စက်တင်ဘာ ၁၇၊ ၂၀၁၆
M-Media
– မန်ချက်စတာယူနိုက်တက်အသင်း၏ တိုက်စစ်မှူး မားက်စ် ရက်ရှ်ဖို့ဒ်မှာ ၎င်း၏ ပြေးအား၊ လှုပ်ရှားမှုများနှင့် မည်သူ့ကိုမဆို ဒုက္ခပေးနိုင်သည်ဟု မန်ယူတိုက်စစ်မှူးဟောင်း အင်ဒီကိုးလ်က ပြောကြားလိုက်သည်။
ပြီးခဲ့သည့်နှစ် ဗန်ဂါးလ်လက်ထက်တွင် အသင်း၌ နေရာရလာသည့် လူငယ်ကစားသမား ရက်ရှ်ဖို့ဒ်မှာ ယခုနှစ်တွင်လည်း ပုံမှန်ကစားခွင့်ရပါက ခြေစွမ်းပြနိုင်မည့် အခြေအနေတွင် ရှိနေသည်။
သြဂုတ်လက ဟားလ်စီးတီးအား ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် လူစားဝင်လာသည့် ရက်ရှ်ဖို့ဒ်က တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး စက်တင်ဘာ ၆ ရက်နေ့က နော်ဝေအသင်းနှင့် ကစားခဲ့သည့် အင်္ဂလန် ယူ ၂၁ အသင်း၏ ပွဲတွင်လည်း ဟက်ထရစ် သွင်းယူခဲ့သည်။
“ရက်ရှ်ဖို့ဒ်အတွက် အသင်းမှာ ပါဝင်နေရပြီး သူကလည်း ဒါကို တော်တော်လေး ကျေနပ်နေပုံရပါတယ်။ လူငယ်တစ်ယောက်အနေနဲ့ သူ့မှာ ဖိအားမရှိတာကြောင့် သူ့ရဲ့ ဘောလုံးသမားဘ၀ကို ကောင်းကောင်း ကျေနပ်နိုင်ပါတယ်။ ပြီးတော့ အခုအချိန်မှာလည်း သူ ဒီလိုအနေခြေအနေမျိုး ရှိနေပါတယ်” ဟု အင်ဒီကိုးလ်က ပြောကြားခဲ့သည်။
ထို့ပြင် ပြီးခဲ့သည်ရာသီက ဒဏ်ရာများကြောင့် အသင်းတွင် ပုံမှန်မပါဝင်နိုင်သော်လည်း ယခုရာသီတွင် ပြသခဲ့သည့် ခြေစွမ်းကို ပိုမို ကောင်းမွန်အောင် ဆောင်ရွက်နိုင်မည်ဟုလည်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။
Ref: Goal
Comments