News @ M-Media

Blog

  • YMCA တွင်ပြုလုပ်မည့် တမန်တော်နေ့ အခမ်းအနားဖျက်ဖို့ အစွန်းရောက်အုပ်စုများ ရောက်ရှိနေ

    YMCA တွင်ပြုလုပ်မည့် တမန်တော်နေ့ အခမ်းအနားဖျက်ဖို့ အစွန်းရောက်အုပ်စုများ ရောက်ရှိနေ

    ဇန်နဝါရီ ၈ ၊ ၂၀၁၇
    M-Media
    သတင်း-သီဟ
    15941198_370175736694774_7330367878191419927_n
    ရန်ကုန်တိုင်း တိုင်းဒေသကြီး အစိုးရ ခွင့်ပြုချက်ဖြင့် ပြုလုပ်မည့် (၁၄၉၁) ကြိမ်မြောက် တမန်တော်နေ့ အခမ်းအနားကို အမျိုးသားရေး အစွန်းရောက်ဝါဒီများမှ လူအုပ်စုဖြင့် လာရောက်ပိတ်ပင်တားဆီးမှုများ ပြုလုပ်နေကြောင်းသိရှိရသည်။

    ယနေ့ နေ့လည် ၂း၃၀ YMCA ခန်းမတွင် ကျင်းပပြုလုပ်မည့် အဆိုပါအခမ်းအနားကို ဟန့်တားဖျက်ဆီးဖို့ အမျိုးရေး အစွန်ရောက် ဘုန်းတော်ကြိး တပါးဖြစ်သူ အရှင်သုစိတ္တ(မျိုးချစ်သမဂ္ဂ) မှ ဆိုရှယ်မီဒီယာတွင် စတင် လှုံဆော်ခဲ့ခြင်းဖြစ်ပါတယ်။

    ယနေ့ နေ့လည် ၁ နာရီဝန်းကျင်မှ စပြီး လူအုပ်စုဖြင့် ရောက်ရှိလာကာ အခမ်းအနားဖျက်ဖို့ လုပ်ဆောင်နေကြောင်း နှင့် တာဝန်ရှိ လုံခြုံရေးဝန်ထမ်းများမှာ တစုံတရာ ဟန်တားခြင်းမရှိဘဲ ရပ်ကြည့်နေကြကြောင်း အဆိုပါနေရာကို ရောက်ရှိနေတဲ့ မျက်မြင်သက်သေတဥိးက ပြောပါတယ်။

    ဇန်နဝါရီလ (၆) ရက်နေ့က သာကေတမြို့နယ်မှာ ကျင်းပပြုလုပ်မည့် တမန်တော်နေ့နှင့် ဘာသာပေါင်းစုံ ချစ်ကြည်ရေးနှင့် ငြိမ်းချမ်းရေး အထိမ်းအမှတ် ဟောပြောပွဲ ကိုလည်း အဆိုပါ အမျိုးသားရေး အစွန်းရောက်အုပ်စုမှ လာရောက်ဟန့်တား ခြိမ်းခြောက်မှုကြောင့် ကျင်းပနိုင်ခြင်းမရှိဘဲ ဖျက်သိမ်းခဲ့ရပါသေးတယ်။

    မြန်မာနိုင်ငံတွင် အစ္စလာမ်ဘာသာဝင်တို့၏ တမန်တော်နေ့ အခမ်းအနားကို နှစ်စဉ် အမြို့မြို့အနယ်နယ်၌ ကျင်းပလေ့ရှိခဲ့ပြီး ပါလီမန်ဒီမိုကရေစီ အစိုးရလက်ထက်က နိုင်ငံတော်သမ္မတ ၊ ဝန်ကြီးချူပ်များ ကိုယ်တိုင် တက်ရောက်ခြင်း၊ သဝဏ်လွှာများပေးပို့ခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။

    ဓါတ်ပုံများကို “အကြီးကောင်” Facebook အသုံးပြုသူထံမှ ကူးယူဖော်ပြပါသည်။

    15895179_250081012072494_3922984286849129464_n

    15826420_370175786694769_2513578334186779828_n 15826630_358783181152031_3323592730263742673_n 15871537_370175823361432_1805090042776407538_n  15941450_358783217818694_5956117437702646849_n

  • အစိုးရ ဘာကြောင့် အရေးမယူတာလဲ ? (သူတို့ ပြောစကား)

    အစိုးရ ဘာကြောင့် အရေးမယူတာလဲ ? (သူတို့ ပြောစကား)

    ဘာသာရေးအရေခြုံတွေ နိုင်ငံရေးလောကမှာ ခြေရှုပ်နေတာ အစိုးရဘာကြောင့် အရေးမယူလဲဆိုတာ ကျွန်မမေးခွန်းထုတ်ချင်တယ်။

