News @ M-Media
Blog
  • ဗလီဘေး လူသွားလမ်းကြားတွင် မြိုင်ကြီးငူ ဆရာတော်၏ လမ်းညွှန်ချက်ဖြင့် စေတီတစ်ဆူ ညတွင်းချင်း အပြီးတည်
    ဗလီဘေး လူသွားလမ်းကြားတွင် မြိုင်ကြီးငူ ဆရာတော်၏ လမ်းညွှန်ချက်ဖြင့် စေတီတစ်ဆူ ညတွင်းချင်း အပြီးတည်
    ဧပြီ ၂၆၊ ၂၀၁၆
    M-Media
    ဖြူလေး
    Buddhist Pagoda beside in Mosque at Shaw Goon 3 copy
    ရန်ကုန်။ ။ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ရွှေဂွန်းကျေးရွာရှိ ဗလီဝတ်ကျောင်း နံဘေးကပ်လျက် လမ်းကြားတွင် မြိုင်ကြီးငူဆရာတော်၏ လမ်းညွှန်ချက်ဖြင့်ဟုဆိုကာ စေတီတစ်ဆူကို ဧပြီလ ၂၅ ရက်နေ့ညက ညတွင်းချင်း တည်ဆောက်ခဲ့ကြောင်း သတင်းရရှိသည်။
    အဆိုပါ စေတီတည်သောနေရာတွင် မတ်လ (၂၃) ရက်နေ့ ညသန်းခေါင်ကျော် အချိန် လူ (၆) ယောက်ခန့်က နံပါတ်မပါသည့် အနက်ရောင်ကားတစီးဖြင့် ဗလီဘေး လမ်းကြားနေရာ၌ ဥာဏ်တော်တစ်တောင်ခန့်ရှိသည့် ဘုရားဆင်းတုတော်တစ်ဆူ လာရောက်မြှပ်နှံခဲ့ကြောင်း အမည် မဖော်လိုသူ ရွှေဂွန်းဒေသခံတစ်ဦးထံမှ သိရသည်။
    ဧပြီလ ၂၅ ရက် ယမန်နေ့ည (၇) နာရီဝန်းကျင်တွင် လူအင်အား (၇၀) နီးပါး ရောက်လာပြီး အဆိုပါဆင်းတုတော်မြှုပ်နှံ ထားသည့် (စည်ပင်သာယာ နယ်နမိတ် လူသွားလမ်း) နေရာအပေါ် စေတီ စတင်တည်ခဲ့ကြောင်း၊ နံနက်လင်းအားကြီး ၅ နာရီခန့်တွင် တည်ဆောက်ပြီးစီးခဲ့ကြောင်း ဒေသခံ မျက်မြင်သက်သေများက ဆိုကြသည်။
    စေတီလာရောက်တည်နေစဉ် ဗလီဂေါပကအဖွဲ့ နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက ဒေသဆိုင်ရာ အာဏာပိုင်များထံ သွားရောက်အသိပေးပြောဆိုခဲ့ရာ သက်ဆိုင်ရာအာဏာပိုင်များနှင့် တာဝန်ရှိရဲတပ်ဖွဲ့ဝင်များ ထိုနေရာသို့ လာရောက်ခဲ့သော်လည်း တစ်စုံတစ်ရာပြောဆိုခြင်းမရှိဘဲ ဓာတ်ပုံများသာ ရိုက်ပြီး ပြန်သွားခဲ့ကြောင်း သိရသည်။
    “သူတို့ အခု စေတီတည်တဲ့နေရာက ဗလီဘေးကလမ်း။ ခုလို စေတီတည်လိုက်တော့ လူသွားလမ်းကြားလေးက မလွတ်တော့ဘူး ဖြစ်သွားတယ်။ ကျွန်တော်တို့တွေ စိုးရိမ်တာက သူတို့ သိပ်မကြာခင်မှာ (လူတွေသွားလာဖို့) လမ်းနေရာ မလွတ်တော့ဘူး ဆိုပြီးတော့ ဗလီ အုတ်တံတိုင်းကို ဖြိုချခိုင်းမှာ – ဗလီကိုပါ သိမ်းလိုက်မှာကို ကျွန်တော်တို့ အရမ်းကို စိုးရိမ်နေကြပါတယ်” ဟု ဗလီအနီးနေထိုင်သူတစ်ဦးမှ စိုးရိမ်တကြီးပြောပြသည်။
    မြိုင်ကြီးငူဆရာတော်၏ လမ်းညွှန်ချက်ဖြင့်ဟုဆိုလျက် ဧပြီလ ၂၃ ရက်နေ့ကလည်း လှိုင်းဘွဲ့မြို့နယ်၊ ကွမ်းတောကျေးရွာရှိ ရှင်မာကု အင်္ဂလီကန် ခရစ်ယာန် ဘုရားကျောင်းဝင်းအတွင်း၌ စေတီတဆူအား လည်းကောင်း၊ ၂၀၁၅ ခုနှစ် အောက်တိုဘာလ အတွင်းက ဘားအံ့မြို့နယ်၊ အောက်မိဇိုင်းကျေးရွာ၊ မယ်စီးထာ ကရင်နှစ်ခြင်း ခရစ်ယာန်အသင်းတော် ချာ့ခ်ျကျောင်းဝင်းအတွင်း၌ စေတီတစ်ဆူအား လည်းကောင်း သက်ဆိုင်ရာဘာသာဝင်များနှင့် ဒေသဆိုင်ရာ အာဏာပိုင်များ ကန့်ကွက်တားမြစ်နေသည့်ကြားက တည်ဆောက်သွားခဲ့ပါသည်။
  • ဖလားရဖို့ မျှော်လင့်ချက် နည်းသွားသော်လည်း ဆက်လက် တိုက်ပွဲဝင်မည်ဟု စပါး နည်းပြပြော
    ဖလားရဖို့ မျှော်လင့်ချက် နည်းသွားသော်လည်း ဆက်လက် တိုက်ပွဲဝင်မည်ဟု စပါး နည်းပြပြော
    ဧပြီ ၂၆၊ ၂၀၁၆
    M-Media
    spur4
    – ယနေ့မနက်က ၀က်စ်ဘရွန်းအား သရေကျကာ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရေး မျှော်လင့်ချက် မှေးမှိန်သွားခဲ့သော်လည်း မိမိတို့အနေဖြင့် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု စပါးနည်းပြ ပိုချက်တီနိုက ပြောကြားလိုက်သည်။
    ယခုတစ်ပတ် တနင်္ဂနွေနေ့တွင် မန်ယူနှင့် ကစားရမည့် လက်စတာမှာ အနိုင်ရပါက ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်မည်ဖြစ်သည်။ ပိုချက်တီနိုကမူ အလျော့မပေးသေးပေ။
    “ကျွန်တော်တို့ တော်တော်လေး စိတ်ပျက်ရပါတယ်။ ဒါက ပုံမှန်ပါပဲ။ ကျွန်တော်တို့ ကံမကောင်းခဲ့ပါဘူး။ စိတ်မနှစ်နိုင်ခဲ့သလို ဒုတိယပိုင်းမှာလည်း ကျွန်တော်တို့ သူတို့ကို အခွင့်အရေးအချို့ ပေးခဲ့ရပါတယ်။ တော်တော် ခက်ခဲတဲ့ပွဲပါ။ သူတို့ တော်တော်ကောင်းကောင်း ကစားနိုင်ခဲ့ပေမယ့် ကျွန်တော်တို့ အနိုင်နဲ့ ထိုက်တန်ခဲ့တာပါ။ အခုအချိaန်မှာ ရှေ့ဆက်ဖို့ တော်တော်ခက်သွားပေမယ့် ယုံကြည်ချက်နဲ့အတူ ရှေ့ဆက်သွားဖို့ လိုအပ်ပါတယ်” ဟု ပိုချက်တီနိုက ပြောကြားခဲ့သည်။
