွယ် နေးမာမှာ ၎င်း၏ Instagram စာမျက်နှာတွင် ဒူဘိုင်း၌ နေ့လည်စာစားနေသည့် ဓာတ်ပုံများကို ယမန်နေ့က လွှင့်တင်ခဲ့သည်။ ထိုမှတစ်ဆင့် နေးမာမှာ ကာတာသို့ ယနေ့တွင် သွားရောက်ရန်ရှိနေသည်။

    ယမန်နေ့တွင် ကာတာသတင်းစာများက နေးမာမှာ ပီအက်စ်ဂျီအသင်းဥက္ကဌ နက်ဆာရ် အလ်-ခါလိုင်ဖီနှင့် တွေ့ဆုံရန်ရှိနေသည်ဟု ဥရောပရင်းမြစ်များကို ကိုးကား၍ ဖော်ပြခဲ့သည်။

    ပီအက်စ်ဂျီအသင်းသို့ ယူရို ၂၂၂ သန်းဖြင့် နေးမာ ရောက်ရှိလာပါက ထိုပမာဏမှာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ဖြစ်လာမည်ဖြစ်သည်။

    Ref: Mirror

  • ၂၀၁၇ Man of the World ဆုကို အီဂျစ်မော်ဒယ်တစ်ဦး ဆွတ်ခူး

    ၂၀၁၇ Man of the World ဆုကို အီဂျစ်မော်ဒယ်တစ်ဦး ဆွတ်ခူး

    သြဂုတ် ၁၊ ၂၀၁၇
    M-Media

    – ယခုတစ်ပတ်တွင် ဖိလစ်ပိုင်၌ကျင်းပခဲ့သည့် Man of the World ပြိုင်ပွဲတွင် အီဂျစ်နိုင်ငံသား အသက် ၂၆ နှစ်အရွယ် မော်ဒယ် မွတ်စ်တာဖာ ဂါလာလ် အလီဇာလီက သရဖူဆွတ်ခူးရရှိခဲ့သည်။

    ယောက်ျားပီသမှု၊ တည်ကြည်ခန့်နားမှုနှင့် တာဝန်ယူလိုစိတ်တို့ကို အဓိကထား ယှဉ်ပြိုင်ရသည့် အဆိုပါပြိုင်ပွဲကို ကမ္ဘာတစ်ဝှမ်းမှ အမျိုးသား ၂၇ ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။

    “သမိုင်းတွင်သွားပါပြီ။ ကျေးဇူးပါ ဖိလစ်ပိုင်ပြည်သူတွေရေ – ခင်ဗျားတို့က ကျွန်တော့်အိပ်မက်တွေ အမှန်တကယ်ဖြစ်လာအောင် လုပ်ပေးခဲ့တာပါ” ဟု အလီဇာလီက အနိုင်ရရှိပြီးနောက် ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။

    ဒုတိယဆုကို ဗီယက်နမ်မှ ငုယင်ဟူလောင်းက ရရှိခဲ့ပြီး ပါလက်စတိုင်းမှ အဘူ ဆဟ်ယွန် ၀က်စ်လင်းက တတိယဆု ရရှိခဲ့သည်။

    အလီဇာလီမှာ အလက်ဇန်းဒရီးယားတက္ကသိုလ်မှ စာရင်းကိုင်ဘာသာရပ်ဖြင့် ဘွဲ့ရခဲ့ပြီး လက်ရှိတွင် ဒူဘိုင်းရှိ Porsche ကားကုမ္ပဏီတွင် လုပ်ကိုင်နေသည်။ ထို့ပြင် ၎င်းမှာ SM Philippines က တရားဝင်ခန့်အပ်ထားသော မော်ဒယ်ဖြစ်ပြီး နာမည်ကြီး အလှကုန် Avon Phillipines တံဆိပ်အတွက်လည်း တရားဝင်မော်ဒယ်အဖြစ် ရပ်တည်နေသည်။

    Ref: Alarabiya

  • အတုယူရမည့် အိန္ဒိယက တစ်နိုင်တစ်ပိုင် ပရဟိတသမား

    အတုယူရမည့် အိန္ဒိယက တစ်နိုင်တစ်ပိုင် ပရဟိတသမား

    သြဂုတ် ၁၊ ၂၀၁၇
    M-Media

    – အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါပြည်နယ်က ကရီမွလ်ဟက်ဆိုသူဟာ ‘လူနာတင်ဘိုးဘိုး’ လို့ အမည်တွင်နေပါတယ်။

    ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ သူ့ရဲ့ရွာနဲ့ ပတ်ဝန်းကျင်ဒေသတွေက ဆေးရုံတက်ဖို့လိုတဲ့သူတွေကို သူ့ဆိုင်ကယ်နဲ့ မြို့ကဆေးရုံကို အချိန်မီလိုက်ပို့ပေးရင်း ဒီနာမည် တွင်သွားတာဖြစ်ပါတယ်။

    သူ့ရဲ့ ဒီအခမဲ့ လူနာပို့ဆောင်ပေးတဲ့လုပ်ငန်းဟာ ၁၅ နှစ်ကျော် ရှိလာပြီဖြစ်ပြီး လူပေါင်း ၄၀၀၀ ကျော်ရဲ့ အသက်ကို ကယ်တင်ပေးခဲ့ပြီးပါပြီ။ အခုအချိန်မှာတော့ ဇနီးနဲ့ သားတွေကပါ သူ့ရဲ့ ဒီ ပရဟိတလုပ်ငန်းမှာ ပါဝင်နေကြပါတယ်။

    ဒီလို လူသားအကျိုးပြုလုပ်ငန်းအတွက် ဘယ်အရာက ကရီမွလ်ဟက်ကို တွန်းအားပေးခဲ့သလဲ၊ ဘယ်လိုအခက်အခဲတွေကြုံတွေ့ရသလဲ၊ ဘယ်သူ့အထောက်အပံ့နဲ့ ရပ်တည်နေတာလဲ၊ သူ့ရဲ့ အနာဂတ်ရည်မှန်းချက်က ဘာလဲ စတာတွေကို ဒီဗီဒီယိုမှာ ရှုစားရမှာ ဖြစ်ပါတယ်။

    ကျန်းမာရေးစောင့်ရှောက်မှု အားနည်းတဲ့ မြန်မာနိုင်ငံရဲ့ ဝေလံခေါင်ဖျားဒေသ၊ ကျေးလက်ဒေသတွေမှာ ဒီလိုလုပ်ငန်းမျိုးကို အတုယူလုပ်ဆောင်လာနိုင်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ M-Media က စာတမ်းထိုးတင်ဆက်ပေးတာ ဖြစ်ပါတယ်။

  • အိန္ဒိယရေကြီးမှု သေဆုံးသူ ရာချီရှိနေ

    အိန္ဒိယရေကြီးမှု သေဆုံးသူ ရာချီရှိနေ

    သြဂုတ် ၁၊ ၂၀၁၇
    M-Media

    – အိန္ဒိယနိုင်ငံအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်တွင် ရေကြီးမှုများကြောင့် သေဆုံးသူမှာ ၂၁၈ ဦး ရှိသွားပြီဟု အိန္ဒိယအစိုးရ အာဏာပိုင်များက အတည်ပြုပြောကြားခဲ့သည်။

    မိုးရာသီရောက်ရှိနေသည့် အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့်ရက်များအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အိန္ဒိယရှိ ပြည်နယ် ၂၀ တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည်။

    ဂူဂျာရတ်ရေကြီးမှုတွင် သေဆုံးသူများမှာ တနင်္ဂနွေနေ့က ၁၀၀ ခန့်သာ ရှိသော်လည်း ၂ ရက်အတွင်း အလောင်း ၁၀၀ ကျော်ကို တွေ့ရှိခဲ့ခြင်းကြောင့် ယခုကဲ့သို့ အရေအတွက် မြင့်တက်လာခြင်းဖြစ်သည်။ ဂူဂျာရတ်တွင် ပြည်သူပေါင်း ၄၅၀၀၀၀ ခန့်မှာ ရေကြီးရေလျှံမှုဒဏ်ကို ခံနေရသည်။

    နိုင်ငံအရှေ့မြောက်ပိုင်း အာသံပြည်နယ်တွင်လည်း ရေကြီးမှုကြောင့် လူ ရာနှင့်ချီ သေဆုံးခဲ့ပြီး ထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

    လက်ရှိတွင် အစိုးရမှာ ကယ်ဆယ်ရေးနှင့် ကူညီရေးလုပ်ငန်းများကို ဆောင်ရွက်နေပြီး ၀န်ကြီးချုပ်မိုဒီကလည်း ယနေ့တွင် အာသံသို့ သွားရောက်ရန် ရှိနေသည်။