    ဒေါ်အောင်ဆန်းစုကြည်
    (၂၀၁၅ ခုနှစ်အတွင်း ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နှုတ်ချက်)

    daw-su-2015

  • ၂၀၁၇ ဇန္နဝါရီ ၁၅ ရက် နေ့တွင် ဖျက်သိမ်းတော့မည့် မထသနှင့် စတင်ပြေးဆွဲမည့် ယာဉ်လိုင်း လမ်းကြောင်းအသစ်များ

    ၂၀၁၇ ဇန္နဝါရီ ၁၅ ရက် နေ့တွင် ဖျက်သိမ်းတော့မည့် မထသနှင့် စတင်ပြေးဆွဲမည့် ယာဉ်လိုင်း လမ်းကြောင်းအသစ်များ

    15726403_10209842858606130_6515174631641714754_n

    ဇန်န၀ါရီလ(၁၅)ရက်မှာ လက်ရှိပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေကို ဖျက်သိမ်းမှာဖြစ်တာကြောင့် အသစ်ပြန်လည်ဖွဲ့စည်းထားတဲ့ယာဉ်လိုင်းနဲ့ ယာဉ်လမ်းကြောင်းခရီးစဉ်တွေကို ဘတ်စ်ကားမှတ်တိုင် ၊Website နဲ့ Facebook တွေမှာ ဖော်ပြထားမယ့်အပြင် Mobile Application ထုတ်ပေးသွားမယ်လို့ သိရပါတယ်။ အခုထုတ်ပြန်ထားတဲ့ ခရီးစဉ် ယာဉ်လမ်းကြောင်းတွေမှာ အရင်ခရီးစဉ်လမ်ကြောင်း (၈၀)ရာခိုင်နှုန်းခန့် ပါဝင်နေတာကြောင့် ခရီးသွားပြည်သူတွေမစိုးရိမ်ကြဖို့လည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးကပြောပါတယ်။
    .
    ဇန်န၀ါရီလ (၇)ရက်ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ Mobile Application မှာ မိမိသွားလိုတဲ့ခရီးစဉ်အတွက် ဘယ်ဘတ်စ်ကားလိုင်းကိုစီးရမယ်ဆိုတာနဲ့ ကြာချိန်ကိုပါ ဖော်ပြထားမယ်လိုဝန်ကြီးကပြောပါတယ်။ ဒါ့အပြင် ဘတ်စ်ကားစနစ်သစ်ပြေးဆွဲတဲ့ Operation ကာလမှာ Call Center ဖွင့်ပေးထားမှာဖြစ်ပြီး ဘတ်စ်ကားဂိတ်တွေမှာ ခရီးစဉ်အခြေအနေတွေကို ကူညီပြောပြပေးမယ့်သူတစ်ဦးထားရှိပေးသွားမယ်လို့ သိရပါတယ်။ အခုအသစ်ဖွဲ့စည်းလိုက်တဲ့ ဘတ်စ်ကားစနစ်မှာ မထသစီမံအုပ်ချုပ်တဲ့ စနစ်ကနေ ယာဉ်ပိုင်ရှင်တွေစီမံအုပ်ချုပ်တဲ့စနစ်ကို ပြောင်းလဲပြီး ယာဉ်ပိုင်ရှင်တွေရဲ့ အပေါ်မှာ ရန်ကုန်တိုင်းYRTA က ကွပ်ကဲမှာဖြစ်ကာ ခရီးစဉ်လမ်းကြောင်းတစ်ခုမှာ လိုင်း နံပါတ် (၁)ခု သာထားရှိပြေးဆွဲ တော့မှာဖြစ်ပါတယ်။
    .
    စတင်ပြေးဆွဲမယ့်ရက်မှာ ယာဉ်တံဆိပ်တွေကို ပြောင်းလဲမှာ ဖြစ်ပြီး YRTA စာတန်းနဲ့ ယာဉ်လမ်းကြောင်း နံပါတ်တွေကို တပ်ဆင်ထားမှာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ အများပိုင်သယ်ယူပို့ဆောင်ရေးစနစ် စတင်ဖို့ ကုမ္ပဏီ(၈)ခုဖွဲ့စည်းထားပြီး ပြေးဆွဲဖို့ လျာထားတဲ့ ခရီးစဉ်လမ်းကြောင်း (၅၈)ခုကို အစိုးရက ထုတ်ပြန်ထားပါတယ်။
    .
    ယာဉ်လိုင်း (၅၈) လိုင်းနဲ့ ခရီးစဉ်အလိုက် ယာဉ်စီးခ ၁၀၀ ,၂၀၀, ၃၀၀ ကျပ် သတ်မှတ်ပြီး ည (၁၀) နာရီ အထိ ပြေးဆွဲပေးတော့မှာဖြစ်ပါတယ်။ အဆင့်မြှင့်တင်ပြေးဆွဲမယ့် ယာဉ်လိုင်း ၅၈ လိုင်းနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကို ကားမှတ်တိုင်တွေမှာ ကပ်ထားပေးမှာဖြစ်ပါတယ်။ အမျိုးသား/အမျိုးသမီး ယာဉ်နောက်လိုက်တွေနဲ့ ကနဦးစီစဉ်ထားပြီး နောက်ပိုင်းမှာ ကတ်စနစ်နဲ့ ဆောင်ရွက်သွားမယ်လို့ သိရပါတယ် ။
    .
    Post credit : 5 Plus