    Ref: Goal
  • အလ်-အက်ဆွာဗလီ၏ သမိုင်းကြောင်းဆိုင်ရာ အသိပညာပေး လှုပ်ရှားမှု ကာတာတွင်ပြုလုပ်
    အလ်-အက်ဆွာဗလီ၏ သမိုင်းကြောင်းဆိုင်ရာ အသိပညာပေး လှုပ်ရှားမှု ကာတာတွင်ပြုလုပ်
    ဧပြီ ၂၆၊ ၂၀၁၆
    M-Media
    al aqsa 2
    – လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကာတာပရဟိတအသင်း (QC) ကနေ အလ်-အက်ဆွာဗလီကျောင်းတော် သမိုင်းနဲ့ အစ္စလာမ့်အမွေအနှစ်တွေကို မိတ်ဆက်ပေးဖို့အတွက် ‘အလ်အက်ဆွာ၊ ကမ္ဘာကြီးရဲ့အသည်းနှလုံး’ ဆိုတဲ့ ခေါင်းစဉ်နဲ့ လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
    ဗလီဝတ်ကျောင်းကြီးရဲ့ ဘာသာရေးဆိုင်ရာ အရေးပါပုံ၊ ကြီးမားတဲ့သမိုင်းကြောင်းတွေနဲ့ပတ်သက်ပြီး ကောင်းကောင်းမရှိသိရှိကြတဲ့ လူ့အဖွဲ့အစည်းတွေ၊ အထူးသဖြင့် အာရှနဲ့ နိုင်ငံရပ်ခြားလူ့အဖွဲ့အစည်းတွေက သူတွေအတွက် ပညာရပ်ဆိုင်ရာ ပို့ချမှုတွေ ပြုလုပ်ပေးဖို့လည်း အဲဒီ QC အသင်းရဲ့ အုပ်ချုပ်သူတွေက ဆောင်ရွက်ပေးထားပါတယ်။
    ပထမဆုံးဟောပြောပို့ချမှုကို “နယ်မြေတစ်ခုရဲ့ကောင်းချီးမင်္ဂလာ” ဆိုတဲ့ ခေါင်းစဉ်နဲ့ မာဟာ အဘူ ၀သ်ဖာက ပို့ချမှာဖြစ်ပါတယ်။ ယခုအခမ်းအနား ကျင်းပခဲ့တဲ့နေ့ဟာ “တမန်တော်အားလုံးရဲ့ လမ်းခရီး” ဆိုတဲ့ အမည်နဲ့ ပြုလုပ်တဲ့ ပါလက်စတိုင်းတို့ရဲ့ “နယ်မြေနေ့” နဲ့လည်း တိုက်ဆိုင်နေပါတယ်။
    အဲဒီ နယ်မြေနေ့ကို ပါလက်စတိုင်းပြည်သူတွေက နှစ်စဉ် မတ်လ ၃၀ ရက်နေ့မှာ ကျင်းပကြပြီး ၁၉၆၇ ခုနှစ် အစ္စရေးက ပါလက်စတိုင်းတွေရဲ့ ပိုင်နက်တွေကို ထပ်မံသိမ်းယူခဲ့တဲ့နေ့ကို အစွဲပြု ကျင်းပကြတာဖြစ်ပါတယ်။
    အလ်-အက်ဆွာ ဗလီဝတ်ကျောင်းတော်နဲ့ပတ်သက်တဲ့ ဒီလှုပ်ရှားမှုနဲ့ ဟောပြောပို့ချမှုတွေဟာ မျိုးဆက်သစ်တွေအတွက် အရေးပါကြောင်း၊ အဲဒီ ဗလီဝတ်ကျောင်းတော်ရဲ့ သမိုင်းကြောင်းကို ခိုင်ခိုင်မာမာ သိရှိစေမှာဖြစ်ကြောင်း အဘူ ၀သ်ဖာက ပြောကြားခဲ့ပါတယ်။
    Ref: IINA
  • “နှုတ်ဆိတ်နေမှုဟာ သစ္စာဖောက်ခြင်းပဲဆိုတဲ့ အချိန်ကို ရောက်လာပါပြီ။”
    “နှုတ်ဆိတ်နေမှုဟာ သစ္စာဖောက်ခြင်းပဲဆိုတဲ့ အချိန်ကို ရောက်လာပါပြီ။”
    ဧပြီ ၂၆ ၊ ၂၀၁၆
    ပျံလွှားရေးသည်။
    mlk-jr-quote-our-lives-begin-to-end
    “(၁) ရေရှည်မှာ နိုင်ငံနဲ့ နိုင်ငံသူ နိုင်ငံသား အားလုံးရဲ့ အနာဂတ်ကို နစ်နာစေမယ်ဆိုတာကို မသိကြလို့လား၊
    (၂) လက်ရှိရော အနာဂတ်မှာပါ မိမိတို့ ကိုးကွယ်ယုံကြည်တဲ့ ထေရဝါဒဗုဒ္ဓဘာသာရဲ့ ပုံရိပ်ကို ပြည်တွင်းမှာရော နိုင်ငံတကာမှာပါ မုချ ထိခိုက်နစ်နာစေမယ်ဆိုတာကို မသိကြလို့လား၊
    (၃)နိုင်ငံကို နိုင်ငံသားအားလုံးအကျိုးငှာ ဒီမိုကရေစီလမ်းကြောင်းစီကို ဦးဆောင်နေတဲ့ လက်ရှိဒီမိုကရေစီအစိုးရကို ထောင်ချောက်ဆင်နေမှုတွေဆိုတာကို မသိကြလို့လား၊
    (၄) အနာဂတ်တစ်ချိန်မှာ ဖွံ့ဖြိုးရင့်ကျက်လာတဲ့ မိမိတို့ မြေးမြစ်နောင်လားနောက်သားတွေ ကိုယ်တိုင်က မိမိတို့ နှုတ်ဆိတ်နေမှုကို ပြစ်တင်ကဲ့ရဲ့ သမိုင်းမှားအဖြစ်ရေးထိုး မှတ်တမ်းတင်ကြလိမ့်မှာကို မသိကြလို့လား”
    ————————-
    ‘အန်တီစုနဲ့ ဒီမိုအစိုးရကို ဝန်းရံကြ…၊ နိုင်ငံ့အနာဂတ်ကို ဝန်းရံကြ…၊ နိုင်ငံသူ နိုင်ငံသား အားလုံး အကျိုးစီးပွားကို ဝန်းရံကြ…၊ လူနည်းစုနိုင်ငံသားများကို ဝန်းရံကြ…၊ ဗုဒ္ဓသာသနာတော်ကို ဝန်းရံကြ…’
    ————————-
    အရင်တုန်းက တစ်ခါ Bystander Effect နဲ့ပတ်သက်ပြီး Status တိုလေး ရေးခဲ့ဖူးပါတယ်။
    အခုလည်းတစ်ခါ ညနေခင်းဝတ်ပြုအပြီး ကုရ်အာန်ကျမ်းဖတ်ရွတ်ရင်း ခံစားမိတာလေး စိတ်ထဲမကောင်းတာလေး စဉ်းစားမိလို့ပါ။ စိတ်ထဲမကောင်းဘူးဆိုတာ နိုင်ငံ့ရှေ့ရေးပါ။
    မဟာဘွဲ့တက်တော့ assignment တွေခွဲတော့ ကျွန်တော်နဲ့ ဂျာမဏီက သူငယ်ချင်း Tom တို့ နှစ်ယောက်အဖွဲ့က Bystander Effect ကို lecture presentation လုပ်ဖို့ တာဝန်ကျခဲ့ပါတယ်။
    အဲ့တုန်းကတော့ တခါမှ ဒီဝေါဟာရကို ကြားလည်း မကြားဘူး၊ လေ့လာမလေ့လာဖူးဘူး။ ဖတ်မှတ်ကြည့်တော့ စိတ်ဝင်စားစရာကောင်းတယ်ဆိုပေမယ့် တာဝန်ရှိတဲ့အတိုင်း power point လုပ် ကိုယ့်အတန်းထဲမှာ presentation လုပ်ရုံလောက်ပဲ။