    Ref: BBC

  • သြစတေးလျ တက္ကသိုလ်ကျောင်းသား ထက်ဝက်ခန့် လိင်ကျူးလွန်မှုကို ခံနေရ

    သြစတေးလျ တက္ကသိုလ်ကျောင်းသား ထက်ဝက်ခန့် လိင်ကျူးလွန်မှုကို ခံနေရ

    သြဂုတ် ၁၊ ၂၀၁၇
    M-Media

    – သြစတေးလျနိုင်ငံရှိ တက္ကသိုလ်ကျောင်းသားများ၏ ထက်ဝက်ကျော်မှာ ၂၀၁၆ ခုနှစ်အတွင်း အနည်းဆုံး ၁ ကြိမ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ အရှက်ရစေမှုကို ကြုံတွေ့ခဲ့ရသည်ဟု သြစတေးလျ လူ့အခွင့်အရေးကော်မရှင်က ပြုလုပ်သည့် စစ်တမ်းကောက်ယူမှုအရ သိရသည်။

    ၂၀၁၅ သို့မဟုတ် ၂၀၁၆ ခုနှစ်တွင် ကျောင်းသားများ၏ ၇ ရာခိုင်နှုန်းနီးပါးမှာ လိင်ပိုင်းဆိုင်ရာ စော်ကားခံရပြီး တက္ကသိုလ်များတွင် အမျိုးသမီးများမှာ အမျိုးသမီးများထက် စော်ကားခံရမှုပိုမိုများပြားသည်ဟု ကော်မရှင်က ဆိုသည်။ အဆိုပါ စစ်တမ်းကောက်ယူမှုမှာ သြစတေးလျတွင် အကြီးမားဆုံးနှင့် အကျယ်ပြန့်ဆုံး စစ်တမ်းကောက်ယူမှုလည်း ဖြစ်သည်။

    လိင်အခြေပြု ခွဲခြားမှုဆိုင်ရာ ကော်မရှင်နာမင်းကြီး ကိသ် ဂျန်ကင်က ယခု အစီရင်ခံစမှာ တက္ကသိုလ်ကျောင်းသားဘ၀တွင် စိတ်အနှောက်ဖြစ်စရာကောင်းသည့် အနေအထားကို ပြသနေခြင်းဖြစ်သည်ဟု ဆိုသည်။

    တက္ကသိုလ်ကျောင်းပေါင်း ၃၉ ကျောင်းမှ ကျောင်းသား ၃၁၀၀၀ ကို လေ့လာခဲ့ပြီးနောက် လိင်ပိုင်းဆိုင်ရာ စော်ကားမှုနှင့် အရှက်ရေစမှုများမှာ တက္ကသိုလ်တိုင်းတွင် နည်းလမ်း တစ်မျိုးမဟုတ် တစ်မျိုးဖြင့် ဖြစ်ပျက်နေသည်ကို တွေ့ခဲ့ရသည်။

    လေ့လာမှုတွင် လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို တစ်ဦးတစ်ယောက်မှာ ၎င်း၏ ဆန္ဒအတိုင်းမဟုတ်ဘဲ အဓမ္မဖြစ်စေ၊ လှည့်ဖြား၍ဖြစ်စေ ခြိမ်းခြောက်၍ ဖြစ်စေ လိင်မှုပြုရခြင်း၊ ဆန္ဒမရှိတော့သည့်အချိန်တွင် လိင်မှုပြုရခြင်းဟု အဓိပ္ပါယ် ဖွင့်ဆိုထားသည်။

    လိင်ပိုင်းဆိုင်ရာ အရှက်ရစေခြင်းဆိုသည်ကို နှုတ်ဖြင့် မသင့်လျော်သည့် စကားမျိုး ပြောဆိုခြင်း၊ ထေ့ငေါ့ခြင်းတို့ ဖြစ်သည်။

    လေ့လာမှုအရ လိင်ပိုင်းဆိုင်ရာ စော်ကားခံရသူများ၏ ၅၁ ရာခိုင်နှုန်း၊ လိင်ပိုင်းဆိုင်ရှာ အရှက်ရစေသူများ၏ ၄၅ ရာခိုင်နှုန်းမှာ ၎င်းတို့အား ကျူးလွန်သူများမှ အချို့ကို သိရှိကြသည်။ လိင်တူချစ်သူများကမူ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရဖွယ်အရှိဆုံး သူများဖြစ်သည်ကိုလည်း လေ့လာမှုတွင် တွေ့ခဲ့ရသည်။ ကျူးလွန်သူအများစုမှာ အ
    မျိုးသားများဖြစ်သည်။

    Ref: BBC