    1 2 3 4 5 6 7 8 9 10 11 12 13

    13214

  • ရခိုင်ပြဿနာကို ကုလကဖြေရှင်းပေးရန် အီရန်က ကုလအတွင်းရေးမှူးထံ စာပို့တောင်းဆို

    ရခိုင်ပြဿနာကို ကုလကဖြေရှင်းပေးရန် အီရန်က ကုလအတွင်းရေးမှူးထံ စာပို့တောင်းဆို

    ဇန်န၀ါရီ ၇၊ ၂၀၁၇
    M-Media

    zarif

    – မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်စလင်များအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်တန့်ရေး နိုင်ငံတကာက ဆောင်ရွက်ပေးရန် တောင်းဆိုသော စာတစ်စောင်ကို အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗဒ် ဇာရစ်ဖ်က ကုလအတွင်းရေးမှူးချုပ်သစ် အန်တိုနီယို ဂူတာရက်စ်ထံ ပေးပို့ခဲ့သည်ဟု သိရသည်။

    ယမန်နေ့က ပေးပို့ခဲ့ခြင်းဖြစ်ပြီး ရိုဟင်ဂျာများ ဒုက္ခသုက္ခခံစားနေရမှုများမှာ နိုင်ငံတကာ၌ စိုးရိမ်မှုများကို ဖြစ်စေသည်ဟုလည်း ဆိုသည်။

    ထို့ပြင် ၎င်းတို့မှာ နိုင်ငံသားဖြစ်ခွင့်၊ အစိုးရ၏ ကာကွယ်စောင့်ရှောက်မှု ရရှိခွင့်တို့ကဲ့သို့ အခြေခံအကျဆုံး အခွင့်အရေးများကို မခံစားရကြောင်း၊ သတ်ဖြတ်ခံရမှု၊ ကြမ်းတမ်းပြီး လူမဆန်သော ဆက်ဆံမှုမျာကို နေ့စဉ်လိုလို ခံစားနေရသည်ဟုလည်း အီရန်နိုင်ငံခြားရေးဝန်ကြီးက စာထဲတွင် ဖော်ပြခဲ့သည်။

    ဇန်န၀ါရီ ၁၉ ရက်နေ့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပပြုလုပ်ရန်ရှိနေသည့် အိုအိုင်စီ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ရိုဟင်ဂျာမွတ်စလင်များ၏ အခြေအနေကို ဆွေးနွေးရန် ဇာရစ်ဖ်က ပြောကြားခဲ့ပြီး အဆိုပါအစည်းအဝေးက ရိုဟင်ဂျာများ၏ အခြေအနေနှင့်ပတ်သက်၍ အိုအိုင်စီအဖွဲ့ဝင်နိုင်ငံ အစိုးရများ၏ စိုးရိမ်မှု အတိမ်အနက်ကို တွေ့မြင်ရလိမ့်မည်ဟုလည်း ဆိုသည်။

    စစ်အာဏာရှင်လက်ထက်တစ်လျှောက် ဖိနှိပ်ချုပ်ချယ်ခံလာရသည့် ရိုဟင်ဂျာမွတ်စလင်များမှာ ၂၀၁၂ ခုနှစ်မှစ၍ ဗုဒ္ဓဘာသာ အမျိုးသားရေးအစွန်းရောက်များ၏ ပစ်မှတ်ထား တိုက်ခိုက်မှုကို ခံလာခဲ့ရသည်။

    အောက်တိုဘာလက ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ နယ်ခြားစောင့်စခန်းများ တိုက်ခိုက်ခံရပြီးနောက်ပိုင်း အစိုးရစစ်တပ်က ပြုလုပ်သည့် စစ်ဆင်ရေးတွင် ရိုဟင်ဂျာ ပြည်သူများမှာ တရားလက်လွတ် သတ်ဖြတ်ခံရခြင်း၊ မီးရှို့ခံရခြင်း၊ အဓမ္မပြုကျင့်ခံရခြင်းတို့ရှိသည်ဟု စွပ်စွဲမှုများ ထွက်ပေါ်ခဲ့သည်။

    အစိုးရက နယ်ခြားစောင့်စခန်းများကို တိုက်ခိုက်သည့်အဖွဲ့မှာ နိုင်ငံခြားအကြမ်းဖက်အဖွဲ့များနှင့် ဆက်သွယ်မှုရှိသည် ရိုဟင်ဂျာအဖွဲ့ဖြစ်သည်ဟု သတင်းထုတ်ပြန်ခဲ့ပြီး အရပ်သားမျာအပေါ် ကျူးလွန်မှုရှိသည်ဆိုသည့် စွပ်စွဲချက်များကိုလည်း ငြင်းဆိုခဲ့သည်။

