News @ M-Media
Blog
  • ရေနစ်သူ ဟိန္ဒူ  မိန်းကလေးကို ကယ်တင်ရင်း မွတ်စ်လင်မ် လူငယ်နှစ်ဦး သေဆုံး
    ရေနစ်သူ ဟိန္ဒူ မိန်းကလေးကို ကယ်တင်ရင်း မွတ်စ်လင်မ် လူငယ်နှစ်ဦး သေဆုံး
    စက်တင်ဘာ ၂၈ ၊ ၂၀၁၄
    M-Media
    two-muslim-boys-died-saving-a-hindu-girl-from-drowning
    ပြီးခဲ့သည့် တနင်္လာနေ့က လူမျိုးရေးဆိုင်ရာ အကဲဆတ်လွန်းသော ဤမြို့၌ လူ့အဖွဲ့အစည်းဝင်အားလုံး တူညီစွာ ၀မ်းနည်းပူဆွေးမှုတစ်ရပ် ဖြစ်ခဲ့သည်။ ၎င်းမှာ ရေနစ်နေသော ဟိန္ဒူမိန်းမငယ်တစ်ဦးကို ကယ်တင်ရန်ကြိုးစားရာမှ မွတ်စ်လင်မ်လူငယ်နှစ်ဦး အသက်ဆုံးရှုံးသွားခဲ့ခြင်း ဖြစ်သည်။ ယင်းဈာပနသို့ လူ့အဖွဲ့အစည်းဝင်အသီးသီးက တက်ရောက်ခဲ့ကြသည်။
    ဆူမန်း အမည်ရှိ မိန်းကလေးသည် ဟင်းလင်းပွင့်နေသော မြောင်းကြီးအတွင်းသို့ မတော်တဆကျသွားရာ ဒါနိရှ် နှင့် နုအ်မာန်း တို့မှ သူမအား ဆင်းဆယ်ကယ်တင်ရန် ကြိုးစားကြသည်။  တနင်္ဂနွေနေ့တွင် ၎င်းတို့သုံးဦးလုံး၏ ရုပ်အလောင်းကို စစ်တပ်မှ ရှာဖွေတွေ့ရှိသည်။ ဒါနိရှ် နှင့် နုအ်မာန်းတို့မှာ  သူရဲကောင်းပီသစွာ သေဆုံးရသည်ဟု ဟိန္ဒူနှင့် မွတ်စလင်မ် နှစ်ဖက်စလုံး အမြင်ရှိကြသည်။ သူတို့၏ရုပ်ကလာပ်အား အမျိုးသားများက မြို့လယ်လမ်းတစ်လျှောက် ပုခုံးထမ်းလိုက်ပို့ကြစဉ်  ဟိန္ဒူအမျိုးသမီးများက ခေါင်မိုးပေါ်မှ ပန်းများကြဲချနေကြသည့်မြင်ကွင်းကို တွေ့ကြရသည်။
    “ ကျွန်မအဖို့ သူတို့နှစ်ဦးဟာ လက်တွေ့မျက်တွေ့ သူရဲကောင်းတွေပါပဲ။ လမ်းပေါ်မှာ တစ်စုံတစ်ယောက်မှ အသက်ငင်နေတာတောင် ဒီမြို့ကလူတွေဟာ နှုတ်ပိတ်လက်ပိုက်ကြည့်နေလေ့ရှိကြတယ်။ လူ့အသက်တစ်ချောင်းဟာ ဘာသာရေးကွဲပြားမှုထက် အရေးကြီးတယ်ဆိုတာကို ဒီလူငယ်လေးနှစ်ယောက်က သက်သေပြလိုက်တာပါပဲရှင် ” ဟု မြို့ခံတစ်ဦးဖြစ်သူ Sakshi Mehrotra မှ ဆိုသည်။
    ယင်းလူငယ်နှစ်ဦးအတွက် ဈာပနဆုတောင်းဝတ်ပြုမှု စတင်ပြုလုပ်ပြီး မရှေးမနှောင်းတွင် ထိုအခမ်းအနားအတွက် ရဲအင်အား ထူထပ်စွာ ချခဲ့ကြသည်။ ဆူမန်း၏မိသားစုနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်အတွင်း ပါဝင်ခဲ့သော တပ်မတော်သားများအတွက်လည်း ဓမ္မဆရာများက ထည့်သွင်းဆုတောင်းပေးခဲ့သည်။
