News @ M-Media

Tag: China

  • တရုတ်နိုင်ငံ ယူနန်တွင် အင်အားပြင်း ငလျင်လှုပ်ခတ်၊ ၃၀၀ ကျော်သေဆုံး

    တရုတ်နိုင်ငံ ယူနန်တွင် အင်အားပြင်း ငလျင်လှုပ်ခတ်၊ ၃၀၀ ကျော်သေဆုံး

    သြဂုတ် ၃၊ ၂၀၁၄
    M-Media
    china003
    – တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်တွင် ယနေ့ ညနေပိုင်းက အင်အားပြင်ငလျင်တစ်ခု လှုပ်ခတ်ခဲ့သောကြောင့်  လူ ၃၀၀ ကျော် သေဆုံးပြီး ရာပေါင်းများစွာ ပျောက်ဆုံးနေသည်ဟု သိရသည်။

    Ludian နှင့် Qiaojia ခရိုင်တို့တွင် ယနေ့ ညနေ ၄ နာရီခွဲခန့်က လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပြင်းအားမှာ ၆.၁ မဂ္ဂနီကျုရှိသည်။ ဒဏ်ရာရရှိသူ ထောင်ပေါင်းများစွာရှိနေပြီး ငလျင်ကြောင့် ဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အားများ ပြတ်တောက်ခဲ့ကာ ကားလမ်းများလည်း ပျက်ဆီးခဲ့သည်။ ထို့ပြင် အဆောက်အအုံအချို့လည်း ပြိုကျခဲ့ကာ အပျက်အဆီးများကြား ပိတ်မိနေသူများကို ကယ်ဆယ်ရေးလုပ်သားများက ရှာဖွေနေသည်။

    ယူနန်ပြည်နယ်တွင် လှုပ်ခတ်ခဲ့သော်လည်း စီချွမ်ပြည်နယ်ရှိ အချို့ဒေသများတွပါ ငလျင်ဒဏ်ကို ခံစားခဲ့ရသည်ဟု ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့သည်။ ငလျင်လှုပ်ခတ်ပြီး ၂ နာရီအတွင်း နောက်ဆက်တွဲလှုပ်ခတ်မှု ၁၀၇ ကြိမ်ခန့် ဖြစ်ပွားခဲ့သည်။ နောက်ထပ် သုံးရက်အတွင်း မိုးရွာနိုင်ဖွယ်ရှိသည်ဟု မိုးလေ၀သက ခန့်မှန်းထားပြီး ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးဖွယ်ရှိနေသည်။

  • ချစားမှုနှင့် ပတ်သက်၍ CCTV မှ သတင်းကြေညာသူ တစ်ဦးကို တရုတ်ဖမ်းဆီး

    ဇူလိုင် ၁၃ ၊ ၂၀၁၄
    M-Media
    201471361450630734_20
    – နိုင်ငံတစ်ဝှမ်းဖြစ်ပေါ်နေသည့် ချစားမှုများအား အရေးမှုတစ်စိတ်တစ်ပိုင်းအဖြစ် နိုင်ငံပိုင် CCTV သတင်းဌာနမှ ထိပ်တန်း သတင်းကြေညာသူ ရူချန်ဂန်အား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်ဟု တရုတ်မီဒီယာများက ဖော်ပြခဲ့သည်။

    ချန်ဂန်မှာ CCTV ၏ ဘဏ္ဍာရေးနှင့်ပတ်သက်သည့် သတင်းများကို စီစဉ်ထုတ်လွှင့်နေသော လူကြိုက်များသည့် သတင်းကြေညာသူတစ်ဦးဖြစ်ပြီး သောကြာနေ့ညပိုင်းက ၎င်း၏ စတူဒီယိုတွင် ဖမ်းဆီးခံခဲ့ရသည်ဟု ကွန်မြူနစ်ပါတီ နေ့စဉ်သတင်းစာ People’s Daily ၏ Twitter စာမျက်နှာတွင် ယမန်နေ့ညပိုင်းက ဖော်ပြခဲ့သည်။ ၎င်းနှင့်အတူ ထိုအစီအစဉ် လက်ထောက်ဒါရိုက်တာဖြစ်သူ လီယန်မှာလည်း ဖမ်းဆီးခြင်းခံခဲ့ရသည်။

    လွန်ခဲ့သည့် တစ်လကျော်ကပင် ချန်ဂန်၏ ဆရာဖြစ်သော CCTV ၏ ကြော်ညာဒါရိုက်တာ၊ ဘဏ္ဍာရေးနှင့် စီးပွားချန်နယ်၏ အထွေထွေဒါရိုက်တာ ဂူရှန်ဇီအား လာဘ်ပေးလာဘ်ယူမှုဖြင့် သံသယရှိ၍ စုံစမ်းစစ်ဆေးမည်ဟု  ကြေညာပြီးနောက်ပိုင်း ချန်ဂန်မှာ ယခုကဲ့သို့ အဖမ်းခံခဲ့ရခြင်းဖြစ်သည်။