    လက်တွေ့လူမှုဘဝ အထူးသဖြင့် လူအသိုင်းအဝန်းကြီးမှာ ဒီ Effect အလွန် အရေးပါလှပါလားဆိုတာကို သတိမပြုမိခဲ့သေးပါဘူး။
    Bystander effect ကို Bystander apathy လို့လည်း ခေါ်ပါသေးတယ်။
    တစ်စုံတစ်ယောက် ဒုက္ခရောက်နေတာကို ဘေးနဲ့ အနီးအနားမှာရှိနေတဲ့ လူအများက ဘယ်နည်းလမ်းမျိုးနဲ့မှ ကူညီဖို့ မလုပ်တဲ့ လူမှုစိတ်ပိုင်းဆိုင်ရာဖြစ်စဉ်ပါ။
    နားလည်လွယ်အောင်ပြောရရင် ဒုက္ခရောက်နေတာကို ရပ်ကြည့်နေ၊ မသိချင်ယောင်ဆောင်နေ၊ ကိုယ်နဲ့ မဆိုင်ဘူးဆိုတဲ့ စိတ်အမူအကျင့်ပေါ့။
    Bystander အမူအကျင့် (behavior) ကို negative အနုတ်ဆောင်တဲ့ Negative Bystander Behavior နဲ့ အပြုဆောင်တဲ့ Positive Bystander Behavior ဆိုပြီး ခွဲကြပါတယ်။
    Negative Behaviorတွေက Bystander effect/ apathy ကို ဖြစ်စေတာပေါ့။ သဘောက ရပ်ကြည့်နေကြတာပေါ့၊ မဆိုင်သလိုနေကြတာပေါ့။
    Positive Behaviorကတောာ့ Bystander effect/ apathy ကို တားဆီးတာပေါ့၊ မဖြစ်စေဘူးပေါ့။ ရပ်မကြည့်နေဘူး၊ မဆိုင်သလိုမနေဘူး။ ဒုက္ခဖြစ်နေတာကို တတ်နိုင်တဲ့ နည်းလမ်းတွေနဲ့ ဝင်ကူတာပေါ့။
    အဲ့ဒီ့ အမူအကျင့်ကို အပြုဆောင်စေဖို့ အနုတ်ဆောင်စေဖို့ လွှမ်းမိုးတဲ့ အချက်တွေကို လူမှုစိတ်ပညာဆိုင်ရာပညာရှင်တွေက သုတေသနပြုတင်ပြထားတာတွေ အများကြီးရှိပါတယ်။
    ဒါပေမယ့် ဒီနေရာမှာတော့ လိုရင်းမရောက်မှာ စိုးလို့ မမျှဝေလိုတော့ပါဘူး။
    ဘာလို့ ဒီ Bystander Behavior က ကျွန်တော်တို့အတွက် အရေးပါလာသလဲဆိုတော့ ကိုယ်ချင်းမစာလို့ ဘာညာစတဲ့ ပရဟိတအတွေးနဲ့မဟုတ်ဘဲ အတ္တနဲ့တွေးရင်ကို ဘေးအန္တရာယ် တစ်ခု၊ ဒုက္ခဖြစ်နေတာတစ်ခုကို ရပ်ကြည့်တာနေတာ၊ ကိုယ်နဲ့မဆိုင်ပါဘူးဆိုပြီး နေတာဟာ အချို့ကိစ္စတွေမှာ အဲ့ဒီ့မဆိုင်သလိုနေသူကို တိုက်ရိုက်ချက်ချင်း မထိခိုက်နိုင်ပေမယ့် ကိစ္စအများစုမှာ သွယ်ဝိုက်ပြီး ဒါမှာမဟုတ် ရေရှည်မှာ တိုက်ရိုက်ကို ထိခိုက်လာနိုင်လို့ပါပဲ။
    တစ်ဦးချင်းမဟုတ်ဘဲ လူ့အသိုင်းအဝန်းတစ်ခုအတွက် လူမှုအဖွဲ့အစည်းတစ်ခု အတွက် နိုင်ငံတစ်နိုင်ငံ အတွက်ဆို အင်မတန်မှကို အရေးကြီးပါတယ်။
    အလွယ်ဆုံးဥပမာတွေ ပေးရရင် အမှိုက်ပုံတဲ့ ကိစ္စ၊ ရေဝတ် ရေမြောင်းပိတ်တဲ့ ကိစ္စကစလို့ ရောဂါကပ်ဘေးဆိုက်မှု၊ လူအမြောက်အမြား ညှင်းပမ်းနှိပ်စက်မှု၊ လူမျိုးတုန်းသတ်ဖြတ်မှုမှ နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်ပျောက်ဆုံးမှုအထိပါပါတယ်။
    အိမ်တစ်အိမ်အနီးမှာ အမှိုက်စည်းမဲ့ပုံထားတဲ့ တစ်စတစ်စနဲ့ အပုံကြီးလာမယ်၊ လမ်းထဲနဲ့ ဝန်းကျင်က သူတွေက ကိုယ်နဲ့ မဆိုင်သလိုနေမယ်၊ အဲ့ဒီအိမ် အနံ့မခံနိုင်ရင် သူ့ဖာသာသူရှင်းမယ်၊ ငါတို့အနံ့မရဘူး၊ မကူဘူး၊ စည်းမဲ့ လာပုံနေတဲ့ သူတွေကို သူတို့ဖာသာတားလိမ့်မယ်ဆိုပြီးနေနေရင်၊ ရက်ပိုင်း ပြဿနာမရှိသေးပေမယ့် သီတင်းပတ်ချီလာတဲ့အခါ ထွက်လာတဲ့ အနံ့၊ ထကြွလာမယ့် ယင် ကြွက်၊ ပေါက်လာမယ့် ရောဂါ ပိုးမွှားက အနီးတစ်အိမ်ထဲကိုပဲ မဟုတ်ဘဲ မဆိုင်ပါဘူးကွာဆိုတဲ့ အိမ်တွေအားလုံးကို ဒုက္ခအနည်းအများပေးတော့မှာပါ။
    ဒီလိုပဲ vector လို့ ခေါ်တဲ့ သယ်ဆောင်တဲ့ အကောင်တွေကနေ ကူးတဲ့ ရောဂါတွေ၊ လေကနေတစ်ဆင့်ကူးတဲ့ ရောဂါတွေ၊ လူမှုဆက်ဆံရေးနဲ့ ဆက်နွယ်ကူးစက်တဲ့ ရောဂါတွေဆိုလည်း မဆိုင်ပါဘူးကွာဆိုတာရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို မြင်နိုင်ပါတယ်။
    ယဉ်ကျေးတဲ့၊ ဒီမိုကရေစီ လူ့အသိုင်းအဝန်းတွေမှာ အဲ့ဒီ့ Negative Bystander Behavior အနုတ်သဘောဆောင်တဲ့ မဆိုင်သလိုနေတဲ့ အမူအကျင့်ဟာ လုံးဝကို မရှိသင့်ပါဘူး။
    လူ့မှုအဖွဲ့အစည်းတစ်ခုမှာ Negative Bystander Behavior လူတွေက အများစုဖြစ်နေပြီ ဖြစ်သွားပြီဆိုရင်တော့ အဲ့ဒီလူ့အဖွဲ့အစည်းဟာ ဆုတ်ယုတ်ခြင်းဆီကို သွားနေပြီ ပျက်စီးခြင်းဆီကို ဦးတည်နေပြီ မယဉ်ကျေးခြင်းဆီကို သွားနေပြီ ဒီမိုကရေစီနဲ့ အလှမ်းဝေးလာပြီလို့ တိတိကျကျပြောလို့ရပါတယ်။
