News @ M-Media

Blog

  • ဟဇာဒ့်မှာ ချယ်ဆီး၏ မက်ဆီဟု ဖာဘရီဂတ်စ်ဆို

    ဟဇာဒ့်မှာ ချယ်ဆီး၏ မက်ဆီဟု ဖာဘရီဂတ်စ်ဆို

    အောက်တိုဘာ ၉ ၊ ၂၀၁၄
    M-Media
    EMP_CHEL_LIVER_14-451020
    – ဘာစီလိုနာတွင် မက်ဆီမှာ အသင်းအပေါ် အကျိုးသက်ရောက်မှု ရှိသကဲ့သို့ ဟဇာဒ့်မှာလည်း ချယ်ဆီးအသင်းအပေါ် သက်ရောက်မှုရှိသည်ဟု ချယ်ဆီးကွင်းလယ်လူ ဖာဘရီဂတ်စ်က ပြောကြားလိုက်သည်။

    ဟဇာဒ့်မှာ မော်ရင်ဟို ချယ်ဆီးသို့ ပြန်လည်ရောက်ရှိလာပြီးနောက် အသင်း၌ နေရာရလာခဲ့ပြီး အသင်း၏ ကွင်းလယ်မောင်းနှင်အားလည်း ဖြစ်လာခဲ့သည်။

    “သူ(ဟဇာဒ့်)က အသင်းရဲ့ အလယ်တန်းနဲ့ တိုက်စစ်ကို ချိတ်ဆက်ပေးပါတယ်။ သူရဲ့ ထူးခြားဆောင်ရွက်မှုကြောင့် ကျွန်တော်တို့ရဲ့ မက်ဆီပါပဲ။ ကျွန်တော်တို့အသင်းဟာ နုသေးပေမယ့် အနာဂတ်နဲ့ ပတ်သက်လို့တော့ အကောင်းမြင်ပါတယ်” ဟု ဖာဘရီဂတ်စ်က Cope ရေဒီယိုသို့ ပြောကြားခဲ့သည်။

    ဘာစီလိုနာတွင် မက်ဆီနှင့် ၄ နှစ်ကြာတွဲကစားခဲ့သည့် ဖာဘရီဂတ်စ်မှာ ပရီးမီးယားလိဂ်သို့ ပြန်လည်ရောက်ရှိလာပြီးနောက် ခြေစွမ်းကောင်းများကို ပြသေနေပြီး ပြီးခဲ့သည့် တစ်ပတ် အသင်းဟောင်း အာဆင်နယ်အား ၂ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် အနိုင်ဂိုး တစ်ဂိုးအား ဖန်တီးပေးနိုင်ခဲ့သည်။

    ထို့ပြင် ဖာဘရီဂတ်စ်က ပြီးခဲ့သည့်နွေရာသီတွင် အာဆင်နယ်နှင့် ချယ်ဆီးတို့အပါအ၀င် ကလပ်အသင်း ၃ သင်းက မိမိအား စိတ်ဝင်စားခဲ့ပြီး၊ မော်ရင်ဟိုကြောင့် ချယ်ဆီးသို့ ပြောင်းရွှေ့လာခြင်းဖြစ်သည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

  • တက္ကသိုလ်ဝင်တန်း ထူးချွန်စွာ အောင်မြင်သူများကို ဂုဏ်ပြုပွဲ ပဲခူးတွင်ပြုလုပ်

    တက္ကသိုလ်ဝင်တန်း ထူးချွန်စွာ အောင်မြင်သူများကို ဂုဏ်ပြုပွဲ ပဲခူးတွင်ပြုလုပ်

    အောက်တိုဘာ ၉ ၊ ၂၀၁၄
    M-Media
    သတင်း-သူရိန်
    1
    ပဲခူး ။    ။ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် တက္ကသိုလ် ဝင်တန်းအောင်သူများအား ဂုဏ်ပြုပွဲ တစ်ရပ်ကို ပဲခူးမြို့ ဒါရ်ဂါ ခန်းမတွင်ကျင်းပခဲ့ကြောင်း သိရပါတယ်။

