6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် ၁၅ ၊ ၂၀၁၄
M-Media
သတင်း/ဓါတ်ပုံ- ချို
10551013_10202176849933758_5306171134989558479_n
“ခွဲခြားမှုကင်းသော အနာဂတ် မျိုးဆက်ဆီသို့” ဆိုသော ခေါင်းစဉ်ကို သြဂုတ်လ (၁၂)ရက်နေ့တွင် မန္တလေးမြို့၊ ရတနာပုံဈေး တတိယထပ်ရှိ စက်မှုကုန်သည်ကြီးများအသင်း ခန်းမ၌ အပြည်ပြည်ဆိုင်ရာ လူငယ်နေ့ တွင် ဆရာဦးဘုန်း (ဓာတု)၊ ဆရာနေဘုန်းလတ်၊ ဆရာမ မသီတာ (စမ်းချောင်း)တို့က ပါဝင်ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးကြသည့် အကြောင်းအရာများကို M-Media စာဖတ်ပရိတ်သက်အတွက် တင်ဆင်ပေးလိုက်ပါတယ်။

ဆွေးနွေးကြရာ ဆရာဦးဘုန်း (ဓာတု)မှ အင်အားကြီးမားသူက အင်အားနည်းသူကို နိုင်လိုမင်းထက်ပြုသော ခွဲခြားမှုကင်းစင်မှသာ နိုင်ငံသာယာနိုင်ကြောင်း၊ အကောင်ကြီးမှ အကောင်သေးအား စားခြင်းမှာ တိရိစ္ဆာန်ဝါဒသာဖြစ်ကြောင်း၊ အနာဂတ်မျိုးဆက်သစ်များအား ခွဲခြားမှုများနှင့် ကြီးနိုင်ငယ်ညှဉ်းဝါဒ မထားရှိကြရန် ယခုပွဲ၌ ပါဝင်ဆွေးနွေးကြခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆရာဦးဘုန်း(ဓာတု) >>> ခွဲခြားမှုကင်းတဲ့ အနာဂတ်ဆီကို ရောက်ဖို့ အနာဂတ်မျိုးဆက်လေးတွေရဲ့ စိတ်ဓာတ်အရည်အသွေး မြှင့်တင်ပေးဖို့အတွက် စာရိတ္တပိုင်းဆိုင်ရာ ကောင်းမွန်အောင် ကျောင်းတွင်းနဲ့ ပြင်ပမှာ ဘာတွေလေ့ကျင့် သင်ကြားပေးသင့်တယ်လို့ ထင်ပါသလဲ၊ ဆရာနေဘုန်းလတ်နဲ့ မသီတာ ဖြေပေးပါဦး။

ဆရာနေဘုန်းလတ်  >>> ကျွန်တော်တို့ဆီမှာ ခွဲခြားမှုက အရမ်းများနေပါတယ်။ တည့်တည့်ပဲပြောရမယ်ဆိုရင် အာဏာရှင် စနစ်အောက်မှာ နှစ်ပေါင်း များစွာနေခဲ့ရတယ်။ အဲ့ဒီအာဏာရှင်တွေကပဲ လူတွေရဲ့စိတ်ကို စနစ်တကျ ဖျက်ဆီးခဲ့ပါတယ်။ အဲ့လိုဖျက်ဆီးခဲ့တာတွေကို ခုမှ ဖုတ်ပူမီးတိုက် ပြန်ပြင်ဆင်နေရတဲ့ သဘောမျိုး ဖြစ်နေတာပေါ့။ ကျွန်တော်တို့ တော်လှန်ရေး တစ်ရပ် ဆင်နွှဲဖို့ လိုပါတယ်။ လက်နက်ကိုင်တဲ့ တော်လှန်ရေး မဟုတ်ပါဘူး၊ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ စိတ်ဓာတ်တော်လှန်ရေးပါ။ အဓိကကတော့ ကိုယ့်စိတ်ထဲမှာရှိနေတဲ့ အမုန်းတရားတွေ ခွဲခြားဆက်ဆံမှုတွေကို ကိုယ်ကိုယ်တိုင်က စပြင်ရပါလိမ့်မယ်။ မြန်မာနိုင်ငံမှာ ဘယ်လိုဖြစ်နေလဲဆိုတော့ နေရာတိုင်းမှာ လိုက်ပြီးတော့ ဆီလောင်းထားပြီးသားပါ။ နေရာမရွေး မီးစလေးတစ်ချက်ကျလိုက်တာနဲ့ မီးထတောက်မယ့် သဘောမျိုးဖြစ်နေတာ။ အစောကြီးထဲက ဖန်တီးထားလို့ အခုလိုအချိန်မှာ ဒီလိုတွေ ဖြစ်နေရတာပါ။ ဒါကြောင့် ကိုယ့်စိတ်ထဲက အမုန်းတရားတွေ ခွဲခြားဆက်ဆံမှုတွေကို ကိုယ်တိုင် တော်လှန်ဖို့ လိုပါလိမ့်မယ်။