    ဟိုး အစက ကျွန်တော်ပြောခဲ့တာလေးနဲ့ ပြန်ဆက်ရရင် ကျမ်းချက် (ကုရ်အာန်ကျမ်း ကဏ္ဍ ၇ ပါဒ ၁၆၂-၁၆၄) ထဲမှာ ဖြစ်ရပ်လေးတစ်ခုပါလို့ပါ။ အဲ့ဒါက လူအဖွဲ့အစည်းတစ်ခုရှိခဲ့တယ်၊ ဘုရားသခင်က ပညတ်ထားတဲ့အရာတွေကို အဲ့ဒီ လူ့အဖွဲ့အစည်းက လူအများစုက ချိုးဖျက်တယ် ပြစ်မှုတွေ ကျူးလွန်ကြတယ်။ အဲ့ဒီမှာ အဲ့ဒီသူတွေအပြစ်ကျူးလွန်နေတာကို သိတော့ လူအချို့ ကလိုက်ပြီး အဲ့ဒါတွေ မလုပ်ကြဖို့ ဆုံးမတယ်။ အဲ့တော့ လူတစ်စုကမေးတယ် ဘုရားသခင် အရေးယူတာခံရတော့မယ့် လူတွေကို ဘာလို့ လိုက် ဟောပြောဆုံးမနေတာလဲပေါ့။ အဲ့တော့ ဟောပြောဆုံးမသူတွေက ဘာပြန်ဖြေလည်း ဆိုတော့ နှစ်ချက်ဖြေပါတယ်။ ပထမအချက်က ဘုရားသခင်ဆီမှာ အပြစ်တွေလွတ်ဖို့ (သူတို့ကိုယ်တိုင် လွတ်ငြိမ်းချမ်းသာခွင့်ရဖို့)နဲ့ ဒုတိယအချက်က အဲ့ဒီသူ တွေ(ချိုးဖျက်နေတဲ့သူတွေ) ဘုရားသခင်ကို ကြောက်ရွံ့ အသိတရားပြန်ရပြီး ကောင်းမှုတွေကဖက်ကိုများ ပြန်လှည့်လာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့။
    အဲ့ဒီလူ့အသိုင်းအဝိုင်းပေါ်မှာ ဘုရားသခင်ရဲ့ အရေးယူမှု ကျရောက်လာခဲ့တယ်။ “We rescued those who forbade evil…”ဆိုပြီး အတိအကျ မိန့်ထားတယ်၊ စောစောက မကောင်းမှုတွေကို ရည်ရွယ်ချက်နှစ်ချက်နဲ့ လာတားဟောပြောနေတဲ့သူတွေကတော့ ကယ်တင်ခြင်း ခံခဲ့ရတယ်။
    ဒီနေရာမှာ ကျွန်တော် ကျမ်းချက်ကို promotion ဝင်တာလည်း မဟုတ်သလို ကျမ်းချက်ကို ဖွင့်ဆိုပြချင်တာာလည်း မဟုတ်ပါဘူး။ အဲ့ဒီဟောပြောသူတွေရဲ့ Positive Bystander Behavior ကို ထောက်ပြလိုတာပါ။
    လူအများစုကြီးမကောင်းမှုလုပ်တာ ပညတ်တွေကို ဖောက်တာ ငါတို့လုပ်တာ ငါတို့ ဖောက်တာမှ မဟုတ်တာဆိုပြီး မဆိုင်သလို မနေဘဲ မနေနိုင်ဘဲ ဒီမကောင်းတွေက လူ့အသိုင်းအဝိုင်းကြီးတစ်ခုလုံးကို သက်ရောက်တော့မယ်၊ ငါတို့ကိုလည်း ရိုက်ခတ်တော့မယ်ဆိုတဲ့ ပရဟိတ သူ့အကျိုးလိုတဲ့စိတ်ရော အတ္တဟိတ ကိုယ့်အကျိုးကို တိတဲ့ စိတ်ရော နှစ်ခုစလုံးနဲ့ လိုက်ဟောပြောဆုံးမ မကောင်းတာတွေကို တားခဲ့ကြတယ်။ အဲ့ဒါလေးကို ပြောလိုတာပါ။
    အဲ့တော့ အပေါ်မှာ ပြောထား သလို Bystander နဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ အရေးနဲ့ ဘယ်လိုပတ်သက်လဲပေါ့။
    နိုင်ငံရေးနယ်ပယ်က Bystander Effect လို့ပဲ ပြောရမလား။ ဒီနေရာမှာ ပြောရရင် ကမ္ဘာကျော် Civil Right Activist ကြီး ငြိမ်းချမ်းရေးသမားကြီး မာတင်လူသားကင်းရဲ့ မိန့်စကားတွေကို မှတ်သားမျှဝလိုပါတယ်။
    “အရေးအရာယူရမယ့် ကိစ္စတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ နှုတ်ဆိတ်လာပြီဆိုရင် အဲ့ဒီ့နေဟာ ကျွန်တော်တို့ဘဝတွေ အဆုံးသတ်ဖို့ အစပြုလိုက်ခြင်းပဲ။”
    “နှုတ်ဆိတ်နေမှုဟာ သစ္စာဖောက်ခြင်းပဲဆိုတဲ့ အချိန်ကို ရောက်လာပါပြီ။”
    “အဆုံးမှာ ကျွန်တော်တို့ဟာ ရန်သူတွေရဲ့ စကားလုံးတွေကို အမှတ်ရနေမှာ မဟုတ်ဘူး၊ ဒါပေမယ့် ကျွန်တော်တို့ မိတ်ဆွေတွေရဲ့ နှုတ်ဆိတ်နေမှုကိုတော့ အမှတ်ရနေလိမ့်မယ်။”
    နိုင်ငံ့အရေးဘက် လှည့်ကြရအောင်ပါ။ ကျွန်တော်တို့ အန်တီစုနဲ့ NLD ကို နိုင်ငံသူ နိုင်ငံသားအများစုကြီးက မဲပေးခဲ့တာက အရင်စနစ်ဟောင်းကို မလိုချင်လို့ ဒီမိုကရေစီစစ်စစ်ကိုလိုချင်လို့ နိုင်ငံကို ဖွံ့ဖြိုးတိုးတက်စေချင်လို့ ကိုယ်တွေအပါအဝင် နိုင်ငံသူ နိုင်ငံသားအများစုကြီး ကောင်းစားစေဖို့ ဆိုတာ လိုက်မေးစရာမလိုအောင် ထပ်တူကြမှာပါ။
    အဲ့တုန်းက အန်တီစု/ အမေစု ကို ဝန်းရံကြ ဒုန်း ဒုန်း ဒုန်း လုပ်ခဲ့ကြတာပါ။
    ကျွန်တော်တို့ အခုကာလက အပြောင်းအလဲ စခါစ ကာလပဲ ရှိပါသေးတယ်။ မြန်မာ့နိုင်ငံရေးမျက်ခြေမပြတ်သူအားလုံး ဒီမိုကရေစီ စစ်စစ် မဟုတ်သေးဘူး မရသေးဘူးဆိုတာ သိကြပါလိမ့်မယ်။
    အဲ့တော့ ကျွန်တော်တို့ နိုင်ငံကို ဝန်းရံကြဖို့ နိုင်ငံကို ဒီမိုကရေစီ စစ်စစ်ဆီ ခေါ်ဆောင်သွားမယ့် ခေါင်းဆောင်တွေကို ဝန်းရံကြဖို့ ဒုန်း ဒုန်း ဒုန်းရဦးမှာပါ။
    နိုင့်ငံအရေးပြောရင်းကနေ ဘာသာတရားတွေ အရေးဖက် ခဏ ပြောင်းလိုပါတယ်။
    ညစ်ပတ်တဲ့ နိုင်ငံရေးမှာ ထိလွယ် ရှလွယ်ဖြစ်တဲ့ လူများစုကြီး သည်းချေထိလွယ်တဲ့ ဘာသာတရားဟာ အသုံးချခံရတာ ကမ္ဘာ့နိုင်ငံအနှံ့မှာပါပဲ။ လက်နက်အနေနဲ့သုံးမယ် သားကောင်အနေနဲ့ သုံးမယ်။ အထူးသဖြင့် ဒီမိုကရေစီ မရင့်ကျက် မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေမှာ ညစ်ပတ်တဲ့၊ ကိုယ်ကျိုးရှာတဲ့၊ နိုင်ငံကို တကယ်မချစ်၊ ချစ်ချင်ယောင်သာဆောင်တဲ့ လောကုတ္တရာအကျိုးမရည် လောကီသက်သက်လိုလားတဲ့ နိုင်ငံရေးသမားတွေရဲ့ ကစားကွက်ပေါ့။