    သီတင်းကျွတ်လပြည့်နေ့တွင် ကျင်းပသည့် အဆိုပါ တက္ကသိုလ်ဝင်တန်း အောင်မြင်သူများကို ဂုဏ်ပြု ချီးမြှင့်သည့် အစီအစဉ်ကို နှစ်စဉ် ကျင်းပမြဲဖြစ်ရာ ယခုအခါ ဆယ်စုနှစ် တစ်ခုသို့တိုင် ရောက်ရှိနေပြီလည်းဖြစ်ပါတယ်။

    ၁၀ တန်းတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသားကျောင်းသူများကို ပဲခူးမြို့ မြန်မာမွတ်စလင်မ် ပညာရေးနှင့် ငြိမ်းချမ်းရေး ကော်မတီမှ ကြီးမှူးကျင်းပကာ ဂုဏ်ပြုဆုများ ချီးမြှင့်ခြင်းလည်း ဖြစ်ကြောင်း သိရပါတယ်။
    6
    အဆိုပါ ကော်မတီဥက္ကဌ ဦးထွန်းအောင်ကျော်က ” အဓိကရည်ရွယ်ချက်ကတော့ ပဲခူးမြို့နယ်အတွင်းမှာ ရှိတဲ့ မွတ်စလင်မ် ကျောင်းသား လူငယ်တွေ ပညာတတ်တွေ တိုးပွားဖို့ ဖြစ်ပါတယ်”ဟုM-Media သို့ ပြောပြပါသည်။ တိုင်းပြည် တိုးတက်ဖို့ ပညာတတ် များစွာ လိုအပ်ကြောင်း ပဲခူးမှာ ပညာတတ်များ တိုးပွားဖို့ ရည်ရွယ်ကြောင်း ၄င်းကဆိုပါတယ်။

    ” ယခုကဲ့သို့ ဂုဏ်ပြုတဲ့ အတွက် အရမ်းလည်း ပျော်ပါတယ်။ ဂုဏ်လည်းယူပါတယ်” ဟု ဘုရားကြီးမြို့ မင်းလမ်းရပ်ကွက်မှ သုံးဘာသာ ဂုဏ်ထူးရှင် တစ်ဦးက ၄င်း၏ ပီတိစကားကို ပြောပါတယ်။

    2

    မြန်မာမွတ်စလင်မ် ပညာရေးနှင့် ငြိမ်းချမ်းရေး ကော်မတီမှ ၉တန်းနှင့် ၁၀တန်း အခမဲ့ ကျုရှင်ကို ဖွင့်လှစ်ထားပြီး ပညာရေးအပြင် ငြိမ်းချမ်းရေးနှင့် ပရဟိတ လုပ်ငန်းစဉ်များကို အခြားသော ရည်ရွယ်ချက်တူ အဖွဲ့များနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်းလည်း သိရပါတယ်။

    ယခုနှစ် တက္ကသိုလ် ဝင်တန်းအောင် ကျောင်းသား ကျောင်းသူများတွင် သုံးဘာသာ ဂုဏ်ထူးရှင် ၃ ဦး နှစ်ဘာသာ ဂုဏ်ထူးရှင် ၂ ဦး နှင့် တစ်ဘာသာ ဂုဏ်ထူးရှင် ၈ ဦးတို့ ပါဝင်ခဲ့ကြောင်း သတင်း ရရှိပါတယ်။