ဆရာမှမသီတာ(စမ်းချောင်း)  >>> ကျွန်မပြောချင်တာတော့ အစိုးရချည်းပဲ မဟုတ်ဘဲ၊ ကျောင်းတွေ၊ အိမ်တွေ၊ မိဘတွေနဲ့ပါ သက်ဆိုင်ပါတယ်။ အသိပညာကို ကိုယ်သိထားတာထက် ပိုပြီး သိခွင့်ရအောာင်လုပ်ဖို့ လိုပါမယ်။ ရပိုင်ခွင့်အရလဲ ပါပါတယ်။ တောင်းယူပါ၊ တိုက်ယူပါ၊ ရလာတဲ့အခွင့်အရေးအပေါ်မှာ ကိုယ်တိုင်က တာဝန်ယူခြင်းအားဖြင့် တောင်းယူပါ။ အကန့်ကျဉ်းကျဉ်းလေးကို မတွေးဘဲ သေချာနက်နက်နဲနဲ စဉ်းစားစေချင်ပါတယ်။ အစိုးရကိုချည်း တာဝန်ပုံချထားတာမျိုး မဟုတ်ဘဲ ကျွန်မတို့ကိုယ်တိုင် ပါနိုင်တယ် ဆိုတာလည်း ဖြစ်စေချင်ပါတယ်။ အိမ်တွေ၊  ကျောင်းတွေနဲ့ ဘာသာရေးကျောင်းတွေကနေ စလို့ရပါတယ်။ ကျွန်မတို့အားလုံး လုပ်နိုင်တယ်ဆိုတာကိုလည်း ယုံစေချင်ပါတယ်။ အစိုးရကို အားကိုးနိုင်သလောက်တော့ အားကိုးရမယ်၊ အားကိုးလို့ မရရင်လဲ ကိုယ့်ရဲ့ အခြေခံရပိုင်ခွင့်အတွက်တော့ တိုက်ရမယ်။

ဆရာဦးဘုန်း(ဓာတု) >>> နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့အတွက် ခွဲခြားမှုကင်းတဲ့ အနာဂတ်တစ်ခု ဖန်တီးခြင်းက အဓိကအရင်းအမြစ် မူဝါဒတစ်ခုလို့ပဲထင်ပါတယ်။ အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာဆိုရင် တိုင်းပြည်ခေါင်းတွေက  နိုင်ငံထဲမှာ လူမျိုးတူသည်ဖြစ်စေ မတူသည်ဖြစ်စေ၊ ဘယ်ဘာသာပဲ ကိုးကွယ် ကိုးကွယ်၊ ဘယ်လူမျိုးပဲဖြစ်ဖြစ်၊ ဘယ်နိုင်ငံကလာပြီး အခြေချချ နိုင်ငံသားဖြစ်ပြီဆိုတာနဲ့ တစ်သမတ်တည်း မိမိနိုင်ငံသားဆိုတဲ့စိတ်ဓာတ်နဲ့ ချစ်တတ်တဲ့ခေါင်းတွေ ရှိပါတယ်။ ကျွန်တော်တို့တိုင်းပြည်မှာ အဲ့လိုခေါင်းဆောင်မျိုး ၂၀၁၅ မှာ ရွေးဖို့ လိုပါလိမ့်မယ်။ ခွဲခြားမှုကင်းတဲ့ အနာဂတ်ဆီကိုသွားကြမယ်ဆိုရင် ခွဲခြားမှုတွေကို တစ်သမတ်တည်း၊ တစ်ဖြောင့်တည်း စဉ်းစားတက်တဲ့ ခေါင်းဆောင်ရှိဖို့ လိုအပ်ပါသလား။ ဖြေပေးပါဦး။

နောက်တစ်ခု ပြောချင်တာက အမျိုးဘာသာ သာသနာချစ်ဖို့၊ ထိန်းသိမ်းဖို့ တာဝန်ရှိတယ်လို့ ကျွန်တော်ကိုယ်တိုင် ခံယူပါတယ်။ ဒါပေမယ့် အစ္စလာမ်မုန်းတီးတာ ကတော့ အမျိုးဘာသာ သာသနာကာကွယ်တာမဟုတ်ပါဘူး (ဆရာနေဘုန်းလတ် )

