အောက်တိုဘာ ၂၀၊ ၂၀၁၅
M-Media
– ယခုသီတင်းပတ်အတွင်း ဗြိတိန်သို့ လေးရက်တာ သွားရောက်မည့် တရုတ်သမ္မတ ဇီဂျင်ပင်း၏ ခရီးစဉ်အတွင်း စတာလင်ပေါင် ၃၀ ဘီလီယံ (ကန်ဒေါ်လာ ၄၆.၄ ဘီလီယံ) တန်ဖိုးရှိ သဘောတူညီစာချုပ်များကို ချုပ်ဆိုရန် ရှိနေသည်ဟု အင်္ဂလန်အစိုးရက ယနေ့တွင် ပြောကြားလိုက်သည်။
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းမှာ ကမ္ဘာ့ဒုတိယစီးပွားရေးအကြီးဆုံး တရုတ်နိုင်ငံနှင့် ပိုမိုတောင့်တင်းသည့် စီးပွားရေး ဆက်ဆံမှုများ ပြုလုပ်ရန် ဆန္ဒရှိနေပြီး ဇီဂျင်ပင်း၏ ယခုခရီးစဉ်မှာ မိမိတို့ ဆက်ဆံရေးတွင် “ရွှေခေတ်” ကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း နှစ်နိုင်ငံစလုံးက ပြောကြားခဲ့ကြသည်။
တရုတ်နှင့် ဗြိတိန်တို့၏ သဘောတူညီဖွယ်ရှိနေသည့် စီးပွားရေးကဏ္ဍများတွင် ကုန်သွယ်မှု၊ စွမ်းအင်၊ ဘဏ္ဍာရေးဝန်ဆောင်မှုများ၊ အာကာသလေကြောင်းကဏ္ဍနှင့် ဗြိတိန်တွင် အလုပ်အကိုင် ၃၉၀၀ ဖန်တီးခွင့်လည်း ပါဝင်မည်ဖြစ်သည်။
ဗြိတိန်နှင့် တရုတ်တို့မှာ ပေါင် ၂၄.၅ ဘီလီယံ တန်ဖိုးရှိ ဗြိတိန်၏ ပထမဆုံး နျူးကလီးယား ဓာတ်အားပေးစက်ရုံကို ၁၀ စုနှစ်အတွင်း တည်ဆောက်ရေးအတွက် ဆွေးနွေးမှုများ လက်ရှိတွင် ပြုလုပ်နေသည်။
Ref: Channelnewsasia


Leave a Reply
You must be logged in to post a comment.