News @ M-Media

Blog

  • ငြိမ်းချမ်းမူ တည်ဆောက်ရေး ကွန်ရက်၏ စာနယ်ဇင်း ရှင်းလင်းပွဲနှင့် အလှူပေးအပ်ပွဲ ပြုလုပ်

    ဖေဖော်ဝါရီလ ၂၃ရက်၊၂၀၁၃
    M-Media
    သတင်း- ပသီဆောင်းနှင်းမှုံ

    ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ငြိမ်းချမ်းမူ တည်ဆောက်ရေးကွန်ရက်(Peace Cultivation Network (P.C.N) )၏ စာနယ်ဇင်း ရှင်းလင်းပွဲနှင့် အလှူပေးအပ်ပွဲ အခမ်းအနားကို၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ဗဟန်းမြို့နယ်၊ရွှေဂုံတိုင်လမ်းရှိ တော်ဝင်နှင်းဆီ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

    P2230194

    ထိုပွဲတွင် အခမ်းအနားမှူးအဖြစ် ဦးအုန်းမောင်၊ဦးထွန်းကြည် တို့မှ ဆောင်ရွက်ပြီး သဘာပတိဦးအေးလွင်မှ အဖွင့်အမှာစကားပြောကြားရာတွင် “အကြောင်းမဲ့ အသက်တစ်ချောင်းကို သက်ဖြတ်ခြင်းသည် ရှိရှိသမျှ အသက်ကို သက်ခြင်းမည်သည်။ အသက်တစ်ချောင်းကို ကယ်တင်ခြင်းသည် ရှိရှိသမျှ သတ္တ၀ါတွေရဲ့ အသက်ကို ကယ်တင်ခြင်းမည်သည် ဟု အစ္စလာမ်ဘာသာက ဆုံးမထားပါတယ်။ မြန်မာနိုင်ငံမှာ မိခင်နိုင်ငံအဖြစ် နေထိုင်လာကြတဲ့ နှစ်ပေါင်းတစ်ထောင်ကျော် ကတည်းက ရှိခဲ့ကြတဲ့ ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်တွေဟာ မြန်မာပြည်သည် တို့ပြည်၊ မြန်မာစာသည် တို့စာ ဟုလက်ခံထားကြပါသည်” ကုန်းဘောင်ခေတ်က ထွန်းတောက်ခဲ့တဲ့ စာဆိုတော်တွေ၊ မင်းတုန်းမင်း လက်ထက်၊ ဘိုးတော်ဘုရားလက်ထက် အပါအ၀င် အမျိုးသားကျောင်းဆရာကြီး ဦးရာဇတ်တို့ ဒို့ဗမာ မွတ်စလင်ကြီးများ ခေတ်အဆက်ဆက် သုံးခဲ့ကြတဲ့ တရားဓမ္မ အသုံးအနှန်းများ အကြောာင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    ငြိမ်းချမ်းမှု တည်ဆောက်ရေးကွန်ရက် ဖွဲ့စည်းဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ဆရာဦးမြင့်သိန်းမှ “ငြိမ်းချမ်းမှုဆိုတာ လူတစ်ယောက်ချင်းဖြစ်စေ၊ အဖွဲ့အစည်း လိုက်ဖြစ်စေ ကြောက်ရွံ့ဆိုးရိမ်မှုတွေကနေ ကင်းလွတ်သွားတဲ့အခြေအနေကို ငြိမ်းချမ်းမှုဟုခေါ်ပါတယ်။ နတ်ကိုးကွယ်မှု အပါအ၀င် ဘာသာကြီး ၅ခုရှိပါတယ်။ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ မြန်မာနိုင်ငံအတွင်း နေထိုင်ကြပါတယ်။ ကျွန်တော်တို့ ငြိမ်းချမ်းမှု တည်ဆောက်ရေးကွန်ရက်မှာ အဖွဲ့ပေါင်းစုံ၊ ကျွမ်းကျင်တဲ့ ပညာရှင်တွေ၊ အတက်ပညာရှင်တွေ၊ အသိပညာရှင်တွေ အားလုံးပါဝင်ပါတယ်။ ဒီထက်ပိုပြီး ဒီကွန်ရက်ကနေပြီးတော့ မြန်မာနိုင်ငံရဲ့ အကျိုး၊ လူသားတွေရဲ့အကျိုး၊ ဘာသာတရားတွေ တည်ငြိမ်အေးချမ်းစွာနှင့် လွတ်လွတ်လပ်လပ် ၀တ်ပြုနိုင်ရေးအတွက် အခြားအခြားသောကွန်ရက်တွေနဲ့ ပူပေါင်းဆောင်ရွက်နိုင်မှ ကျွန်တော်တို့ အရှိန်ပြင်းထန်စွာနှင့် လိုရာပန်းတိုင်ကို ရောက်မှာဖြစ်ပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။

