News @ M-Media

Blog

  • ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်း မှ ရန်ကုန် ဆင်ခြေဖုံးများတွင် ကျန်းမာရေး စောင့်ရှောက်မှုများပိုလုပ်မည်

    ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်း မှ ရန်ကုန် ဆင်ခြေဖုံးများတွင် ကျန်းမာရေး စောင့်ရှောက်မှုများပိုလုပ်မည်

    သြဂုတ် ၂၁၊ ၂၀၁၄
    M-Media
    လမင်း
    10614262_558489960923035_1386740443032207081_n
    ရန်ကုန်။ ။ ရန်ကုန်မြို့ ဆင်ခြေဖုံးဒေသရှိ ပြည်သူလူထုများ၏ ကျန်းမာရေးစောင့်ရှောက်မှုများကို အရပ်ဖက် လူမှု အဖွဲ့အစည်းများ ပူးပေါင်းကာ ယခင်ကထက် ပိုမို လုပ်ဆောင်သွားမည် ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်း မှ ဒေါက်တာကျော်ကျော် ဆေးရုံအုပ်ကြီး(ငြိမ်း) ကပြောဆိုခဲ့သည်။

    “မြို့ပြကလူတွေနဲ့ ဆင်ခြေဖုံးကလူတွေက နေထိုင်တာစရိုက်ချင်းက လုံးဝမတူဘူး။ ဆင်ခြေဖုံးက လူအများစုဟာ စီးပွားရေး ပြသာနာတွေကြောင့် ကျန်းမာရေး ပြသာနာတွေပါ ဖြစ်နေကြပါတယ်။ အဲ့ဒီပြသာနာတွေရဲ့ အဖြေကို ဒီကနေ့ ကျွန်တော်တို့သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေကနေ အဖြေရှာကြမှာဖြစ်ပါတယ်” ဟု၎င်းက ဆက်လက်ပြောဆိုခဲ့သည်။

    ရန်ကုန်မြို့တော် ဆင်ခြေဖုံးဒေသရှိပြည်သူလူထုများ၏ ကျန်မာရေး စောင့်ရှောက်မှုအတွက် ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းမှ ဦးစီးပြီး ကျန်းမာရေး ၀န်ကြီးဌာန၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီနှင့် မြို့နယ်ဖွံ့ဖြိုးရေး အထောက်အကူပြုအဖွဲ့များ၊ ဆင်ခြေဖုံး ရပ်ကွက်များမှ ကျန်းမာရေး ၀န်ထမ်းများ နှင့် သက်ဆိုင်ရာဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ စုစည်းပြီး ရန်ကုန်မြို့ Park Royal Hotel တွင်အလုပ်ရုံ ဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့ကြသည်။

    ရန်ကုန်မြို့တွင် ဆင်ခြေဖုံး ရပ်ကွက်တွင် နေထိုင်သောလူဦးရေမှာ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းနီးပါးရှိနေသောကြောင့် ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုများကို ပိုမိုပြုလုပ်ရမည်ဖြစ်ကြောင်းကို ကျန်းမာရေး ၀န်ထမ်းတစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။

    ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းသည် ပြည်တွင်း၊ ပြည်ပ အကူအညီများကိုရယူ၍ ကျေးလက်နှင့်မြို့ပြ ဆင်ခြေဖုံးဒေသများ၌ ပြည်သူများအတွက် ပြည်သူ့ကျန်းမာရေးဖွံ့ဖြိုးမှု လုပ်ငန်းများကို ဆောင်ရွက်ပေးမည့် လွတ်လပ်သော အစိုးရမဟုတ်သော လူမှုအထောက်အကူပြုလုပ်ငန်းများကို ဦးတည်ဆောင်ရွက်ရေးနှင့် အဖွဲ့အစည်းများအတွင်း ကြားခံပေါင်းကူးဆောင်ရွက်သည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်ကြောင်းသိရသည်။

  • ထူးအိမ်သင် ဂီတပွဲတော် လက်မှတ်များ အရောင်းပြတ်

    ထူးအိမ်သင် ဂီတပွဲတော် လက်မှတ်များ အရောင်းပြတ်

    သြဂုတ် ၂၁၊ ၂၀၁၄
    M-Media
    လမင်း
    37e20df0-21f4-11e4-ac99-00259079fbca_mid
    ရန်ကုန်။       ။ သြဂုတ်လ ၂၃ ရက်နေ့ ရန်ကုန်မြို့ရှိ Myanmar Event Park တွင်ပြုလုပ်ကျင်းပမည့် ထူးအိမ်သင် ဂီတပွဲတော် လွမ်းခြင်းအားဖြင့် ဆယ်နှစ်တာ ဖျော်ဖြေပွဲ လတ်မှတ်များမှာ ဂီတပွဲတော်ကျင်းပရန် ရက်အနည်းငယ် လိုသေးသော်လည်း လတ်မှတ်များ အရောင်းပြတ်သွားကြောင်း သတင်းရရှိသည်။

