News @ M-Media

အစ္စရေးအား နိုင်ငံတကာ ရာဇဝတ် ခုံရုံးသို့မတင်ရန် ကနေဒါမှ ပါလက်စတိုင်းကို သတိပေး

မတ် ၆ ၊ ၂၀၁၃
M-Media

အစ္စရေးတို့၏ မူဝါဒအားထောက်ခံသည့် ကွန်ဖရင့်၌ ကနေဒါနိုင်ငံခြားရေး ၀န်ကြီးက အကယ်၍ ပါလက်စတိုင်းတို့သည် ကုလသမဂ္ဂ၏ ထောက်ခံမှုအသစ်ဖြင့် အစ္စရေးအား နိုင်ငံတကာ ရာဇဝတ် ခုံရုံး – The International Criminal Court (ICC) သို့ စွဲချက်တင်မည်ဆိုပါလျှင်  ကနေဒါ ထံမှ အကျိုးဆက်ကို တွေ့ကြုံရင်ဆိုင်ရလိမ့်မည်ဟု ကြေငြာပြောကြားသည်။

Canada’s Foreign Affairs Minister John Baird
ကနေဒါနိုင်ငံခြားရေးဝန်ကြီး John Baird

ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် အမေရိကန်-အစ္စရေး လူထုရေးရာကော်မတီ American Israel Public Affairs Committee (AIPAC) အဖွဲ့မှ ထောင်ချီသည့် ၀ါဒထောက်ခံသူများ နှင့် အမေရိကန်အစိုးရအဖွဲ့ဝင်များသို့ Johg Baird မှ မိန့်ခွန်းပြောရာ အောက်ပါကဲ့သို့ မှတ်ချက်ပြုခဲ့သည်။

“  ကမ္ဘာ့ကုလသမဂ္ဂရဲ့ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုရေးရာအဖွဲ့ကြီးမှာ တွေ့မြင်ကြရတဲ့အတိုင်း – ကုလသမဂ္ဂအဖွဲ့မှာ တွေ့မြင်ကြရတဲ့ အတိုင်း – အလားတူစွာဘဲ ICC မှာ တွေ့မြင်ကြရတဲ့အတိုင်း ရှေ့ဆက် လှုပ်ရှားမှုတွေကို အလေးအနက်ထားမှာ မဟုတ်ဘူးဆိုတာ အစကတည်းက ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း နားလည်ပြီးသားပါ။ ပါလက်စတိုင်းအာဏာပိုင်နဲ့ကျွန်တော်တို့ ဆက်ဆံရာမှာ ပိုပြီးအရာရောက်အောင် လုပ်ရပါလိမ့်မယ် ”။

အစ္စရေးတို့အပေါ် ၀န်ကြီးချုပ် စတီဗင်ဟာပါ အစိုးရအဖွဲ့၏ ထောက်ခံမှုကို ထုတ်ဖော်သောအားဖြင့် ပရိသတ်များက Baird ၏ မှတ်ချက် စကားကို ထောက်ခံအားပေးခဲ့ကြသည်။

လွန်ခဲ့သည့် နိုဝင်ဘာလအတွင်း ကုလသမဂ္ဂ၌ ပါလက်စတိုင်းတို့၏ နိုင်ငံမဲ့မှ နိုင်ငံသစ်ထူရေး ဦးတိုက်တင်သွင်းမှုကို ကနေဒါ မှ ကန့်ကွက်ခဲ့ပြီး၊ အစ္စရေး စိုးမိုးမှုအပေါ် ICC တွင် အတိုက်အခံမပြုရန် ပါလက်စတိုင်းအစိုးရကို သတိပေးထားခဲ့သည်။

၂၀၁၁ ခုနှစ်၊ အောက်တိုဘာလက ပါလက်စတိုင်းအား ယူနက်စ်ကိုအဖွဲ့ဝင်အဖြစ် ထည့်သွင်းရေးအဆိုကို ကနေဒါမှလည်း ကန့်ကွက်ခဲ့သည်။

ပါလက်စတိုင်းအကြီးအမှူးများက ပါလက်စတိုင်းပိုင်နယ်မြေများအတွင်း တရားမ၀င် အိမ်ယာတိုးချဲ့မှုများ ရပ်တန့်ရေးအတွက် ICC  ၌ အစ္စရေးရဲ့ အုပ်ချုပ်ပုံကို မိမိတို့မှ အတိုက်အခံပြု သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

နိုဝင်ဘာလ၌ကျင်းပခဲ့သော ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံတွင် ပါလက်စတိုင်းအစိုးရအဖွဲ့ခေါင်းဆောင် မဟ်မူးဒ် အဗ်ဗာ့စ်၏ မိန့်ခွန်းအား “ ကျွန်တော်တို့ထဲက လူအတော်များများကို စိုးရိမ်ပူပန်မှုဖြစ်သွားစေခဲ့တယ် ” ဟု Baird  မှ ဝေဖန်လိုက်ပြီး၊ “ သူဟာ အစ္စရေးကို လက်ကမ်းကောင်း ကမ်းပေးပါလိမ့်မယ်၊ ငြိမ်းချမ်းရေးအငွေ့ အသက်တစ်ရပ်ကို ဖော်ဆောင်ကောင်းဖော်ဆောင်ပါလိမ့်မယ်၊ သဘောထားကြီးကောင်း ကြီးပါလိမ့်မယ်။ ဒါပေမယ့် သူ့စကားထဲမှာတော့ စေတနာထက်သန်မှုကို ကျွန်တော်တို့ မတွေ့ခဲ့ကြပါဘူး ” ဟု ပုတ်ခတ်ပြောဆိုခဲ့သည်။

ပါလက်စတိုင်း၏ အလားအလာကောင်းကို ကနေဒါ၊ အမေရိကန်၊ အစ္စရေး နှင့် နောက်ထပ် နိုင်ငံ ၆ ခုမှ ကန့်ကွက်မဲပေးခဲ့သော်လည်း၊ ညီလာခံအဖွဲ့ဝင် အခြားသောနိုင်ငံပေါင်း ၁၃၈ နိုင်ငံမှ ထောက်ခံမဲပေးခဲ့ကြသည်။

SAB/PKH

Comments

Leave a Reply