    အလှူငွေ     ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ “ဗုဒ္ဓဘာသာဝင် မင်းကောင်းမင်းမြတ်တွေ များကိုအောင်းမေ့တသ မိကတည်းက သတိရမိတာကတော့ အသောကမင်းကြီးဟာဆိုရင် တိုင်းနိုင်ငံမှာရှိတဲ့ တိုင်းသူပြည်သား အားလုံးဟာ ငါ့ရဲ့ရင်နှစ်သည်းခြာ သားသမီးများဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ အထွန်းကားဆုံး ဖြစ်တဲ့အချိန်မှာ အခြားဘာသာဝင်တွေရဲ့ ကျောင်းကန် ၀တ်ပြုဆောင်တွေကိုလည်း ဆောက်လုပ်ခွင့်ပေးခဲ့ပါတယ်။ ဒီလိုမင်းကောင်းမင်းမြတ်တွေကို သတိရခြင်းအားဖြင့် သံဃာတော် အရှင်သူမြတ်တွေကို အခုလို အလှူပေးရခြင်းဖြစ်ပါတယ်။ ဒုက္ခရောက်နေတဲ့ ညီနှောင်သားခြင်းတွေကိုလည်း အလှူငွေပေးအပ်ခြင်းဖြစ်ပါတယ်။ ဇေယျကျော်ထင် ဗိုလ်မှူးကြီးဘရှင် ပြောခဲ့တဲ့ စကားနဲ့ နိဂုံးချုပ်စကားပြောရမယ်ဆိုရင် အစ္စလာမ်သာသနာသည် ရှေးကတည်းက ရှိခဲ့ပြီး ဗုဒ္ဓဘာသာဝင်၊ အစ္စလာမ်ဘာသာဝင်နှင့် အခြားဘာသာဝင် နိုင်ငံသားတို့အား ဤနက်နဲကျယ်ပြန့်သော မေတ္တာ၊ ဂရုဏာ တရားတို့ကပင် အပြန်အလှန် ချည်နှောင်ပေးထား သဖြင့် နိုင်ငံသားတို့သည် ဘာသာတွေမတူကြလင့် တိုင်အောင် အချင်းချင်း ထောက်ထားစာနာမှုဖြင့် ချစ်ခင်မှုတို့ကို မွေးမြူကျင့်သုံးနိုင်ခဲ့ကြကာ  တိုင်းပြည်တာဝန်ကို ထမ်းဆောင်လာနိုင်ခဲ့ခြင်းဖြစ်ပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    P2230196

    ၎င်းနောက် စာနယ်ဇင်းများမှ သိလိုသည်များကို မေးမြန်းပြီး တာဝန်ရှိသူများ ဖြစ်ကြသော ဦးအုန်းမောင်၊ ဦးအေးလွင်၊ ဦးမြင့်သိန်း၊ ဦးခင်မောင်ချို၊ ဦးထွန်းကြည်တို့မှ သိလိုသည့်အချက်များကို ပြန်လည်ဖြေကြားပေးခဲ့သည်။ ပြီးနောက် အလှူငွေများနှင့် လှူဘွယ်ဝတ္ထု ပစ္စည်းများကို တရားဥပဒေ စိုးမိုးရေးနှင့် တည်အေးချမ်းရေးအတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်လျှက်ရှိသော ဘုန်းတော်ကြီး ကျောင်းတိုက်များနှင့် သံဃာတော်များအား ဆပ်ကပ်လှူဒါန်းခြင်း၊ ရခိုင်ပြည်နယ် ဘေးဒုက္ခခံစားကြရသော ရခိုင်လူမျိုးများ အတွက် လှူဒါန်းခြင်း၊ ရခိုင်ပြည်နယ် ဘေးဒုက္ခခံစားကြရသော အစ္စလာမ်ဘာသာဝင်များအတွက် လှူဒါန်းခြင်း၊ ကချင်ဒေသ ဘေးဒုက္ခခံစားနေကြရသော ပြည်သူများအတွက် အလှူငွေများ ပေးအပ်ခဲ့သည်။