    “သူတို့ လက်မှတ်ဝယ်လို့ရတယ်ဆိုတဲ့ နေရာတွေမှာလိုက်ဝယ်နေတာပဲ။ ဘယ်မှာမှဝယ်လို့မရတော့ဘူး။ ဈေးအမြင့်ဆုံးအတန်းက လတ်မှတ်တောင် မရှိတော့ဘူးလို့ပြောတယ်” ဟု တာမွေမြို့နယ်မှ ထူးအိမ်သင်ဂီတပွဲတော်သို့ သွားရောက်ကြည့်ရှုနိုင်ရန် အတွက် လတ်မှတ်ဝယ်နေသူတစ်ဦးက ဆိုသည်။

    1876 Hot Line တွင်လည်း လက်မှတ်ရောင်းချရန် မကျန်ရှိတော့ဟု သိရသည်။ ပွဲကျင်းပသည့်နေ့တွင်တော့ ၀ယ်ယူရန်ရရှိနိုင်ရန် သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များမှ စီစဉ်လျက်ရှိနေကြောင်း သိရသည်။

    ထူးအိမ်သင်သို့လွမ်းခြင်း အမှတ်တရအနေဖြင့် ဂီတပွဲတော်ကို ရန်ကုန်မြှို၌ ကြီးကျယ်ခမ်းနားစွာပြုလုပ်မည်ဖြစ်ပြီး ယင်းဖျော်ဖြေပွဲသို့ နိုင်ငံကျော်အဆိုတော် ၄၀ ကျော်မှပါဝင်သီဆိုကြမည်ဖြစ်ကြောင်း သိရသည်။

  • အာဏာသိမ်း ထိုင်းစစ်တပ်ခေါင်းဆောင် ယူနီဖောင်းလဲကာ ၀န်ကြီးချုပ် ဖြစ်လာဖွယ်ရှိနေ

    အာဏာသိမ်း ထိုင်းစစ်တပ်ခေါင်းဆောင် ယူနီဖောင်းလဲကာ ၀န်ကြီးချုပ် ဖြစ်လာဖွယ်ရှိနေ

    သြဂုတ် ၂၁၊ ၂၀၁၄
    M-Media
    2205thaiWorld_840_600_100
    – အာဏာသိမ်းထိုင်းစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာယွတ်မှာ ထိုင်းနိုင်ငံ၏ ၀န်ကြီးချုပ်သစ်အဖြစ် ရွေးတင်မြှောက်ခံရဖွယ်ရှိကြောင်း စစ်တပ်ကိုယ်စားလှယ် အများစုပါဝင်သော အမျိုးသားညီလာခံအရ သိရှိရသည်ဟု စစ်တပ်သတင်းရင်းမြစ်များကဆိုသည်။

    နိုင်ငံခေါင်းဆောင်တစ်ဦးကို ရွေးချယ်ရေး အဆိုပါ ညီလာခံကို အင်္ဂါနေ့က ပြလုပ်ခဲ့ခြင်းဖြစ်ပြီး ၀န်ကြီးချုပ်ရာထူးအတွက် စစ်တပ်အကြီးအကဲ ပရာယွတ် ချန်အိုချာက တစ်ဦးတည်းသော ယှဉ်ပြိုင်မည့်သူဖြစ်နေသည်။

    “ဗိုလ်ချုပ် ပရာယွတ်ကလွဲပြီး ၀န်ကြီးချုပ်နေရာအတွက် တခြားလူရှာဖို့ ခက်ပါတယ်။ သူမှ မဟုတ်ရင် နောက်ဘယ်သူဖြစ်သင့်လဲ? အာဏာသိမ်းဖို့ သူစီစဉ်ခဲ့တယ်။ ပြဿနာတွေအားလုံးကို ကိုယ်တိုင်ဖြေရှင်းဖို့အတွက် သူ တာဝန်ယူရပါမယ်။ ၀န်ကြီးချုပ်ဖြစ်လာမှ သူဟာ လုပ်ပိုင်ခွင့် အပြည့်အ၀ ရလာမှာပါ” ဟု စစ်တပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