    သို့သော်လည်း ရိုဟင်ဂျာရွာတစ်ခု၌ ရွာသားများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ရိုက်နှက်ကန်ကျောက်သည့် ဗီဒီယိုတစ်ခုမှာ ပြီးခဲ့သည့်သီတင်းပတ်တွင် ထွက်ပေါ်လာခဲ့သည်။

    ဇာရစ်ဖ်ကမူ ‘ရိုဟင်ဂျာမွတ်စလင်များ၏ အခြေခံအခွင့်အရေးများကို စနစ်တကျ ချိုးဖောက်နေခြင်း၊ နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခြင်း၊ ၎င်းတို့နေထိုင်ရာဒေသများမှ နှင်ထုတ်ခြင်း’ စသည်တို့မှာ မြန်မာနိုင်ငံ၊ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများရှိ တည်ငြိမ်အေးချမ်းရေးတွင် ဆိုးကျိုးများ ရှိလာမည်ဟုလည်း ပြောကြားခဲ့သည်။

    ထို့ပြင် မြန်မာအစိုးရအနေဖြင့် ရိုဟင်ဂျာများ၏ အခွင့်အရေးကို ကာကွယ်ရေး ထိရောက်သည့်ဆောင်ရွက်မှုများကို မြန်မာအစိုးရက အလျင်အမြန်ဆောင်ရွက်မည်ဟု မျှော်လင့်ကြောင်း၊ အစွန်းရောက်အုပ်စုများက ငြိမ်းချမ်းသော ဗုဒ္ဓသာသနာ၏ ပုံရိပ်အား ညစ်ညမ်းအောင်လုပ်မှုကို ခွင့်ပြုမည်မထင်ကြောင်းလည်း ၀န်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။

    ရခိုင်ပြည်နယ်အတွင်းရှိ ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် လူသားချင်းစာနာထောက်ထာမှုဆိုင်ရာ အကူအညီပေးခွင့်အလျင်အမြန်ရရှိရေးအတွက် နိုင်ငံတာအသိုင်းအ၀ိုင်းနှင့် အစ္စလာမ်ကမ္ဘာတို့မှ တောင်းဆိုမှုများအတွက် ဂူတာရက်စ်အနေဖြင့် ကုလ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်မှတစ်ဆင့် မြန်မာအစိုးရနှင့် ဆက်သွယ်ဆောင်ရွက်သွားမည်ဟု မျှောင်လင့်ကြောင်း ဇာရစ်ဖ်က ထိုစာတွင် ထည့်သွင်း ရေသားခဲ့သည်။

    ဖြစ်နိုင်သမျှ နည်းလမ်းများမှတစ်ဆင့် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများ၏ ပြဿနာကို ဖြေရှင်းရေး လိုအပ်သော ဆောင်ရွက်မှုများကို ကုလအနေဖြင့် ဆောင်ရွက်မည်ဟု မျှော်လင့်ကြောင်းလည်း ၀န်ကြီးက ပြောကြားခဲ့သည်။

    ကုလကမူ မိမိတို့၏ အထူးကိုယ်စားလှယ်မှာ မြန်မာနိုင်ငံသို့ ၁၂ ရက်ကြာခရီးစဉ်အဖြစ် တနင်္လာနေ့တွင် လာရောက်မည်ဖြစ်ပြီး ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်သို့ သွားရောက်ကြည့်ရှုမည်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။

    Ref: Press TV

  • သက်ဝင်ယုံကြည်သူဦးရေ တစစတိုးပွားလာနေသည့် ကျူးဘားနိုင်ငံမှ အစ္စလာမ်သာသနာ

    သက်ဝင်ယုံကြည်သူဦးရေ တစစတိုးပွားလာနေသည့် ကျူးဘားနိုင်ငံမှ အစ္စလာမ်သာသနာ

    ဇန်န၀ါရီ ၇၊ ၂၀၁၇
    M-Media

    – ၁၉၉၈ ခုနှစ်တွင် ကွန်မြူနစ်နိုင်ငံတစ်ခုဖြစ်သော ကျူးဘားသို့ ပုပ်ရဟန်းမင်းကြီးတစ်ဦး ပထမဦးဆုံး ခြေချခဲ့သည်။ အဆိုပါ ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် ဂျွန်ပေါလ်၏ ရောက်ရှိမှုသည် ဗာတီကန်နှင့် ကျူးဘားသမ္မတ ဖီဒဲလ် ကက်စ်ထရိုတို့အကြား နားလည်မှုရရှိခြင်း၏ရလဒ်ဖြစ်သည်။