    P2230263

    ငြိမ်းချမ်းရေးလိုလားသော ဒီမိုကရေစီ ဘက်တော်သားများ ကိုယ်စား မုဒိတာ မေတ္တာစကားများ ပြောကြားရာတွင် ရွှေတိမ်ဓမ္မသိင်္ဂီကျာင်းတိုက်မှ ဆရာတော်ဦးစန္ဒိမာမှ “ချီးမြှောက် ထောက်ပံ့တဲ့အနေနဲ့ ဆရာတော် သံဃာတော်များကို သူတို့ရဲ့ချွေးနည်းစာထဲက တတ်နိုင်သမျှ လှူဒါန်းတဲ့အတွက် သံဃာတော်များကိုယ်စား ၀မ်းမြောက်ဂုဏ်ယူကြောင်း ပဏမပြောလိုပါတယ်။တိုင်းပြည်မှာ ပြည်သူတွေအတွက် လိုအပ်တဲ့ ပြောင်းလဲမူတွေရရှိဖို့အတွက် အခုလို ကွန်ရက်တွေ အသီးသီး၊အဖွဲ့အစည်းတွေ အသီးသီး၊တနိုင်တပိုင် တတ်စွမ်းသမျှ အားလုံးပူးပေါင်းပြီး ခုလိုဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။ဒီကနေ့ တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ ပဋိပက္ခ တွေဟာ ဘက်တစ်ဘက်ရဲ့ လှုံဆော်မူတွေကြောင့် ဖြစ်နေတာလား ဆိုတာ စဉ်းစားရမှာဖြစ်တယ်။ ဒီကနေ့ တိုင်းပြည်မှာ ပြည်တွင်းငြိမ်းချမ်းရေး ခုထိ တည်ဆောက်လို့ မရသေးဘူး။ ဘာသာရေး၊လူမျိုးရေး အဓိကရုဏ်းတွေ ဒီနေ့ထိ ဖြစ်နေပါသေးတယ်။အမှန်ဆို ဒီဟာတွေဟာ တကယ့်လက်တွေ့မှာ မဖြစ်သင့်တော့ပါဘူး။ဒါတွေ မဖြစ်ဖို့အတွက် အားလုံး ဒီဖြစ်စဉ်တွေကို သတိထားရှောင်ရှားကြဖို့ ဦးဇင်းအနေနဲ့ ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်” ဟုထည့်သွင်းပြောကြားခဲ့သည်။ဆက်လက်၍ ရွှေတောင်ကျောင်းတိုက်ဆရာတော်၊ ဓမ္မပီယကျောင်းတိုက်ဆရာတော်၊ ကချင်ကက်သလစ် အသင်းတော် ကျောင်းတိုင်ဘုန်းကြီး၊ ၀ါရင့်နိုင်ငံရေးသမား ဦးသာဘန်း၊ ရွှေမင်းသား ဖောင်ဒေရှင်းဥက္ကဌ တို့မှ မုဒိတာ စကားအသီးသီး မြွတ်ကြားခဲ့ကြောင်း သိရသည်။

    အခမ်းအနားကို ညနေ၃နာရီတွင် စတင်ခဲ့ပြီး သဘာပတိမှ ကျေးဇူးတင်ကြောင်းပြောပြီး အခမ်းအနားကို ညနေ ၆နာရီခန့်တွင် ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိသည်။

    ငြိမ်းချမ်းမူ တည်ဆောက်ရေးကွန်ရက်(Peace Cultivation Network (P.C.N) )၏ ရည်ရွယ်ချက်များမှာ

    (၁)     ပြည်ထောင်စု မြန်မာနိုင်ငံသားများ၏ စွမ်းရည်တည်ဆောက်မှု (Capacity Building)၊ ပညာရေး နှင့် ဘဝနေထိုင်မှု အဆင့်အတန်းမြှင့်တင်ပေးရန်
    (၂)     ပြည်ထောင်စုဖွားအချင်းချင်းချစ်ကြည်ရင်းနှီးသောဆက်ဆံမှုများတည်ဆောက်ရန်
    (၃)     တရားဥပဒေ စိုးမိုးရေး။ တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တက်ကြွစွာ   ပါဝင်ဆောင်ရွက်ရန်
    (၄)     ရည်ရွယ်ချက်တူ အခြား အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်

    တိုဖြစ်ကြပြီး

     လုပ်ငန်းစဉ်များအနေဖြင့်

    (က) လူမှုစီးပွားရေး (Social Economic)

    (၁)     ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး ဖော်ဆောင်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း
    (၂)     ပြည်ထောင်စုအတွင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေး ဆောင်ရွက်ခြင်း
    (၃)     တရားဥပဒေစိုးမိုးရေး လုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ခြင်း
    (၄)     လူမှု အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခြင်း

    –         ကလေးသူငယ်၊ မိဘမဲ့၊ လူငယ်၊ အမျိုးသမီး၊ သက်ကြီးရွယ်အိုများပြုစု ပျိုးထောင် စောင့်ရှောက်ရေး ကဏ္ဍ။

    –         နာရေး ကူညီမှု၊ ဆေးရုံ၊ ဆေးခန်း စသည့် ကျန်းမာရေး ဆိုင်ရာကဏ္ဍ

    –         အစာအာဟာရ ဘေးဥပါဒ် အန္တရာယ် ကင်းရှင်းရေး ကဏ္ဍ (Food Safety)

    –         အလှူဒါနများ စနစ်တကျ စီမံခန့်ခွဲရေးနှင့် ဆင်းရဲ နွမ်းပါးမှု တိုက်ဖျက်ရေးကဏ္ဍ

    (ခ)    လူ့အခွင့်အရေး (Human Rights)

    (၁)     ၂၀၁၄ခုနှစ် သန်းကောင်စာရင်းကောက်ယူရာတွင် ပြန်တမ်းဝင် လူမျိုးစုအမည်တစ်ခု တစ်ညီတစ်ညွတ် တည်းဖြစ်စေရေး

    (၂)     ဒေသအသီးသီးတွင် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ပါဝင်သော ငြိမ်းချမ်းမှုထိန်းသိမ်းရေး (သို့မဟုတ်) ပဋိပက္ခများ ဟန့်တားဖြေရှင်းရေး အစီအစဉ် များပေါ်ပေါက်ရေး

    (၃)     ဘေးဒဏ်သင့် ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများပါဝင်ဆောင်ရွက်ရေး

    (၄)     လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ ရှင်သန်စေရေး

    (ဂ)    သတင်းနှင့် ပြန်ကြားရေး (Information and Media)