    ယခင်ရှိခဲ့သည့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ NCPO မှ တာဝန်ရှိသူဟောင်း တစ်ဦးကလည်း ပရာယွတ်သာ ထိုရာထူးနှင့် သင့်တော်ကြောင်း၊ မဲပေးမှုများအရ ၎င်းသာလျှင် လူကြိုက်များပြီး ပြည်သူများမှာ NCPO ၏ ဆောင်ရွက်မှုများကို နှစ်ခြိုက်ကြကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    ပရာယွတ်မှာ ၀န်ကြီးချုပ်ဟောင်း ယင်းလပ်ရှင်နာဝပ်ထရာအား အခြေခံဥပဒေခုံရုံးက ရာထူးမှ ဖယ်ရှားပြီးနောက် မေလ ၂၂ ရက်နေ့တွင် အာဏာသိမ်းခဲ့ခြင်းဖြစ်သည်။ အာဏာသိမ်းပြီးနောက် လာမည့်နှစ် အထွေထွေ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်မည်ဟု ပြောကြားခဲ့သည်။

    – AFP

  • IS လုပ်ရပ် ဘာသာတရားနှင့် မသက်ဆိုင်ဟု အိုဘားမာပြော၊ ဓါးစာခံများကို ကယ်ရန် စစ်ဆင်ရေး မအောင်မြင်ခဲ့ဟု သတင်းထုတ်ပြန်

    IS လုပ်ရပ် ဘာသာတရားနှင့် မသက်ဆိုင်ဟု အိုဘားမာပြော၊ ဓါးစာခံများကို ကယ်ရန် စစ်ဆင်ရေး မအောင်မြင်ခဲ့ဟု သတင်းထုတ်ပြန်

    သြဂုတ် ၂၁ ၊ ၂၀၁၄
    M-Media

    ဂျိမ်းဖိုလေးနှင့် ပြန်ပေးဆွဲခံရသူများအား ကယ်တင်ရန် လျှို့ဝှက် စစ်ဆင်ရေးတစ်ခု ပြုလုပ်ခဲ့သော်လည်း မအောင်မြင်ခဲ့ဟု အမေရိကန်ထုတ်ပြန်၊ IS ၏ လုပ်ရပ်မှာ မည်သည့် ဘာသာတရားနှင့်မှ မသက်ဆိုင်ဟု အိုဘားမာဆို

    james-foley_3011612b

    အွန်လိုင်းတွင် ပြန့်နှံနေသည့် ဗီဒီယို အရ IS အဖွဲ့၏ သတ်ဖြတ်ခြင်းကိုခံခဲ့ရသော အမေရိကန် ဂျာနယ်လစ် ဂျိမ်းစ်ဖိုလေးအပါအ၀င် ဆီးရီးယားတွင် ပြန်ပေးဆွဲ ခံထားရသည့် အမေရိကန်နိုင်ငံသားများကို ကယ်တင်ရန် အတွက် လျှို့ဝှက်စစ်ဆင်ရေး တစ်ခုကို ပြုလုပ်ခဲ့သော်လည်း အောင်မြင်ခဲ့ခြင်းမရှိဟု အမေရိကန် အာဏာပိုင်များက ပြောကြားလိုက်သည်။

    အမေရိကန်ထောက်လှမ်းရေး အေဂျင်စီများ၏ စုံစမ်းမှုအရ ပြန်ပေးဆွဲခံရသူများကို ထိန်းသိမ်းထားဖွယ်ရှိသည်ဟု ယုံကြရသည့် ဆီးရီးယားနိုင်ငံအတွင်းရှိ နေရာ တစ်ခုအား အမေရိကန် စစ်ဆင်ရေးအဖွဲ့ကို ပြီးခဲ့သည့် နွေရာသီတွင် လေယာဉ်ဖြင့် စေလွှတ်ခဲ့သော်လည်း ရှာဖွေတွေ့ရှိခဲ့ခြင်းမရှိဘဲ ထိုနေရာမှ ထွက်ခွာစဉ်အတွင်း IS (ထိုစဉ်က ISIL) အဖွဲ့သားများနှင့် တိုက်ပွဲများဖြစ်ခဲ့ကြောင်း ယမန်နေ့တွင် ပင်တဂွန်မှ ထုတ်ပြန်သော ကြေညာချက်၌ ဖော်ပြထားသည်။

    ထိုတိုက်ပွဲတွင် IS တိုက်ခိုက်ရေးသမားများ သေဆုံးခဲ့ပြီး အမေရိကန်ဘက်မှ သေဆုံးခဲ့ခြင်း မရှိဟု အမေရိကန်တာဝန်ရှိသူများက AFP သတင်းဌာနသို့ ပြောကြား ခဲ့သည်။

