News @ M-Media

စပိန်တွင် နှစ်ထောင်ချီ သက်တမ်းရှိသည့် မွတ်စလင် သုဿာန်တစ်ခု တွေ့ရှိ

သြဂုတ် ၁၅၊ ၂၀၁၄
M-Media
The positioning of the bodies, facing towards Mecca, suggests a Muslim graveyard.
– စပိန်နိုင်ငံရှိ ပြည်နယ်တစ်ခုတွင် လွန်ခဲ့သော နှစ်ပေါင်း ၁ ထောင်ခန့်က ရှိခဲ့သည့် မွတ်စလင် သုဿာန်တစ်ခုကို သုတေသန ပညာရှင်များက တူးဖော်တွေ့ရှိခဲ့သည်ဟု သိရသည်။

ဆီအူဒက် ရီးယဲလ်ပြည်နယ် အလ်စာဇာ ဒီ ဆန် ဂျူအန် မြို့ရှိ ရှေးဟောင်း နေရာတစ်ခုကို တူးဖော်ခဲ့ရာမှ မွတ်စလင်ဟု ယူဆနိုင်သည့် အလောင်း ၇ ခုကို တွေ့ရှိခဲ့ရခြင်ဖြင်း ထိုအလောင်းများမှာ မက္ကဟ်မြို့သို့ မျက်နှာမူထားကြောင်းကို တွေ့ရှိခဲ့ရပြီးနောက် မွတ်စလင်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

သုတေသနအဖွဲ့ခေါင်းဆောင် လိုပက်ဇ်မန်ချီရိုကမူ ယခုကဲ့သို့ တွေ့ရှိခြင်းမှာ အစ္စလာမ်ဘာသာဝင်များ ကက်စတီလာ လာ မန်ချာဒေသတွင် လွန်ခဲ့သော နှစ်ပေါင်း များစွာကပင် နေထိုင်ခဲ့ကြောင်း အနည်းငယ်သော အထောက်အထားများမှ တစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။

ထိုနေရာအနီးအတစ်ဝိုက်တွင် ကြေးခေတ်မှ အသုံးအဆောင်ပစ္စည်း အပိုင်းအစများ၊ ရောမခေတ် စာအုပ်များနှင့် အခြားသော ရှေးဟောင်း ပစ္စည်းများ ကိုလည်း တွေ့ရှိခဲ့ရသည်။

လိုပက်ဇ်ဦးဆောင်သည့် ရှေးဟောင်း သုတေသနအဖွဲ့မှာ ကက်စတီလာ လာ မန်ချာ တက္ကသိုလ်၊ မြို့အာဏာပိုင်များနှင့် ပူးပေါင်းကာ ထိုဒေသတွင် ရှေးဟောင်းသုတေသနလုပ်ငန်းကို ၂၀၁၃ ခုနှစ်ကတည်းက ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

စပိန်၏ နယ်နမိတ်အများအပြားကို အာရပ်များက ၇၁၁ ခုနှစ်မှာ ၁၄၉၂ ခုအထိ အုပ်ချုပ်ခဲ့ပြီးနောက် စပိန်ဘုရင် ဖာဒီနန်၏ တပ်များကို ၁၄၉၂ ခုနှစ်တွင် စစ်ရှုံးခဲ့သည်။ ထိုနောက်ပိုင်းတွင် ခရစ်ယာန်ဘာသာဝင်ဖြစ်သည့် ဘုရင်ဖာဒီန်က စပိန်အတွင်းရှိ ဂျူးနှင့် အစ္စလာမ်ဘာသာဝင်များအား ခရစ်ယာန်ဘာသာသို့ပြောင်းရန် ဖိအားပေးခဲ့ပြီး မလိုက်နာပါက ညှင်းပန်းနှိပ်စက်မှုများ သတ်ဖြတ်မှုများကို ပြုလုပ်ခဲ့သည်။

ထို့ကြောင့် ဂျူးနှင့် အစ္စလာမ်ဘာသာဝင်များမှာ စပိန်မှ ထွက်ပြေးခဲ့ရပြီး ဂျူးဘုရားကျောင်းများနှင့် မွတ်စလင်တို့၏ ဗလီဝတ်ကျောင်းတော်များမှာလည်း ခရစ်ယာန်ဘုရားကျောင်းအဖြစ် ပြောင်းလဲခံရခြင်း၊ ဖြိုဖျက်ခံရခြင်းတို့နှင့် တွေ့ကြုံခဲ့ရသည်။

ယခုလက်ရှိတွင် စပိန်နိုင်ငံ လူဦးရေ ၄၇ သန်း၏ ၃.၄ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူများဖြစ်ပြီး အစ္စလာမ်မှာ ခရစ်ယာန်ပြီးနောက် စပိန်တွင် ဒုတိယ သက်ဝင်ယုံကြည်မှုအများဆုံး သာသနာဖြစ်သည်။

onislam.net

Comments

Leave a Reply