    ကျွန်တော်တို့ နိုင်ငံမှာလည်း နိုင်ငံရေးညစ်ပတ်မှုအတွက် လူများစုကြီး ကိုးကွယ်ယုံကြည်တဲ့ ဗုဒ္ဓဘာသာကို လက်နက်အနေနဲ့သုံးခဲ့ သုံးစဲ၊ လူနည်းစုကိုးကွယ်တဲ့ အထူးသဖြင့် အစ္စလာမ်နဲ့ ခရစ်ယာန်ဘာသာတွေကို သားကောင်အနေနဲ့ သုံးခဲ့ သုံးစဲပါ။
    အဲ့တော့ နိုင်ငံတွင်းက ဘာသာခြားလူနည်းစုတွေရဲ့ ကိုးကွယ်ရာဘာသာတရားတွေကို ပစ်မှတ်ထားတဲ့ ရန်လိုမှုတွေ၊ အမုန်းပွားမှုတွေနဲ့ ဥပဒေပြင်ပလုပ်ရပ်တွေရဲ့ mastermind နောက်ကွယ်က ဦးဏှောာက်ကြီးတွေဟာ ဘာသာတရားတစ်ခုကို ကာကွယ်လိုလို့ ယုံကြည်ကိုးကွယ်မှုတစ်ခုကို ပြန့်ပွားစေလိုလို့ လုပ်နေတာ လုံးဝမဟုတ်ဘူးလို့ ကျွန်တော် အပြည့်အဝယုံကြည်ပါတယ်။
    ဘာလို့လဲဆိုတော့ သူတို့နဲ့ သူတို့ရဲ့ မဟာအကြံပေးတွေဟာ အဲ့လောက် မရိုးပါဘူး မနုံပါဘူး၊ သမိုင်းကို သိ၊ စာသိ ပညာရှိတွေ ပါ။
    ဘာသာတရားတစ်ခုကို အဲ့ဒီ့ဘာသာတရားရဲ့ နောက်လိုက်တွေကို ညှင်းပန်းရုံ သတ်ဖြတ်ရုံ ဘာသာရေးအဆောက်အဦးတွေကို ဖြိုချရုံ ဘာသာရေး နယ်မြေတွေကို သိမ်းပိုက်ရုံနဲ့ ရပ်တန့်လို့ မရဘူးဆိုတာ ကမ္ဘာ့သမိုင်းက သက်သေခံနေပါတယ်။ ဘာသာရေး ကျမ်းချက်တွေမှာလည်းပါနေပါတယ်။
    ခရစ်ယာန်သာသနာကို စဟောပြောသူ ရှင်ပေါလုကို ခေါင်းဖြတ်သတ်ခဲ့တဲ့ နေရာ ယခင် ရောမ အခု အီတီလီနယ်မြေ (ဗာတီကန်နိုင်ငံငယ်ရှိရာ) ခရစ်ယာန်သာသနာရဲ့ ဗဟိုချက်မ ဖြစ်လာခဲ့ပါတယ်။
    အစ္စလာမ်ကို ပြန်လည် ဟောပြောသူ တမန်တော်မုဟမ္မဒ် (ကိုယ်တော့်အပေါ် ငြိမ်းချမ်းမှုကျရောက်ပါစေ) ကို လုပ်ကြံဖို့ ကြိုးစား၊ မိသားစုဝင်တွေနဲ့ နောက်လိုက်တွေကို ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခဲ့တဲ့ မက္ကာနယ်မြေဟာ အခုဆို အစ္စလာမ်ရဲ့ ဗဟိုချက်မဖြစ်နေပါပြီ။
    မှတ်တမ်းတွေအရ လက်ရှိကမ္ဘာပေါ်မှာ ခရစ်ယာန်က နောက်လိုက်အများဆုံးဖြစ်ပြီး အစ္စလာမ်က ကျင့်သုံး လိုက်နာသူအများဆုံးပါ။
    ဒါဆို ဘာသာတရားတွေ ဘယ်လို ပျက်စီးမလဲ။ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်နဲ့ အစ္စလာမ် အားလုံးမှာ အဲ့ဒီ့ ဘာသာဝင်တွေ တရားပျက်တဲ့ အခါ ပျက်စီးမယ်လို့ ကျမ်းချက် ပိဋကတ်တွေမှာ အတိအလင်း ဗျာဒိတ်ပါရှိပြီးသားပါ။ သူများဖျက်လို့ မပျက်ပါဘူး၊ သူများကြောင့် မပျက်ပါဘူး၊ ကိုယ့်ဖာသာဖျက်လို့ ပျက်ကြမှာပါ။
    သူများကို နှိမ်မှ နှိပ်ကွက်မှ ငါတို့ ဘာသာသာသနာ အထွန့်ရှည်မယ် ထွန်းကားမယ်ဆိုပြီး ယုံကြည်နေကြတဲ့ အတဲ့ နတဲ့ သိမ်းသွင်းခံရတဲ့ ဦးဏှောက်ဆေးခံရတဲ့ ရိုးနအများပြည်သူတွေ ကမ္ဘာ့နေရာ အနှံ့မှာ ရှိနေပါတယ်။ သူတို့တွေကလည်း တကယ့်တော့ အဲ့ဒီ့ အပေါ်က နိုင်ငံရေးဦးဏှောက်ညစ်ပတ်ကြီးတွေရဲ့ သားကောင်တွေပါပဲ။
    သူတို့တွေက ဘာလို့ဒါတွေကို ဖြစ်အောင် အကွက်ချ စီမံခဲ့တာလဲ။ စီမံနေတာလဲ။ အဖြေက ရှင်းပါတယ်။ ကျွန်တော်တို့ နိုင်ငံနဲ့ နိုင်ငံသားတွေ အပေါ်မှာ ထားရှိတဲ့ ဖြစ်စေချင်တဲ့ ရည်ရွယ်ချက်ရဲ့ ပြောင်းပြန်ကို သွားချင်လို့ပါ။ သူတို့ ကိုယ်ကျိုး မိသားစုအကျိုး အတွက်ပါ။
    ဒီမိုကရေစီစစ်စစ်နဲ့ နိုင်ငံနဲ့ နိုင်ငံသားအကျိုးစီးပွားအတွက် ရှေ့ချီနေတဲ့ အစိုးရကို ဘာသာရေး ထောင်ချောက်တွေ ခုတုံးတွေနဲ့ နိုင်ငံရေးချောက်ချဖို့ပါ။
    အဲ့ဒီမှာ ပြဿနာက နိုင်ငံရေးသားကောင်ဖြစ်ရတဲ့ ဘာသာတရားတွေပါ။ အပေါ်ယံကြည့်ရင် ခံဖက်(scapegoat) လုပ်ခံရတဲ့ အစ္စလာမ်၊ ခရစ်ယာန်သာသနာနဲ့ နိုင်ငံသား မွတ်စလင်မ်တွေ ခရစ်ယာန်တွေပဲ သနားစရာကောင်းတယ်လို့ ထင်စရာပါ။
    ဒါပေမယ့် မျက်စိကျယ်တဲ့ သူတွေဆိုရင်တော့ နိုင်ငံရေး လက်နက်အဖြစ် အသုံးချခံနေရတဲ့ ဗုဒ္ဓဘာသာနဲ့ အများစုနိုင်ငံသား ဗုဒ္ဓဘာသာဝင်တွေလည်း ထပ်တူ သနားစရာကောင်းနေတာကို မြင်ကြပါလိမ့်မယ်။ မွတ်စလင်မ်တွေနဲ့ ခရစ်ယာန်တွေရဲ့ ပစ္စုပ္ပန် ထိခိုက်နစ်နာနေပြီး ဗုဒ္ဓဘာသာရဲ့ အနာဂတ်ထိခိုက်နစ်နာနေပါပြီ။
    ဘာသာတရားတွေကို ခဏမေ့ထားပြီး နိုင်ငံသားအောက်ကပြောမယ်ဆို ဒီမိုကရေစီစစ်စ်ဆီသွားနေတဲ့ မြန်မာနိုင်ငံဆိုတဲ့ လှေကြီးပေါ်က ကျွန်တော်တို့အားလုံး လှိုင်းကြီးနေပါပြီ မုန်တိုင်းမိနေကြပါပြီ။