    ဒေသတွင်းခေါင်းဆောင်ဖြစ်သူ အစ်က်ရာမ် ကုရိုင်းရှီမှ “ဒီအဖြစ်အပျက်က တွန်းပို့လိုက်တဲ့ လူမျိုးရေးချစ်ကြည်မှုဟာ ဒီမြို့မှာ ရေရှည်တည်တံ့ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ပြောကြားသည်။ ကွယ်လွန်သေဆုံးသူတို့၏ မိသားစုအသီးသီးကို နှစ်သိမ့်ငွေ ငါးသိန်း ချီးမြှင့်ပြီး မိသားစုဝင်တစ်ဦးချင်းကို အစိုးရအလုပ်အကိုင်တစ်ရပ်စီ ခန့်အပ်ပေးမည်ဟု အာဏာပိုင်များထံမှ သိရသည်။
    Ref : Hindustan Times
  • ကမ္ဘာ့ သတ္တမအကြီးဆုံး ဟာဆန်ဗလီ ဝတ်ကျောင်းတော် ( သို့ )  King Hassan II Mosque
    ကမ္ဘာ့ သတ္တမအကြီးဆုံး ဟာဆန်ဗလီ ဝတ်ကျောင်းတော် ( သို့ ) King Hassan II Mosque
    စက်တင်ဘာ ၂၈ ၊၂၀၁၄
    M-Media
    4
    မြေထဲပင်လယ်လို့ပြောလိုက်တာနဲ့ ဂျီဘရော်တာရေလက်ကြားကို တွဲမြင်မိကြမှာပါ။ ဂျီဘရော်တာရေလက်ကြားရဲ့ တောင်ဖက်မှာ မော်ရိုကို “Morocco” နိင်ငံတည်ရှိပါတယ်။
    Morocco နိုင်ငံဟာ အေးချမ်းသာယာ လှပမှုကြောင့် ကမ္ဘာ့ပေါ်မှာ နာမည်ကြီးသလို ၊ဒီနိုင်ငံထဲက Casablanca ဆိုတဲ့မြို့ဟာ ကမ္ဘာ့လှည့်တွေ၊ သန်းကြွယ်သူဋ္ဌေးကြီးတွေ လာရောက်အပန်းဖြေ ကြတဲ့ လှပတဲ့ ကမ်းခြေမြို့တစ်ခုပါ။ Hollywood Celebrity တွေရဲ့ သည်းခြေကြိုက်မြို့ တစ်မြို့လည်းဖြစ်ပါတယ်။
    Casablanca မြို့ရဲ့လှပတဲ့ကမ်းခြေအငူလေးတစ်ခုပေါ်မှာ မော်ရကိုနိုင်ငံရဲ့ဘုရင်ဟာဆန်က ၁၉၈၆ခုနှစ်မှာ ကမ္ဘာ့သတ္တမ မြောက် အကြီးဆုံး ဗလီဝတ်ကျောင်းတော် ဖြစ်လာမည့် ဟာဆန်ဗလီဝတ်ကျောင်းတော်ကို စတင်အုတ်မြစ်ချခဲ့ပါတယ်။
    ပြင်သစ်လူမျိုး ဗိသုကာပညာရှင် Michel Pinseau က ဦးဆောင်ဆောက် လုပ်ခဲ့ပြီး၊ စကျင်ကျောက်ပြားများ၊ သစ်ကတိုးများ ကိုသုံးစွဲကာ ဥရောပ နဲ့ အာရဗ် ယဉ်ကျေးမှု အနုပညာလက်ရာ ပုံစံ များနဲ့ အလှဆင်ထားပါတယ်။ ၁၉၉၃ မှာပြီးစီးခဲ့ပြီး အမေရိကန် ဒေါ်လာ ၇၅၀ သန်း ကုန်ကျခဲ့တယ်လို့ သိရပါတယ်။
