ဧပြီ ၂၄၊ ၂၀၂၀
M-Media
-အစ္စလာမ်ဘာသာဝင်တွေရဲ့ ရမ်ဇာန်ဥပုသ်လ လှူဒါန်းထောက်ပံ့မှုအစီအစဉ်အဖြစ် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ အစိုးရဟာ ဟာလာ ထမင်းဘူး ၅ သိန်းလောက်ကို လိုအပ်နေသူတွေထံ ဝေငှသွားမယ်လို့ သိရပါတယ်။
“ရမ်ဇာန်ဥပုသ်လရဲ့ အရေးပါတဲ့ သတင်းစကားတွေက ဆာလောင်နေသူတွေရဲ့ဝမ်းကို ငြိမ်းအေးစေဖို့၊ ချို့တဲ့သူတွေကို လက်ပေးဖို့ပါ ” လို့ နယူးယောက်မြို့တော်ဝန် ဘီလ် ဒီ ဘလာစီယိုက ပြောကြားခဲ့ပါတယ်။
ဗလီတွေကို သွားရောက်ခွင့်မရတဲ့အတွက် အခုနှစ် ရမ်ဇာန်ဥပုသ်လဟာ အရင်နှစ်တွေကထက် ပိုမို ခက်ခဲတယ်လို့လည်း ဘလာစီယို ဆိုပါတယ်။
အရင်နှစ်တွေက ယူးယောက်မြို့မှာရှိတဲ့ ဗလီတွေဟာ ချို့တဲ့သူတွေကို ကူညီတာ၊ အစားအသောက် လှူဒါန်းတာတွေ လုပ်ဆောင်ခဲ့တာပါ။ ဒါပေမယ့် အခုနှစ်မှာတော့ Covdi-19 ပြန့်နှံ့မှုကြောင့် ဝတ်ပြုရာနေရာတွေ၊ အများပြည်သူတွေနဲ့ သက်ဆိုင်တဲ့နေရာတွေကို ပိတ်ထားပြီး ရွေ့လျားသွားလာမှု ကန့်သတ်မိန့်လည်း ထုတ်ပြန်ထားပါတယ်။
ဟာလာလ် ထမင်းဘူး ၄ သိန်းကို နယူးယောက်မြို့ ပညာရေးဌာနတွေက တာဝန်ယူ ဝေငှပေးသွားမှာဖြစ်ပြီး၊ နောက်ထပ် တစ်သိန်းကိုတော့ အရပ်ဖက် အဖွဲ့အစည်းတွေကနေတစ်ဆင့် ဝေငှမှာဖြစ်ပါတယ်။ နယူးယောက်မြို့မှာ လူဦးရေ ၂ သန်းလောက် နေထိုင်ပါတယ်။
ဂျူးလူ့အဖွဲ့အစည်းအတွက် ခိုရှာထမင်းဘူးတွေ ဝေငှဖို့လည်း နယူးယောက်အစိုးရက စီစဉ်ထားပါတယ်။
Ref: Middel Easteye
Comments