    ဘာသာတရားတိုင်းရဲ့ နောက်လိုက်တိုင်းမှာ ကောင်းတဲ့သူနဲ့ မကောင်းတဲ့သူရှိပါတယ်။ စစ်မှန်တဲ့ ဘာသာဝင်ကောင်းနဲ့ အစွန်းရောက်သူတွေရှိပါတယ်။ ဘာသာဝင်ကောင်းတွေ စစ်မှန်တဲ့ ဘာသာဝင်တွေက အပေါ်က ကျမ်းချက်မှာပါသလိုပဲ ပရဟိတနဲက အတ္တဟိတ နှစ်မျိုးစလုံးအတွက် အစွန်းရောက်သူတွေကို တားမြစ်ကို တားမြစ်ရပါမယ်။ Positive Bystander Behavior ဖြစ်ကို ဖြစ်ရပါမယ်။
    ကျွန်တော်တို့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေကရော Positive Bystander Behavior ရှိသူတွေလား ဒါမှမဟုတ် Negative Bystander Behavior ရှိသူတွေလား။ ကျွန်တော်တို့ အများစုကြီးရဲ့ Behavior က နိုင်ငံရဲ့ အနာဂတ်နဲ့ နိုင်ငံသူ နိုင်ငံသား အားလုံးရဲ့ အနာဂတ်ကို ဆုံးဖြတ်ပါလိမ့်မယ်။
    အခန့်မသင့်ရင် အစစ်စတေးခံလိုက်ရမှာက လူနည်းစုဘာသာဝင်တွေရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ လူများစုကြီးရဲ့ ဘာသာတရားရဲ့ အနာဂတ်ပုံရိပ်ပါ။
    ပြီးခဲ့တာတွေထား၊ လတ်တလောစာမေးပွဲတွေမှာတော့ ရလဒ်က အားရလောက်အောင် မကောင်းနေသေးပါဘူး။ မဆိုင်သူ မဆိုင်သားတွေ များနေပါသေးတယ်။ Positive Bystander Behavior တွေ သိပ်နည်းနေပါသေးတယ်။ သူတို့ ကျူးတာ၊ ငါလုပ်တာမဟုတ်ဘူး၊ ငါနဲ့မဆိုင်ဘူး၊ ငါကိုယ်တိုင် မကျူးပြီးတာဘဲဆိုပြီး နှုတ်ဆိတ်နေသူတွေ များနေကြပါသေးတယ်။
    မြန်မာ့နှစ်ဆန်းတစ်ရက်နေ့မှာ သင်္ကန်းဝတ်တွေက မွတ်စလင်မ် ဈေးသည် သုံးဦးကို ဘုရားဈေးနဲ့ တဝိုက်မှာ ဈေးရောင်း (ကောင်းရောင်းကောင်းဝယ်လုပ်)လို့ဆိုပြီး ပစ္စည်းသိမ်း၊ ကာယကံမြောက်ရိုက်နှက်ထိုးကြိတ်၊ ဝန်ခံချက်ထိုးခိုင်းတာ၊ အဲ့ဒီလိုလုပ်တာကို မိမိအမျိုးဘာသာသာသနာကို စောင့်ရှောက်တဲ့လုပ်ရပ်ဆိုပြီး လူမှုမီဒီယာမှာ တင် ဂုဏ်ယူဝါဒဖြန့်တာဖြစ်ခဲ့ပါတယ်။
    လတ်တလော ကရင်ပြည်နယ် လှိုင်းဘွဲ့မှာ ခရစ်ယာန်ဒေသခံတွေက တရားဝန် လူသိရှင်ကြားတောင်းပန်မေတ္တာရပ်ခံနေတဲ့အကြားက မြိုင်ကြီးငူဘုန်းကြီးဦးဆောင်ပြီး လူအင်အားသုံးပြီး ခရစ်ယာန်ချာ့ခ်ျအတွင်းမှာ ညတွင်းချင်း တရားမဝင် စေတီဝင်တည်တာဖြစ်ခဲ့ပါတယ်။ တလောကလည်း ကရင်ပြည်နယ် ရွှေဂွန်းမှာ ဗလီဝတ်ကျောင်းဘေး လမ်းမှာ သူတပည့်တွေက နေ့ခင်းကြောင်တောင်ကြီး ဗုဒ္ဓရုပ်ပွားတစ်ဆူလာမြှုပ်ထားပြီး ပြဿနာအစထုတ်ထားပါတယ်။ အခုလောလောဆယ်ကို သူ့တပည့်သင်္ကန်းဝတ်တွေ ဦးဆောင်တဲ့ လူနှစ်ရာကျော်အင်အားနဲ့ ရဲတွေနဲ့ ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့ဝင်တွေ တားနေတဲ့ကြားက အတင်းအကြပ် ဗလီကပ်လျက်မှာ စေတီတည်ဖို့ လုပ်နေပါတယ်။
    ဈေးသည်ကိစ္စရော၊ ချာ့ခ်ျထဲ စေတီတည်တဲ့ ကိစ္စ၊ ဘုရားတိုင်အိပ်မက်မြင်တယ်ဆိုပြီး ဗလီဝတ်ကျောင်းဖြိုတဲ့ ကိစ္စတွေက အရင်ကလည်း ဖြစ်ခဲ့ပြီးသားပါ။ ဒါတွေဟာလည်း ခွဲခြားမှု၊ နှိပ်ကွက်မှု၊ အနိုင်ကျင့်မှုတွေထဲက ဖြစ်ရပ်အချို့ပါ။
    အပေါ်က ကိစ္စတွေမှာ ဘာသာတရားပေါင်းစုံက ဝင်ရောက်ကူညီသူ အချို့ Positive Bystander Behavior ရှိသူ အချို့ ရှိခဲ့ပေမယ့် လူ့အသိုင်းအဝန်းတစ်ခုလုံး (ဒီနေရာမှာ လူ့အသိုင်းအဝန်းတစ်ခုလုံးဆိုတာ တနည်းနည်းနဲ့ ကူညီနိုင်စွမ်း ဒီဖြစ်ရပ်တွေကို တားဆီးနိုင်စွမ်းရှိသူတွေကိုပဲ ဆိုလိုပါစေဦး) အင်မတန်မှကို နည်းနေပါသေးတယ်။ တနည်းပြောရရင် အများစုကြီးက နှုတ်ဆိတ်နေတုန်းပါပဲ silent majority ပေါ့ဗျာ။
    တိုက်ရိုက်ခံရတဲ့ အစ္စလာမ်ဘာသာဝင်တွေ၊ ခရစ်ယာန်ဘာသာဝင်တွေလှုပ်ရှားတာ မခံမရပ်နိုင်ဖြစ်တာ Positive Bystander Behavior အမူအကျင့်ပြပြီး ကူညီဖို့ ဒီဖြစ်ရပ်တွေမဖြစ်အောင် တားဆီးဖို့ လုပ်ကြတာဟာ မထူးဆန်းပါဘူး။
    ဒါပေမယ့် သူတို့ရဲ့ ကြိုးပမ်းမှုထက် တကယ်ပိုပြီးလိုအပ်တာက နိုင်ငံရဲ့ လူများစုကြီးဖြစ်တဲ့ ဗုဒ္ဓဘာသာဝင်ညီအစ်ကိုမောင်နှမတွေရဲ့ Positive Bystander Behavior ပါ၊ လှုပ်ရှားမှုနဲ့ ကြိုးပမ်းအားထုတ်မှုပါ။
    ကျွန်တော်တို့နိုင်ငံမှာ Institutionalize ဖြစ်ပြီး အခြေခံဖွံ့ဖြိုးပြီး ဗုဒ္ဓသာသာအသင်းအဖွဲ့ လူမှုအသိုင်းအဝိုင်းတွေ၊ ပြည်တွင်းပြည်ပမှာပါ ထေရဝါဒဗုဒ္ဓသာသနာတော်ကို ကိုယ်စားပြုနေတဲ့ သာသနာပြု ရဟန်းပုဂ္ဂိုလ်ကြီးတွေ၊ လူအသိုင်းအဝိုင်းအတွင်း သြဇာရှိ ပညာရှင်ပညာတတ်လူပုဂ္ဂိုဟ်တွေနဲ့ ပြည်တွင်းမီဒီယာကြီးတွေ ရှိနေပါတယ်။ အရင်ကိစ္စ အရင်ခေတ်မှာ မလုပ်ခဲ့တာ မလုပ်တာကိုခဏထား အများစုက လက်ရှိမှာကို မဆိုင်အမူအကျင့် Negative Bystander Behavior ဖြစ်နေကြပါတယ်။ Silent Majority နှုတ်ဆိတ်နေတဲ့ လူများစုကြီး ဖြစ်နေကြပါသေးတယ်။