    ဒီဗလီဝတ်ကျောင်းတော် အတွင်း ပရဝဏ်မှာ လူပေါင်း ၂၅၀၀၀ ဝတ်ပြုနိုင်ပြီး  ပြင်ပ ဝတ်ပြု ဆုတောင်း ဧရိယာမှာ ဝတ်ပြု ဆုတောင်းသူပေါင်း ရှစ်သောင်း ဝတ်ပြုနိုင်ပြုနိုင်ကာ ဝတ်ပြု ဆုတောင်းသူစုစုပေါင်း တစ်သိန်း ငါးထောင်ကျော် တစ်ပြိုင်တည်းဝတ်ပြုနိုင်ပြီးလက်ခံနိုင်တယ် လို့သိရပါတယ်။
    Minaret လို့ခေါ်တဲ့ ဝတ်ပြုရန်ဖိတ်ခေါ်တဲ့မျှော်စင်က ပေပေါင်း ၆၈၉ ပေ မြင့်ပြီး ကမ္ဘာ့ပေါ်က ဗလီဝတ်ကျောင်းတော် အားလုံးထဲမှာ အမြင့်ဆုံးမျှော်စင်လည်း ဖြစ်ပါတယ်။ထူးခြားတာက ဝတ်ကျောင်းတော်ကြီးမှာ တပ်ဆင်ထားတဲ့ crystal clear glass တွေမှတစ်ဆင့် အတ္တလန်တိတ် သမုဒ္ဒရာကြီးရဲ့အလှကို ရှု့မငြီးအောင် ခံစားနိုင်တယ်လို့ ဆိုပါတယ်ခင်ဗျား။
    Dr Ko Ko Gyi ရှာဖွေတင်ပြသည်။
    1  3
    5
    6
    7
    8
    9
    10
    12 13
    14
    15 16
    17
  • ကမ္ဘာ့ လက်ဝှေ့ကြိုးဝိုင်းထဲမှ မွတ်စလင်များ
    ကမ္ဘာ့ လက်ဝှေ့ကြိုးဝိုင်းထဲမှ မွတ်စလင်များ
    ဘာမထီခင်အောင်
    အစ္စလာမ်သုတ မဂ္ဂဇင်း မှ ကူးယူဖော်ပြပါသည်။
    011
    “ဘားမား၊ဘားမား၊ ဘားမား” ဟူသော ရွှေပွဲလာ လက်ဝှေ့ပရိသတ် သုံးထောင်ကျော်ကျော်၏ လက်ခုပ်သြဘာသံကြီးးသည် အနောက်ဂျာမနီနိုင်ငံ မြူးနစ် မြို့တော်ကြီးမှ လက်ဝှေ့အားကစားရုံကြီး ပြိုမတတ်တည်းလျက်ရှိနေသည်။
    ကြိုးဝိုင်းဒိုင်၏ မှတ်စဉ် ရေတွက်မှုကိုခံယူပြီး ကျူးဘားချန်ပီယံ ပြန်လည်ထလာ၍ ဆက်ပြီးထိုးသည်။ အလွန်လျှင်မြန်စွာ ဘယ်ညာထောက် လက်သီးတွေကို ခရားရေ လွှတ် ထိုးလျက် နေရာရွှေ့ရွှေ့သွားသော ၀င်းမောင်အား ကျူးဘားချန်ပီယံက ဖမ်းမမိဖြစ်နေ၏။
    ပထမအချီပြီးသည်တွင် မြန်မာ့လက်ရွေးစင်ဝင်းမောင် အမှတ်ဖြင့် အနိုင်ရနေသည်။
    ဒုတိယအချီဝယ် ၀င်းမောင်က မိုဟာမက်အလီ ထိုးဟန်အတိုင်း ခြေရွှေ့လှုပ်ရှားပြီး ညာဖြောင့်တွဲလုံးတွေကို လှစ်ကနဲ လှစ်ကနဲ နေအောင်ထိုး၏။ ဘယ်ကျော် လက်သီးရှင် အိုလင်းဒိုက အ၀င်လိုက်တွင် ၀င်းမောင်က ညာဖြတ်တစ်လုံး သုံးလိုက်ပြန်ရာ ကျူးဘားချန်ပီယံ ပက်လက်လန်၍ ကျသွားရပြန်သည်။