    ဖီဒဲလ် ကက်စ်ထရို အာဏာရရှိစဉ် ၁၉၅၉ ခုနှစ်မှစ၍ ဘာသာရေးကို တားမြစ်ခဲ့သည်။ ကျူးဘား၏ လူများစု ကက်သလစ်ဘာသာဝင်များက ရိုမန်ကက်သလစ်ခေါင်းဆောင်ကြီးအား စိတ်လှုပ်ရှားစွာဖြင့် ကြိုဆိုကြသည်။ ကက်စ်ထရိုအပါအ၀င် သောင်းနှင့်ချီသော လူထုတို့က ဟာဗားနား၌ ပုပ်ရဟန်းမင်းကြီး ဦးဆောင်သော လူထုအစည်းအရုံးသို့ တက်ရောက်သည်။ ထိုအတောအတွင်း အခြား ကျူးဘားနိုင်ငံသား အနည်းစုတို့သည် အုပ်ချုပ်ရေးစနစ်မှ ဘာသာရေးလိုက်လျောမှုအကျိုးကို မိမိတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ခံစားရယူခဲ့ကြသည်။ ဤသည်ပင် ကျူးဘားနိုင်ငံက အစ္စလာမ်သာသနာအား တိုးမြင့်လက်ခံလာခြင်း ဖြစ်ပေမည်။

    အစ္စလာမ်သာသနာသည် ကျူးဘား၌ အသံတိတ်စွာ ကြီးထွားလာရာ မွတ်စ်လင်မ်ဦးရေ ၉၀၀၀ အထိ များပြားလာပြီ ဖြစ်သည်။ သူတို့သည် ကျူးဘားလူဦးရေ ၁၁.၃ သန်း၌ အလွန်သေးငယ်လှသည့် အစိပ်အပိုင်းတစ်ရပ်သာဖြစ်သော်လည်း ၁၉၉၀ ခုနှစ်များအစောပိုင်းကာလ တစ်ဒါဇင်ခန့်မျှသာရှိသော အခြေအနေနှင့်နှိုင်းစာလျှင် ထင်ရှားလှသည့် တိုးတက်လာမှုဟု ဆိုရပေမည်။

    “ကွန်မြူနစ်ပါတီက ဘာသာပေါင်းစုံအတွက် လမ်းဖွင့်ပေးလိုက်ပြီဖြစ်တဲ့အတွက် အစ္စလာမ်သာသနာလည်း အထိုက်အလျောက် ကြီးထွားလာမှာပါပဲ” ဟု အတ္တလန်တာရှိ အီမိုရီတက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံဋ္ဌာန တွဲဖက်ပါမောက္ခ မိုက်ကယ်လီယိုအိုဝင်စ်က ပြောကြားသည်။

    ကျူးဘားတွင် အစ္စလာမ့်အမွေခံမှု မရှိခဲ့သောကြောင့် ဤကျွန်းနိုင်ငံ၏ မွတ်စ်လင်မ်အများအပြားမှာ ကူးပြောင်းသက်ဝင်လာကြသူများသာဖြစ်၏။ သူတို့သည် မွတ်စ်လင်မ်လူများစုနိုင်ငံများမှ လာရောက်ကြသော ကျောင်းသူကျောင်းသားများ၊ သံတမန်များနှင့် တွေ့ဆုံပြောဆိုပြီးနောက် ယင်းသို့ ကူးပြောင်းသက်ဝင်လာကြခြင်းဖြစ်သည်ဟု စပိန်နိုင်ငံ ဘာစီလိုနာအခြေစိုက် ဓာတ်ပုံသတင်းထောက် Joan Alvado က ဆိုသည်။ အလ်ဗာဒိုသည် ၂၀၁၄ ခုနှစ်မှစပြီး မြို့တော်ဟာဗားနားနှင့် နိုင်ငံတစ်ဝှမ်းရှိ ကျူးဘားမွတ်စ်လင်မ်တို့၏ လူမှုဘ၀ကို ဓာတ်ပုံမှတ်တမ်းတင်သည်။ သူသည် ပြီးခဲ့သည့် အောက်တိုဘာလဆန်းမှ နိုဝင်ဘာလဆန်းအတွင်း ကျူးဘားသို့ တစ်ကျော့ပြန်ရောက်လာပြီး သူ၏ အဆိုပါယဉ်ကျေးမှုငယ်လေးအပေါ် ပြန်လည်ဆန်းစစ်ကြည့်သည်တွင် သူ၏ မှတ်တမ်းတင်လုပ်ဆောင်ချက်လက်ရာများကို ဤသို့တွေ့ရပါမည်။

    cuba
    ကျူးဘားနိုင်ငံတွင် ပထမဆုံးမွေးဖွားသော မွတ်စ်လင်မ်မိန်းကလေး ယာရီမာအား ဖခင်ဖြစ်သူ အလီ (၃၃ နှစ်)မှ အစ္စလာမ့်ဝတ်ပြုဆုတောင်းခြင်းကို သင်ကြားပေးနေပုံ။ အလီနှင့်ဇနီးသည် ၂၀၁၄ ခုနှစ်တွင် အစ္စလာမ်သို့ ကူးပြောင်းသက်ဝင်ခဲ့သူများဖြစ်သည်။