  • ကုလားစုတ်နဲ့ ချင်းစုတ် – မြန်မာတွေရဲ့ “ethnic labeling” အကျင့်

    ကုလားစုတ်နဲ့ ချင်းစုတ် – မြန်မာတွေရဲ့ “ethnic labeling” အကျင့်

    အောက်တိုဘာ ၈ ၊ ၂၀၁၄
    M-Media
    သူရမင်းမင်း ရေးသည်။
    photo 4 copy

    တရက် တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို လူမျိုးအမည်တပ်တဲ့ ကိစ္စ သွား သတိထားမိပါတယ်။ အရင်က မွတ်စလင်တွေကိုသာ ကုလားစုတ်၊ ခွေးကုလား၊ အထက်အောက် ဆဲပြီး ခေါ်တာ ကြားဖူးပေမယ့် ဒီနေ့ တော့ မြန်မာငြိမ်းချမ်းရေးစင်တာ (Myanmar Peace Center) က ဒေါက်တာ ဆလိုင်း အန်ဒရူး ငွန်ကျုံးလျန်ကိုေ-ာက်ချင်းစုတ်၊ ခွေးချင်း၊ တမျိုးလုံး သိက္ခာကျအောင် လုပ်နေတဲ့ ချင်း ဆိုပြီး ဝေဖန် ရေးသားကြတာတာ ထားမိပါတယ်။

    ဒေါက်တာငွန်ကျုံးလျန်ကို မှန်တယ် မှားတယ်မပြောလိုပါဘူး။ ဘယ်ဖက်ကိုမှ လိုက်ပြီးတော့ လည်းမပြောလိုပါဘူး။ ဒါပေမဲ့ မြန်မာပြည်သူတွေက လူတစ်ယောက်ရဲ့ လုပ်ရပ်၊ အထူးသဖြင့် လူနည်းစုထဲက တယောက်ယောက်ရဲ့  လုပ်ရပ်ကို ပြောတဲ့နေရာမှာ သူ့ လူမျိုးကိုပါ ဆွဲထည့်ပြီး ပြောတတ် တာရယ်၊ ပြောတာတောင် ရိုးရိုးပြောတာ မဟုတ်ဘဲ လူမျိုးနဲ့  မဖွယ်မရာတွေကို တွဲပြီး၊ ခိုင်းနှိုင်းပြီး သိမ်းကျုံးပြီး စော်ကားတတ်တဲ့ အကျင့်ဆိုးကို မီးမောင်းထိုးပြချင်တာပါ။

    အကြောင်းအရာက ဒီလိုပါ။

    MPC မှာ ဥပဒေ ပညာရှင်တယောက်အနေနဲ့  လုပ်ကိုင်နေတဲ့ ဒေါက်တာ ငွန်ကျုံးလျန်ဟာ ခု နောက်ပိုင်း သူ့ ရဲ့ နိုင်ငံရေးရပ်တည်ချက်ကြောင့်၊ အထူးသဖြင့် အစိုးရဘက် ရပ်တည်တယ်လို့  ယူဆခံရချက်တွေကြောင့် ဝေဖန်ခံရပါတယ်။ တလောက သတင်းမီဒီယာတခုနဲ့  အင်တာဗျူး မှာ ၂၀၀၈ ဖွဲ့ စည်းပုံကို စမ်းသုံးကြည့်ဖို့ ၊ နိုင်ငံရေး ပါတီတွေအနေနဲ့  အဲ့ဒီ ဖွဲ့ စည်းပုံကို ပြောင်း လဲဖို့  ပြည်သူတွေကို ပြန်ပေးဆွဲ Hijack မလုပ်ဖို့ ပြောပါတယ်။ NLD ကို တိုက်ရိုက် ဝေဖန်တယ်လို့  ပြောလို့ ရပါတယ်။

    ဒါပေမဲ့ NLD ကို ဝေဖန်တဲ့ ဗမာတွေကိုေ-ာက်ဗမာ၊ ခွေးဗမာ၊ ဗမာစုတ်ရယ်လို့  လူမျိုးကို ထည့်ပြီးမဆဲပါဘူး။