    “ဘားမား၊ ဘားမား” ဟူသော အားပေးသံကြီးသည် မြူးနစ်မြို့ကြီးကို ပြိုလဲမတတ် မြည်ဟည်းလှချေသည်။
    ထိုအချီပြီးတော့လည်း ၀င်းမောင်ပဲ အမှတ်ဖြင့်သာပြန်သည်။ အဲ တတိယနောက်ဆုံးအချိန်၌ ၀င်းမောင်လည်း အိုလင်းဒိုလက်သီးချက်ကြောင့် လဲကျခဲ့ရသည်။ သို့တစေ ထ၍ ပြန်ထိုးနှက်ကြသည်။ တတိယအချီပြီးတော့ အမှတ်ပေးဒိုင် ၅ ဦးရှိသည့်အနက် ၃ ဦးက ကျူးဘားနိုင်ငံမှ အိုလင်းဒိုမာတင်းနစ်ဇ်အား အနိုင်ပေးလိုက်လေရာ ရွာတစ်ရွာလုံး ပွက်လောရိုက်ကုန်တော့သည်။
    “မတရားဘူး၊ မတရားဘူး၊ ဘားမားနိုင်တာ၊ ဘားမားနိုင်တာ” ဟု ဟစ်ကြွေးလေသည်။
    Win Maung Boxer
    မည်သို့ ဟစ်ကြွေးကြပေမယ့် (ဒိုင်လူကြီး၏ အဆုံးအဖြတ်သည်သာ အမှန်) ဟု ဆိုထားလေသဖြင့် ၀င်းမောင်ခမျာ အနိုင်ရသင့်ပါလျက် ရှုံးခဲ့ရချေသည်။
    ပွဲပြီးတော့၊ ၁၉၃၀-၃၂ ခုနှစ်က ကမ္ဘာ့ဟဲဗီးဝိတ် သရဖူပိုင်ရှင်ဖြစ်ခဲ့သူ ဂျာမန်အာဏာရှင် ဟစ်တလာကပင် အိမ်ဖြူတော်သို့ ခေါ်တွေ့ကာ ဂုဏ်ပြုခြင်းခံခဲ့ရသူ၊ နာမည်ကျော် ဂျိုးလူးဝစ်ကိုပင်လျှင် ၁၂ ချီ အရောက် နောက်ကော်ထိုးချခဲ့သူ မက်စ်ရှမဲလင်း (Max Schmeling) (ကိုယ်တိုင်)က ကြိုးဝိုင်းပေါ်မှ ဆင်းလာခဲ့သူ ၀င်းမောင်အား လက်ဆွဲနှုတ်ဆက်ရင်း “မင်းရဲ့လက်ဝှေ့ပညာ စွမ်းရည်ဟာ အဆင့်အတန်း မြင့်လှပါတယ်။ အလီနဲ့ ထိုးကွက်တူနေတာကို တွေ့ရပါတယ်။ ဒီပွဲမှာ ကျူးဘားချန်ပီယံကို မင်းအနိုင်ရနေတာပါ။ အနိုင်ပေးရမှာက မင်းကိုပါ။ အားမငယ်ပါနဲ့။ ဆက်လက်ပြီးကြိုးစားပါ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ မောင်ရင်ကမ္ဘာ့ချန်ပီယံ ဖြစ်လာနိုင်တယ်” ဟု ချီးကျူးအားပေးခြင်း ခံခဲ့ရသည်။
    တကယ်တော့ ကမ္ဘာ့အိုလံပစ်ပြန် ၀င်းမောင်သည် အစ္စလာမ်ဘာသာဝင် မွတ်စလင်မ် တစ်ယောက်ဖြစ်ပေသည်။
    သူနှင့်အတူလိုက်ပါသွားရသည့် ဒေါ်လာသည် ချင်းလူမျိုး တောင်ပေါ်သားလေး ဖြစ်၏။ ၁၉၇၆ ခုနှစ်ဝယ် ၂၂ ကြိမ်မြောက် ကမ္ဘာ့အိုလံပစ် လက်ဝှေ့ဗိုလ်လုပွဲသည် ကနေဒါနိုင်ငံ မွန်ထရီ မြို့၌ကျင်းပခဲ့ရာ နိုင်ဂျီးရီးယားနိုင်ငံမှ မွတ်စလင်မ် လက်ဝှေ့သူရဲကောင်းတစ်ဦး ပေါ်ထွန်းလာခဲ့၏။ သူ၏အမည်မှာ (ဖိုက်ဇီး)ပင် ဖြစ်သည်။ ၎င်းသည် ဖယ်သာဝိတ်တန်း သရဖူကိုဆောင်းခဲ့သူဖြစ်သည်။