    အလ်ဗာဒိုမှ ဦးတည်စူးစမ်းသူများအနက် အပါအ၀င်ဖြစ်သော အွတ်စမာန်း ရီယက်စ်သည် ၂၀၁၅ ခုနှစ် ဇွန်လတွင် အစ္စလာမ်သို့ ကူးပြောင်းသက်ဝင်သည်။ ဤသာသနာက သူအား လွတ်လပ်ခြင်းကို ပိုမိုခံစားရစေကြောင်း သူက ဆိုသည်။ ရီယက်စ်သည် Camaguey မြို့လယ်အနီးတွင် နေထိုင်လျက်ရှိသည်။ ထိုနေရာ၌ ဒေသခံမွတ်စ်လင်မ်များသည် ၂၀၀၀ ခုနှစ်များက သီးသန့်နေအိမ်တစ်လုံးအတွင်း ခပ်နုပ်နုပ် ၀တ်ပြုဆောင်တစ်ခုအား တည်ထောင်ထားကြသည်။

    Pew Research Center ၏ အစီရင်ခံစာအရ အစ္စလာမ်သည် ကမ္ဘာ့အလျင်မြန်ဆုံးကြီးထွားလာသည့် သာသနာတစ်ခုဖြစ်နေပြီး ၂၀၅၀ ခုနှစ်တွင် ကမ္ဘာ့မွတ်စ်လင်မ်လူဦးရေမှာ ၇၃ ရာခိုင်နှုန်းအထိ ရောက်ရှိမည်ဟု ခန့်မှန်းထားသည်။ သို့ပင်သို့ငြား ထိုအဆိုသည် ကျူးဘားနိုင်ငံသားတို့၏အမြင်နှင့် ကိုက်ညီခြင်းမရှိပါ။ “ဟာဗားနားမြို့သားတွေအနေနဲ့ ကျွန်တော့် ကျူးဘားမိတ်ဆွေများပင်လျှင် ဒီမှာ မွတ်စ်လင်မ်တွေ ရှိနေကြောင်း မသိရှိကြပါဘူး” ဟု အလ်ဗာဒိုက ပြောပြသည်။

    cuba-2
    ဟာဗားနားမြို့တော်ရှိ ဗလီဝတ်ကျောင်းတော်သစ်၌ ၀တ်ပြုရန်စုရုံးနေကြသော မွတ်စ်လင်မ်များ။ ထိုဗလီဝတ်ကျောင်းတော်အား ကျူးဘားအစိုးရ၏ခွင့်ပြုချက်ဖြင့် ဆော်ဒီအာရေဗျအစိုးရမှ လာရောက်တည်ဆောက်ပေးခဲ့ပြီး ၂၀၁၅ ခုနှစ် ဇွန်လတွင် ဖွင့်လှစ်ခဲ့သည်။

    ၁၉၉၀ ခုနှစ်များအစောပိုင်းကာလက ကျူးဘားရှိ လက်တစ်ဆုပ်စာသော မွတ်စ်လင်မ်မြို့သားတို့သည်လည်း အုပ်ချုပ်သူတို့၏ ဘာသာရေးနှိပ်ကွပ်မှုကို အထိုက်အလျောက် တွေ့ကြုံခဲ့ရသည်။ သူတို့သည် စုဝေးကျင့်သုံးမှု မပြုဘဲ အများအားဖြင့် မိမိဖာသာ ၀တ်ပြုလေ့ရှိကြသည်။ သူတို့အား သာသနာ့ရေးရာ သင်ကြားပေးနိုင်သူ မရှိသလောက် နည်းပါးခဲ့သည်။ ယခုသော်ကား ၎င်းတို့ထံ၌ ခေါင်းဆောင်၊ သင်ကြားပေးသူဆရာများ ရှိနေလေပြီ။ ၂၀၁၅ ခုနှစ် ဇွန်လက ဟာဗားနားမြို့တွင် အတော်အတန်ကြီးမားသော ၀တ်ပြုဆောင်ကြီးကိုလည်း ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်သည်။ ယင်းဗလီဝတ်ကျောင်းတော်မှ မွတ်စ်လင်မ်အမျိုးသားအမျိုးသမီးတို့အား မွတ်စ်လင်မ်ရိုးရာဝတ်စုံကို ဖြန့်ဝေပေးနေပြီး ရမဿွာန်ဥပုသ်လတွင်လည်း လာရာက်စုရုံးဝတ်ပြုကြသူတို့အား သိုးသားများ ဒါနပြုပေးသည်။

     