    သူပြောတာ ဝေဖန်ချင်တယ်ဆိုရင် သူ့ ကို လူတစ်ယောက်အနေနဲ့ သာ ဝေဖန်သင့်ပါတယ်။ သူက ချင်းတိုင်းရင်းသားသာဖြစ်ပြီး ချင်းတွေကို ကိုယ်စားပြုပြောတာ မဟုတ်သလို၊ ချင်းတွေရဲ့  ပေါ်လစီရပ်တည်ချက်ကို ပြောတာလဲ မဟုတ်ပါဘူး။ ချင်းအဖွဲ့ အစည်းတွေက သူတို ရပ်တည် ချက်ကို ပြောတယ် ဆိုရင်တောင် နိုင်ငံရေး အနေနဲ့ သာ ကိုင်တွယ်ရမှာဖြစ်ပြီး လူမျိုးရေးကိုဆွဲ ထည့်လို့ မရပါဘူး။

    ဗမာတွေထဲမှာလည်း ဒေါ်စုနဲ့  NLD ကို ဝေဖန်တဲ့လူတွေ၊ တိုက်ခိုက်တဲ့လူတွေ အများကြီးရှိပါ တယ်။ နိုင်ငံရေး အသိုင်းအ၀ိုင်းထဲကနေ တရားဝင်ဝေဖန်သလို အွန်လိုင်းမှာ ဝေဖန်ရေးသား နေတာ တွေလည်းရှိပါတယ်။ ဒါပေမဲ့ NLD ကို ဝေဖန်တဲ့ ဗမာတွေကိုေ-ာက်ဗမာ၊ ခွေးဗမာ၊ ဗမာစုတ်ရယ်လို့  လူမျိုးကို ထည့်ပြီးမဆဲပါဘူး။

    NLD မပြောနဲ့၊ ဒီလောက်ဆိုးရွားပါတယ်ဆိုတဲ့ စစ်တပ်ဖက်ကလိုက်တဲ့ လူတွေကိုဆဲရင်တောင် ဗမာလူမျိုးကို ထည့်မပြောပါဘူး။

    photo 2 copy

    တလောကပဲ MPC က ဦအောင်နိုင်ဦးက ရန်သူမျိုးငါးပါးမကတော့ပဲ မီဒီယာတွေက နောက် ထပ် ရန်သူမျိုးတစ်ပါးဖြစ်တယ်လို့ ပြောတဲ့အကြောင်း မီဒီယာမှာ ဝေဖန်ခံ ရပါတယ်။ ဒီလိုပဲ သမ္မတဦးသိန်းစိန်က ရုပ်ရှင် သရုပ်ဆောင်တွေနဲ့ တွေ့ တဲ့နေ့ က ပြသနာလုပ်တဲ့ သတင်း သမားတွေကို ထောင်ထဲပို့ မယ်လို့  MPC က ဒေါက်တာမင်းဇော်ဦးက ပြောပါတယ်။

    သူတို့ ကိုတော့ ဗမာစုတ်၊ေ-ာက်ဗမာ၊ ဗမာတမျိုးလုံး သိက္ခာ ကျအောင်လုပ်နေတယ်လို့  မဆဲကြပါဘူး။

    ဒါပေမဲ့ ဒေါက်တာငွန်ကျုံးလျန်လို တိုင်းရင်းသား လူနည်းစုတစ်ယောက်က ပြောတော့ ချင်းဆိုတာကို ဆွဲထည့်ပြီး မနှိုင်းသင့်တာတွေနဲ့  နှိုင်းပြီးဆဲပါတော့တယ်။

    ဘာကြောင့်လဲ။

    ဗမာတွေ လုပ်ရင် လူမျိုးကို ထည့်မပြောဘဲ တခြားလူတွေလုပ်တော့ကျရင်မှ ဘာကြောင့် လူမျိုး ကိုထည့်ပြောရတာလဲ။ လူတယောက်ယောက်ရဲ့ လုပ်ရက်ကို အမိအရအသုံးချပြီး အဲ့ဒီလူ ရဲ့ လူမျိုးတခုလုံးကို သိက္ခာဆွဲချလိုက်ချင်တာလား။

