မေ ၂၆၊ ၂၀၁၆
M-Media
– မန်ယူသို့ ရောက်ရှိမည်ဟု သတင်းများ ထွက်ပေါ်နေသည့် ပီအက်စ်ဂျီတိုက်စစ်မှူးဟောင်း အီဗရာဟီမိုဗစ်က မိမိအနေဖြင့် အနာဂတ်အတွက် ဆုံးဖြတ်ချက် ချထားပြီး၊ မည်သည့်အသင်းတွင် ကစားမည်ဆိုသည်ကို ရွေးချယ်ပြီးဖြစ်သည်ဟု ပြောကြားလိုက်သည်။
အီဗရာဟီမိုဗစ်မှာ ပီအက်စ်ဂျီအသင်းနှင့် သက်တမ်းကုန်းဆုံးပြီးနောက် အသင်းလက်မဲ့ဖြစ်နေပြီး ခေါ်ယူမည့်အသင်းအနေဖြင့် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရရှိနိုင်မည်ဖြစ်သည်။ လက်ရှိတွင် မန်ယူမှာ အီဗရာဟီမိုဗစ်အား ငွေကြေးအမြောက်အမြားဖြင့် ခေါ်ယူမည်ဟု သတင်းထွက်နေသည်။
၎င်းကမူ မိမိအနေဖြင့် နောက်ထပ်ကစားရမည်အသင်းကို သိရှိထားသည်ဟု ပြောကြားခဲ့သော်လည်း မည်သည့်အသင်းဟု မထုတ်ဖေါ်ခဲ့ပေ။
“အနာဂတ်အတွက် ရေးပြီးသားပါ။ ကျွန်တော် ရွေးချယ်မှု ပြုလုပ်ပြီးပါပြီ။ ယူရိုမတိုင်ခင် စာချုပ်ချုပ်ဖို့ ကိစ္စက ကျွန်တော့်အတွက် အရေးမကြီးပါဘူး။ မီဒီယာတွေ ရေးတာကို ဖတ်ရတာ ကြိုက်ပါတယ်။ ပျော်စရာကောင်းတယ်လေ။ အင်္ဂလန်၊ အီတလီနဲ့ တစ်ခြားနိုင်ငံတွေလို နိုင်ငံတိုင်းက ကျွန်တော့်ကို စိတ်ဝင်စားနေပါတယ်။ မက်မောစရာကောင်းတဲ့ ကမ်းလှမ်းမှုတွေရှိပြီး အခြားကမ်းလှမ်းမှုတွေလည်း ရှိပါတယ်။ အခုအချိန်အထိ ဘာမှမဖြစ်သေးပါဘူး။ ဥရောပချန်ပီယံရှစ်က ရှိသေးတယ်လေ” ဟု အီဗရာဟီမိုဗစ်က ပြောကြားခဲ့သည်။
Ref : Goal
Leave a Reply
You must be logged in to post a comment.