    ကျူးဘားနိုင်ငံသားများအဖို့ အစ္စလာမ်ကို လက်ခံခြင်းသည် အစဉ်အလာမှ ခွဲထွက်လာရခြင်းဖြစ်သည်။ ထိုသူတို့သည် ၀က်သားစားခြင်း၊ အရက်သေစာသောက်သုံးခြင်းဖြင့် ကြီးပြင်းလာကြသည်။ လမ်းကြောင်းပြညွှန်ကြားသည့် ကျွမ်းကျင်သူ (၀ါ) အိမာမ်များ မရှိခဲ့ခြင်းကြောင့် ပြောင်းလဲသက်ဝင်လာသူများသည် အစဉ်အလာဟောင်းများကို ယတိပြတ်စွန့်လွှတ်ရန် မလွယ်ကူသေးဘဲ အစ္စလာမ့်ဘ၀တည်ဆောက်မှုလမ်းစဉ်အောက်သို့ ဖြည်းဖြည်းချင်းသာ အသွင်ပြောင်းယူလျက် ရှိကြပေသည်။ ကက်သလစ်ဘာသာဝင်အဖြစ် မွေးဖွားလာပြီး လွန်ခဲ့သောငါးနှစ်မှ မွတ်စ်လင်မ်ဖြစ်လာသော ကျူးဘားအမျိုးသမီးမှ ဆော်ဒီအာရေဗျအလံနှင့်ကပ်လျက် ခရစ္စမတ်သစ်ပင်အား ဆင်ယင်ထားမှုကို အလ်ဗားဒိုး၏ဓာတ်ပုံတစ်ခု၌ တွေ့ရသည်။ “သူမကတော့ နှစ်စဉ်နှစ်တိုင်း ခရစ္စမတ်သစ်ပင်ကို စိုက်ထူနေတုန်းပါပဲ။ ကျူးဘားက မွတ်စ်လင်မ်အသိုင်းအ၀ိုင်းက တကယ့်ကို သက်တမ်းအားဖြင့် နုနယ်သေးပါတယ်” ဟု အလ်ဗားဒိုးက ရှင်းပြသည်။

    cuba-3
    ဟာဗားနားမြို့၊ Habana Vieja ရပ်ကွက်ရှိ Capitolio အဆောက်အဦအောက်မှ နေအိမ်သို့ လမ်းလျှောက်ပြန်လာသော မုဟမ္မဒ်အလီ။ အလီသည် အစ္စလာမ်ကို သိသူမရှိသလောက်ကာလ လွန်ခဲ့သော နှစ် ၂၀ကတည်းကပင် မွတ်စလင်မ်ဖြစ်ခဲ့သည်။

    နိုဝင်ဘာအတွင်း ကက်စ်ထရို ကွယ်လွန်သွားမှုက ကျူးဘား၏ဘာသာရေးဆိုင်ရာ ပြန်လည်အားကောင်းလာမှုအပေါ် ထိခိုက်မှုရှိမရှိ မသိနိုင်သေးချေ။ ကက်စ်ထရိုကလည်း ကျူးဘားနိုင်ငံရေးတွင် ယှဉ်ဖက်မရှိ ထိန်းချုပ်ထားနိုင်လင့်ကစား သူ၏အရိုက်အရာကို ညီဖြစ်သူ ရာအူးထံ ၂၀၀၈ ခုနှစ်ကပင် လွှဲအပ်ထားပြီးဖြစ်သည်။ ကျူးဘားအစိုးရအမာခံအုပ်စုဝင်တွေအဖို့ သူတို့၏ အကြီးမားဆုံးအာဘော်တစ်ခုကို လက်လွှတ်ဆုံးရှုံးသွားပြီဖြစ်ကြောင်း၊ ဘာသာရေးလွတ်လပ်ခွင့် သို့မဟုတ် ကျင့်သုံးခွင့် ဆက်လက်တည်တံ့ခြင်းကိစ္စမှာ မေးခွန်းတစ်ခုဖြစ်နေသည်ဟု ၀ါရှင်တန်အခြေစိုက် ကျူးဘားရေးရာလေ့လာရေးပညာရှင်အဖွဲ့ အမှုဆောင်ဒါရိုက်တာ Andrew Otazo က ပြောသည်။ ကျူးဘားနိုင်ငံသားတို့ကလည်း ကက်စ်ထရို၏ကွယ်လွန်ခြင်းက ပြန်လည်ပြုပြင်ပြောင်းလဲခြင်းဖက်သို့ ဦးတည်မည်လော၊ အဆိုပါအမာခံအုပ်စု၏ရပ်တည်ချက်အရ ဘာသာရေးအား ဖြိုလှဲမည်လော ဟူသည်ကို စိုးရိမ်တကြီး စောင့်ကြည့်နေကြပေသည်။

    cuba-4
    Baracoa ခရိုင်ရှိ သီးခြားရွာငယ်လေးတစ်ခု၏အိမ်ရှေ့၌ ၀တ်ပြုနေကြသော မွတ်စ်လင်မ်အုပ်စုတစ်စု။ ထိုမိသားစု၏အိမ်မှာ Matthew မုန်တိုင်းဒဏ်သင့်ခံရပြီးနောက် ဒေသတွင်း အခြားမွတ်စ်လင်မ်တို့မှ လာရောက်ကာ စီးပွားရေးအကူအညီများ ပေးခဲ့ကြသည်