    (၁)     ဖြစ်ရပ်မှန်ကိုသာ ဘက်မလိုက်စိစစ် ဖော်ပြနိုင်သော Media များပေါ်ပေါက်ရေး

    (၂)     စာနယ်ဇင်း၊ ကွန်ပြူတာနှင့် နည်းပညာကျွမ်းကျင်ပညာရှင်များလေ့ကျင့် မွေးထုတ်ရေး

    (၃)     ဒေသတိုင်းတွင် စာကြည့်တိုက်များ ပေါ်ထွန်းရေး

    (ဃ)   ပညာရေး (Education)

    (၁)     လူတိုင်းပညာသင်ကြားနိုင်ရေးနှင့် ထူးချွန် ကျောင်းသား/ သူများအား ပညာသင် စရိတ် ထောက်ပံ့ရေး

    (၂)     အလုပ်အကိုင် အခွင့်အလမ်းများ ရှာဖွေ ဖော်ထုတ်၍ အလုပ်အကိုင် ရရှိရေး

    (၃)     ရည်ရွယ်ချက် လုပ်ငန်းစဉ်များ ရှင်သန်တိုးတက် အောင်မြင်၍ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး အတွက် အလုပ်ရုံ ဆွေးနွေးပွဲ (Workshop) များစီမံ ပြုလုပ်ပေးရေး တို့ကို ဆောင်ရွက်နိုင်ရန် ချမှတ်ထားကြောင်းသိရှိရပါသည်။

     

  • အမေရိကန် မွတ်စလင် ဆရာဝန်များ စုပေါင်း၍ ကယ်ရိုလိုင်းနားတွင် အခမဲ့ဆေးခန်း ဖွင့်လှစ်

    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၃
    M-Media
    Muslim Free Clinic Success Story
    ကိုင်ရို။     ။အစ္စလာမ်ဘာသာ၏ မရှိဆင်းရဲသားများအား ကူညီပေးရမည်ဟူသော သင်ကြားမှု အပေါ် ၄င်းသူမ၏ စိတ်ကူးကို အကောင်အထည်ဖော်သည့်အနေဖြင့် အမျိုးသမီး အထူးကုဆရာဝန် Dr.Reshma Khan ဦးဆောင်၍ South Carolina ပြည်နယ် တွင် ချို့တဲ့ နွမ်းပါးသူများနှင့် ကျန်းမာရေး အာမခံ မရှိသူ အမေရိကန် နိုင်ငံသားများအတွက် အခမဲ့ ဆေးကုခန်းဖွင့်လှစ်လိုက်သည်။”ယခုလို ဆင်းရဲနွမ်းပါးသူများကို ကူညီခြင်းသည် ကျမ်းတော်မြတ် ကုရ်အာန်က တသတ်မတ်တည်း သင်ကြားထားတဲ့ လူနေထိုင်မှု ဘ၀ရဲ့ အခြေခံ အုတ်မြစ်ဖြစ်ပါတယ်” ဟု သူမက ဖေဖော်ဝါရီလ (၂၄) ရက်နေ့တွင် The Post and Courier သတင်းသို့ တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။

    “ယုံကြည်မှု သစ္စာတရားဆိုတာ လက်တွေ့ မှာ လည်း လုပ်ဆောင်ရမှာပါ ” ဟု (၂၀၁၂) ဇန်န၀ါရီလ တွင် Mount Pleasant တွင် အခမဲ့ ဆေးခန်းအား သူမက စတင်ဦးစီးဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။ North America Relief USA ၏ Islamic Circle အဖွဲ့သည်  Lowcountry Boulevard ရှိ ရုံးခန်း အဆောက်အဦးတွင် အခန်းသုံးခန်းပါ ဆေးခန်း အား ငှားပေးခြင်းဖြင့် မွတ်စ်လင် ဆရာဝန်များအား ကူညီခဲ့ပါသည်။

    Dr.Reshma ၏ အမျိုးသားဖြစ်သူ ရောဂါဗေဒဆေးဝါးဆိုင်ရာ အထူးကု Dr.Ahsan Khan ကလည်း ဆေးရုံမှာပါဝင် တာဝန်ယူ လျက်ရှိပါသည်။ယခုလို ချို့တဲ့သူများအတွက် အခမဲ့ ဆေးခန်းဖွင့်လှစ်ခြင်းသည် အမေရိကန်မွတ်စလင် ဆရာဝန်များအတွက်တော့ ပထမအကြိမ်မဟုတ်ပါ။နောက်ထပ်ဆေးခန်း တစ်ခုကိုလည်း Islamic Foundation of Greater St.Louis နဲ့ Volunteers in Medicine အဖွဲ့အစည်းနှစ်ခုရဲ့ စုပေါင်းအင်အားနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလက ဖွင့်လှစ်နိုင်ခဲ့ပါသည်။

