M-Media

ရန်ကုန်၊ မြန်မာ။ ။ အစ္စလာမ်နိုင်ငံများ၏ ကမ္ဘာ့အကြီးမားဆုံး အုပ်စု တစ်ခုဖြစ်သော အိုအိုင်စီ အဖွဲ့၏ အတွင်းရေးမှူးချုပ်သည် မြန်မာနိုင်ငံရှိ အစဉ်တစိုက် ညှင်းဆဲခံ ရိုဟင်ဂျာလူ့အဖွဲ့အစည်းဝင်တို့နှင့် ဆုံစည်းမှုက မိမိအား မျက်ရည်ကျစေခဲ့သည်ဟု ပြောကြားလိုက်သည်။ ၄င်းရိုဟင်ဂျာတို့သည် ရခိုင် ဗုဒ္ဓဘာသာဝင် လူရမ်းကားအုပ်စုများကြောင့် မိမိတို့၏ ဌာနီမှ စွန့်ခွာခဲ့ရသူများ ဖြစ်ကြ၏။
မိမိနှင့်အိုအိုင်စီ အဖွဲ့သားများသည် မြန်မာနိုင်ငံသို့ လေးရက်ကြာ ခရီးစဉ်ဖြင့် ရောက်ရှိနေပြီး တနင်္ဂနွေနေ့တွင် သမ္မတ၊ ၀န်ကြီးများ၊ ဘာသာပေါင်းစုံ အုပ်စုများ နှင့် ကုလအေဂျင်စီများနှင့် ဆွေးနွေးမှုအစီအစဉ်တို့လည်း ပါဝင်ကြောင်း အီမယ်လ်ဒင် အီဆန် အိုဂလူ က ထုတ်ဖော်ပြောကြားခဲ့သည်။
သို့သော် စစ်တွေမြို့ပြင်၌ ပရမ်းပတာဖြင့် သန့်ရှင်းမှုမရှိ ယာယီစခန်းများအတွင်း နေထိုင်နေကြရှာသည့် – ကယ်ကူရာမဲ့နေရှာသည့် သနားစဖွယ် လူအုပ်ကြီးများကြောင့် အလွန်ကြေကွဲစွာခံစားရကြောင်း သူက ဤသို့ ရင်ဖွင့်ပါသည်။
“ ဒီလိုခံစားမှုမျိုး တစ်သက်တစ်ကိုယ် မကြုံခဲ့ဖူးပါဘူး။ ကျွန်တော် ငိုကြွေးနေခဲ့မိပါတယ် ”။
Ref: Associated Press
ဓါတ်ပုံအညွှန်း- စစ်တွေမြို့မှ အကြမ်းဖက်ခံ ရိုဟင်ဂျာမွတ်စလင်မ်များကို အိုအိုင်စီ အတွင်းရေးမှူးချူပ် နှုတ်ဆက်စဉ်
Photo- Soe Thu Moe FB
Leave a Reply
You must be logged in to post a comment.