    ကမ္ဘာ့အပျော်တမ်း လက်ဝှေ့ အဖွဲ့ချုပ်ကြီးတွင် အတွင်းရေးမှူးအဖြစ် တာဝန်ကို နှစ်ပေါင်းများစွာ ထမ်းဆောင်ခဲ့ရသူ၊ ပါကစ္စတန်နိုင်ငံ (ပရော်ဖက်ဆာ၊ ဘန်နာဝါမျောက်ဒရီး)က မွတ်စလင်မ် လက်ဝှေ့သူရဲကောင်းတွေကို ထိရောက်စွာအားပေးခဲ့သည်။
    ထို့အတူ တွဲဖက်အတွင်းရေးမှူး ဖြစ်သူ ဗာလင်အမ်မာမွတ် (အီရန်)ကလည်း ကောင်းစွာ မြေတောင်မြှောက်ပေးခဲ့ကြသည်။
    ယနေ့ ကမ္ဘာ့အပျော်တမ်း လက်ဝှေ့တွင် မွတ်စလင်မ် လက်ဝှေ့ သူရဲကောင်းများ တဖြည်းဖြည်း တစ်စစနေရာယူခဲ့ပေပြီ။ ယနေ့ ကမ္ဘာ့ကြေးစားတန်း လက်ဝှေ့ ကြိုးဝိုင်း၌လည်း မွတ်စလင်မ် လက်သီးကျော်များမှာ သူ့ဝိတ်တန်းနှင့်သူ ၀င်ရောက်နေရာယူခဲ့ကြသည်။
    ကမ္ဘာကျော် မိုဟာမက်အလီကို အားကျ၍ ကြေးစားလက်ဝှေ့နယ်ပယ်သို့ ရောက်ရှိလာကြသော လက်ဝှေ့ကျော် အချို့ကို တင်ပြရပါလေသော်။
    မွတ်စတဖာဟမ်းရှိုး၊ ဘက်ရှီအလီ၊ ဖရင့်အလီ၊ မိုဟာမက်ကွာဝီ၊ ဆော့ချီတာလဒါ၊ ဘင်အလီ စသည် စသည်ဖြင့်။
    မြန်မာနိုင်ငံအနေနှင့် ကမ္ဘာ့အိုလံပစ် လက်ဝှေ့ပွဲသို့ ၁၉၄၉ ခုနှစ် လန်ဒန် အိုလံပစ်မှ အစပြု၍ ၁၉၄၀ ခုနှစ် လော့အိန်ဂျလိစ် အိုလံပစ်အထိ စေလွှတ်ကာ ထိုးသတ်ယှဉ်ပြိုင်စေ ခဲ့သည်။ မျိုးသန့်၊ စောဟာဒီ၊ ကျားဘညိမ်း၊ ဘယ်လင်သော်မဆင်၊ တင်ထွန်း၊ သက်ဦးလေး၊ ၀င်းမောင်၊ ဒေါ်လာ၊ လှညွန့်၊ သန်းထွန်း၊ ဇော်ထက်တို့ ရှိခဲ့ရာဝယ် (၆)ဦးသည် မွတ်စလင်မ်များ ဖြစ်ကြသည်။ ထို (၆)ဦးတို့ကတော့ ကျားဘညိမ်း၊ မဂျစ်၊ တင်ထွန်း၊ ဂျိတ်ဘာဝါး၊ ၀င်းမောင်နှင့် သက်ဦးလေးတို့ဖြစ်သည်။
    သက်ဦးသည် ၁၉၆၄ ခုနှစ်က ကျင်းပခဲ့သော တိုကျို အိုလံပစ်နှင့် ၁၉၆၈ ခုနှစ်က ကျင်းပခဲ့သော မက္ကဆီကို ကမ္ဘာ့ အိုလံပစ်သို့ တိုင်းပြည် ကိုယ်စားပြု၍ (၂)ကြိမ်သွားခဲ့ရသည်။
    နိဂုံးချုပ်အနေနှင့်
    မွတ်စလင်မ် လက်သီး သူရဲကောင်းတို့သည် သွေးနှင့်ချွေးနှင့်ရင်း၍ တိုင်းပြည်ကိုဂုဏ်ကို လက်ဝှေ့ ကြိုးဝိုင်းထဲမှ နေပြီး မြှင့်တင် ပေးခဲ့ကြကြောင်းကို ရေးသားတင်ပြရပါသည်။
