ဧပြီ ၂၅၊ ၂၀၁၃
M-Media

ဘေကျင်း။ Xinhua သတင်းဌာနမှပြောကြားချက်အရ ဧပြီ်လ ၂၆ ရက် သောကြာနေ့ ပီကျင်းမြို့ ရှိ Fujian, Jiangsu, Jiangxi နှင့် Zhejiang အစရှိ သော မြို့များတွင် H7N9 နှင့်ပတ်သက်၍ ဖြစ်ရပ် ၆ ခု ထပ်မံဖြစ်ပွားခဲ့ သည်ဟု သိရှိရသည်။
တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း Fujian ပြည်နယ်ရှိ ကျန်းမာရေး ထိန်းသိမ်းစောင့်ရှောက်သူများက ၄င်း ပြည်နယ်တွင် ပထမဆုံးအကြိမ် H7N9 ကြက်ငှက်တုပ်ကွေးရောဂါ လူသားတွင်ကူးစက်မှု ဖြစ်ပေါ်ခဲ့ သည်ဟုဆိုသည်။
Longyan မြို့၊ Youngding ပြည်နယ်၊ Gaopo မြို့နယ်တွင် နေထိုင်သော အသက် ၆၅ နှစ်အရွယ် တရုတ်အမျိုးသား လောင်သည် ဧပြီလ ၁၈ ရက်နေ့တွင် အဆက်မပြတ်ချောင်းဆိုးကာ အဖျားအနည်းငယ်တက်၍ အသက်ရှုကျပ်မှုများဖြစ်ပေါ်လာခဲ့သည်။ တရုတ်နိုင်ငံ ရောဂါကာကွယ်ရေး နှင့် ထိန်းသိမ်းစောင့်ရှောက်မှု ဌာန ၏ သောကြာနေ့ မနက် ၁၁ နာရီတွင် ရရှိခဲ့သော ဆေးစစ်ချက်အရ သူ့တွင် H7N9 ရောဂါပိုးတွေ့ ရှိရသည်ဟုဆိုသည်။
လောင် နှင့် အတူတကွ နေထိုင်ခဲ့သော လူ ၃၇ ယောက်တွင် လက်ရှိအချိန်ထိ ရောဂါလက္ခဏာ နှင့်ပတ်သက်၍ ပြသမှုမရှိဟု လေ့လာတွေ့ရှိရသည် ဟုဆိုပါသည်။
Jiangsu ပြည်နယ် ကျန်းမာရေးဌာနက ထုတ်ပြန်ချက်အရ ပြည်နယ်အတွင်း ရှိသော မြို့များမှ အသက် ၃၆ နှစ်၊ ၄၉ နှစ် နှင့် အသက် ၆၀ ရှိသော လူ သုံးဦးတွင် ကြက်ငှက်တုတ်ကွေး လက္ခဏာများ တွေ့ရှိရသည်ဟု ဆိုပါသည်။
သုံးယောက်အတွင်း နှစ်ယောက်မှာ အရေးပေါ်အနေထားတွင်ရှိသည် ဟုထည့်သွင်းပြောကြားခဲ့သည်။
Jiangsu ဖြင့် ကပ်လျက်ရှိသော Zhejiang ပြည်နယ်တွင် အသက် ၃၈ နှစ် အရွယ် လီဟုခေါ်သော လယ်သမားကြီးတွင် H7N9 ဟုခေါ်သော ကြက်ငှက်တုတ်ကွေးရောဂါပိုး ရှိနေပြီး၊ ရောဂါ ပြင်းထန်ပြီး ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည်ဟုသိရသည်။
Jiangxi ပြည်နယ်တွင် ရှိသော ကျန်းမာရေးမှူးများ၏ ပြောပြချက်အရ ပြည်နယ်အတွင်း ဒုတိယ အကြိမ်မြောက် H7N9 ရောဂါ လက္ခဏာ ကို စီယောင် ဟုခေါ်သော အသက် ၇၆ နှစ်အရွယ်အမျိုးသမီးတွင် ထပ်မံတွေ့ရှိခဲ့ရပြီး၊ သူမသည် စိုးရိမ်ရသော အခြေနေတွင်ရှိကြောင်းပြောကြားခဲ့သည်။
ဒုတိယအကြိမ် ရောဂါဖြစ်ပွားသူ သည် ပထမအကြိမ် ရောဂါခံစားခဲ့ရသော အသက် ၆၉ နှစ် အရွယ် နာမည်တူ စီယောင်ဟုခေါ်သော အမျိုးသားထံမှ ကူးစက်ခဲ့ခြင်းမရှိဟုပါထည့်သွင်းပြောကြားခဲ့သည်။
ကျန်းမာရေးမှူးများသည် စီယောင် အမျိုးသမီး မွေးထားသော ကြက် နှင့် ဘဲ တစ်ချို့ သေသွားကြောင်းသိရှိခဲ့ရပြီး ရောဂါကူးဆက်မှုမှာ ဤဖြစ်ရပ်နှင့် ဆက်စပ်မှု ရှိနိုင်ကြောင်း ကောက်ချက်ချကြောင်း ပြောကြားခဲ့သည်။
Leave a Reply
You must be logged in to post a comment.