News @ M-Media

မက္ကာနှင့် မဒီနာ မြို့များးကို ဆက်သွယ်ထားသည့် ဟာရာမိန်းမြန်နှုန်းမြင့် ရထားလမ်း ၂၀၁၄ နှစ်ဆန်းတွင်ဖွင့်လှစ်နိုင်မည်

စက်တင်ဘာ၊ ၁၄ ၊ ၂၀၁၃
M-Media

skorostnoy_poesdဆော်ဒီအာရေဗျနိုင်ငံ မက္ကာ၊ မဒီနာနှင့် ဂျစ်ဒါမြို့တို့ကို ဆက်သွယ်ထားပြီး ကီလိုမီတာ ၄၅၀ ရှည်လျားသည့် ဆောက်လုပ်ဆဲ မြန်နှုန်းမြင့် မီးရထားလမ်းအား လာမည့် ၂၀၁၄ နှစ်ဆန်းတွင် အသုံးပြုနိုင် လိမ့်မည်ဟု ဆော်ဒီရထားလမ်းပို့ဆောင်ရေးအဖွဲ့အစည်း(SRO) က ကြေညာခဲ့သည်။

အဆိုပါရထားလမ်းမှာ စီးပွားရေးမြို့သစ်များ၊ စက်မှုဇုံများနှင့် လူထူထပ်သည့်မြို့များကိုဖြတ်ကာ တောင်နှင့်မြောက် ဆက်သွယ်ထားသည့်မီးရထားလမ်းဖြစ်သည်။ ဆော်ဒီပို့ဆောင်ရေးဝန်ကြီးနှင့် SRO ဘုတ်အဖွဲ့၏ ဥက္ကဌဖြစ်သူ ဂျာဘာရာ အလ် ဆီရာအစ္စရီက မူလကသတ်မှတ်ထားသည့် ဘူတာရုံငါးခုတည်ဆောက်ပြီးသည့်နောက်ပိုင်းတွင် မဒီနာရှိ အဘ်ယာအလီဒေသတွင် ဘူတာရုံးတစ်ခု ထပ်မံတိုးချဲ့ဆောက်လုပ်ဖွယ်ရှိနေသည်ဟု Saudi Press Agency သို့ပြောကြားခဲ့သည်။

SRO ကုမ္ပဏီမှာ ရထားလမ်း၏ ဒုတိယ အဆင့်ကိုတည်ဆောက်ရန် ကန်ဒေါ်လာ ၉.၄ ဘီလီယံတန်သည့် ပရောဂျက်အား လွန်ခဲ့သည့်အောက်တိုဘာလက AlShoula ကုမ္ပဏီမှ ရရှိခဲ့သည်။ ဒုတိယအဆင့် တည်ဆောက်မှုတွင် ရထားလမ်းပိုင်းများတည်ဆောက်ခြင်း၊ လျှပ်စစ်ပိုင်းဆိုင်ရာ တပ်ဆင်ခြင်း၊ ထိန်းချုပ်ရေးစင်တာတည်ဆောက်ခြင်း၊ အချက်ပြစနစ်နှင့် ဆက်သွယ်ရေး စနစ်များ တပ်ဆင်ခြင်းနှင့် Talgo 350 ရထား ၃၅ စီးတင်သွင်းခြင်းတို့ပါဝင်မည်ဖြစ်သည်။

မက္ကာနှင့် မဒီနာမြို့နှစ်မြို့ကို အဓိကထားပြီး ဂျစ်ဒါ၊ ရီယာဒ့်နှင့် ဒန်မာန်မြို့များနှင့်လည်းဆက်သွယ်ထားသည့် အဆိုပါရထားလမ်း ပြီးစီးသွားပါက တစ်နေ့တွင် ခရီးသည်ပေါင်း ၁၅၀,၀၀၀ ကျော်ကို ပို့ဆောင်နိုင်မည်ဖြစ်သည်။

Ref: http://islam.ru

Comments

Leave a Reply