ဆရာနေဘုန်းလတ်  >>>  လိုအပ်ပါတယ်။ တကယ်တမ်းကျတော့ ခေါင်းဆောင်မှုဆိုတာ ကိုမင်းကိုနိုင်ပြောခဲ့သလို ခေါင်းဆောင်နဲ့ ခေါင်းဆောင်မှုဆိုတာကို ခွဲပြီး စဉ်းစားစေချင်ပါတယ်။ ခေါင်းဆောင်ကိုပဲ အားမကိုးဘဲ ခေါင်းဆောင်နိုင်မှုကို ပျိုးထောင်ပါ။ ကျွန်တော်တို့ဆီမှာ ခုချိန်ထိကတော့ ခေါင်းဆောင်ကိုပဲ အားကိုးနေရတုန်းပါပဲ။ မင်းလောင်းမျှော်သလို တစ်ခုခုဖြစ်ရင် တစ်ယောက်ယောက်က ငါ့ကို ကယ်မှာပဲဆိုတဲ့ အတွေးမျိုးတွေရှိနေတက်ကြပါတယ်။ အနာဂတ်မှာတော့ အဲ့လို မဖြစ်စေချင်ပါဘူး။ ခေါင်းဆောင်ကောင်း တစ်ယောက်က ရှေ့ကနေ ဦးစီးဦးဆောင်ပြုဖို့ အတိုင်းအတာ တစ်ခုအထိတော့ လိုအပ်ပါတယ်။

10341941_10202176850653776_7093941705680721641_n

ဒါပေမယ့် လူငယ်အားလုံးရဲ့ စိတ်ထဲမှာ ထည့်ထားစေချင်တာတော့ ခေါင်းဆောင်မှုဆိုတဲ့ စိတ်ပါပဲ။ နောက်တစ်ခု လူငယ်တွေကို ပြောချင်တာက ကျွန်တော်တို့ နိုင်ငံက အရမ်းရှုပ်ထွေးပါတယ်။ ကန့်လန့်ကာနောက်ကွယ်က ကိစ္စတွေက အများကြီးပါ။ ရုတ်တရက်ဆိုရင် မသိနိုင်ဘဲ ကိုယ်မြင်နေရတာတွေကို ကြည့်တက်မြင်တက်ကြပါတယ်။ မမြင်ရတဲ့အရာတွေကို သိဖို့လည်း လိုပါတယ်။ ဒါကြောင့် လူငယ်တွေက တစ်ခုခုဖြစ်ပြီဆို သမိုင်းကိုကြည့်ကြပါ။ ကျွန်တော်ပြောတဲ့သမိုင်းဆိုတာ မင်းတုန်းမင်းတို့ သီပေါမင်း တို့ခေတ်ကို ပြောတာမဟုတ်ပါဘူး။ လတ်တလော ကာလနဲ့ မဝေးသေးတဲ့ တစ်ချိန်က သမိုင်းကိုပါ။ အခုလက်ရှိ ဖြစ်နေတာတွေဆို ဘာသာရေးချည်း သက်သက်မဟုတ်ဘဲ ဘာသာရေးနဲ့ နိုင်ငံရေး ဆက်စပ်နေပါတယ်။ ဒီလူတွေ ဒါကိုလိုချင်လို့၊ ဒီယုံမြင်လို့ ဒီချုံထွင်တာကို သိဖို့လိုအပ်ပါတယ်။ သူတို့ချပြတဲ့ ခေါင်းစဉ်လေးက အရမ်းလှတော့ လူတွေက ပါပါသွားတက်တယ်။ အဲ့လိုလှပတဲ့ ခေါင်းစဉ်နောက်ကွယ်မှာ သူတို့ရဲ့ တစ်ခြားနိုင်ငံရေး တိုက်ပွဲတွေရှိနေတယ်။ အဲ့ဒါတွေကို မြင်အောင်ကြည့်တက်ဖို့ လိုပါတယ်။

