မေ ၁၆၊ ၂၀၁၆
M-Media
– အစ္စရေးနိုင်ငံရဲ့ အမြင့်ဆုံးဂုဏ်ပြုဆုကို ရရှိခဲ့တဲ့ ပါမောက္ခတစ်ဦးက သူရရှိတဲ့ ငွေသားဆုကြေးကို အစ္စရေးရဲ့ ဖိနှိပ်ချုပ်ချယ်မှုကို ခံနေရတဲ့ ပါလက်စတိုင်းပြည်သူတွေအတွက် ကူညီနေတဲ့ အဖွဲ့တစ်ခုကို လှူဒါန်းမယ်လို့ ကတိပြု ပြောကြားခဲ့ပါတယ်။
ပါမောက္ခ ဒေးဗစ် ရှူလ်မန်ဆိုသူဖြစ်ပြီး ဂျေရုဆလင် ဟီဘရူးတက္ကသိုလ်က အာရှရေးရာပါမောက္ခတစ်ဦးလည်းဖြစ်ပါတယ်။ အမေရိကန်ဖွားဖြစ်တဲ့ သူဟာ ပညာရေးဆိုင်ရာ လုပ်ငန်းတစ်ခုအတွက် အခုလို ဂုဏ်ပြုဆုကို ရရှိခဲ့တာဖြစ်ပြီး ဆုရရှိခဲ့တဲ့ ကန်ဒေါ်လာ ၂၀၀၀၀ ကို ပါလက်စတိုင်းပြည်သူတွေကို အကူအညီပေးနေတဲ့ Ta’ayush အဖွဲ့ကို လှူဒါန်းသွားမှာဖြစ်ပါတယ်။
“(အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင်နက်တွေမှာ) အခြေအနေတွေ ဆိုးရွားနေတဲ့ ဒီလိုအချိန်၊ ပါလက်စတိုင်းပိုင်နက်တွေကို ကျူးကျော်သိမ်းပိုက်ဖို့ ကြိုးစားနေတဲ့ အဖွဲ့တွေနဲ့ လက်ယာစွန်းရောက်တွေက Ta’ayush နဲ့ အခြားသော လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေကို ဖိနှိပ်ချုပ်ချယ်နေတဲ့ ဒီလိုအချိန်မျိုးမှာ ဒီဆုကို လက်ခံရမှာ မ၀ံ့မရဲ ဖြစ်မိပါတယ်။ အပြစ်မဲ့ အရပ်သားပြည်သူတွေကို ကာကွယ်ဖို့နဲ့ ဆက်လက်ဖြစ်ပွားနေဆဲ အကြမ်းဖက်မှုဒဏ် ခံစားနေရတဲ့ သူတို့ရှေ့မှာ မားမားမတ်မတ်ရပ်တည်ပေးဖို့ဆိုတာ ကျွန်တော်တို့ရဲ့ တာဝန်ဖြစ်တယ်လို့ Ta’ayush အဖွဲ့နဲ့အတူ ကျွန်တော်လည်း ခံစားရပါတယ်” လို့ ပါမောက္ခ ရှူလ်မန်က ပြောကြားခဲ့ပါတယ်။
Ta’ayush အဖွဲ့ဟာ အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ အရှေ့ဂျေရုစလင်မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ပါလက်စတိုင်းပြည်သူတွေကို သူတို့ရဲ့ နေအိမ်တွေ၊ စိုက်ပျိုးမြေတွေ ပြန်လည်ရရှိဖို့ လုပ်ဆောင်ပေးနေတဲ့အဖွဲ့ ဖြစ်ပါတယ်။
Ref: IINA
Leave a Reply
You must be logged in to post a comment.