    အသက် ၃၆ နှစ်အရွယ်ရှိ ချန်ဂန်မှာ စီးပွားရေးဂျာနယ်လစ်လောကတွင် အထင်ရှားဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ၎င်း၏ ပြင်းထန်သော အမျိုးသားရေး ရပ်တည်ချက်နှင့် အငြင်းပွားဖွယ် မှတ်ချက်များက ၎င်းအား ပိုမိုထင်ရှားသူ တစ်ဦးဖြစ်လာစေခဲ့သည်။

    ပြီးခဲ့သည့်နှစ်က သမ္မတသစ် ဇီဂျင်ပင်း တက်လာပြီးနောက်ပိုင်း ချစားမှုနှင့် ဖြုန်းတီးမှုများအပေါ် တရုတ်အစိုးရက စုံစမ်းစစ်ဆေးကာ အရေးယူမှုများပြုလုပ်နေသည်။ ဇီဂျင်ပင်းကမူ နိုင်ငံတစ်ဝှမ်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေသည့် ချစားမှုများက ကွန်မြူနစ်ပါတီ၏ ရပ်တည်မှုကို ခြိမ်းခြောက်နေသည်ဟု ပြောကြားထားသည်။

    Ref: Reuters

  • တရုတ်တွင် မူကြိုကျောင်းကာ ရေလှောင်ကန်တွင်းထိုးကျ ကလေး ၈ ဦး အပါအဝင် ၁၁ ဥိး သေဆုံး

    ဇူလိုင် ၁၁ ၊ ၂၀၁၄
    M-Media
    China school minivan accident kills eight children
    – တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ်တွင် မူကြိုကျောင်းမှ ကျောင်းကားတစ်စီး ရေလှောင်ကန်အတွင်းသို့ ထိုးကျမှုကြောင့် ကလေးငယ်များအပါအ၀င် လူ ၁၁ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

    ချန်ရှာမြို့အနီးရှိ မူကြိုးကျောင်းတစ်ကျောင်းမှဖြစ်ပြီး ကလေးငယ်များအား အိမ်ပြန်ပို့စဉ် ယမန်နေ့က ရေလှောင်ကန်အတွင်းသို့ ထိုးကျခဲ့ခြင်းဖြစ်သည်။ သေဆုံးသူများမှာ ကလေးငယ် ၈ ဦး ဆရာနှစ်ဦးနှင့် ယာဉ်မောင်း ၁ ဦးတို့ဖြစ်ကြပြီး ၎င်းတို့၏ အလောင်းများကို ယနေ့နံနက်ပိုင်းက ဆယ်ယူရရှိခဲ့သည်။

    ကျောင်းကားများ ဘေးအန္တရာယ်ကင်းရှင်းရေ လျော့ရဲ့လာမှုပြဿနာကို ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်းကပင် တရုတ်နိုင်ငံ၌ရင်ဆိုင်နေခဲ့ရသည်။

    ၂၀၁၀ ခုနှစ် နိုဝင်ဘာလအတွင်းကလည်း ဂန်ဇူးပြည်နယ်ရှိ ကိုယ်ပိုင် မူကြိုတစ်ခုမှ ထိုင်ခုံ ၉ ခုသာပါသော ကျောင်းကားမှာ လူ ၆၄ ဦးကို တင်ဆောင်ပြီး ကျောက်မီးသွေးတင် ထရပ်ကားတစ်စီးနှင့် တိုက်မိခဲ့သောကြောင့် လူကြီး ၂ ဦးနှင့် ကလေး ၂၀ ဦး သေဆုံးခဲ့ကာ ကလေးငယ် ၄၂ ဦးမှာ ဒဏ်ရာရရှိခဲ့သည်။

    ထိုအဖြစ်အပျက်ကြောင့် မူကြိုပိုင်ရှင်အား ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ပြီး ၀တ္တရားပျက်ကွက်မှုနှင့် မူကြိုကျောင်းကား ပြင်ဆင် မွမ်းမံထားသည့် ပြဿနာကို မဖြေရှင်းနိုင်မှုကြောင့် အကြီးတန်း ယာဉ်ထိန်းအရာရှိတစ်ဦးကို ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ကာ အခြားအရာရှိတစ်ဦးကိုမူ တာဝန်ထမ်းဆောင်ခွင့် ၃ နှစ် ပိတ်ပင်ခဲ့သည်။

    Ref: CNA

  • ဂျပန်၏ အတိတ်က ကျူးကျော်ခဲ့မှုအား တရုတ်သမ္မတ ဝေဖန်တိုက်ခိုက်

    ဂျပန်၏ အတိတ်က ကျူးကျော်ခဲ့မှုအား တရုတ်သမ္မတ ဝေဖန်တိုက်ခိုက်

    ဇူလိုင် ၆ ၊ ၂၀၁၄
    M-Media
    China attacks Japan for 'barbarous' past
    – တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံတို့အား ဂျပန်က စစ်ရေးဖြင့် ကျူးကျော်ခဲ့သည့် အတိတ်သမိုင်းကို တောင်ကိုရီးယားသို့ ရောက်ရှိနေသည့် တရုတ်သမ္မတ ဇီကျင်ပင်းက ပြင်းပြင်းထန်ထန် ဝေဖန်လိုက်သည်ဟု သိရသည်။