နောက်တစ်ခု ပြောချင်တာက အမျိုးဘာသာ သာသနာချစ်ဖို့၊ ထိန်းသိမ်းဖို့ တာဝန်ရှိတယ်လို့ ကျွန်တော်ကိုယ်တိုင် ခံယူပါတယ်။ ဒါပေမယ့် အစ္စလာမ်မုန်းတီးတာ ကတော့ အမျိုးဘာသာ သာသနာကာကွယ်တာမဟုတ်ပါဘူး။ အဲ့ဒါက မှန်ကန်တဲ့နည်းလမ်းလည်း မဟုတ်ဘူး။  မှန်ကန်တဲ့နည်းလမ်းကိုတော့ ကျွန်တော်တို့ ရွေးတက်ရမယ်။ ဗုဒ္ဓဘာသာပြန့်ပွားပြီး အမျိုးဘာသာ သာသနာကို တကယ်စောင့်ရှောက်ချင်တယ်ဆိုရင် ဘုရားဟောတဲ့ ဓမ္မတွေကို ဘာသာပေါင်းစုံကြားထဲမှာ ကမ္ဘာပတ်ပြီး ဟောကြစမ်းပါ။ ဒါမှ တကယ်ပြန့်ပွားပြီး သာသနာအဓွန့်ရှည်မှာလေ။ လက်မထောင်လို့ရပါတယ်။ ဒါပေမယ့် သူများကိုတော့ လက်သီးနဲ့ မထိုးပါနဲ့။ခေါင်းစဉ်လှတာလေး တစ်ခုကိုင်ပြီး လမ်းကြောင်းမှားကြီးကို လူငယ်တွေဆီ တမင်ဘာလို့ချပြနေရတာလဲ။ လမ်းကြောင်းမှားဘက်ကို ဦးတည်သွားမယ်ဆိုရင်တော့ တိုင်းပြည်ပျက်မှာပါပဲ။ လူငယ်တွေကို အဲ့လိုကစားကွက်တွေကို မြင်စေချင်ပါတယ်။ ကျွန်တော်တကယ် စိုးရိမ်ပါတယ်။ အခုဆို တစ်ဖြေးဖြေးနဲ့ အရမ်းများလာပြီး တစ်ဘက်ကလည်း recover ပေးထားတာတွေရှိနေတယ်။ ရှေ့ဆက်သွားမယ့် အနာဂတ်မှာ ခွဲခြားမှုကင်းတဲ့ အနာဂတ်ဖြစ်ချင်ရင်တော့ အများကြီးလေ့လာဖို့ လိုပါတယ်။ ကိုယ်မြင်နေရတာလေးကိုပဲ မကြည့်ဘဲနဲ့ နောက်ကွယ်က အဖြစ်အပျက်တွေကို လေ့လာသုံးသပ်ပြီး ဆုံးဖြတ်ဖို့ အကြံပေးချင်ပါတယ်။

ဆရာမ မသီတာ(စမ်းချောင်း) >>> နိုင်ငံတကာရဲ့ အမြင်မှာတော့ ကျွန်မတို့နိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုကြီးက အင်မတန်ခမ်းနားတောက်ပခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မတို့နိုင်ငံသားတွေ အကုန်လုံးရဲ့ ရင်ထဲမှာ ၀မ်းနည်းနေရပါတယ်။ အရင်တုန်းကတော့ထောက်လှမ်းရေးလောက်ပဲ ကြောက်ရတာပါ။ အခုတော့ အိမ်ခေါင်းရင်း၊ အိမ်ခြေရင်း အားလုံးကြောက်နေရတဲ့ သဘောရောက်နေပါတယ်။ အဲ့ဒါဘာဖြစ်လို့လဲဆိုရင် ကိုယ်ကိုယ်တိုင် အကျဉ်းချနေမိလို့ပါပဲ။ ကိုယ့်ကိုယ်တိုင် ခွဲခြားနေမိလို့ပါပဲ။ ငါကတော့ဘယ်သူ ငါကတော့ သူနဲ့မတူဘူးဆိုတဲ့ အတွေးတွေ တွေးနေမိတဲ့အတွက်ကြောင့် အားလုံးကို ကြောက်နေမိကြတာပါ။

အင်မတန်ဝမ်းနည်းဖို့ကောင်းပါတယ်။ အဲ့ဒါကြောင့် ရှေ့အနာဂတ်မှာ စိတ်အေးချမ်းသာ အိပ်နိုးကြဖို့ဆိုရင် ကိုယ့်ကိုယ်ကို အကျဉ်းမချမိဖို့ အရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကို ကယ်တင်ဖို့နည်းလမ်းဟာ အားလုံးကို ကိုယ်နဲ့တစ်ပြေးညီ စဉ်းစားဖို့ပါပဲ။ အဲ့ဒါကြောင့် များများသိအောင်လုပ်ပါ၊ သမိုင်းကြောင်းတွေသိအောင်လုပ်ပါ။ ကန့်လန်ကာနောက်ကွယ်က ဖြစ်ရပ်တွေကို သိအောင်လုပ်ပါ။ များများသိလာတာနဲ့အမျှ များများအမြော်အမြင်ရှိလာပါမယ်။ နိုင်ငံကိုချစ်ဖို့လဲလိုပါတယ်၊ အမျိုးကိုချစ်ဖို့လဲလိုပါတယ်။

