News @ M-Media

ဆော်ဒီစာကြည့်တိုက်တစ်ခု ၂၀၁၅ အတွက် အကောင်းဆုံး ဗိသုကာလက်ရာဆု ရရှိ

နိုဝင်ဘာ ၁၉၊ ၂၀၁၅
M-Media

libary

– ဆော်ဒီအာရေဗျနိုင်ငံ ရီယာ့ဒ်မြို့ရှိ ဘုရင်ဖာဟဒ် အမျိုးသားစာကြည့်တိုက် KFNL မှာ ၂၀၁၅ ခုနှစ်အတွက် အကောင်းဆုံး ဗိသုကာလက်ရာဆုကို ရရှိခဲ့သည်ဟု သိရသည်။

A+Award အစီအစဉ်မှ ချီးမြှင့်သည့် အဆိုပါဆုအတွက် ကမ္ဘာတစ်ဝှမ်း အဆောက်အဦး ၇ ခုကို ပဏာမအဖြစ် ရွေးချယ်ခဲ့ပြီး ထိုအထဲမှ တီထွင်ဆန်းသစ်မှုအရှိဆုံး ဗိသုကာလက်ရာကို ဆုချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

ဘုရင်ဖာဟဒ် အမျိုးသားစာကြည့်တိုက်မှာ အရှေ့အလယ်ပိုင်းတွင် အကြီးဆုံး စာကြည့်တိုက်လည်း ဖြစ်ပြီး ကမ္ဘာကျော် ဗိသုကာပညာရှင် အက်ဟာ့ဒ် ဂါရ်ဘာရ်က ဒီဇိုင်းဆွဲ တည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်။ ဂါရ်ဘာရ်မှာ ဥရောပ၊ အာရှနှင့် အာရပ်နိုင်ငံများမှ အဆောက်အဦး အများအပြားကိုလည်း ဒီဇိုင်းဆွဲပေးခဲ့သူဖြစ်သည်။

ယခုနှစ် ဗိသုကာလက်ရာဆု ရွေးချယ်ရာတွင် သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီမှု ရှိ၊ မရှိ၊ ရာသီဥတုပြောင်းလဲမှု အပေါ် အကျိုးသက်ရောက်မှု၊ ရှိ၊ မရှိ စသည့် စည်းမျဉ်းစည်းကမ်း အသစ်တစ်ခုပါ ပါဝင်ခဲ့သည်။

ဆုရွေးချယ်သူများကမူ အဆိုပါ စာကြည့်တိုက်မှာ ပြောင်းလွယ်ပြင်လွယ်ဖြစ်ပြီး တီထွင်ဆန်းသစ်မှု အပြည့်ရှိကြောင်း၊ စာကြည့်တိုက်အတွက် စွမ်းအင်သုံးစွဲမှု များများစားစား မလိုခြင်းကလည်း ရွေးချယ်မှုတွင် အသာရစေခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

အရှေ့အလယ်ပိုင်းဒေသ၏ အပူလွန်ကဲသော သဘာဝကြောင့် အဆောက်အဦးက အပူများကို စုပ်ယူခြင်းမရှိစေသည့် နည်းပညာကိုလည်း ထိုအဆောက်အဦးတွင် အသုံးပြုထားပြီး ထိုနည်းပညာကြောင့် အဆောက်အဦး၏ နေရာတိုင်းတွင် အေးမြနေမည်ဖြစ်သည်။

Ref: Arabnews

Comments

Leave a Reply