    ရွှေဘိုဘာမထီခင်အောင်
    ဦးဝင်းမောင်၏ ဓါတ်ပုံများ ကြည့်ရန် =>
    ဆက်စပ် ဆောင်းပါးများ
    ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မီးရူးတိုင် ကိုင်ဆောင်ခွင့်ရခဲ့သော မြန်မာ့လက်ဝှေ့ချန်ပီယံ “ဦးဝင်းမောင်” အင်တာဗျူး ဖတ်ရန်
    http://www.m-mediagroup.com/news/21692
    ကမ္ဘာ့ အိုလံပစ်ကြိုးဝိုင်း အတွင်းမှ မြန်မာ့လက်ဝှေ့ကျော်များ
    http://www.m-mediagroup.com/news/21411
  • ဘောလုံးသမားများအား တတိယလူ ပိုင်ဆိုင်မှုကို ဖီဖာပိတ်ပင်
    ဘောလုံးသမားများအား တတိယလူ ပိုင်ဆိုင်မှုကို ဖီဖာပိတ်ပင်
    စက်တင်ဘာ ၂၈ ၊ ၂၀၁၄
    M-Media
    1411737338243_wps_13_ZURICH_SWITZERLAND_SEPTEM
    – ကစားသမားတစ်ဦးအား ကလပ်အသင်းများမှမဟုတ်ဘဲ တတိယလူတစ်ဦးက ပိုင်ဆိုင်ကာ အပြောင်းအရွှေ့တွင် အကျိုးအမြတ်ရယူမှုများကို ပိတ်ပင်ရန် ဖီဖာအမှုဆောင်ကောင်စီက ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။
    အဆိုပါကိစ္စနှင့်ပတ်သက်၍ အမှုဆောင်ကောင်စီတွင် ယမန်နေ့က မဲပေးကာ အတည်ပြုခဲ့ကြခြင်းဖြစ်ပြီး ထိုဥပဒေအတွက် စည်းမျဉ်းစည်းကမ်းများကို ယခုမှစ၍ ရေးဆွဲသွားမည်ဟု ဖီဖာ ဥက္ကဌ ဆပ်ဘလတ္တာက ပြောကြားခဲ့သည်။
    ဘောလုံးသမားများအား တတိယလူက ပိုင်ဆိုင်ခြင်းမှာ အေးဂျင့်များအကြားတွင် ခေတ်စားနေပြီး လက်တင်အမေရိက၊ စပိန်နှင့် ပေါ်တူဂီတို့တွင် ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးနေကြသည်။
    အင်္ဂလန်တွင်မူ ဘောလုံးသမားများအား တတိယလူပိုင်ဆိုင်ခြင်းကို တားမြစ်ထားသော်လည်း ပြီးခဲ့သည့်အပြောင်းအရွှေ့ဈေးကွက်တွင် ပရီးမီးယားလိဂ် ကလပ်အသင်းများမှာ ၎င်းတို့ခေါ်ယူချင်သည့် ကစားသမားများအား တတိယလူများထံမှ ၀ယ်ယူကြသည်ဟု သတင်းများထွက်ပေါ်လာခဲ့သည်။
    ထိုအထဲတွင် စပို့တင်းလစ္စဘွန်းမှ နောက်ခံလူ ရိုဂျိုကို မန်ယူက ခေါ်ယူမှုနှင့် ဘင်ဖီကာမှ မာကိုဗစ်ကို လီဗာပူးလ်မှ ခေါ်ယူမှုတို့မှာ တတိယလူများနှင့် အပြောင်းအရွှေ့ ပြုလုပ်ခဲ့သည့် သာဓကများဖြစ်ခဲ့သည်။