အမုန်းစကားတွေကိုတော့ ကာကွယ်ဖို့လိုပါတယ်။ ဟားဗတ်က သုတေသီတစ်ယောက်က အမုန်းစကားတွေကို ကာကွယ်ဖို့ အစွမ်းအထက်ဆုံး လက်နက်ရှိပါတယ်။ အဲ့ဒီလက်နက်က ဘာလဲဆိုရင် အဲ့ဒီအမုန်းတရားတွေကို နားထောင်ခွင့် ရသူများက ဘာမှပြန်လည် မတုန့်ပြန်ခြင်းပဲ ဖြစ်ပါတယ် လို့ပြောပါတယ်။ ပြောချင်တဲ့သူတွေက ပြေချင်တာပြောပါစေ။ သူတို့ပြောတဲ့အတိုင်း နားယောင်ပြီး ကိုယ်လိုက်မလုပ်ဘူးဆိုရင် တစ်ချိန်ချိန်မှာ ဒီစကားတွေက ကျုံလှီပျောက်ကွယ်သွားမှာပါ။ ကိုယ့်နိုင်ငံရဲ့ ရှေ့အနာဂတ်အတွက်ရော၊ ကမ္ဘာကြီးငြိမ်းချမ်းဖို့အတွက်ရော အရေးကြီးဆုံး ပုဂ္ဂိုလ်ထဲမှာ ကိုယ်ကိုယ်တိုင် တစ်ယောက်အပါအ၀င်ဖြစ်တယ်ဆိုတာကို ဘယ်တော့မှ မမေ့စေချင်ပါဘူး။ ကိုယ့်မှာ အစွမ်းအစရှိနေတယ်ဆိုတာလည်း ယုံစေချင်ပါတယ်။ အားလုံးရဲ့အရေးပါမှု၊ မတူသူများရဲ့ အရေးပါမှုကို သိနိုင်တာနဲ့အမျှ အင်မတန်အရသာရှိတဲ့ ငြိမ်းချမ်းတဲ့ မြန်မာနိုင်ငံ၊ ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးကို တည်ဆောက်နိုင်မယ်လို့ ယုံကြည်ပါတယ်။

ဆရာဦးဘုန်း(ဓာတု) >>> မတူကွပြားမှုတွေ၊ ခွဲခြားနေတက်တဲ့စိတ်တွေက ကျွန်တော်တို့ အနာဂတ်ကို ကျွန်တော်တို့ သတ်ဖြတ်နေခြင်းပါ။ ဒါကြောင့် ဒီနေ့ခွဲခြားမှုကင်းတဲ့ အနာဂတ်ဆိုတာ ဘယ်လောက်အထိ အရေးပါလဲဆိုရင် ကျွန်တော်တို့ တိုင်းပြည်မှာ ပျက်ဆီးပျောက်ကွယ်သွားတဲ့ ငြိမ်းချမ်းရေးတွေ၊ ပျောက်ဆုံးသွားတဲ့ ယုံကြည်ချစ်ခင်မှုတွေ၊ ကြီးထွားလာတဲ့ သံသယတွေ၊ ကြီးထွားလာတဲ့ မုန်းတီးမှုတွေ၊ ဘာသာတစ်ခုက ဘာသာတစ်ခုအပေါ်မှာ၊ အင်အားကြီးသူက အင်အားနည်းသူအပေါ်မှာ ခွဲခြားဆက်ဆံကြသလို ဖြစ်နေကြခြင်းပါ။ ဒါကြောင့် ငြိမ်းချမ်းတဲ့ အနာဂတ်မျိုးဆက်ဆီသို့ ကျွန်တော်တို့ တကယ်လျှောက်လှမ်းချင်တယ်ဆိုရင်ဖြင့် ခွဲခြားမှုကင်းသော ကွဲပြာမှုတွေကို တန်ဖိုးထားတက်သော လူ့အဖွဲ့အစည်းတစ်ခုကို လူကြီးများ တည်ဆောက်ကြပါ၊ လူငယ်များ ဖန်တီးကြပါ။ ၂၀၁၅ မှာလည်း ကွဲပြားမှုတွေကို တန်ဖိုးထားတက်တဲ့ ခေါင်းဆောင်များကို ရွေးချယ်ခြင်းဖြင့် လှပသော အနာဂတ်ကို တည်ဆောက်ကြဖို့ တိုက်တွန်းနှိုးဆော်ရင်း ဒီအခမ်းအနားကို နိဂုံးချုပ်ပါတယ်။

Leave a Reply