    ရိုးရိုးသားသားစိတ်နဲ့ကို ကျွန်တော့်ကို ရှုပ်ထွေးသွားစေတာတွေက လူနည်းစုဘာသာဝင်တွေကို အကူအညီမပေးချင်ဘူးဘဲ ထားပါဦး
    ဒီဖြစ်ရပ်တွေ လုပ်ရပ်တွေဟာ
    (၁) ရေရှည်မှာ နိုင်ငံနဲ့ နိုင်ငံသူ နိုင်ငံသား အားလုံးရဲ့ အနာဂတ်ကို နစ်နာစေမယ်ဆိုတာကို မသိကြလို့လား၊
    (၂) လက်ရှိရော အနာဂတ်မှာပါ မိမိတို့ ကိုးကွယ်ယုံကြည်တဲ့ ထေရဝါဒဗုဒ္ဓဘာသာရဲ့ ပုံရိပ်ကို ပြည်တွင်းမှာရော နိုင်ငံတကာမှာပါ မုချ ထိခိုက်နစ်နာစေမယ်ဆိုတာကို မသိကြလို့လား၊
    (၃)နိုင်ငံကို နိုင်ငံသားအားလုံးအကျိုးငှာ ဒီမိုကရေစီလမ်းကြောင်းစီကို ဦးဆောင်နေတဲ့ လက်ရှိဒီမိုကရေစီအစိုးရကို ထောင်ချောက်ဆင်နေမှုတွေဆိုတာကို မသိကြလို့လား၊
    (၄) အနာဂတ်တစ်ချိန်မှာ ဖွံ့ဖြိုးရင့်ကျက်လာတဲ့ မိမိတို့ မြေးမြစ်နောင်လားနောက်သားတွေကိုယ်တိုင်က မိမိတို့ နှုတ်ဆိတ်နေမှုကို ပြစ်တင်ကဲ့ရဲ့ သမိုင်းမှားအဖြစ်ရေးထိုးမှတ်တမ်းတင်ကြလိမ့်မှာကို မသိကြလို့လား
    ကျွန်တော် အပေါ်မှာ ပြောထားသလို ဒီဖြစ်ရပ်တွေဟာ လက်ရှိ ဒီမိုကရေစီ အစိုးရအတွက် နိုင်ငံရေးထောက်ချောက်တွေပါ။ လူများစုကြီးက မဝန်းရံပေးရင် အစိုးရအတွက် အင်မတန်မှကို အန္တရာယ်ကြီးပါတယ်။
    ဒီမိုကရေစီ နိုင်ငံတစ်ခု လူ့အဖွဲ့အစည်းတစ်ခုရဲ့ အားဟာ Civil Society လို့ခေါ်တဲ့ အရပ်ဖက် လူ့အဖွဲ့အစည်း နဲ့ မီဒီယာဖြစ်ပါတယ်။ နိုင်ငံရဲ့ အားဟာ နိုင်ငံသားတွေဖြစ်ပါတယ်။
    လူနည်းစု နိုင်ငံသားတစ်ယောက်ဖြစ်တဲ့ ကျွန်တော် အနိုင်ကျင့်ခံ အနှိပ်ကွက်ခံ ခွဲခြားဆက်ဆံခံ လုံးဝမဖြစ်လိုပါဘူး။
    နိုင်ငံသားတစ်ယောက်အနေနဲ့ ကျွန်တော် နိုင်ငံနဲ့ နိုင်ငံသူ နိုင်ငံသား အားလုံးရဲ့ အနာဂတ်ကို ထိခိုက်နစ်နာမှာမျိုး လုံးဝမဖြစ်စေလိုပါဘူး။
    ကျွန်တော့် မွေးစားအဘွား၊ သူငယ်ချင်း၊ ဆရာသမားများ ကိုးကွယ်ယုံကြည်တဲ့ ထေရဝါဒဗုဒ္ဓဘာသာရဲ့ ပုံရိပ်ကို ထိခိုက်နစ်နာတာမျိုး လုံးဝမဖြစ်စေလိုပါဘူး။
    ကျွန်တော်ကိုယ်တိုင် မဲပေးထားတဲ့ ဒီမိုကရေစီအစိုးရ နိုင်ငံရေးထောင်ချောင်ကျတောမျိုး လုံးဝမဖြစ်စေလိုပါဘူး။
    ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသားအများစု ဆိုင်သူတွေ ဆိုင်သားတွေ Positive Bystander Behavior ရှိသူတွေ အဖြစ်ပြောင်းကြပါစို့လားဗျာ။ နှုတ်ဆိတ်နေမှုတွေကို တရားမျှတမှု တောင်းဆိုသံတွေ ချစ်ခြင်းမေတ္တာ မျှဝေသံတွေနဲ့ ဟိန်းစေစို့လားဗျာ။
    တကယ်တော့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ထုံးတမ်းစဉ်လာ ဓလေ့ကိုက တစ်ခုခုဆို ကူချင် စောင့်ရှောက်ချင် ပရနဲ့ အတ္တဟိတ အကျိုးမျှသူတွေပါ။ ကျွန်တော်တို့ စနစ်တကျ ဖျက်ဆီးခံလိုက်ရလို့ပါ။ ကျွန်တော်တို့ တန်ဖိုးတွေဆီကို ပြန်လှည့်ကြပါစို့။ ဆိုင်သူတွေ ဆိုင်သားတွေ ဖြစ်ကြပါစို့။
    အနာဂတ်အိပ်မက်တွေနဲ့ ကျွန်တော် ဒီစာကို ငြိမ်းချမ်းရေးခေါင်းဆောင်ကြီး မာတင်လူသားကင်းရဲ့ စကားနဲ့ပဲ အဆုံးသတ်လိုက်ပါတော့မယ်။
    “နှုတ်ဆိတ်နေမှုဟာ သစ္စာဖောက်ခြင်းပဲဆိုတဲ့ အချိန်ကို ရောက်လာပါပြီ။”
    “အရေးအရာယူရမယ့် ကိစ္စတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ နှုတ်ဆိတ်လာပြီဆိုရင် အဲ့ဒီ့နေဟာ ကျွန်တော်တို့ဘဝတွေ အဆုံးသတ်ဖို့ အစပြုလိုက်ခြင်းပါပဲ။”
  • လူမှုကွန်ရက်တွင် ဘာသာရေးပြဿနာအသွင် အဖြစ် ဝေမျှနေသည့် သင်္ဃန်းကျွန်း အမှုမှာ အရက်အတူ သောက်ရာမှ ဖြစ်ပွားသည့်အမှုဖြစ်ဟု ရဲတပ်ဖွဲ့ပြော
    လူမှုကွန်ရက်တွင် ဘာသာရေးပြဿနာအသွင် အဖြစ် ဝေမျှနေသည့် သင်္ဃန်းကျွန်း အမှုမှာ အရက်အတူ သောက်ရာမှ ဖြစ်ပွားသည့်အမှုဖြစ်ဟု ရဲတပ်ဖွဲ့ပြော
    ဧပြီ ၂၆၊ ၂၀၁၆
    ဖိုးတုတ်/7Days
    .ThinganKyune
    လူမှုကွန်ရက်တွင်လူမျိုးရေး၊ ဘာသာရေး ပြဿနာ အသွင် ရေးသားဖြန့်ဝေနေသော သင်္ဃန်းကျွန်းမြို့နယ် တိုးချဲ့ရပ်ကွက်တွင် ဖြစ်ပွားခဲ့သော ပြဿနာမှာအရက် အတူသောက်သူချင်းနေအိမ်တံခါး ပိတ်ကာ ဓားခုတ်မှုဖြစ်ပွားခြင်း သာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အကြီးတန်းအရာရှိတစ်ဦးကပြောသည်။
    .