    “ဒီအခမဲ့ဆေးခန်းကိုလာပြတဲ့ လူနာအများစုက မွတ်စလင်မဟုတ်သူတွေပါ။ ကျွန်မကတော့ မတူညီတဲ့လူတွေ၊ မတူညီတဲ့ နှလုံးသားတွေ မတူညီတဲ့ ယုံကြည်မှုတွေနဲ့ မတူညီသော လူမျိုးတွေ အများကြီးကို တွေ့ရပါတယ်။ ကျွန်မ ဒီလောက် လူအများကြီးကို တွေ့ပြီး ဆေးကုသပေးရတာ တကယ်ပဲ မငြိုငြင်မိပါဘူး၊ လူနာတွေရဲ့တစ်ဝက်လောက်ပေါ့နော် လူသုံးရာနီးပါးလောက် က အလုပ်လက်မဲ့တွေပါ၊ လူနာတစ်ယောက်ချင်းစီမှာလည်း အမျိုးမျိုးသော နောက်ကြောင်းတွေ ရှိနေတတ်ပါတယ်” ဟု Dr.Khan က ပြောပါတယ်။

    မွတ်စ်လင်မဟုတ်တဲ့ Michele McFadden က  ” ကျွန်တော် ဟာ အခြားဆေးရုံတစ်ခုမှာအလုပ်လုပ်ပါတယ် ။ ဒါပေမယ့် ကျွန်တော်မှာ ကျန်းမားရေး အာမခံ(Health Insurance) မရှိပါဘူး ၊ ဘာလို့လဲဆိုတော့ ကျွန်တော် က နေ့စား အလုပ်သမားဖြစ်နေလို့ပါ ၊ ဒါပေမယ့် နေမကောင်းလို့  ဒီ Shifa အခမဲ့ ဆေးခန်းကိုလာရင် ဘာမှပြသနာမရှိပါဘူး ၊ ကျန်းမာရေးပြုစုစောင့်ရှောက်ပေးခြင်းဆိုတာ အလွန်ကို သာတူညီမျှ နဲ့ လူတိုင်းအတွက်ပါ၊ လူနာသည် မည်သည့် ဘာသာဝင် မည်သည် လူမျိုးမဆို ကိစ္စမရှိပါဘူးလို့ Dr.Khan က ပြောနေကျပါ” ဟု ပြောပါတယ်။

    “ကျွန်မရဲ့ ရည်ရွယ်ချက်က တော့ ဖန်ဆင်းရှင်ကို နာခံဖို့ပါ ၊ အဖန်ဆင်းခံလူသားများ၏ လိုအပ်ချက်ကို ကူညီပေးခြင်း သည် ဖန်ဆင်းရှင်အား နာခံခြင်းအတွက်အ ကောင်းဆုံးနည်းလမ်းပင်ဖြစ်ပါတယ်၊ အသျှင်မြတ် က ကျွန်မကို ဒီဆေးပညာ ပေးထားတာပါ၊ ဒီပညာကို ကျွန်မကိုယ်ကျိုးထက် အများအကျိုးအတွက် အသုံးချဖို့လိုပါတယ်” ဟု Shifa အခမဲ့ ဆေးခန်းကို ဦးစီးသူ Dr.Khan က ပြောကြားခဲ့ပါသည်။            ။

  • နေရပ်စွန့်ခွာ၍ တတိယနိုင်ငံများသို့ ထွက်ခွာနေကြသူများ အကြောင်း (စာတမ်း By Myo Myint)

    ဖေဖော်ဝါရီ ၂၄ ၊ ၂၀၁၃

    Paper About Rohingyas IDP By Myo Myint

    စာတမ်းပြုစုသူမှာ ဦးမျိုးမြင့်ဖြစ်ပြီး စာတမ်းမှာ ပါဝင်တဲ့ အခန်းအလိုက် ခေါင်းစဉ်များမှာ

    ၁။ ထိပ်တုံးခတ်ခံထားရသော ပြည်သူများ
    ၂။ တတိယနိုင်ငံသို့ ခိုးထွက်သည့် လမ်းကြောင်း(၈)ခု (အောက်လမ်းများ)

    (က) ထိုင်းနိုင်ငံနယ်စပ် ဒုက္ခသည်စခန်းသို့ ကုန်းလမ်းများမှနေရပ် စွန့်ထွက်ခွာခြင်း
    (ခ) ထိုင်းနိုင်ငံအတွင်းပိုင်းသို့ နေရပ်စွန့်ခွာခြင်း
    (ဂ) ထိုင်းနိုင်ငံသို့ ရေလမ်းဖြင့် နေရပ်စွန့်ခွာခြင်း
    (ဃ)မလေးရှားနိုင်ငံသို့ ထိုင်းနိုင်ငံမှတစ်ဆင့် နေရပ်စွန့်ခွာခြင်း
    (င) မလေးရှားနိုင်ငံသို့ ရေလမ်းမှ စက်လှေဖြင့်နေရပ်စွန့်ခွာခြင်း
    (စ) ဂူအန်ကျွန်းသို့ ကုန်းလမ်းဖြင့် တတိယနိုင်ငံသို့ နေရပ်စွန့်ထွက်ခွာခြင်း
    (ဆ)အိန္ဒိယနိုင်ငံမှ ကုန်းလမ်းဖြင့် တတိယနိုင်ငံသို့ နေရပ်စွန့်ထွက်ခွာခြင်း
    (ဇ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုန်းလမ်းမှတစ်ဆင့် တတိယနိုင်ငံများသို့ နေရပ်စွန့်ထွက်ခွာခြင်း