    မြန်မာပြည်မှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ တန်းတူရေးတို့ အတွက် ကြိုးစားနေချိန်မှာ အခုလို လူမျိုးကို ထည့်ပြီးပြောတာတွေဟာ ဗမာတွေကို တိုင်းရင်းသားတွေ ယုံကြည်လာရေး မှာ အဟန့် အတားဖြစ်စေနိုင်တယ်၊ ဗမာတွေဟာ တိုင်းရင်းသားတွေကို အရင်လို အထင်သေး မြဲ၊ ဂရုမစိုက်မြဲ၊ နှိမ်ချမြဲ ဆိုတာ ပိုပြီးပေါ်လွင်နေစေတယ်။ ဒီလို “ethnic labeling” အကျင့်တွေကို ပြင်ဖို့ လိုတာ ဆိုတာ မီးမောင်းထိုးပြလိုက်ရပါတယ်။

  • မင်္ဂလာဆောင်ပြီး နာရီပိုင်းအကြာ သတို့သမီးအား ပစ်သတ်ပြီး ကိုယ်ကို သတ်သေခဲ့တဲ့ သတို့သား

    မင်္ဂလာဆောင်ပြီး နာရီပိုင်းအကြာ သတို့သမီးအား ပစ်သတ်ပြီး ကိုယ်ကို သတ်သေခဲ့တဲ့ သတို့သား

    အောက်တိုဘာ ၈ ၊ ၂၀၁၄
    M-Media
    1412693533846_wps_25_VIGO_CO_Ind_WTHI_New_deta
    – ငွေကြေးဆိုင်ရာ ပြဿနာကြောင့် မင်္ဂလာဆောင်ပြီး နာရီပိုင်း အကြာတွင် သတို့သားက သတို့သမီးအား သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် ဖြစ်ရပ်တစ်ခု အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ်တွင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    င်္တရီဟော့တ်မြို့ရှိ အိုဟိုင်းယိုး အဆောက်အဦး ရှိနေအိမ်တွင် မင်္ဂလာပွဲပြုလုပ်စဉ် တနင်္ဂနွေနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၅၄ နှစ်အရွယ် သတို့သား ဒေါက်တာ ဂျော့စကော့ ဆမ်ဆန်ဆိုသူက အသက် ၅၀ အရွယ် သတို့သမီး ကီလီ အက္ကာအား သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

    စနေနေ့ညပိုင်းက စတင်ခဲ့သည့် အဆိုပါ မင်္ဂလာပွဲတွင် ဆမ်ဆန်က အက္ကာအား မင်္ဂလာဆောင်ပြီးနောက် မိမိ၏ ငွေများကို လက်ဝါကြီး မအုပ်ရန် ပြောကြားခဲ့ရာမှ ၎င်းတို့နှစ်ဦး ပြဿနာတက် ခဲ့ကြသည်။ ဧည့်သည်များကလည်း ထိုပြဿနာကြောင့် တနင်္ဂနွေနေ့ နံနက် ၁ နာရီကျော်ခန့်တွင် ထို မင်္ဂလာဆောင်မှ ပြန်သွားခဲ့သည်။

    ထို့နောက် ဆမ်ဆန်နှင့် အက္ကာတို့မှာ အကြီးအကျယ် စကားများခဲ့ကြပြီး အက္ကာမှာ မိမိ၏ အသက် အန္တရာယ်ကို စိုးရိမ်နေရသည်ဟု ရဲစခန်းအား ၃ ကြိမ်တိုင်တိုင်ဖုန်းဆက် တိုင်ကြားခဲ့ကာ နောက်ဆုံး အကြိမ်တွင် ဆမ်ဆန်က အက္ကာအား ပစ္စတိုဖြင့်ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။