    တတိယပိုင်ရှင်စနစ်ကိုလိုလားသူများကမူ ဖီဖာ၏ထိုပိတ်ပင်မှုအား ဝေဖန်ခဲ့ပြီး၊ ၎င်းတို့မှာ ကလပ်အသင်းများ အမှန်တကယ်မ၀ယ်ယူနိုင်သည့် ကစားသမားများအား ခေါ်ယူပေးနိုင်သည်ဟု ပြောကြားခဲ့သည်။
    ref_ Daily Mail
  • အီဘိုလာကြောင့် သေဆုံးသူ ၃ ထောင်ကျော်ပြီ
    အီဘိုလာကြောင့် သေဆုံးသူ ၃ ထောင်ကျော်ပြီ
    စက်တင်ဘာ ၂၈ ၊ ၂၀၁၄
    M-Media
    1407502809087_wps_1_epa0434563
    – အနောက်အာဖရိကနိုင်ငံများတွင် အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်မှုကြောင့် သေဆုံးသူအရေအတွက်မှာ ၃ ထောင်ကျော်လာခဲ့ပြီဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ ယမန်နေ့တွင် ကြေညာခဲ့သည်။
    သေဆုံးသူမှာ စက်တင်ဘာ ၂၃ ရက်နေ့အထိ ရရှိသော အချက်အလက်များအရ အနည်းဆုံး ၃၀၉၁ ဦးရှိခဲ့ပြီး ကူးစက်မှုမှာ ၆၅၇၄ ခု ရှိနေသည်ဟု  WHO မှ ထုတ်ပြန်သော အစီရင်ခံစာတွင် ဖ်ာပြထားသည်။
    သေဆုံးသူများတွင် လိုက်ဘေးရီးယားမှ ၁၈၃၀ ဦးဖြင့် အများဆုံးဖြစ်နေကာ အနောက်အာဖရိကရှိ ရောဂါပိုးကူးစက်ခံနေရသည့် အခြားနိုင်ငံများထက် ၃ ဆ ပိုများနေသည်။ ထို့ပြင် ကူးစက်ပြန့်ပွားမှုနှုန်းမှာလည်း အခြားနိုင်ငံများထက် မြင့်မားနေသည်။
    အီဘိုလာဗိုင်းရပ်စ်မှာ ယခုနှစ်အစောပိုင်းက ဂီနီနိုင်ငံတွင် ပြန်လည် ပေါ်ပေါက်လာခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ဆီရာလီယိုနီ၊ လိုက်ဘေးရီးယား၊ နိုက်ဂျီးရီးယားနှင့် ဆီနီဂေါနိုင်ငံများသို့ ပြန့်နှံ့သွားခဲ့သည်။
    သို့သော်လည်း နိုက်ဂျီးရီးယားနှင့် ဆီနီဂေါနိုင်ငံတွင် ရောဂါပိုးအားထိန်းချုပ်နိုင်ခဲ့ပြီဟု WHO က ကြေညာခဲ့သည်။ ထိုရောဂါပိုးမှာ ယခုအတိုင်း ပြန့်နှံ့နေပါက ၂၀၁၅ ခုနှစ် ဇန်န၀ါရီလတွင် ရောဂါပိုးကူးစက်ခံရသူ သန်းချီရှိလာနိုင်သည်ဟု အမေရိကန်ရောဂါဘယ ကာကွယ်တားဆီးရေးနှင့် ထိန်းချုပ်ရေးစင်တာက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပြောကြားခဲ့သည်။
    MSM/MAM/MHB