နိုဝင်ဘာ ၁၈၊ ၂၀၁၅
M-Media
– ဆီးရီးယားပြဿနာ အဆုံးသတ်ရေးအတွက် ဆွေးနွေးမှုတွင် ပါဝင်သည့် ရုရှား၏အခန်းကဏ္ဍကို အမေရိကန်သမ္မတ ရက်အိုဘားမားက ချီးကျူးလိုက်ပြီး IS အဖွဲ့အား ရုရှားက စစ်ရေးတိုက်ခိုက်မှုတွင် ပိုမိုကောင်းမွန်စွာ ဆက်သွယ်ဆောင်ရွက်ရေး အတွက်လည်း ကမ်းလှမ်းလိုက်သည်။
ပြီးခဲ့သည့် ရက်ပိုင်းက သြစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင် ပြုလုပ်ခဲ့သည့် ဆီးရီးယားအရေး ဆွေးနွေးပွဲတွင် ရုရှားနှင့် အမေရိကန် နှစ်နိုင်ငံစလုံး ပါဝင်ခဲ့ပြီး လာမည့်နှစ်အတွင်း အပစ်ရပ်ရေး လက်မှတ်ထိုးကာ ရွေးကောက်ပွဲ ပြုလုပ်ရန်အထိ သဘောတူညီခဲ့ကြသည်။
သို့သော်လည်း အိုဘားမားကမူ ဆီးရီးယားသမ္မတ ဘာရှာအလ်အာဆတ်၏ အနာဂတ်၊ ၎င်းအား ကာကွယ်ပေးရန် ရုရှားက ပြုလုပ်နေသော လေကြောင်းမှ တိုက်ခိုက်မှုတို့နှင့် ပတ်သက်၍ မိမိတို့တွင် ကွဲလွဲမှုများ ရှိနေဆဲဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
Ref: Alarabiya


Leave a Reply
You must be logged in to post a comment.