    ၂ ရက်ကြာ အလည်အပတ် ရောက်ရှိနေသည့် ဇီက ဆိုးလ်အမျိုးသား တက္ကသိုလ်၌ ယနေ့ ပြုလုပ်သည့် မိန့်ခွန်းတွင် ထိုကဲ့သို့ ဝေဖန်ခဲ့ခြင်းဖြစ်သည်။ ဇီမှာ တောင်ကိုရီးယာနိုင်ငံပြီးနောက် မဟာမိတ် မြောက်ကိုရီးယားသို့လည်း သွားရောက်လည်ပတ်မည်ဖြစ်သည်။

    “၂၀ ရာစုရဲ့ ပထမ နှစ် ၅၀ မှာ ဂျပန်စစ်ဝါဒီတွေက တရုတ်နဲ့ တောင်ကိုရီးယားတို့အပေါ် ပြင်းထန်တဲ့ စစ်ပွဲတွေဆင်နွှဲခဲ့ပါတယ်။ ကိုရီးယား တစ်နိုင်ငံလုံးနဲ့ တရုတ်ပြည်မကြီးရဲ့ ထက်ဝက်လောက်ကိုပါ” ဟု ဇီကဆိုသည်။

    မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်ကိစ္စနှင့် ပတ်သက်၍မူ နျူကင်းစင်သော ကိုရီးယားကျွန်းဆွယ်ဖြစ်လာရေး လိုအပ်သည်ဟုသာ ပြောကြားခဲ့သည်။

    တရုတ်နှင့် ကိုရီးယား ကျွန်းဆွယ်တို့ကို ဂျပန်က ၂၀ ရာစုအစောပိုင်းတွင် သိမ်းပိုက်ခဲ့ပြီး၊ ယခုလက်ရှိတွင်လည်း တရုတ်၊ ဂျပန်၊ မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတို့မှာ နိုင်ငံရေးနှင့် ပိုက်နက်ဆိုင်ရာ အငြင်းပွားမှုများရှိနေသည်။

    Ref: Al Jazeera and agencies

  • တရုတ် ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင် တစ်ဦးကို လာဘ်စားမှုနှင့် ပတ်သက်၍ စစ်ဆေးနေ

    ဇွန်လ ၁၅ ရက် ၊ ၂၀၁၄
    M-Media
    2014614143137341734_20
    – ချစားမှုနှင့် ပတ်သက်၍ သံသယရှိသူ အကြီးတန်း နိုင်ငံရေးသမားတစ်ဦးအား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု တရုတ် အာဏာပိုင်များက ကြေညာ လိုက်သည်။

    တရုတ်နိုင်ငံရေးကွန်ဆာဗေးတစ်ညီလာခံ CPPCC ၏ ဒုတိယဥက္ကဌဖြစ်သူ ဆူရုံ ဆိုသူဖြစ်ပြီး ကွန်မြူနစ်ပါတီ၏ စည်းမျဉ်းများနှင့် နိုင်ငံဥပဒေကို ချိုးဖောက်သည်ဟု ယုံကြည်ရသောကြောင့် စုံစမ်းမှုများ ပြုလုပ်နေခြင်းဖြစ်သည်ဟု ကွန်မြူနစ်ပါတီ ဗဟိုကော်မရှင် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့က ၎င်းတို့၏ ၀ဘ်ဆိုက်တွင် လွှင့်တင်ထားသော ကြေညာချက်၌ ဖော်ပြထားသည်။

    နိုင်ငံဥပဒေချိုးဖောက်သည်ဟု ဆိုခြင်းမှာ ချစားမှုကိုရည်ညွှန်းခြင်းဖြစ်ပြီး အသေးစိတ် အချက်အလက်များကို ထည့်သွင်းဖော်ပြထားခြင်းမရှိချေ။ ဆူမှာ ရှန်ဇီ၊ ဂန်ဆူနှင့် ကွင်းဟိုင် ပြည်နယ် ပါတီခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ဖူးပြီး ပြီးခဲ့သည့်နှစ်က ပါတီ၏ ထိပ်တန်းခေါင်းဆောင်နေရာသို့ ရောက်ရှိလာခဲ့သူဖြစ်သည်။

    CPPCC မှာ တရုတ်နိုင်ငံရေး နယ်ပယ်တွင် ထင်ရှားသည့် အခန်းကဏ္ဍမှ ပါဝင်နေပြီး တစ်နှစ်လျှင် တစ်ကြိမ် အစည်းအဝေးများပြုလုပ်ကာ နိုင်ငံ၏ လူမှုရေးနှင့် စီပွားရေးပေါ်လစီများကို ချမှတ်ဆောင်ရွက်နေသည်။ ဆူမှာ ချစားမှုများကို တိုက်ဖျက်မည်ဟု ကတိပေးခဲ့သည့် သမ္မတစ် ဇီဂျင်ပင်းလက်ထက် ပထမဆုံး စစ်ဆေးခြင်းခံရသည့် အကြီးတန်း ခေါင်းဆောင်တစ်ဦးလည်းဖြစ်သည်။

    Ref: Agencies