    ၃။ တတိယနိုင်ငံသွားခရီးစရိတ်များ
    ၄။ တိရစ္ဆာန်သန်းခေါင်းစာရင်း ကြားဖူးပါသလား
    ၅။ မတရားသော အမိန့်အာဏာဟူသမျှ တာဝန်အရတင်ပြကြ
    ၆။ မတရားဖမ်းဆီးချုပ်နှောင်မှု ဟုတ်မဟုတ်သုံးသပ်ပေးပါ
    ၇။ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သောရာဇဝတ်မှု ဟုတ်မဟုတ် သုံးသပ်ပေးပါ
    ၈။ လဝကအရာရှိများတွင် ဘယ်လူမျိုးရာခိုင်နုန်းအများဆုံးလဲ
    ၉။ ခွေးလူမျိုးဟုသာ ခေါ်ပါတော့
    ၁၀။ ပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်၍ လူသတ်၊ မီးရှို့ရန် အမိန့်ပေးဦးဆောင် နေသည့်အနေအထားမျိုးဖြစ်နေ
    ၁၁။ ယုတ်ညံ့၍ အဓိပ္ပာယ်မဲ့သော ဘွဲ့လက်မှတ်
    ၁၂။ အသေအပျောက်စာရင်း
    ၁၃။ နိုင်ငံတော်သမ္မတ၏ လူ့အခွင့်အရေးချိုးဖောက်မှုကော်မရှင်
    ၁၄။ သတ်ဖြတ်သူနှင့် အသတ်ခံရသူ ကွဲကွဲပြားပြား သိစေလိုပါသည်
    ၁၅။ အစ္စလာမ်ဘာသာဝင်များ၏ရွာများ၊ ရပ်ကွက်များ၊ အကြမ်းဖက်များ၏ အဝိုင်းခံရသည့်အခါတိုင်း အကူအညီတောင်းခံခဲ့သော်လည်း အကူအညီမရ
    ၁၆။ ဒေါက်ဖြုတ်ခံ ကော်မရှင်လူကြီးနှစ်ဦး
    ၁၇။ လှေစီးပြေး နေရပ်စွန့်ခွာဒုက္ခသည်များကို အပြစ်မယူတော့
    ၁၈။ ကျောင်းပိတ်၍အိမ်အပြန်လူငယ်ကျောင်းသားတစ်ဦးနယ်ကျော်မှုဖြင့် ထောင်နန်းစံနေရ
    ၁၉။ ၆ နှစ်နှင့် ၈ နှစ်အရွယ် ကလေးနှစ်ဦးအား အတင်းအဓမ္မရခိုင်သို့ ပို့ရန် ခြိမ်းခြောက်
    ၂၀။ အမိန့်ရမှလက်ထပ်ခွင့်ရ လက်ထပ်ခွင့်၊ ခွင့်ပြုမိန့်ပုံစံ
    နိဂုံး
    ပူးတွဲ (၁) ယုတ်ညံ့၍ အဓိပ္ပာယ်မဲ့သော ဘွဲ့လက်မှတ်
    ပူးတွဲ (၂) ရခိုင်ပြည်မှ အပြန်ခရီးသွားပုံစံ
    ပူးတွဲ (၃) ရခိုင်ဒေသတွင်းနေထိုင်သူများ နယ်ကျော်ခရီးထွက်ခွင့်ပုံစံ
    ပူးတွဲ (၄) အသေအပျောက်စာရင်း

    File DownLoad ယူရန်

    Paper About Rohingyas IDP by Myo Myint by Mmedia_Doc

    ** စာတမ်းပါ အကြောင်းအရာများမှာ M-Media ရဲ့အာဘော်မဟုတ်ဘဲ တင်ပြသူရဲ့တင်ပြချက်သာဖြစ်ပါသည်။

  • M-Media NewsLetter Vol-1 No-6

    M-Media NewsLetter Vol-1 No-6

    ဖေဖော်ဝါရီ ၂၃ ၊ ၂၀၁၃
    M-Media

    ဤစာစောင်ငယ်သည် အွန်လိုင်းလုံးဝ အသုံးမပြုနိုင်သူများ၊ အွန်လိုင်း အမြဲမသုံးနိုင်ဘဲ အချိန်အခက်အခဲရှိသူများအတွက် personal print ထုတ်ဖတ်နိုင်ရန် သတင်းနှင့်ဆောင်းပါးအချို့ ကို  ကန့် သတ်အနေဖြင့် စုစည်းပေးထားတဲ့ M-Media ရဲ့  Newsletter ဖြစ်ပါတယ်။ လက်တလောမှာ ၂ ပတ်ကို တကြိမ် ကြိုးစားပြီးတင်ဆက်ပေးသွားပါမယ်။

    M-Media ရဲ့ ခွင့်ပြုချက် မရှိဘဲ အခကြေးငွေ တစုံတရာဖြင့်  ဖြန့်ဝေရောင်းချခြင်း ခွင့်မပြုပါ။