    ဂျိမ်းစ်ဖိုလေးအား သတ်ဖြတ်မှုမှာ အီရတ်ရှိ မိမိတို့၏ စခန်းများကို အမေရိကန်က လေကြောင်းမှ တိုက်ခိုက်မှုအတွက် လက်စားချေခြင်းဟု IS အဖွဲ့က ပြောကြား ခဲ့သော်လည်း အမေရိကန်သမ္မတ အိုဘားမားက မိမိတို့အနေဖြင့် တိုက်ခိုက်မှုများကို ဆက်လက်ပြုလုပ်သွားမည်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ထို့ပြင် ၎င်းတို့၏လုပ်ရပ်မှာ မည်သည့်ဘာသာကိုမှ ကိုယ်စားမပြုဟု အိုဘားမားက ထည့်သွင်းပြောကြားခဲ့သည်။

    “ISIL ဟာ ဘယ်ဘာသာတရားကိုမှ ကိုယ်စားမပြုပါဘူး။ မနေ့က သူတို့လုပ်ခဲ့တာတွေ၊ နေ့တိုင်း သူတို့လုပ်နေတာတွေအတွက် ဘယ်ဘုရားမှ ရပ်တည်ပေးမှာ မဟုတ်ပါဘူး။ အပြစ်မဲ့တဲ့သူတွေကို သတ်ဖြတ်ဖို့ ဘယ်အယူဝါဒကမှ သင်ကြားမပေးထားပါဘူး” ဟု အိုဘားမားကဆိုသည်။

    IS အဖွဲ့၏ာ လုပ်ရပ်များအတွက် ကမ္ဘာတစ်ဝှမ်းရှိ အစ္စလာမ် ဘာသာရေးခေါင်းဆောင်များမှာ ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ကြပြီး ဆော်ဒီမှအကြီးဆုံး မွဖ်သီချူပ် ကလည်း IS နှင့် အလ်ကိုင်းဒါးအဖွဲ့မှာ အစ္စလာမ်သာသနာ၏ နံပါတ် ၁ ရန်သူဖြစ်သည်ဟု အင်္ဂါနေ့က ပြောကြားခဲ့သည်။

    Al Jazeera and agencies
  • ဘာစီလိုနာ အတွက် ကစားရခြင်းမှာ အိပ်မက်များ အမှန်တကယ် ဖြစ်လာခြင်းဟု ဆွာရက်ဇ်ဆို

    ဘာစီလိုနာ အတွက် ကစားရခြင်းမှာ အိပ်မက်များ အမှန်တကယ် ဖြစ်လာခြင်းဟု ဆွာရက်ဇ်ဆို

    သြဂုတ် ၂၁၊ ၂၀၁၄
    M-Media

    446474_heroa

    – မိမိအနေဖြင့် ဘာစီလိုနာအသင်းတွင် ကစားရန်အတွက် အမြဲတမ်း အိပ်မက်မက်ခဲ့ပြီး အသင်းတွင် သမိုင်းသစ်ရေးထိုးနိုင်ရေး စိတ်လှုပ်ရှားနေသည်ဟု ဥရုဂွေးတိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ်က ပြောကြားလိုက်သည်။

    ဆွာရက်ဇ်မှာ နွေရာသီအပြောင်းအရွှေ့တွင် လီဗာပူးလ်အသင်းမှ ယူရို ၈၈ သန်းဖြင့် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး၊ ဘတစ်လျှောက်လုံး မက်ခဲ့သည့် အိပ်မက်ကို ဖြည့်ဆည်းနိုင်ခဲ့ခြင်း အတွက် ပျော်ရွှင်မိသည်ဟု ၎င်းက ဆိုသည်။

    “ကျွန်တော့်အပေါ် ယုံကြည်မှုရှိတဲ့ ကလပ်အသင်း၊ ဒါရိုက်တာတွေ၊ နည်းပြနဲ့ ကျွန်တော့်ကိုအားပေးထောက်ခံသူ အားလုံးကို ကျေးဇူးတင်ပါတယ်။ နှစ်ပေါင်း များစွာကတည်းက ကျွန်တော်ဟာ ဘာစီလိုနာမှာ ကစားချင်ခဲ့တာပါ။ ဒီကိုရောက်လာတာ အိပ်မက်တွေ အမှန်တကယ် ဖြစ်လာတာပါပဲ” ဟု ပွဲပယ်ပြစ်ဒဏ်လျှော့ချ ခံရပြီးနောက် ပထမဆုံး ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဆွာရက်ဇ်က ပြောကြားခဲ့သည်။

    ဆွာရက်မှာ လီယွန်အသင်းအား ၆ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သော တနင်္လာနေ့ပွဲစဉ်တွင် အသင်းအတွက် ပထမဆုံး ၀င်ရောက် ကစားပေးခဲ့သည်။ ပထမဆုံး အသင်းတွင် ပါဝင်ခွင့်ရသည့်အတွက် စိတ်လှုပ်ရှားမိကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။