    ရဲတပ်ဖွဲ့ဝင်များရောက် ရှိလာချိန်တွင် အက္ကာမှာ ဦးခေါင်းနှင့် လည်ပင်းတို့တွင် သေနတ်ဒဏ်ရာများနှင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရပြီး ဆမ်ဆန်၏ အလောင်းကိုလည်း အဆိုပါအိမ်ရှိ မြေအောက်ခန်းတွင် တွေ့ရှိခဲ့ရကာ မိမိကိုယ်ကို သတ်သေခြင်းဖြစ်မည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    ဆမ်ဆန်မှာ မေ့ဆေး ဆရာဝန်ဖြစ်ပြီး အက္ကာမှာ သူနာပြုဖြစ်ကာ ဆေးရုံတစ်ရုံတည်းတွင် အလုပ်လုပ်နေသူများဖြစ်သည်။ အက္ကာတွင် သားတစ်ဦးရှိပြီး အခင်းဖြစ်ပွားနေ ချိန်တွင် ၎င်း၏ သားနှင့် ဆမ်ဆန်၏ မိဘဟုယူဆရသူ လူကြီး ၂ ဦးရှိနေသော်လည်း မည်သည့် ထိခိုက်မှုမှ မရှိခဲ့ပေ။

    ref_ Daily Mail

  • မုန်တိုင်းကြောင့် ရေပိုင်နက်ထဲ ဝင်လာသည့် သီရိလင်္ကာ ငါးဖမ်း သင်္ဘောများအား မြန်မာ အာဏာပိုင်များ ဖမ်းဆီး

    မုန်တိုင်းကြောင့် ရေပိုင်နက်ထဲ ဝင်လာသည့် သီရိလင်္ကာ ငါးဖမ်း သင်္ဘောများအား မြန်မာ အာဏာပိုင်များ ဖမ်းဆီး

    အောက်တိုဘာ ၈ ၊ ၂၀၁၄
    M-Media

    – မြန်မာ့ရေပိုက်နက် အတွင်းသို့ ငါးဖမ်း သင်္ဘော ၃ စီးဖြင့် ၀င်ရောက်လာခဲ့သည့် သီရိလင်္ကာမှ ငါးဖမ်းသမား အုပ်စုကို ဖမ်းဆီး လိုက်သည်ဟု မြန်မာ အာဏာပိုင်များက အောက်တိုဘာ ၇ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

    အဆိုပါ ငါးဖမ်းသမား အုပ်စုမှာ သီရိလင်္ကာတောင်ပိုင်း ကမ်းရိုးတမ်းမှ ထွက်ခွာလာခြင်းဖြစ်ပြီး မုန်တိုင်းကြောင့် လမ်းလွဲကာ ရောက်ရှိလာ ခဲ့ခြင်းဖြစ်သည်ဟု စောစောပိုင်း သတင်းများတွင် ဖော်ပြခဲ့သည်။

    သီရိလင်္ကာ ငါးဖမ်းသင်္ဘော ၃၀ မှာ မုန်တိုင်းဒဏ်ကို ခံစားခဲ့ရသည်ဟု သီရိလင်္ကာ ငါးလုန်ငန်းဌာနမှ လက်ထောက် ဒါရိုက်တာ လာလ် ဒီ ဆီးလ်ဗားက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထိုငါးဖမ်းသင်္ဘောများအား မြန်မာ့ရေပိုင်နက်အတွင်းသို့ ၀င်ရောက်ခွင့်ပြုရန် မြန်မာအစိုးရထံ တောင်းဆိုထားပြီး ပြန်လည်အကြောင်းမကြားသေးကြောင်း၊ ငါးဖမ်းသမားများမှာ တရားမ၀င် ၀င်ရောက်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်း ခံရနိုင်ကြောင်း ဆီးလ်ဗားက ထပ်လောင်းပြောကြားခဲ့သည်။

    “လိုအပ်တဲ့အကူညီတွေကိုပေးဖို့ ကျွန်တော်တို့ဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတွေကို မေတ္တာရပ်ခံထားပါတယ်”

    ref_ ဆင်ဟွာ