     

    cuba-5
    အစ္စလာမ်သို့ကူးပြောင်းလာသော ကျူးဘားမိန်းကလေး Rosalba Lamanier ကို သူမ၏ခင်ပွန်း၊ မိတ်ဆွေများနှင့်အတူ ဟာဗားနားမြို့ Lawton ရပ်ကွက်၌ တွေ့ရစဉ်။ သစ်လွင်မွတ်စ်လင်မ်အချို့အတွက် အစ္စလာမ့်နည်းကျ ၀တ်စားဆင်ယင်မှုက အဆင်မပြေသေးသော်လည်း Lamanier ကမူ ဆံပင်နှင့်ရင်ညွန့် ဖုံးကာခြင်းကို နှစ်သက်ပြီး ကျူးဘားဓလေ့၊ ပုံဟန်နှင့်လည်း အံဝင်အောင် ကြိုးစားလျက်ရှိသည်

     

    cuba-6
    သမီးဖြစ်သူနှင့် နေအိမ်တွင် အနားယူနေသော Rolando Tamayo (၃၀ နှစ်)။ သူသည် ၂၀၁၂ ခုနှစ်က အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်ခဲ့ပြီး ယခုအခါ Sancti Spiritus ခရိုင်၏ အီမာမ်တစ်ဦးဖြစ်သည် 

     

    cuba-7
    ခရစ္စမတ်သစ်ပင်နှင့် အစ္စလာမ့်အလံကို တွဲလျက်တွေ့ရသော နေအိမ်။ ကျူးဘားမွတ်စ်လင်မ်သစ်လွင်အများစုမှာ ခရစ်ယာန်ဘာသာမှ ကူးပြောင်းလာခြင်းဖြစ်၍ ခရစ်ယာန်ဓလေ့အချို့ ငြိတွယ်နေဆဲဖြစ်သည်

     

    cuba-8
    Boris Viana နှင့် အစ္စလာမ်လေ့လာရေး ကျူးဘားနိုင်ငံသားများအသင်းဝင်တစ်ဦးကို စုဝေးမှုတစ်ခုအပြီး လမ်းဖြတ်ကူးစဉ် တွေ့ရပုံ။ ၀တ်ပြုကျောင်းမရှိသဖြင့် ကျူးဘားမွတ်စ်လင်မ်အများအပြားမှာ ဘာသာရေးစုဝေးမှုအတွက် ခရီးဝေးသွားလာနေရသည်

     

    cuba-9
    လာဗားနားမြို့ Alamar ရပ်ကွက်တွင် သမီးနှစ်ဦးနှင့်အတူတွေ့ရသော Lázara Molina (၅၃)နှစ်။ သူမသည် လွန်ခဲ့သည့် ၂ နှစ်က ခရစ်ယာန်မှ အစ္စလာမ်သို့ သက်ဝင်ခဲ့ပြီး သမီးတစ်ဦးမှာ သူ့နောက်လိုက်၍ နောက်တစ်ဦးမှာ Afro-Cuban ဘာသာကို ကိုးကွယ်သည်
    cuba-10
    Abu Duyanah Ali မှ မိမိ၏ဇနီးအား ဟာဗားနားမြို့လယ် Playa District သို့ အလုပ်သွားရန်ပို့ဆောင်စဉ်။ ထိုမြို့တွင် မွေးဖွားသော အလီသည် ကျူးဘားနိုင်ငံတွင် မဆိုစလောက်သာရှိသော အစ္စလာမ်အဖွဲ့များအတွင်း အပါအ၀င်ဖြစ်သည့် အစ္စလာမ့်လေ့လာရေးကျူးဘားနိုင်ငံသားများအသင်းကို ထူထောင်သူဖြစ်သည်

     

    cuba-11
    Rosalba Lamanier အား သူမ၏မိတ်ဆွေ Danay နှင့် ၎င်း၏သားနှင့်အတူ တွေ့ရစဉ်
    cuba-12
    ကျူးဘား၏ တတိယအကြီးဆုံးမြို့ Camagüey မှာပင် မွတ်စ်လင်မ်ဖြစ်လာခဲ့သော Ahmed Agüero အား ၅ မိုင်ရှည် Malecón of La Habana ပင်လယ်ကမ်းခြေ၌ တွေ့ရစဉ်။ သူသည် ထိုနေရာတွင် နံနက်ခင်းတိုင်း အပြေးလေ့ကျင့်သည်
    cuba-13
    သမိုင်းဝင် Havana မြို့ဟောင်းရှိ ဂျူဂျစ်ဆုအားကစားရုံတွင် သင်တန်းတက်နေသော မြေးဖြစ်သူအား Che Guevara and Fidel Castro ပုံတူပန်းချီကားအောက်တွင် စောင့်ဆိုင်းနေသည့် မုဟမ္မဒ်အလီ

     

    (Europe Newsweek မှဖော်ပြသော Why Cuba Mmusli Ppopulatio Ggrowing သတင်းဆောင်းပါးကို မင်းထွဋ်ခေါင် မှ ဆီလျော်အောင်ပြန်ဆိုသည်။)