    DownLink

    =>DropBox

    => Google Doc

    M Media NewsLetter Vol 1 No 6 by

    ယခင် အပတ်များမှ M-Media NewsLetter ဖတ်လိုလျှင်

  • မြန်မာ့အခက် ၊ တရုတ်အချက်

    ဖေဖော်ဝါရီ ၂၄  ၊ ၂၀၁၃

    M-Media

    source: www.nytimes.com

    kachin_state

    မြန်မာပြည်ဘော်ဒါအနီးတွင် တရုတ်စစ်တပ်က အပြင်းစားစစ်ရေးလေ့ကျင့် မှုများ ပြုလုပ်နေကြောင်း၊ ယင်းသို့ပြုလုပ်နေခြင်းမှာ တရုတ်ပြည် အနောက်တောင် ဘက်သို့ မြန်မာပြည်တွင်းစစ်အရှိန် ၀င်ရောက်လာမှုကြောင့်ဖြစ်ကြောင်း တရုတ်ပြည်၏ တရားဝင် သတင်းမီဒီယာများ က သောကြာနေ့ တွင် ဖော်ပြလိုက်သည်။

    တရုတ်စစ်တပ်သည် မြန်မာမြောက်ဖျားပိုင်း ကချင်နှင့် နယ်စပ်ဖြစ်သော ယူနန်ပြည်နယ် တွင် စစ်ရေးလေ့ကျင့်လျက်ရှိသည်။ ကချင်ပြည်နယ်တွင်း တွင် မြန်မာအစိုးရ စစ်တပ်နှင့် ကေအိုင်အေတို့အကြား တိုက်ပွဲဖြစ်ပွားနေသလို ဒီဇင်ဘာလ နှောင်းပိုင်းက တိုက်ပွဲအရှိန် မှာ မြင့်တက်ခဲ့ကြောင်း၊ ကျည်ဆံအခွံများမှာ တရုတ်ပြည်တွင်း သို့ ကျရောက် လျက်ပြီး ကချင်စစ်ပြေးဒုက္ခသည်များကလည်း ယူနန်ပြည် နယ်အတွင်း ရှိ ဆွေမျိုးများ သို့မဟုတ် ဟိုတယ်များသို့ ပြောင်းရွှေ့လာကြကြောင်း တရုတ်တာဝန်ရှိသူ များနှင့် သတင်းမီဒီယာများက ဖော်ပြသည်။

    လွန်ခဲ့သည့်လက မြန်မာစစ်အစိုးရဘက်မှ ကေအိုင်အေနှင့်အပစ်အခတ်ရပ်ဆဲရေး ကြေညာခဲ့ပြီး နောက်နေ့များတွင်မူ မြန်မာ စစ်တပ် က ဆက်လက် တိုက်ခိုက် ခဲ့ခြင်းမျိုး ရှိသည်ဟု ကချင်ပြည် နယ်ရောက် နိုင်ငံခြားသားများ က သတင်းပေးကြသည်။ သောကြာနေ့ကမူ တရုတ်သတင်းမီဒီယာတစ်ခု က မြန်မာအစိုး ရနှင့် ကေအိုင်အေတို့ အကြား ငြိမ်းချမ်းရေးဆွေးနွေးမှု များရှိသော်လည်း ထိရောက်သည့် တိုးတက်မှုတစုံတရာမတွေ့ ရကြောင်း ပြောကြားသည်။

    တရုတ်တို့ ယူနန်တွင် ယခုကဲ့သို့ စစ်ရေးလေ့ကျင့်ရခြင်းမှာ တရုတ်စစ်တပ်အနေဖြင့် စစ်ပွဲများတွင် တိုက်ခိုက်နိုင်စေရန်နှင့် အောင်မြင်မှုများရရှိစေဖို့ ရည်ရွယ်ကြောင်း ဆင်ဟွာသတင်းဌာနက ကြာသပတေးနေ့က ဖော်ပြသည်။

    စစ်ရေးလေ့ကျင့်မှုကို တရုတ်နှစ်သစ်ကူးအပြီး ယခုလအတွင်း စတင်ခဲ့ကြောင်း၊ နယ်စပ်လုံခြုံရေးအစောင့်များကို  တိုက်ပွဲငယ်များအတွက် အဓိက လေ့ကျင့်သင်ကြားပေးရန် ရည်မှန်းကြောင်း ဆင်ဟွာ သတင်းက ဖော်ပြသည်။ တရုတ်စစ်တပ်များကို ဆိုးဝါးလှသည့် ရာသီဥတုအတွင်း ချီတက်နိုင်ဖို့နှင့် မမြင်ရသည့်အနေအထားများတွင် အဆက်အသွယ်ပြုလုပ်နိုင်ဖို့ လေ့ကျင့်ပေးနေကြောင်းလည်း သိရသည်။

    ယူနန်ပြည်နယ်တွင် တောင်ကုန်းထူထပ်သဖြင့် စိန်ခေါ်မှုများရှိနေကြောင်း၊ တရုတ်စစ်တပ်ကို တောထဲ၊ လျှိုမြှောင်များနှင့် ရေထဲတွင်ပါ တိုက်ခိုက်နိုင် ဖို့ လေ့ကျင့်နေကြောင်း၊ အချို့တပ်များ ကမူ မြန်မာ နယ်နိမိတ်အနီးတွင် ဆက်သွယ်ရေးစခန်းငယ်များ တည်ဆောက်လျက်ရှိကြောင်း အချို့သော သတင်းအရင်းအမြစ်များအရ သိရသည်။