    ဧပြီ ၂၄ ရက် ညနေ ၅ နာရီ တွင် အဝေရာလမ်းသွယ်(၂)လမ်း (ခ)ရပ်ကွက်အတွင်းရှိ နေအိမ်၌ အရက်အတူသောက်နေရာ မှ အောင်အောင်(၄၀)နှစ်က မျိုးဝင်း (၄၄) နှစ်ကို ဖုန်းငွေဖြည့် ကတ် ၀ယ်ခိုင်းရာတွင် မှားယွင်းဝယ်ယူခဲ့ရာမှ စကားများရန်ဖြစ်ခဲ့ကြောင်း ၎င်းကပြောသည်။
    .
    ‘‘ဓားနဲ့ခုတ်ခံရတဲ့သူက ရပ် ကွက်ထဲမှာ ဆိုက်ကားနင်းတယ်။ အရက်ခေါ်တိုက်တဲ့သူနဲ့လည်း ရင်းနှီးတယ်။ နှစ်ယောက် အတူ သောက်နေရာက ဖုန်းငွေဖြည့် ကတ် ၀ယ်ခိုင်းတော့ သွားဝယ် ပေးတယ်။ ၀ယ်လာတဲ့ကတ်မှား နေတာကို မင်းက လူလိမ်ဆိုပြီး တုတ်နဲ့ရိုက်တယ်။ လည်ပင်းညှစ် တယ်’’ဟု ၎င်းကပြောသည်။
    .
    ရိုက်နှက်ခံရသူ မျိုးဝင်းသည် နေအိမ်မှ ထွက်ပြေးရန် ပြုလုပ်စဉ် အောင်အောင်က တံခါးချက်ထိုး ပိတ်ပြီးနောက် ဓားကိုင်ကာ တွန်း ထိုးလိုက်သည့် အတွက် နေအိမ် တံခါးပွင့်ထွက်ပြီးနောက် ထွက်ပြေး လွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲ အရာရှိတစ်ဦးက ပြောသည်။
    .
    ‘‘ရိုက်နှက်ထားတဲ့ဒဏ်ရာ တွေကြောင့် ခြေထောက်၊လက်နဲ့ ဦးခေါင်းမှာ ဖူးရောင်ဒဏ်ရာ ရရှိ တယ်။ အခု သူ့ကိုစံပြဆေးရုံမှာ တင်ပေးထားတယ်။ ဒဏ်ရာအ ခြေအနေကတော့ မစိုးရိမ်ရပါ ဘူး။ ပြစ်မှုကျူးလွန်သူကိုလည်း အခင်းဖြစ်ပွားတဲ့ ညမှာပဲ ဖမ်းဆီး ရမိပါတယ်’’ဟု ၎င်းကပြောသည်။
    .
    ပြစ်မှုကျူးလွန်သူ အောင်အောင် ကို သုဝဏ္ဏရဲစခန်းကပြစ်မှု ပုဒ်မ ၃၂၅/၂၉၄/၃၄၁/၅၀၄/ ၁၉(င)ဖြင့်အမှုဖွင့်အရေးယူစစ် ဆေးနေကြောင်း အဆိုပါရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။
    .
    ယင်းဖြစ်ရပ်ကို အွန်လိုင်း တွင် လှုံ့ဆော်ရေးသားသူအချို့က ‘‘သင်္ဃန်းကျွန်း တိုးချဲ့(က)ရပ် ကွက်မှာဖြစ်တဲ့ မွတ်စလင် ကု လားတွေက ဗမာကောင်လေးကို ၀ိုင်းရိုက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး မျိုးချစ်မြန်မာ့ ရဟန်းတော်များ သမဂ္ဂ ဆရာတော်တွေနဲ့အတူ မျိုး ချစ်အဖွဲ့တွေ ရပ်ကွက်ဓမ္မာရုံမှာ ကာယကံရှင်တွေကို မေးမြန်းစုံ စမ်းပြီး သုဝဏ္ဏရဲစခန်းမှာ ခရိုင် မှူး၊ မြို့နယ်မှူး၊ ရပ်မိရပ်ဖတာဝန် ရှိသူတွေနဲ့ တွေ့ဆုံပြီး တရားခံ တွေကို ထိထိရောက်ရောက် အ ရေးယူဖို့ ဆွေးနွေးနေကြောင်း’’ စ သည်ဖြင့် ရေးသားခဲ့သည်ဟု ဧပြီ ၂၄ ရက် အွန်လိုင်းစာမျက်နှာ တွင် ဖော်ပြပြီးနောက် ဖြန့်ဝေသူ ခြောက်ရာခန့်ရှိခဲ့သည်။
    .
    အဆိုပါအမှုဖြစ်ပွားပြီး နောက် လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် အစ္စလာမ်ဘာသာ ၀င်အမျိုးသား ငါးဦးက အအေး သောက်ရန်လာသည့် အမျိုးသား တစ်ဦးကို ၀ိုင်းဝန်းရိုက်နှက်ခဲ့ သည့်အတွက် လူစုလူဝေးဖြစ်ပေါ် ခဲ့ကြောင်း သတင်းများ ဖြန့်ဝေခဲ့ သော်လည်း ထိုကဲ့သို့ဖြစ်ပွားမှု မ ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အဆင့်မြင့်ရဲအရာရှိ တစ်ဦးကပြောသည်။
    .
    http://www.7daydaily.com/story/63176
    ဓါတ်ပုံရှင်းလင်းချက်- သင်္ဃန်းကျွန်းမှ ရန်ပွဲနှင့်ပတ်သက်ပြီး လှုံ့ဆော်ရေးသားမှုအချို့