    အစောပိုင်းကမူ ယူနန်ပြည်နယ် စစ်တပ်ခေါင်းဆောင်များအတွက် ပြည်နယ်အတွင်း၌ ကွပ်ကဲအမိန့်ပေးနိုင်သည့် စင်တာတစ်ခုကို တည်ပြီးဖြစ်ကြောင်း လည်း သိရသည်။ ဇန်န၀ါရီလကမူ တရုတ်ကွန်မြူ နစ်ပါတီ၏ သတင်းစာတစ်စောင်ဖြစ်သော People’s Daily ကမူ မြန်မာနယ်စပ်ရှိ နဘန်းမြို့ တလျှောက် နယ်စပ်လုံခြုံရေးတပ်များနှင့် ရဲအရာရှိများအား မြို့နေပြည်သူများအား မှတ်ပုံတင်ကဒ် (ID Cards) များစစ်ဆေးနေခြင်းကို တွေ့ရှိ ရကြောင်း ဖော်ပြခဲ့သည်။ မြို့ထဲတွင်မူ ဆက်သွယ်ရေးရပ်ဆိုင်းသွားသဖြင့် စီးပွားရေးလုပ်ငန်းများလည်း ရပ်ဆိုင်းနေကြောင်း၊ ညဘက်များတွင် လက်နက်ကြီး ပစ်ခတ်သံ များကို ကြားနေရကြောင်းဖြင့်လည်း ယင်းသတင်းစာက ဖော်ပြသည်။

    တရုတ်ခေါင်းဆောင်များကမူ တရုတ်စစ်တပ်အား တိုက်ခိုက်ရည်မြင့်မားလာစေဖို့နှင့် အင်အားတောင့်တင်းသော ခေတ်မီစစ်တပ်အဖြစ် ဆထက်တပိုး တိုးတက်လာစေဖို့ အာရုံထားလျက်ရှိသည်။ ပြီးခဲ့ သည့်နှစ်နှောင်းပိုင်းအတွင်း တရုတ်ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်သစ် ဆိကျင်းပင် (Xi Jinping) က တရုတ်တောင်ပိုင်းရှိ ခြေလျင်နှင့် ရေတပ်များသို့ လာရောက်လည်ပတ်ခဲ့ပြီး စစ်တပ် အင်အားမြင့် မားစေဖို့ လိုအပ်ကြောင်းပြောကြားခဲ့သည်။

    မြန်မာစစ်တပ်နှင့် ကချင်ကေအိုင်အေတို့သည် ကေအိုင်အေ၏ ကိုယ်ပိုင်အုပ်ချုပ်ရေးလက်အောက်ရှိ လိုင်ဇာမြို့ကို ဗဟိုပြု၍ တိုက်ခိုက်နေခြင်းဖြစ် သည်။ ယခုနှစ် ဆောင်းရာသီက မြန်မာစစ်တပ်က လိုင်ဇာကို သိမ်းပိုက်နိုင်ဖို့ သို့မဟုတ် လိုင်ဇာတ၀ိုက်ရှိ စစ်အရေးအရ ဗျူဟာကျသောနေရာများသိမ်း ဖို့ ထိုးစစ်ဆင်ခဲ့သည်။ မြန်မာစစ်တပ်တွင် ဖိုက်တာဂျက်လေယာဉ်များ၊ လက်နက်ကြီးများပါ ၀င်ကြောင်း၊ အရပ်သားများလည်း သေဆုံး ရကြောင်းဖြင့် ဒေသခံများက ဆိုသည်။

    မိမိတို့ဘက်သို့ ကျည်ဆံခွံများကျရောက်နေကြောင်း၊ ဒီဇင်ဘာ ၃၀ အထိ ကျည်ဆံခွံလေးခုအထိ ကျရောက်ခဲ့ကြောင်း တရုတ်ကဆိုသည်။ ထို့ပြင် စစ်ပြေး ဒုက္ခသည် အရေအတွက်များပြားလာခြင်းကို လည်း တရုတ်ဘက်က စိုးရိမ်ကြောင်း ဖော်ပြသည်။

     

    Kachin-refugee-laiza1
    ကချင် စစ်ပြေးဒုက္ခသည်များ

    မြန်မာစစ်တပ်နှင့် ကချင်ကေအိုင်အေတို့ တိုက်ပွဲကြောင့် ၂၀၁၁ မှစတင်၍ ကချင်စစ်ပြေးဒုက္ခသည်ထောင်ပေါင်းများစွာတို့ ယူနန်ပြည်နယ်တွင်း ၀င်ရောက်လျက်ရှိနေသည်။ ကချင်စစ်ပြေးဒုက္ခသည် အများစုမှာ ခရစ်ယာန်ဘာသာဝင်များဖြစ်ကြပြီး တရုတ်ခရစ်ယာန်များက သူတို့ကို လိုအပ်သည်များ ကူညီသလို တရုတ်ပြည်တွင်းရှိ ကချင်များကလည်း ကူညီကြသည်။